အော်လယ် ယန်

ဝီကီပီးဒီးယား မှ
Olive Yang
မွေးဖွား(1927-06-24)၂၄ ဇွန်၊ ၁၉၂၇[၁]
ရှမ်းပြည်နယ် ဗြိတိသျှဘားမား
ကွယ်လွန်၁၃ ဇူလိုင်၊ ၂၀၁၇(2017-07-13) (အသက် ၉၀)
မူဆယ်မြို့နယ်ရှမ်းပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များYang Kyin Hsiu (Yang Jinxiu)
ပညာရေးGuardian Angel's Convent School
ကျော်ကြားမှုအရင်းခံOpium trafficking
ရာဇဝတ်မှု1962
ရာဇဝတ်ပြစ်ဒဏ်Prison
ရာဇဝတ်မှု အခြေအနေReleased (1968)
အိမ်ထောင်ဖက်(များ)Twan Sao Wen (1948-1950)[၂]
သားသမီးDuan Jipu (段吉卜)[၂]

အော်လယ် ယန် (တရုတ်: 楊金秀; ပင်ယင်: Yáng Jīnxiù; Yang Kyin Hsiu, နာမည်ပြောင် Miss Hairy Legs) သည် ကိုးကန့်စော်ဘွား Sao Edward Yang Kyein Tsai ၏နှမဖြစ်ပြီး ဘိန်းဘုရင်မတစ်ဦး အဖြစ်လူသိများထင်ရှားသူဖြစ်သည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

Olive Yang ကို ၂၄ ဇွန် ၁၉၂၇ တွင် ရှမ်းပြည်မြောက်ပိုင်း၌ မွေးဖွားခဲ့သည်။ သူသည် လားရှိုးမြို့ရှိ Guardian Angel ကွန်ဗင့်ကျောင်း၌ တက်ရောက်ခဲ့သည်။[၃] အသက် ၁၉ နှစ်အရွယ်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိသော (Olive's Boys ဟု နာမည်ပြောင်ရသော) ကိုးကန့် လက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းပြီး နယ်စပ် ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ [၄] သူ၏တပ်ဖွဲ့သည် ဒုတိယကမ္ဘာစစ် အပြီးမှ ၁၉၆၀ပြည့်နှစ်များအစောပိုင်းအထိ ကိုးကန့်ဒေသ၏ ဘိန်းကုန်သွယ်ရေးကို စိုးမိုးထားနိုင်ခဲ့သည်။ [၅] ၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်မကြီး၌ အမျိုးသားရေးဝါဒီများ ရှုံးနိမ့်ပြီးနောက် Olive Yang သည် တရုတ်ဖြူ ကူမင်တန်များနှင့် ပူးပေါင်း ရွှေတြိဂံ (အရှေ့တောင်အာရှ)ဒေသ ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို စတင်ခဲ့သည်။ [၆]

သူသည် ၁၉၄၈ မှ ၁၉၅၀ အထိ Tamaing မင်း၏သား Twan Sao Wen နှင့် လက်ထပ်ခဲ့ပြီး Duan Jipuဟူသော သားတယောက်ရခဲ့သည်။ Duan Jipu သည် ချင်းမိုင်, ထိုင်းနိုင်ငံ တွင် ဆရာတဦးဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၆၀ ပြည့်လွန်နှစ်လည်များ အထိ Olive Yangသည် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်မှူးအဖြစ်တာဝန်ယူခဲ့သည်။[၇] သူသည် ဘိန်းကုန်ကူးမှုနှင့် ရွှေကုန်သွယ်ရေးတို့တွင် ထင်ရှားသူတဦးဖြစ်ခဲ့သည်။ [၇] ၁၉၆၂ တွင် သူနှင့် သူ့အကို ရန်ကုန်မှ လွှတ်တော် အမတ်ဖြစ်သူ Jimmy တို့ကို မြန်မာအာဏာပိုင်များမှ ဖမ်းဆီးသည်။ ဖမ်းဆီးရခြင်းမှာ ကိုးကန့်ဒေသအာဏာရယူထားမှုကို ဖယ်ရှားရန်နှင့် ကို့ကန့်ဒေသကို မြန်မာအုပ်ချုပ်မှုအောက်တွင် ထားရှိရန်ဖြစ်သည်။ [၅] [၈] သူ့ကို အင်းစိန်အကျဉ်းထောင် တွင်အကျဉ်းချခဲ့ပြီး ၁၉၆၈ တွင်လွတ်မြောက်ခဲ့သည်။

Yang သည် လိင်တူ၊ လိင်ကွဲစုံမက်သူ တစ်ဦးဖြစ်လူသိများခဲ့ပြီး အဆိုတော်၊ မင်းသမီးအများအပြားနှင့် သတင်းထွက်ခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များတွင်မှာတော့ Yangသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ခင်ညွန့် မှကမ်းလှန်းခဲ့သည်။ [၉]

သတင်းများအရ Yang သည် အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် သူမ၏ နောက်ဆုံးနှစ်များကို သီလရှင်အဖြစ်ကုန်ဆုံးခဲ့သည်။[၄] နာတာရှည်နာမကျန်းဖြစ်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ဒေသတွင် ပြန်လည်နေထိုင်ခဲ့ပြီး ၂၀၁၇ အသက် ၉၀တွင် ကွယ်လွန်ခဲ့သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. 赖骏။ 悄然隐退的女毒王杨二小姐 (in Chinese)။ 北京市禁毒委员会။ 2 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2012 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Buyers၊ Christopher။ The Yang Dynasty July 2011။ 27 March 2012 တွင် ပြန်စစ်ပြီး။
  3. Thant Myint-U (8 January 2008)။ The River of Lost Footsteps။ Macmillan။ pp. 298–299။
  4. ၄.၀ ၄.၁ Borgenicht (2 April 2008)။ The Worst-Case Scenario Almanac။ Chronicle Books။ pp. 146 ကိုးကား အမှား - Invalid <ref> tag; name "bor" defined multiple times with different content
  5. ၅.၀ ၅.၁ Chouvy (2009)။ Opium: uncovering the politics of the poppy။ Harvard University Press။ pp. 24, ။CS1 maint: extra punctuation (link) ကိုးကား အမှား - Invalid <ref> tag; name "chouvy" defined multiple times with different content
  6. Lintner (March 2000). "The Golden Triangle Opium Trade: An Overview": 7. Asia Pacific Media Services. 
  7. ၇.၀ ၇.၁ Tzang၊ Yawnghwe (1987)။ The Shan of Burma: memoirs of a Shan exile။ Institute of Southeast Asian။ ISBN 9789971988623
  8. James၊ Helen (1 November 2006)။ Security and sustainable development in Myanmar။ Psychology Press။ ISBN 9780415355599
  9. Thant Myint-U (13 September 2011)။ Where China Meets India: Burma and the New Crossroads of Asia။ Macmillan။
  10. "Kokang ‘Warlady’ Olive Yang Dies at 91" (in en-US)၊ The Irrawaddy၊ 2017-07-17။