အော်တာနေးတစ် ဟစ်ဟော့ဂီတ

ဝီကီပီးဒီးယား မှ

Alternative hip hop ( alternative rap ဟုလည်း သိကြသည်) သည် hip hop ဂီတ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး hip hop ၏ ပုံစံများလွှမ်းခြုံထားသည်။ သို့သော် mainstream တွင် အသိအမှတ် မပြုသေးပေ။ Allmusic မဂ္ဂဇင်းမှ alternative rap သည် hip hop အုပ်စုများကို ရည်ညွန်းထားသည်။ rap ၏ traditional stereotypes များသို့ကိုက်ညီစေရန် မကြည့်ရှုပေ။ gangsta, bass, hardcore, popနှင့် party rap အစရှိသဖြင့် ဖြစ်သည်။ ထိုအမျိုးအစားများအစား funk နှင့် rockနှင့် jazz, soul, reggae, country, electronic နှင့် folk တို့ရေးဆွဲထားသည်။[၁]

Alternative hip hop သည် ၁၉၈၀ နောက်ပိုင်းတွင် ဖွံဖြိုးခဲ့သည်။ ဤအမျိုးအစားသည် စီးပွားရေးအရ ပိတ်ပင်တားဆီးခြင်းခံရသည်။ အမျိုးအစားအသစ်များ ပေါ်ပေါက်လာသည်။ သိသာထင်ရှားသော အမျိုးအစားများမှာ West Coastမှ gangsta rap ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်းတွင် ပြန်လည်၍ နိုးထလာသည်။ ၂၀၀၀ခုနှစ်တွင် indie ဂီတအများပြည်သူထံသို့ ပြန်လည်ရှင်လာသည်။ ၂၀၀၀ခုနှစ်တွင် alternative mainstream သို့ပြန်လည်ထွန်းပေါက်လာသည်။ gansta rapနှင့် crossover ၏အနုပညာရှင်များ၏ အောင်မြင်မှုသည် ကျဆင်းလာခဲ့သည်။ Outkast နှင့် Kanye West တို့ဖြစ်သည်။ alternative hip hop ရွေ့ရှားမှုသည် အမေရိကန်သို့ကျယ်ပြန့်လာခဲ့သည်။ Somali တီးဝိုင်းမှ ကနေဒါ နိုင်ငံသား K’ naan, ဂျပန် rapper Shing 02 နှင့်ဗြိတိန် အနုပညာရှင် MIA တို့ပါဝင်သည်။ Alternative hip hop ဖျော်ဖြေတင်ဆက်မှုများသည်။ ဝေဖန်ခြင်းခံရသော်လည်း radio နှင့် media ထွက်ပေါက်များမှာ မဆိုသလောက်သာဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မူလအစ[ပြင်ဆင်ရန်]

၈၀ နောက်ပိုင်း hip hop ၏ရွှေခေတ်အလယ် စတင်ခဲ့သည်။ alternative hip hop သည် အများအားဖြင့် East Coast rapper များဖြစ်သည်။ De La Soul, Pete Rock နှင့် CL smooth, Jungel Brothers, A Tribe Called Quest, Bran Nubian နှင့် Digable Planets တို့ဖြစ်ပြီး west coast အနုပညာရှင်များဖြစ်သော The Pharcycle, Del Tha Funkee, Homosapien, Digital Underground, Freestyle Fellowship နှင့် Jurassic 5နှင့် Southern အနုပညာရှင်များဖြစ်သည့် Arrested Development Goodie Mob နှင့် Outkast တို့မှ ထောက်မပေးထားခြင်းဖြစ်သည်။ alternative rock လှုပ်ရှားမှုနည်းတူ alternative hip hop ၁၉၉၀အစတွင် mainstream သို့ဝင်ရောက်လာခဲ့သည်။ ပထမဆုံး alternative rap အချို့သည် mainstream ပရိသတ်များဖြင့် အသိအမှတ်ပြုခြင်းခံရသည်. ဂန္ထဝင်မြောက်သော album များမှာ 3 Feet High and Rising, People’s Instinctive Travel and the Paths of Rhythm နှင့် Bizarre Ride 2 the Pharcycde များဖြစ်ပြီး စီးပွားရေးအရ အောင်မြင်မှုအနည်းငယ်ရရှိခဲ့သည်။ ဂီတဝေဖန်ရေးသမားများ ချီးကျူးခြင်းခံရသည်။ De La Soul ၏ album 3 Feet Hight and Rising သည် မျိုးခွဲ၏ထိပ်ဆုံးတွင် ပါဝင်သည်ဟု ယူဆခြင်းခံရပြီး The Sgt.Pepper of hip hop ဟုအမည်ပေးခြင်းခံရသည်။

Mainstream ကျဆင်းခြင်း[ပြင်ဆင်ရန်]

Alternative rock သည် mainstream ဂီတကို အဓိကပံ့ပိုးပေးပြီး rock ဂီတ၏ကျော်ကြားသောပုံစံမှ glam metal ၏ အရင်မျိုးဆက်ကဲ့သို့ အစားထိုးလာသည်။ အမျိုးအစားသစ်များ ပေါ်ထွက်လာပြီး alternative hip hop ရွေ့ရှားမှုသည် စီးပွားရေးအရ ပိတ်ပင်တားဆီးခြင်းခံရသည်။ သိသာထင်ရှားသောအမျိုးအစားမှာ West Coast မှ gangsta rap ဖြစ်သည်။ aggressive tone, နတ္တိဝါဒကို သိရှိခြင်းနှင့် အကြမ်းဖက်ပုံရိပ် gangsta rap သည် ပို၍ စိတ်ဝင်စားစရာကောင်းပါသည်။ မျိုးခွဲသစ်များသည် သီချင်းစာရင်းများတွင် အရေးပါလာသည်။ radio မှအောင်မြင်မှုများ multiplatinum ရောင်းအားမှတ်တမ်းများထဲတွင် Snoop Dogg, Warren G နှင့် N.W.A ပါဝင်ပြီး major record label တွင်ပါဝင်ခဲ့သည်။ Straight Outta Compton, The Chronic နှင့် Doggystyle သည် hip hop ၏ ဦးတည်ရာကို အဓိပ္ပာယ်ဖွင့်ခဲ့သည်။ စာသားမျာသည် gangsta lifestyle နှင့် သက်ဆိုင်နေသည်။ American rapper Nas ၏ broke way သည် ၉၀ အလယ်တွင် ပေါ်ထွက်လာခဲ့သည်။ mainstream ၏ ကျော်ကြားသော East Coast hardcore rap အနုပညာရှင်များမှာ Wu-Tang Clan, Nas, The Notorious B.I.G နှင့် Mobb Deep တို့ဖြစ်သည်။ West Coast gansta rap နှင့် East Coast hardcore တို့ ဆင်းသက်မှုများသည် ကျော်ကြားသော ဂီတထဲတွင် အရေးပါလာခဲ့သည်။[၂] alt-rap သည် underground သို့ ဖယ်ရှားခြင်းခံရသည်။ alternative rap အနုပညာရှင်များသည် စွန့်ပစ်သည်(သို့) မှေးမိန်ပျောက်ကွယ်ခဲ့သည်။ ဂီတဝေဖန်ရေးဆရာ Stephen Rodrick ၁၉၉၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် စာအုပ်မှ hip hop ယဉ်ကျေးမှု အကြောင်းအရာတွင် alternative hip hop သည် rapper များနှင့် Urban ပရိတ်သက်များသည် ဖုံးကွယ်ချန်ထားခဲ့သည်။ ဤမျိုးခွဲကျရှုံးခြင်း၏နိဂုံးဖြစ်လာခဲ့သည်။

ပြန်လည်ရှင်သန်ခြင်း[ပြင်ဆင်ရန်]

၁၉၉၀ အစောပိုင်းနှင့် ၂၀၀၀ အစောပိုင်းတွင် indie ဂီတကို စိတ်ဝင်စားခြင်းနှင့်အတူ ပြန်လည်နိုးထလာခဲ့သည်။ ၉၀ အလယ်ကတည်းက independent record label များဖြစ်သော Rawkus Records, Rhymesayers, Antion, Stores Throw နှင့် Definitive Jur များသည် alternative rap အနုပညာရှင်များဖြစ်သော MF Doom, Atmosphere, Antipop Consortinum, Black Star, Gorillaz, Pharoache Monch, EI-P နှင့် Aesop Rock တို့နှင့် အတူ mainstream အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည်။ alternative hip hop သည် mainstream တွင် နေရာပြန်ယူလာသည်။ gangsta rap နှင့် crossover အနုပညာရှင်များဖြစ်သော Outkast, Kanye West နှင့် Gnarls Barkley တို့၏ အောင်မြင်မှုသည် စီးပွားရေးအရ ကျဆင်းလာခဲ့သည်။ Outkast ၏ ၅ခုမြောက် album “Speakerboxxx/ The Love Below သည် ဂီတဝေဖန်ရေးသမားတို့၏ ချီးကျူခြင်းကို ခံရရုံသာမက နံပါတ်တစ် hit single ဖြစ်လာခဲ့သည်။ album သည် နောက်ဆုံးတွင် Grammy award ၏ Album of the Yearဖြစ်လာခဲ့သည်။ Recording Industry Association of America တွင် diamond အဖြစ်လက်မှတ်ရေးထိုးခဲ့သည်။ ရောင်းအားအကောင်းဆုံး album များထဲမှ တစ်ခုဖြစ်လာခဲ့သည်။ Gnarls Barkley ၏ “Crazy” single သည် အံ့ဩဖွယ်ကောင်းသော ရိုတ်ခတ်မှုဖြစ်လာခဲ့သည်။ နိုင်ငံအများအပြား၏ single chart တွင် နံပါတ်တစ်နေရာသို့ရောက်ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်အရောင်းရ ဆိုင်း single ဖြစ်လာခဲ့သည်။ သတင်းစာတွင် ၂၀၀၆ခုနှစ်၏အကောင်းဆုံးသီချင်းဖြစ်လာခဲ့သည်။ Rolling Stone မဂ္ဂဇင်းတွင် ဆယ်စုနှစ်တစ်ခုလုံးတွင် နံပါတ်တစ် သီချင်းဖြစ်လာခဲ့သည်။ ဤသီချင်းသည် အမေရိကန်တွင် ၂သန်းကျော်ရောင်းချနိုင်ခဲ့ပြီး RIAA တွင် double platinum လက်မှတ်ရေးထိုးခဲ့သည်။ ၄၉ကြိမ်မြောက် Grammy Awards တွင် Best Urban/Alternative Performanceနှင့် Best Alternative Music Album များရရှိခဲ့သည်။ ၂၀၀၇ခုနှစ် Kanye West ၏ Graduationနှင့် 50cent ၏ Cutis album တို့ယှဉ်ပြိုင်ခဲ့ကြသည်။ 50cent ၏ album သည် street-life အတွေ့အကြုံကို အခြေခံထာပြီး Kanye West သည် Kid Cudi, Wale, Lupe Fiasco, Kidz in the Hall, Drake စသော အနုပညာရှင်တို့လွှမ်းမိုးမှုများသည် Kanye West သည် alternative ဘက်သို့ ညဏ်ကွန်မြူးချိန်တွင် 50 Cents သည် hip hop ထဲမှ သမိုင်းသစ်ရွေ့လျားမှုဖြစ်ပြီး နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် hip hop ထဲမှ ကွဲထွက်ထားပုံ ပေါ်သည်။ Alt-hip hop ရွေ့လျားမှုသည် အမေရိကန်တွင် ကန့်သတ်မထားချေ။ ဆိုမာလီ-ကနေဒါလူမျိုးဖြစ်သော K’naan, ဂျပန် rapper Shing 02 နှင့် ဗြိတိန်အနုပညာရှင် MIA တို့ ကမ္ဘာမှ အသိအမှတ်ပြုခြင်းခံထားရသည်။ K’ naan ၏ ၂၀၀၉ခုနှစ် single သီချင်း Wavin Flag သည် Canadian Hot 100 တွင် နံပါတ်၂နေရာသို့ ရောက်ရှိခဲ့သည်။ နိုင်ငံအများအပြားတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ Shing 02 ၏ Battlecry သည် hip hop လွှမ်းပြီး Samurai Champloo တွင် ဇတ်ဝင်သီချင်းဖြစ်လာခဲ့သည်။ Time မဂ္ဂဇင်း၏ Time 100 ကမ္ဘာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်များထဲတွင် ပါဝင်လာခဲ့သည်။ ဗြိတိန် animated တီးဝိုင်း Gorillaz သည် mainstream တွင် ကျော်ကြားခဲ့သည်။ Self-titled album “Gorillaz” နှင့် “Demon Day” album ကို သန်း၂၀ကျော်ရောင်းချနိုင်ခဲ့သည်။ internet မှ ဂီတဖြန့်ချိရေးတိုးတက်လာခဲ့သည်။ alternative rap အနုပညာရှင်များကို ပရိသတ်များ လက်ခံနိုင်လာသည်။ Lupe Fiasco, Kid Cudi, Wale, Chiddy Bang, The Cool Kids, Charles Hamiton, Asher Roth, Chidish Gambing, Dannyl, DELS, N.E.R.D, OFWGKT, Yelawolf, J.Cole, Ghost Poet, DaForce Dawg, Blu, Rockie Fresh, SpaceGhostPurrp, The Swank နှင့် Death Grips စသော အနုပညာရှင်ပေါ်ထွက်လာပြီး ဝေဖန်ရေးသမားများက သူတို့၏အသံများကို ရွေးချယ်၍ ဖော်ပြစဉ်တွင် သူတို့၏ 90 alt-rap လွှမ်းမိုးမှုကြောင့် အသိအမှတ်ပြုခြင်း ခံရသည်။ mainstream hip hop တွင် ဘဝအတွေ့အကြုံများနှင့် စိတ်လှုပ်ရှားမှုများကို ရှားရှားပါးပါးမြင့်တွေ့ ရသည်။ Ratking အုပ်စုသည် ၉၀ hip hop နှင့် punk ကို ရောနှောထားပြီး XL Recording တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဝေဖန်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ တုံပြန်ချက်များ[ပြင်ဆင်ရန်]

Alt-hip hopသည် မကြာခဏချီးကျူးခြင်းခံရသည်။ သို့သော် media ထွက်များမှ ရှောင်လွှဲပြီး တရားဥပဒေရ မလွတ်ကင်းပေ။ alt-rap အုပ်စု A Tribe မှ ခေါင်းဆောင် ရက်ပါ အဆိုတော် Q-Tip ဤအမျိုးအစားရောနှောထားသည့် album Kamaal/The Abstract ကို ထုတ်ဝေခဲ့သည်။ Black Entertainment Television မှ မြောက်ကာရိုလိုင်းနားအခြေစိုက် Little Brother၏ album “ Minstrel Show” မှ Lovin it သီချင်းကို ပြသရန် ငြင်းဆိုခဲ့သည်။ ဤ အုပ်စု၏ဂီတသည် သူတို့၏ပစ်မှတ်ဖြစ် ပရိသတ်ဆီသို့ နားလည်သိတတ်မှုစွမ်းရသည် မြင့်မားသည်ဟုဆိုသည်။ The Hunger Strike ဇတ်လမ်းရှည်သည် underground/alternative rap ကို နောက်ခံဂီတအဖြစ်ထား၍ ထူးခြားသည်။ ဤဇတ်လမ်းသည် BET အကြောင်းကို မကောင်းသော အဖွဲ့အစည်းအဖြစ် ရယ်ရွင်ဖွယ် တင်ဆက်ထားသည်။ အမေရိကန်တွင် လွင့်ခဲ့သည်။ တချို့ alt-rap အုပ်စုများသည် hip hop (သို့)pop ပရိသတ်များထက် alt-rockနှင့် indie ဂီတဝါသနာအိုးများကို ဂရုစိုက်သည်။ Alt- hip hop သည် ဝါသနာအိုးများ ပိုမိုရရှိလာပြီး internet ခေတ်မှ အသိအမှတ်ပြုခြင်းခံရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. allmusic: alternative rap
  2. Erlewine, Stephen။ De La Soul။ AllMusic။ March 25, 2007 တွင် ပြန်စစ်ပြီး။