အီလက်ထရွန်းနစ် ဂီတ

ဝီကီပီးဒီးယား မှ
(Electronic music မှ ပြန်ညွှန်းထားသည်)
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Electronic ဂီတသည် လျှပ်စစ်ဂီတတူရိယာများကိုဒီဂျစ်တယ်တူရိယာများနှင့် လျှပ်စစ်ပတ်လမ်းဂီတနည်းပညာကိုအ‌ခြေခံထားသည့် ဂီတတစ်ခုဖြစ်သည်။ electronin ဂီတသမားများသည် ဂီတကို‌တေးဖွဲ့သီကုံး‌ဖျော်‌ဖြေကြသည်။ ‌ယေဘုယျအားဖြင့် ထူးခြားချက်မှာ လျှပ်စစ်သံလိုက်နည်းပညာကို အသုံးပြု၍ အသံကိုထုတ်လုပ်သည် တ‌ယောနှင့် ဒရမ်အစရှိသဖြင့်ဖြစ်သည်။ လျှပ်စစ်သံလိုက်တူရိယာများထဲတွင် လျှပ်စစ်သံလိုက် အစိတ်အပိုင်းများပါရှိသည်။ ကြိုးများနှင့် ‌မောင်းတံများအစရှိသဖြင့်ဖြစ်သည်။ လျှပ်စစ်အစိတ်အပိုင်းများ magnetic pickups, power amplifiers နှင့် loud speaker များအစရှိသဖြင့်ဖြစ်သည်။ လျှပ်စစ်သံလိုက် အသံထုတ်လုပ်သည့် စက်ကိရိယာများထဲတွင် telhamonium, Hammond organ နှင့် လျှပ်စစ်ဂစ်တာတို့ ပါဝင်သည်။ ‌ဖျော်‌ဖြေသူများနှင့် ပရိသတ်များအတွက် အသံကျယ်မှုလုံ‌လောက်သည်။ လျှပ်စစ်တူရိယာများတွင် တုန်ခါသည့် ကြိုးများမပါဝင်‌ပေ။ လျှပ်စစ်တူရိယာအသံများရရှိနိုင်သည့် စက်ကိရိယာများမှာtheremin, sound synthesizer နှင့် computer များပါဝင်သည်။


ပထမလျှပ်စစ်စက်ကိရိယာများကို ၁၉ ရာစုအဆုံးတွင် ဂီတ‌ဖျော်‌ဖြေ‌ရေးအတွက်ဖြစ်သည်။ ‌နောက်ပိုင်းတွင် အီတလီ အနုပညာရှင်များသည် အသံများကိုစူးစမ်းရှာ‌ဖွေခဲ့သည်။ ၁၉၂၀ - ၁၉၃ဝ အ‌တောအတွင်းတွင် လျှပ်စစ်တူရိယာများကိုမိတ်ဆက်ခဲ့ပြီး  လျှပ်စစ်တူရိယာများကို‌တေးဖွဲ့ရန် ပထမဆုံး‌ပေါင်းစပ်ခဲ့ကြသည်။ ၁၉၄ဝတွင် သံလိုက် audio tape များကို tape အသံများထွက်ရန်ခွင့်ပြုခဲ့ကြသည်။ tape speed နှင့် direction များကို‌ပြောင်းလဲ၍ ပြုပြင်ခဲ့သည်။ ၁၉၄ဝတွင် electroacoustic tape ဂီတ ၏ ဖွံ့ဖြိုးတိုးတက်‌စေရန် အီဂျစ်နှင့် ပြင်သစ်တွင် ဦး‌ဆောင်ခဲ့သည်။ Musique Concrete ပြင်သစ်ယဉ်‌ကျေးမှုကို ၁၉၄၈တွင် ပဲရစ်မြို့တွင် ဖန်တီးခဲ့သည်။ အတူတကွ ပူး‌ပေါင်းခဲ့ပြီး အပိုင်းပိုင်းမှတ်တမ်းတင်ခဲ့သည်။ ဂီတသည် ၁၉၅၃တွင် လျှပ်စစ်မီးအား‌ပေးစက်များမှ ထုတ်လုပ်ခဲ့သည်။ လျှပ်စစ်ဂီတသည် ၁၉၅ဝတွင် ဂျပန်နှင့် အ‌မေရိကန်တွင် စတင်၍ဖန်တီးခဲ့သည်။ အ‌ရေးပါ‌သော ဖွံ့ဖြိုးမှုသည် ဂီတကိုသီကုံးခြင်းအတွက် ရည်ရွယ်ချက်ဖြစ်သည်။ Algorithmic သီကုံးခြင်းကို ၁၉၅၁တွင် ဩစ‌တေးလျတွင် ပထမဆုံးထင်ရှား‌စေခဲ့သည်။


           ၁၉၆ဝတွင် electronicသည် အ‌မေရိကနှင့် ဥ‌ရောပတွင် ဖွံ့ဖြိုးလာခဲ့သည်။ ဂျပန် electronic musical instrument များသည် ဂီတစက်မူဇုံနှင့် Jamaican club music တွင် ရိုက်ခတ်ခဲ့ပြီး electronic ဂီတတွင် ပုံစံတစ်ခုအဖြစ်‌ပေါ်ထွက်လာခဲ့သည်။ ၁၉၇ဝအ‌စောပိုင်းတွင် monophonic Minimoog synthesizer နှင့် ဂျပန် drum machine များသည် electronic ဂီတကိုစု‌ပေါင်းညှိုနှိုင်း‌စေရန်ကူညီခဲ့သည်။


           ၁၉၇ဝတွင် electronic ဂီတတွင် ‌ကျော်ကြားခဲ့‌သော ဂီတထဲတွင် အ‌ရေးပါ‌သောလွှမ်းမိုးမှုရှိလာခဲ့သည်။ disco, krautlock, new wave, synthpop, hip hop နှင့် EDM စ‌သော အမျိုးအစားများ‌ပေါ်ထွက်လာမှုကို ဖြတ်သန်း၍ polyphonic synthesizer, electronic drums, drum machines နှင့် turntable များကို‌မွေးစားခဲ့သည်။ ၁၉၈ဝတွင် electronic ဂီတသည် ‌ကျော်ကြား‌သောဂီတထဲတွင် လွှမ်းမိုးလာခဲ့သည်။ synthesizer ကိုယုံကြည်အားထားလာခဲ့သည်။ အသုံးပြု‌သော programmable drum machines ထဲတွင် Roland TR-808 နှင့် bass synthesizer ထဲတွင် TB-303 တို့ပါဝင်သည်။ ၁၉၈ဝတွင် အ‌စောပိုင်းတွင် synthesizer အတွက် ဒီဂျစ်တယ်နည်းပညာတွင် digital synthesizer ပါဝင်ပြီး Yamaha DX7 တို့လူကြိုက်များခဲ့သည်။ ဂီတသမားအုပ်စုနှင့် ဂီတကုန်သည်များသည် ဂီတဆိုင်ရာတူရိယာ Digital Interface ကိုဖွံ့ဖြိုး‌စေခဲ့သည်။


           Electronically ဂီတထုတ်လုပ်မှုနှင့် ပတ်သက်၍ ၁၉၉ဝတွင် ‌ကျော်ကြား‌သော ဝက်ဆိုဒ်များတွင် ပါဝင် ခဲ့သည်။ ဂီတနည်းပညာတွင် လက်ခံနိုင်လာခဲ့သည်။ မျက်‌မှောက်‌ခေတ်တွင် electronic ဂီတအမျိုးအပြားများပြားစွာနှင့် experimental art music စီစဉ်မှုများပါဝင်လာသည်။ electronic dance music ကဲ့သို့ဖြစ်သည်။ ယ‌နေ့တွင် pop electronic ဂီတသည် အမှတ်မိအလွယ်ဆုံး 4/4 ပုံစံဖြစ်ပြီးကျယ်ပြန့်လာခဲ့ပြီး mainstream ယဉ်‌ကျေးမှုတွင် ဆက်နွယ်လာခဲ့သည်။ အလျင်ကျမှုကိုဆန့်ကျင်ခဲ့သည်။



မူရင်း ၁၉th ရာစုမှ ၂ဝရာစုသို့


၂ဝရာစု၏အလှည့်တွင် electronic ထွက်‌ပေါ်လာပြီး စမ်းသပ်‌လေ့လာပြီး‌နောက် ပထမ electronic musical instruments သို့ ဦး‌ဆောင်ခဲ့သည်။ ထိုပထမဆုံးတီထွင်များကိုမ‌ရောင်းခဲ့‌ပေ။ သို့‌သော်အစားထိုးခဲ့ပြီး‌ ရေးဆွဲခြင်းများနှင့် public ‌ဖျော်‌ဖြေမှုများကိုအစားထိုးခဲ့သည်။ ပရိသတ်များတင်ဆက်ခဲ့ပြီးတည်ရှိ‌နေ‌သော ‌တေးဖွဲ့မူများကို တူရိယာများအတွက်‌ တေးဖွဲ့သီကုံးမှုများကို အစားထိုးခဲ့သည်။ novel များနှင့် ရိုးရှင်း‌သော tone များကိုစဉ်းစားဆင်ခြင်စဉ်တွင် Telharmonium (လျှပ်စစ်‌အော်ဂင်) ကို orchestral တူရိယာအသံများကိုညှိခဲ့သည်။ စိတ်ဝင်စားလာခဲ့ပြီးစီးပွား‌ရေးဆိုင်ရာတိုးတက်မှုများကို telephone network များမှ ဖြတ်သန်း၍ Streaming music ထဲတွင် ပြုလုပ်ခဲ့သည်။


           ဂီတဆိုင်ရာတီထွင်မှုကို ‌ဝေဖန်‌ရေးဆရာများသည် ထိုတိုးတက်မှုထဲတွင် ကတိစကားများကို‌တွေ့ခဲ့သည်။ Ferruccio Busoni microtonal ဂီတ၏ သီကုံးမှုကို electronic တူရိယာများဖြင့် ခွင့်ပြုခဲ့သည်။ အနာဂတ်ဂီတတွင် machines များအသုံးပြုမှုများကို မှတ်တမ်းတင်ခဲ့သည်။ Sketch of a new Esthetic of music ကိုမှတ်တမ်းတင်ခဲ့သည်။ အနုပညာရှင်များတွင် Francesco BalillaPratella နှင့် Luigi Russolo တို့သည် machinery အသံကို နိုး‌ဆော်ရန် music with Acoustic noise ကိုစတင်၍ဖွဲ့ဆိုခဲ့သည်။ The Art of Noises ထဲတွင် timebre ထဲတွင် မှတ်တမ်းတင်ခဲ့သည်။



အ‌စောပိုင်းသီကုံးခြင်း


Vaccum tube ၏ ဖွံ့ဖြိုးမှုသည် electronic တူရိယာများဆီသို့ ဦး‌ဆောင်ခဲ့သည်။ ‌သေးငယ်‌သောအသံချဲ့ထွင်မှုများပါပြီး‌ ဖျော်‌ဖြေမှုများအတွက် လက်‌တွေ့လုပ်‌ဆောင်ခဲ့သည်။ အထူးသဖြင့် theremin, ondesMartenot နှင့် trautonium ဖြစ်ပြီး ၁၉၃ဝတွင် စီးပွား‌ရေးဆိုင်ရာထုတ်လုပ်ခဲ့သည်။


၁၉၂၀‌နောက်ပိုင်းမှ electronic တူရိယာများတိုးတက်ခဲ့ပြီး Joseph Shillinger စ‌သော‌ တေးဖွဲ့ဆရာများကို လွှမ်းမိုးခဲ့သည်။ သူတို့သည် orchestra များကိုအသုံးပြုခဲ့သည်။ အများဆုံး‌တေးဖွဲ့ဆရာများသည် theremin အတွင်း‌ရေးသားခဲ့ပြီး ကြိုးတပ်တူရိယာများနှင့် ‌ဖျော်‌ဖြေခဲ့သည်။


Avant- grade ‌တေး‌ရေးဆရာများသည် သမားရိုးကျ ရည်ရွယ်ချက်များအတွက် electronic တူရိယာများ၏ အသုံးပြုပုံကို လွှမ်းမိုး‌ဝေဖန်ခဲ့သည်။ microtonal ဂီတကို‌ထောက်ပံ့ခဲ့သည်။ Prercy Grainger သည် thereminကိုစွန့်ပစ်ခဲ့သည်။ ရုရှား‌တေးဆရာGavrill Popov သည် တစ်နည်းအားဖြင့် acoustic noise ဂီတကို ပြုမူခဲ့သည်။



မှတ်တမ်းတင် စမ်းသပ်မှုများ


ဖွံ့ဖြိုးထဲတွင် အ‌စောပိုင်း recording နည်းပညာများသည် electronic တူရိယာများကို ပြိုင်ခဲ့သည်။ မှတ်တမ်းတင်ခြင်း၏ ပထမရည်ရွယ်ချက်မှာ ၁၉ရာစုစက်သုံး phonograph ထဲတွင် audio ထုတ်လုပ်ခြင်းကိုတီထွင်ခဲ့သည်။ record player များအဓိကပစ္စည်းတွင် ပါဝင်ခဲ့သည်။ ၁၉၂ဝတွင် ‌တေး‌ရေးဆရာများသည် အတိုမှတ်တမ်းများကို‌ဖျော်‌ဖြေမှုများတွင် တီးခတ်ခဲ့သည်။


Electrical recording ကို ၁၉၂၅တွင် မှတ်တမ်းတင်ခဲ့သည်။ record players များကိုစမ်းသပ်‌လေ့လာခဲ့သည်။ Paul Hindeemith နှင့် Ernst Tochတို့ ၁၉၃ဝတွင် ကွဲပြား‌သောအပိုင်းအစများကိုသီကုံးခဲ့သည်။ တူရိယာနှင့် အဆိုကို ချိန်ညှိခဲ့သည်။ ထိုနည်းပညာထဲတွင် John Cage က Imaginary landscape no.1 ကို ‌တေးဖွဲ့ခဲ့သည်။ ၁၉၃၉တွင် tone များကိုမှတ်တမ်းတင်ခဲ့သည်။


           တစ်ပြိုင်နက်တည်း‌ တေး‌ရေးဆရာများသည် စတင်၍တိုးတက်လာ‌သော ရုပ်ရှင်အသံနည်းပညာနှင့် စမ်းသပ်‌လေ့လာခဲ့သည်။ မှတ်တမ်းများကို sound collage အဖြစ်ဖန်တီးခဲ့သည်။ Tristan Tzara, Kurt Schwitters, FlippoTomanasa Marinetti, Walter Ruttmam နှင့် DzigaVertov စ‌သောပုဂ္ဂိုလ်များပါဝင်သည်။ နည်းပညာသည် graphically created နှင့် modified များကိုခွင့်ပြုခဲ့သည်။ ထိုနည်းပညာများကို ဂျာမန်နှင့် ရုရှားထဲမှ ကွဲပြား‌သောရုပ်ရှင်များအတွက် ‌တေးဖွဲ့ခဲ့သည်။ ‌နောက်ပိုင်းတွင် အ‌မေရိကန်တွင် Dr.Jekyll and Mr.Hyde ကို‌ပေါင်းထည့်ခဲ့သည်။ Norman McLaren ၁၉၃၀‌ကြောင့် graphical sound များကို ‌လေ့လာခဲ့သည်။



ဖွံ့ဖြိုးတိုးတက်မှု - ၁၉၄ဝမှ ၁၉၅၀


Electroacoustic tape ဂီတ


ပထမ လက်‌တွေ့အသုံးပြု‌သော audio tape recorder ကို ၁၉၃၅တွင် ပြန်လည်ထုတ်‌ဖော်‌ပြောခဲ့သည်။ နည်းပညာ၏တိုးတက်မှုတစ်ခုမှာ AC biasing နည်းပညာကိုအသုံးပြုခဲ့သည်။ မှတ်တမ်းတင်ခြင်း၌ တိကျမှန်ကန်စွာ အ‌ရေးပါ၍တိုးတက်ခဲ့သည်။ ၁၉၄၂ အ‌စောပိုင်း၌ stereo သို့ test recording ၌ပြုလုပ်ခဲ့သည်။ ထိုနည်းပညာများသည် ဂျာမနီတွင် အ‌စောပိုင်းတွင် ကျပ်‌သော်လည်းဒုတိယကမ္ဘာစစ်အပြီးတွင် recorder နှင့် tapes များကိုအ‌မေရိကန်သို့ယူ‌ဆောင်လာခဲ့သည်။ ၁၉၄၈တွင် tape recorder များကိုပထမဆုံးတွင် စီးပွား‌ရေးအရအ‌ခြေခံဖြစ်ခဲ့သည်။


           Magnetic audio tape ကိုဂီတသမားများ၊ ‌တေး‌ရေး၊ထုတ်လုပ်သူနှင့် အင်ဂျီနီယာများဆီသို့ အခွင့်အလမ်းများကိုပွင့်‌စေခဲ့သည်။ audio tape များသည် ‌ဈေးနိမ့်၍ယုံကြည်၍အားထားရသည်။ တိကျမှန်ကန်ခြင်းသည် audio medium တိုင်းထက်‌ကောင်းမွန်ခဲ့သည်။ အ‌ရေးပါ‌သော‌ကြောင့် ရုပ်ရှင်ကဲ့သို့ ပလတ်စတစ်အရည်အ‌သွေးပြည့်ဝလာခဲ့သည်။


           Tape သည် အရည်အ‌သွေးနိမ့်ကျ၍မှတ်တမ်းတင်ခြင်းသို့ playback ကို ပြန်လည်၍နိမ့်ကျ‌စေရန် မှန်ကန်‌စေသည်။ ရုပ်ရှင်ကဲ့သို့ တူညီ‌သောနည်းလမ်းဖြင့် တည်းဖြတ်ခဲ့သည်။ မလိုချင်‌သောအပိုင်းများတွင် မှတ်တမ်းတင်ခြင်း၌ ဖယ်ရှားရန်သို့ အစားထိုးရန်ခွင့်ပြုခဲ့သည်။ tape ၏အပိုင်းများကို (အခြားအရင်းအမြစ်မှ) တည်းဖြတ်နိုင်ခဲ့သည်။ tape များသည် အဆုံးမရှိ‌သော loop များကိုဖွဲ့စည်းရန် ဆက်သွယ်‌စေခဲ့သည်။ အစိတ်အပိုင်းများကို ပြန်လည်မှတ်တမ်းတင်နိုင်ပြီးဆက်လက်၍ pattern များကိုထပ်တလဲလဲ ဆက်လက်၍ တီးခတ်နိုင်ခဲ့သည်။ audio amplification နှင့် mixing ကိရိယာများကိုအလယ်အလတ် ထုတ်လုပ်ခြင်းကဲ့သို့ tape ၏စွမ်းရည်ကိုကျယ်ပြန့်‌စေခဲ့သည်။ multiple pre-taped recording ကို အတူတကွ‌ရော‌နှောရန် ခွင့်ပြုခဲ့သည်။ တစ်ချိန်တည်းတွင် တိကျမှုနည်းစွာ အခြား tape များဖြင့် မှတ်တမ်းတင်ခဲ့သည်။ tape recorder များကိုစု‌ပေါင်းထုတ်လုပ်‌သော echo machine များဖြစ်လာ‌အောင် ပြုပြင်မွန်းမံနိုင်သည်။ အရည်အ‌သွေးမြင့်မား‌သော echo နှင့် reverbation effect များဖြစ်သည်။


           Tape recorder များသည် ကျယ်ပြန့်‌သော‌နောက်ဆုံးတွင် electricacoustic tape ဂီတဖွံ့ဖြိုးမှုသို့ ဦး‌ဆောင်ခဲ့သည်။ ပထမအသိများ‌သောဥပမာတစ်ခုမှာ Halim El-Dab (၁၉၄၄) တွင် ‌ရေးဖွဲ့ခဲ့သည်။ အီဂျစ်ကိုင်ရိုမှ ‌ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ‌ရှေ့ဟောင်း zaar ဟု‌သောအသံကို မှတ်တမ်းတင်ခဲ့သည်။ ‌လေးလံ၍ ဝန်ကျယ်‌သော wire recorder များဖြစ်သည်။ အလယ်အ‌ရှေ့ရေဒီယိုစတုဒီယိုများတွင် စနစ်တကျသွားခဲ့ပြီး reverberation, echo, voltage controls, material များကိုအသုံးပြုခဲ့သည်။ အဆုံးသတ်အလုပ်မှာ The Expression of Zarr ဟု‌ခေါင်းစဉ်တပ်ခဲ့ပြီး ၁၉၄၄တွင် ကိုင်ရို၏ အနုပညာပြတိုက်၌ ပြသခဲ့သည်။ သူ၏ tape အ‌ခြေခံ‌သော ဖွဲ့စည်းပုံများသည် အ‌စောပိုင်းအ‌တွေ့အကြုံများသည် အီဂျစ်၌ မကျယ်ပြန့်စဉ်တွင် El-Dabhသည် ၁၉၅၀‌နောက်ပိုင်းတွင် Columbia-Princeton Electronic Music Center ၌ Electronic ဂီတအတွက် အသိအမှတ်ပြုဖွယ်လာခဲ့သည်။



Musicque Concrete


ပဲရစ်ရှိ‌တေး‌ရေးများ မတိုင်မီတွင် tape recorder များကို‌ ပေါင်းစပ်ဖွဲ့စည်းမှုအတွက် musicque concrete ‌ခေါ်‌သော နည်းပညာအသစ်အတွက် ဖွံ့ဖြိုးတိုးတက်မှုသို့ စတင်အသုံးပြုခဲ့‌သော်လည်းမကြာရှည်ခဲ့‌ပေ။ ထိုနည်းပညာသည် သဘာဝနှင့် စက်မှုဇုံအသံများတည်းဖြတ်ခြင်းတွင်ပါဝင်သည်။ musique concrete ၏ ပထမအပိုင်းအစများသည် Pierre Schaffer ‌ကြောင့်စု‌ဝေး‌စေခဲ့သည်။ သူသည် Pierre Henry နှင့် ပူး‌ပေါင်းခဲ့သည်။ ၁၉၄၈‌ အောက်တိုဘာ ငါးရက်တွင် RadiodiffusionFrancaise (RDF) အသံလွှင့်‌တေးဖန်တီးသူအဖြစ် မှတ်သားခြင်းခံရသည်။ Schaeffer သည် disk-cutting lathe, four trumtable, a four-channel mixer, filters, enchochamberနှင့် mobile recording unit တွင် အသုံးပြုခဲ့သည်။ ဤကိစ္စပြီး‌နောက် မကြာခင်တွင် Henry သည် Schaefferနှင့် စတင်ခဲ့ပြီး စပ်တူလုပ်ငန်းကိုအကြီးအကျယ်လုပ်ခဲ့ပြီး electronic ဂီတအတွက် ဦး‌ဆောင်ခဲ့သည်။ အခြားsahaeffer, Edgard Vareseနှင့် ဆက်နွယ်‌နေပြီး Desert (တူရိယာတစ်မျိုး) chamber orchestra နှင့် tape အတွက်ဖြစ်သည်။ tape အပိုင်းများသည် Pierre Schaeffer ၏ စတူဒီယိုတွင် ဖန်တီးခဲ့ပြီး‌နောက်ပိုင်းတွင် ကိုလန်တီယာတက္ကသိုလ်တွင် စိစစ်တည်းဖြတ်ခဲ့ရသည်။


           ၁၉၅ဝတွင် schaeffer သည် ပထမဆုံး musique concrete ပွဲကို EcoleNormade de Musique de Paris ၌ ကျင်းပခဲ့သည်။ Schaeffer သည် PA System (Public Adress System) ကွဲပြား‌သော turntables နှင့် mixer များကိုအသုံးပြုခဲ့သည်။ ထို‌ဖျော်‌ဖြေပွဲကို‌ ကောင်းမွန်စွာ မပြုလုပ်ခဲ့‌ပေ။ ယခင်က မပြုလုပ်ခဲ့‌သော montage turnable ဖြင့်ပြုလုပ်ခဲ့ကြသည်။ ထိုနှစ်‌ နောက်ပိုင်းတွင် Pierre Henry သည် musique concrete ၏ ပထမအဓိကအလုပ်ဖြစ်‌သော Symphonie pour un home sed (၁၉၅၀) Schaeffer နှင့် လုပ်ကိုင်ခဲ့သည်။ ၁၉၅၁လပဲရစ် RTE တွင် ထုတ်လုပ်ခဲ့‌သော electronic ဂီတ၏ ထုတ်လုပ်‌ရေး ပထမဆုံးစတူဒီယိုမှ စ၍ကမ္ဘာ့အနှံသို့ ပျံနှံခဲ့သည်။ ၁၉၅၁ တွင် Schaeffer နှင့် Henry သည် ဝpera တွင် ထုတ်လုပ်ခဲ့‌သော Orpheus concrete sound နှင့် အသံများကို ထုတ်လုပ်ခဲ့သည်။


Kartheinz Stockhousen သည် ၁၉၅၂တွင် Schaeffer၏ စတူရီယိုတွင် ခဏ အလုပ်လုပ်ခဲ့သည်။ နှစ်‌ပေါင်းများစွာကြာပြီး‌နောက် WDR Cologne ၏ Electronic Music Studio၌ အလုပ်လုပ်ခဲ့သည်။


           Cologne တွင် ၁၉၅၃တွင် NWDR ၏ radio studio တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး‌နောက် ကမ္ဘာ‌ပေါ်တွင် အ‌ကျော်ကြားဆုံး‌သော electronic music studio ဖြစ်လာခဲ့သည်။ ၁၉၅ဝ ကဲ့သို့ စတိတ်စင်များသည် အစီအစဉ် ရှိခဲ့သည်။ အ‌စောပိုင်းဖွဲ့စည်းပုံများမှာ ၁၉၅၁တွင် အသံလွှင့်ဌာနများ၌ ပြုလုပ်ခဲ့သည်။ Werner Meyer-Eppler, Robert Beyerနှင့် Herbert Eimert၏ ပင်ကိုစိတ်ကူးညဏ်ဖြစ်သည့် Kartheinz Stockhausen နှင့် Gottfried Michael Koenig တို့၏ စတူရီယိုနှင့် ဆက်သွယ်ခဲ့သည်။ ၁၉၄၉တွင် အစိတ်အပိုင်းများကို ‌လေ့လာသူ Elektronishe Klangerzeugung: Elektronische Musik and Synthetishe Sprache, Meyer – Eppler တို့သည် electronic မှ synthesize ဂီတကို ထုတ်လုပ်ရန် အကြံရခဲ့ သည်။ ထိုနည်းလမ်းတွင် elektronische Musik သည် ပြင်သစ် musique concrete မှ နက်ရှိုင်းစွာခွဲခြားခဲ့သည်။ အကူးစတစ် အရင်းအမြစ်အသံများဖြင့် မှတ်တမ်းတင်ထားသည်။


           Stockhausen နှင့် Mauricio Kagel တို့သည် ၁၉၆၄ Mixturတွင် orchestra များနှင့် ဆက်နွယ်၍ လျှပ်စစ်အသံများကို ‌ပေါင်းစပ်ထုတ်လုပ်ခဲ့သည်။ Stockhausen သည် သူ၏နား‌ထောင်သူများက သူ၏ electronic music သည် ကွက်လပ်တစ်ခု၏ အပြင်ဘက် ပျံသန်းခြင်း ထိ‌တွေ့ခြင်းသို့ စိတ်ကူးယဉ်ဆန်‌သော အိပ်မက်ကမ္ဘာဟု ‌ပြောခဲ့သည်။ ကိုယ်ပိုင်စတူရီယိုတွင် electronic music ကို ထုတ်လုပ်ခဲ့သည်။ သူ၏‌နောက်ဆုံးအလုပ်မှာ ၂၀၀၇မှ Cosmic Pulses ဖြစ်သည်။


Japan Electronic Music


အ‌စောပိုင်း ဂျပန်မှ electronic music တူရိယာများကို ၁၉၃၅ တွင် Yamaha Magna Organက တည်‌ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်မှ တီထွင်သူ Minao Shibataသည် electronic ဂီတဆိုင်ရာတူရိယာများကို နားလည်သ‌ဘော‌ပေါက်လာခဲ့သည်။ ၁၉၄၀‌ နောက်ပိုင်းတွင် ဂျပန်‌တေး‌ရေးဆရာများသည် electronic music နှင့်အတူ စမ်းသပ်‌လေ့လာခဲ့ကြသည်။ အဖွဲ့အစည်းအ‌ထောက်အပံ့များက cutting edge equipment များက စမ်းသပ်‌လေ့လာခဲ့သည်။ ဆယ်စုနှစ်များစွာကြာပြီး‌နောက် ဂီတနည်းပညာဖွံ့ဖြိုးမှု၏ ဂျပန်လှုတန်း‌ရေးကို အာရှဂီတ၏ဖြည့်သွင်းခြင်းမှ အမျိုးအစားအများအပြားသည် ‌နောက်ဆုံးတွင် အ‌ထောက်အကူပြုနိုင်ခဲ့သည်။


           ၁၉၄၆ တွင် Sony electronic company foundation ‌နောက်သို့လိုက်ခဲ့ပြီး ‌တေး‌ရေးဆရာများဖြစ်‌သော Toru Takemitsu နှင့် Minao Shibata တို့သည် electronic နည်းပညာကို ဂီတကိုထုတ်လုပ်ရန် လွတ်လပ်စွာ အသုံးပြုခဲ့သည်။ Takemitsu နှင့် musique concrete နှင့် ဆင်တူ‌သော စိတ်ကူးများရှိခဲ့သည်။


Shibataသည် synthesizer များ၏ ဖွံ့ဖြိုးမှုများနှင့် ဂီတတွင် ပြင်းထန်‌သော အကျိုးသက်‌ရောက်မှုရှိမည်ဟု ကြိုသိခဲ့‌သော်လည်း Takemitsu က အ‌စောပိုင်းတွင် စိတ်မဝင်စားခဲ့‌ပေ။ Sony သည် အစိုးရနှင့် ပြည်သူများအတွက် လူကြိုက်များ‌သော magnetic tape recorder များကို စတင်ထုတ်လုပ်ခဲ့သည်။


           avant – grade စု‌ပေါင်း‌သော Jikken Koboသည် ၁၉၅ဝတွင် စမ်းသပ်‌လေ့လာ‌သော အလုပ်ရုံကို တည်‌ထောင်ခဲ့သည်။ Sonyက audio နည်းပညာအခွင့်အလမ်းများ ‌ပေါ်‌ပေါက်လာ‌စေရန် ‌ပေးလှုခဲ့သည်။ ကုမ္ပဏီသည် Toru Takemitsu ကို သူတို့၏ tape recorder များနှင့် electronic tape music ၏ဖွဲ့စည်းပုံနှင့် ‌ဖျော်‌ဖြေမှုများအတွက် သူ့ကို ‌ရေးဆွဲ‌စေခဲ့သည်။ အုပ်စု၏ ပထမ electronic tape အပိုင်းအစများဖြစ်သည့် Toraware no Onna (Imprisoned Woman) “Piece B” ဟုအမည်ရပြီး Kuniharu Akiyamaက ၁၉၅၁တွင် ဖွဲ့စည်းခဲ့သည်။ electroacoustic tape အပိုင်းအစများကို ‌ရေဒီယို၊ ရုပ်ရှင်နှင့် ပြဇတ်များအတွက် ‌နောက်ခံဂီတအဖြစ် ထုတ်လုပ်ခဲ့သည်။ သူတို့သည် မှတ်တမ်းတင်ထား‌သော soundtrack များနှင့် slide show များကို ကျင်းပခဲ့သည်။ ထို့အပြင်‌တေး‌ရေးဆရာများဖြစ်‌သော Jikken Kobo, Yasushi Akutagawa, Saburo Tominaga နှင့် Shiro Fukai ၁၉၅၂ နှင့် ၁၉၅၃ကြားမှ radiophonic tape music ကို စမ်းသပ်‌လေ့လာခဲ့သည်။


           Musique Concrete ကို ဂျပန်မှ Toshiro Mayuzimi မှ မိတ်ဆက်ခဲ့သည်။ သူသည် Pierre Schaeffer ‌ဖျော်‌ဖြေပွဲတွင် လွှမ်းမိုး‌စေခဲ့သည်။ ၁၉၅၂တွင် သူသည် ဟာသရုပ်ရှင်၊‌ရေဒီယိုဌာနနှင့် ဒရာမာ‌ရေဒီယိုအတွက် tape ဂီတအပိုင်းအစများကို ဖွဲ့စည်းခဲ့သည်။ မည်သို့ပင်ဆို‌စေ Schaeffer ၏ sound object ‌ဖျော်‌ဖြေမှုသည် ဂျပန်‌တေး‌ရေးဆရာများတွင် မလွှမ်းမိုးခဲ့‌ပေ။ သူသည် human–performance ၏ ကန့်သတ်ချက်တွင် လွှမ်းမိုးစိတ်ဝင်လာခဲ့သည်။ serialism နှင့် twelve-tone techniques တို့ကို အသုံးပြု‌သော ကွဲပြား‌သောဂျပန် electroa coustic ဂီတသမားများကို ဦး‌ဆောင်ခဲ့သည်။ ၁၉၅၁ Yoshiro Irino ၏ dodecaphonic အပိုင်းအစ “Concerto da Camera” တွင်မြင်သာ‌စေခဲ့သည်။


           Cologne မှ NWDR စတူရီယိုကို NHK ကို ၁၉၅၅တွင် Tokyo ရှိ electronic music studio ကို ထူ‌ထောင်ခဲ့သည်။ ကမ္ဘာသို့ဦး‌ဆောင်‌နေ‌သော electronic music အ‌ဆောက်အအုံများထဲတွင် တစ်ခုဖြစ်လာခဲ့သည်။ NHK studio ကို tone-generating နှင့် audio processing အသုံးအ‌ဆောင်များ၊မှတ်တမ်းနှင့် radiophonic equipment, ondes Martenot, Monochord နှင့် Melochord, oscillator, tape recorder, ring modulators, band-pass filters နှင့် four နှင့် eight-channel mixers။ များကို တပ်ဆင်ခဲ့သည်။ စတူဒီယိုနှင့် ဆက်နွယ်‌နေ ‌သော ဂီတသမားများထဲတွင် Toshiro Mayuzumi, Minao Shibata, Joji Yuasa, Toshi Ichiyanagi နှင့် Toru Takemitsu တို့ပါဝင်သည်။ စတူရီယို၏ ပထမဆုံး electronic ဖွဲ့စည်းခြင်းကို ၁၉၅၅တွင် ပြီးပြည်စုံခဲ့သည်။ Mayuzumi ၏ ၅မိနစ် Studie, Prime Number ၏ Sine Wave, Prime Number ၏ Modulated Wave နှင့် Square Wave နှင့် Sawtooth Wave တို့ပါဝင်ပြီး စတူဒီယို၏ကွဲပြား‌သော tone-generating capabilities နှင့် Shibata ၏ မိနစ်၂ဝ stereo piece “Musique Concrete for Stereophonic Broadcast” တို့ကို ထုတ်လုပ်ခဲ့သည်။

American electronic music[ပြင်ဆင်ရန်]

အ‌မေရိကန်တွင် electronic ဂီတကို ၁၉၃၉ကဲ့သို့ ဖန်တီးခဲ့သည်။ John Cage သည် Imaginary Landscape, No.1ကို ထုတ်လုပ်ခဲ့သည်။ two variable-speed turntable frequency recordings, muted piano နှင့် cymbal များကို အသုံးပြုခဲ့သည်။ သို့‌သော် electronic ထုတ်လုပ်ခြင်းကို ဆိုလိုခြင်းမဟုတ်‌ပေ။ Cage သည် ၁၉၄၂နှင့် ၁၉၅၂ကြားထဲတွင် Imaginary Landscapesကို ဖွဲ့စည်းခဲ့သည်။ Otto Luening အရ Cage သည် loudspeaker ရှစ်လုံးဖြင့် ၁၉၅၄တွင် Donauenschigen ၌ William Mix ကို ‌ဖျော်‌ဖြေခဲ့သည်။ William Mix သည် Donauenschigen Festival ၌ ‌အောင်မြင်ခဲ့သည်။


           Magnetic tapeဂီတလုပ်‌ဆောင်မှုကို New York Schoolမှ အဖွဲ့ဝင်များက အ‌ကောင်အထည်‌ဖော်ခဲ့သည်။ (John Cage, Earle Brown, Christian Wolf, David Tudorနှင့် Morton Feldman တို့ပါဝင်သည်။) ၁၉၅၄မတိုင်မီ‌နောက်ဆုံးဖြစ်ခဲ့သည်။


           Magnetic tape လုပ်‌ဆောင်မှုကို ‌ဆောင်ရွက်‌နေစဉ်တွင် Cageသည် ၁၉၅၃တွင် Williams Mix ကို ပြီးပြည့်စုံ‌စေခဲ့သည်။ ထိုအုပ်စုတွင် ‌ထောက်ပံ့မှုများမရှိခဲ့‌ပေ။ စတူဒီယိုများငှားရမ်း၍ မှီခိုအားထားခဲ့ရသည်။ Louis and Bebe Barron၏ စတူရီယိုလည်း ပါဝင်ခဲ့သည်။



Columbia-Princeton Center


ထိုနှစ်အ‌တောအတွင်း Columbia University က ပထမဆုံး tape recorderကို ‌ပေး‌ချေခဲ့သည်။ မှတ်တမ်းတင်‌ဖျော်‌ဖြေပွဲများအတွက် ရည်ရွယ်ထား‌သော professional Ampex machineဖြစ်သည်။ Vladimir Ussachevskyသည် Columbia University ၏ ဂီတအစွမ်းအစဖြစ်ခဲ့သည်။ စက်ပစ္စည်းဖြင့်အစားထိုးခဲ့သည်။ ရုတ်တရက် စတင်စမ်းသပ်‌လေ့လာခဲ့သည်။


Herbert Russscol ‌ရေးသားထားသည်မှာ မှတ်တမ်းတင်ခြင်း ဂီတဆိုင်ရာတူရိယာများကို Sonority ဖြင့် စီစဉ်မှုသည် ဖြစ်‌မြောက်‌စေခဲ့သည်။ ထို‌နောက် တစ်ခု‌ပေါ်တစ်ခု အစားထိုးခဲ့သည်။ Ussachevsky က ‌ပြောကြားသည်မှာ “ ကျွန်‌တော်က ရုတ်တရက်ဆိုသလို tape recorder ကို တူရိယာအသံ‌ပြောင်းလဲခြင်းအဖြစ် ပြုလုပ်ခဲ့သည်။ ၁၉၅၂‌မေလ ၈ရက် ကြာသပ‌တေးတွင် Ussachevsky က Columbia တက္ကသိုလ် Mc Millin ပြဇတ်ရှိ သူဖန်တီးခဲ့‌သော ‌တေးဖန်တီးသူအဖွဲ့၌ tape music/effect များကို ကွဲပြားစွာ‌ရေးဆွဲ၍ တင်ပြခဲ့သည်။


Transposition, Reverberation, Experiment, Compositionနှင့် Underwater Valse တို့ပါဝင်သည်။ အင်တာဗျူးတစ်ခုတွင် ‌ဖော်ပြထားသည်မှာ “ သူဖန်တီးထား‌သော သမားရိုးကျတူရိယာများနှင့် New Yorkမှာ ‌ဖျော်‌ဖြေရာ၌ ကျွန်‌တော်ရဲ့ရှာ‌ဖွေ‌တွေ့ရှိမှု ဥပမာများ တင်ပြခဲ့သည်။ Otto Luening က ထို‌ဖျော်‌ဖြေပွဲတက် ‌ရောက်ပြီး “ Ampex tape recorder ၏ ပစ္စ္စည်းကိရိယာများပါဝင်ပြီး ‌သေတ္တာကဲ့သို့ စက်ပစ္စည်းများကို ငယ်ရွယ်ထူးချွန်‌သော အင်ဂျီနီယာများက ဒီဇိုင်း‌ရေးဆွဲထားသည်။ Peter Mauzey ကို mechanical reverberation၏ ပုံစံတစ်မျိုးဖြစ်‌သော feedbackကို ဖန်တီးရန်ဖြစ်သည်။ အခြားပစ္စည်းကိရိယာများကို ပုဂ္ဂိုလ်ရေးရံပုံ‌ငွေများနှင့် အတူ‌ချေးငှားခြင်းသို့ ‌ပေး‌ချေခြင်းများပြုလုပ်ခဲ့သည်။


           သုံးလကြာပြီး‌နောက် ၁၉၅၂ဩဂုတ်လတွင် သူ၏အ‌တွေ့အကြုံများကို Luening ဖိတ်‌ခေါ်ခြင်းတွင် တင်ပြရန် Bennington, Vermonto သို့လည်ပတ်ခဲ့သည်။ သူတို့နှစ်ဦးသည် ကွဲပြား‌သော အပိုင်းအစများကို ပူး‌ပေါင်းခဲ့သည်။ Lueningသည် ပ‌လွေနှင့်နားကျပ်များကို တပ်ဆင်ခဲ့ပြီး ကျွန်‌တော်၏ပထမဆုံး tape recorder ဖွဲ့စည်းပုံကို စတင်တိုးတက်‌စေခဲ့သည်ဟု ‌ဖော်ပြခဲ့သည်။ လက်တန်းစပ်ဆိုတီးမှုတ်၍ ကျွန်‌တော်တို့၏ စိတ်ကူးစိတ်သန်းများကို ဖွင့်ထုတ်ခဲ့ကြသည်။ သူတို့သည် ပါတီ၌ အ‌စောပိုင်းအစိတ်အပိုင်းများနှင့် တီးခတ်ခဲ့ကြသည်။ ‌တေးဖွဲ့ဆရာအများစုသည် ကျွန်‌တော်တို့အား ချီးကျူးခဲ့ကြသည်ဟု ဆိုသည်။ New York City သို့ လျင်မြန်စွာ ‌ရောက်ရှိခဲ့သည်။ Oliver Danielသည် အ‌မေရိကန်‌တေးဖွဲ့ဆရာ Alliance နှင့် Broadcast Music (New York) ရှိ ‌ခေတ်မီအနုပညာပြတိုက်မှ Leopold Stokowski ၏ လက်ရှိ ပြုလုပ်‌သော ‌အောက်တိုဘာ‌ဖျော်‌ဖြေပွဲအတွင်း အတိုချုံးဖွဲ့စည်း‌သော အုပ်စုကို ထုတ်လုပ်ရန် ဖုန်းဆက်ရန် ပဲရစ်သို့ ဖိတ်‌ခေါ်ခဲ့သည်။ တုံ့ဆိုင်းမှုတချို့ပြီး‌နောက် ကျွန်ုပ်တို့လက်ခံခဲ့ကြသည်။ Henry Cowellသည် ကျွန်‌တော်တို့၏ ‌ရောင်းချမှု၌ New York, Woodstockရှိ သူ၏အိမ်နှင့် စတူဒီယိုကို အစားထိုးခဲ့သည်။ Ussachevsky၏ New Yorkအိမ်သို့ ‌ရောက်ရှိခဲ့သည်။ ‌နောက်ဆုံးတွင် ကျွန်‌တော်တို့၏ဖွဲ့စည်းမှုပြီး‌မြောက်‌စေခဲ့သည်။


           နှစ်လကြာပြီး‌နောက် ‌အောက်တိုဘာ၂၈တွင် Vladimir Ussachevsky နှင့် Otto Lueningတို့သည် အ‌မေရိကန်မှ ပထမဆုံး tape ဂီတ‌ဖျော်‌ဖြေပွဲကို တင်ပြခဲ့သည်။ ထို‌ဖျော်‌ဖြေပွဲတွင် Luening၏ Fantasy in Space (၁၉၅၂)နှင့် Low Speed (၁၉၅၂)တို့ ပါဝင်ခဲ့သည်။ ထိုအပိုင်းအစများကို Woodstockရှိ Henry Cowell ၏ အိမ်တွင်ဖန်တီးခဲ့သည်။ ထိုကွဲပြား‌သော ‌ဖျော်‌ဖြေပွဲများသည် New Yorkမြို့တော်အ‌ပေါ်ထိ‌တွေ့‌စေခဲ့သည်။


Ussachevsky နှင့် Lueningတို့သည် NBC ၏ အသံလွှင့်ပွဲသို့ ဖိတ်‌ခေါ်ခြင်းခံခဲ့ရသည်။ ပထမဆုံး ရုပ်မြင်သံကြား ‌ electroacoustic performance ဖြစ်ခဲ့သည်။ Luening သည် tape recorder အတွက် လက်တန်းသီဆို ‌ဖျော်‌ဖြေခဲ့သည်ဟု ဆိုသည်။ Ussachevsk electronic ‌ပြောင်းလဲခြင်းမှ အစားထိုးခဲ့သည်။


           ၁၉၄၅တွင် electronic generated sound များဖြင့် authentic electric plus acoustic compositions-acoustic တူရိယာတီးခတ်ခြင်းများကို ဖြစ်‌စေခဲ့သည်။ ထိုအဓိကအလုပ်များသည် ထိုနှစ်အတွင်း ပထမတန်းဖြစ်ခဲ့သည်။ Varese’s Deset ‌တေးဂီတအခန်းငယ်နှင့် tape sound တို့ဖြစ်ပြီး orchestra နှင့် tape အတွက် Lueningနှင့် Ussachevskyတို့၏ အလုပ်နှစ်ခုဖြစ်သည်။ Varese၏ အလုပ်အတွက် tape အပိုင်းများသည် electronic ထက် concrete sound များပါရှိသည်။ loudspeaker များမှလာ‌သော စက်ရုံ၏ ဆူညံသံများနှင့် သ‌င်္ဘောအချက်‌ပေးသံ၊ ‌မော်တာသံများကို piano ဖြင့် ‌ပြောင်းလဲထား‌သောအုပ်စုဖြစ်သည်။ Hamburg မှ Desert သည် Bruno Maderna မှ စီမံထားသည်။ tape ထိန်းချုပ်မှုကို Kartheinz Stockhausaen က ‌ဆောင်ရွက်ထားသည်။


      ၁၉၅ဝတွင် Columbia-Princeton သည် RCA Mark II Sound Synthesizer ဖြစ်သည်။ ထိုစက်သည် အထူးရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဒီဂျစ်တယ်စနစ်ဖြင့် အစားထိုး‌ဖော်ပြနိုင်‌သော ကွန်ပျုတာဖြစ်သည်။ ကြီးမား‌သော အသံများဖြင့် စီစဉ်မှုထဲတွင် ပထမဆုံး electronic music synthesizer ဖြစ်ပြီး မထုတ်လုပ်နိုင်‌သော်လည်း အသုံးပြုသူ စီစဉ်နိုင်သည်။ ထို programming ထူးခြားချက်တွင် Babbittလ၏ electronic ဂီတ၏သဘာဝတွင် အကြီးအကျယ်လွှမ်းမိုးမှုပါရှိသည်။ အ‌ရေးပါ‌သော ဖွဲ့စည်းသူများတွင် Vladimir Ussachevsky, Otto Luening, Milton Babbitt, Charles Wuorinen, Halim El-Dabh, Bulent Arel နှင့် Mario Dovidovsky တို့ပါဝင်ပြီး RCA Synthesizeruကို ကွဲပြား‌သော ဖွဲ့စည်းပုံများအတိုင်း ချဲ့ထွင်ခဲ့ကြသည်။ အလွှမ်းမိုးဆုံးဖွဲ့စည်းသူများထဲမှ တစ်‌ယောက်မှာ အ‌စောပိုင်းစတူဒီယိုနှစ်များမှ အီဂျစ်မှ Halim El-Dabbတွင် ဖွံ့ဖြိုးပြီး‌နောက် ၁၉၄၄တွင် electronic tape ဂီတအဖြစ် အ‌စောဆုံးသိခဲ့ကြသည်။ လူသိအများဆုံးများ Leiyla and the Poet ဖြစ်ပြီး ၁၉၅၉ electronic composition seriesများမှ electronicနှင့် folkဂီတကို ‌ရော‌နှောထားခြင်းဖြစ်သည်။ ၁၉၆၁ မှ Columbia-Princeton Electronic Music Center အပိုင်းကဲ့သို့ ဖြန့်ချိခဲ့သည်။ ဂီတသမားအ‌ရေအတွက်အလိုက် ပြင်းထန်စွာ လွှမ်းမိုးမှုကဲ့သို့ကိုးကားခဲ့ကြသည်။ Neil Rolnick, Charles Amirkhanian နှင့် Alice Shields မှ rock ဂီတသမား Frank Zappa နှင့် The West Coast Pop-Art Experimental တီးဝိုင်းတို့ဖြစ်သည်။

Stochastic ဂီတ[ပြင်ဆင်ရန်]

‌တေးဂီတဖွဲ့စည်းခြင်း ရည်ရွယ်ချက်အတွက် အ‌ရေးပါ‌သော ဖွံ့ဖြိုးမှုအသစ်တစ်ခုဖြစ်ခဲ့သည်။ Iannis Xenakis သည် musique stochastique (သို့) stochastic ဂီတကို စတင်ခဲ့သည်။ သင်္ချာဆိုင်ရာစနစ်များ အသုံးပြုထား‌သော နည်းလမ်းဖြစ်သည်။ parameterများ တပ်ဆင်၍ ကွဲပြား‌သော alogrithm ဖြင့် အသုံးပြုခဲ့သည်။ Xenakis သည် ကွန်ပျုတာများကို ST/4 for string quarted နှင့် ST/48 for orchestra, ST/10နှင့် Atrees များကို ဖွဲ့စည်းထားသည်။ သူသည် ဂရပ်ဖစ်ပုံရိပ်များ‌ပြောင်းလဲရန်အတွက် ကွန်ပျုတာစနစ်များကို ဖွံ့ဖြိုး‌စေခဲ့ပြီး Mycenes Alpha (၁၉၇၈)ကို ဖွဲ့စည်းခဲ့သည်။


၁၉၅ဝအလယ်မှ ‌နောက်ပိုင်း


၁၉၅၄ တွင် Stockhausen သည် Elektronische StudieII ကို ဖွဲ့စည်းခဲ့သည်။ ပထမဆုံး electronic အပိုင်းအစအဖြစ် ထုတ်လုပ်‌သော ရမှတ်တစ်ခုဖြစ်သည်။ ၁၉၅၅တွင် ပိုမိုစမ်းသပ်‌လေ့လာ၍ electronic စတူရီယိုများကို ‌ပေါ်‌ပေါက်‌စေခဲ့သည်။ အမှတ်ရစရာ ဖန်တီးမှုတစ်ခုမှာ Toshiro Mayuzumi ၏ တိုကျိုမှ NHK ရှိ studio di fonologia musicale di Radio Milano နှင့် နယ်သာလန် Eindhoven ရှိ Philips studio တစ်ခုဖြစ်ပြီး ၁၉၆ဝ တွင် institute of Sonolgy ကဲ့သို့ University of Utrechtသို့ ‌ရွှေ့ခဲ့သည်။


         နောက်ရမှတ်တစ်ခုမှာ Louis and Bebe Barron၏ Forbidden Planet ဖြစ်သည်။ ၁၉၅၆တွင် ကိုယ်ပိုင် built electronic circuits နှင့် tape recorder များဖြင့် အသုံးပြုထားသည်။


      ဂီတဖန်တီးရန် ကမ္ဘာ့ပထမဆုံးကွန်ပျုတာမှာ CSIRAC ဖြစ်သည်။ Trevor Pearcey နှင့် Mastron Beard တို့ ဒီဇိုင်း‌ရေးဆွဲတည်‌ဆောက်ခဲ့သည်။ သင်္ချာပညာရှင် Geoff Hill က ၁၉၅ဝ အ‌စောပိုင်းမှ ‌ကျော်ကြား‌သော ‌တေးသွားများကို ဖန်တီးရန် CSIRAC ကို ‌ရေးဆွဲစီမံခဲ့သည်။ ၁၉၅၁တွင် Colonel Bogey March (ဂီတမျိုးခွဲတစ်မျိုး)ကို လူသိရှင်ကြားတီးခတ်ခဲ့သည်။ လူသိများ‌သော မှတ်တမ်းတင်မှုမဟုတ်‌ပေ။ မည်သို့ပင်ဆို‌စေ CSIRAC သည် repertoire (drama, opera စ‌သော စာရင်းများ)ကို ဖန်တီးခဲ့သည်။ ‌လေ့ကျင့်ဖွဲ့စည်းမှု (သို့) ဂီတဆိုင်ရာ အ‌တွေးအ‌ခေါ်များကို မကျယ်ပြန့်‌စေခဲ‌ပေ။ CSIRAC သည် ဘယ်‌တော့မှ မှတ်တမ်းမတင်ခဲ့‌ပေ။ သို့‌သော် ဂီတကို မလွဲမ‌သွေပြန်လည်တည်‌ဆောက်‌စေခဲ့သည်။ computer-generated ဂီတ၏သက်တမ်းအရင့်ဆုံးမှတ်တမ်းများကို Ferranti Mark I က တီးခတ်ခဲ့သည်။ ၁၉၅၁‌ဆောင်းဦရာသီ မန်ချက်စတာ တက္ကသိုလ်မှ BabyMachine ၏ ‌ကြေညာသည့်ပုံစံဖြစ်သည်။ ဂီတ program ကို Christopher Stracheyက ‌ရေးသားခဲ့သည်။


      ၁၉၅၆တွင် ကွန်ပျုတာများ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။ Lejaren Hiller နှင့် Leonard Isasson က string quartet အတွက် Illiac Suite ကို ဖွဲ့စည်းခဲ့သည်။ algorithmic ဖွဲ့စည်းပုံကို အသုံးပြုထား‌သော ပထမဆုံး ပြီးပြည့်စုံ‌သော ကွန်ပျုတာဖွဲ့စည်းမှုအလုပ်ဖြစ်သည်။ ထူးခြား‌သောပုံစံများ၏ စည်းမျဉ်းကို ‌ပြောပြနိုင်‌သော ကွန်ပျုတာတစ်ခုဖြစ်သည်ဟု အဆိုပြုထားသည်။ electronic ဂီတကို ဖန်တီးရန် ဖွဲ့စည်းထား‌သော ကွန်ပျုတာ program များဟုလည်း ‌ခေါ်သည်။ အ‌စောပိုင်း‌ခေတ်တွင် Vocoder နည်းပညာဖြင့် အဓိကဖွံ့ဖြိုးမှုတစ်ခုဖြစ်သည်။


၁၉၅၆တွင် Stockhausen သည် Gesang der Junglinge ကို ဖွဲ့စည်းဖန်တီးခဲ့သည်။ Cologne စတူရီယို၏ ပထမဆုံး အဓိကအလုပ်ဖြစ်သည်။ Boof of Daniel မှ စာသားကို အ‌ခြေခံခဲ့သည်။ ထိုနှစ်၏ အ‌ရေးပါ‌သောနည်း ပညာဖွံ့ဖြိုးမှုဖြစ်ပြီး Raymond Scott နှင့် Robert Mog တို့၏ တီထွင်ခြင်းများဖြစ်သည်။ ၁၉၅၇ တွင် Kid Balton (Dick Roaymarkers) နှင့် Tom Dissevlt တို့သည် သူတို့ပထမဆုံး album ဖြစ်‌သော Song of Moonကို ဖြန့်ချိခဲ့ သည်။ Philip studio ၌ မှတ်တမ်းတင်ခဲ့သည်။ ပြည်သူများသည် ကမ္ဘာ့တစ်ဝန်း၌ ဖန်တီးခဲ့‌သော သံစဉ်သစ်များကို စိတ်ဝင်စားလာခဲ့သည်။ ထိုနှစ်အတွင်းမှာ အာဂျင်တီးနား‌တေး‌ရေးဆရာ Mauricio Kagel သည် Transicion II ကို ဖန်တီးခဲ့သည်။ Cologneမှ WDR စတူရီယို၌ အဓိကအလုပ်ဖြစ်လာခဲ့သည်။ စန္ဒယားဖြင့် ဂီတသမားနှစ်ဦး ‌ဖျော်‌ဖြေခဲ့သည်။ တစ်‌ယောက်မှာ ရိုးရာနည်းဟန်နှင့် အခြားတစ်‌ယောက်မှာ ကြိုးများဖြင့် တီးခတ်ခဲ့ကြသည်။ အခြား‌ဖျော်‌ဖြေသူနှစ်ဦးမှာ ‌နောက်ပိုင်းပစ္စည်းအစိတ်အပိုင်းများနှင့် သံစဉ်များကို ‌ပေါင်းစည်းတင်ပြရန် tape ကို အသုံးပြုခဲ့သည်။ အ‌စောပိုင်း‌ဖျော်‌ဖြေမှုထဲမှ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။





          







ကျယ်ပြန့်ခြင်း (၁၉၆၀)



Electronic ဂီတအတွက် ‌ကောင်းမွန်‌သောနှစ်များဖြစ်သည်။ လွတ်လပ်‌သော အနုပညာရှင်များသည် synthesizer ကဲ့သို့ နည်းပညာများကို ပို၍သုံးလာကြသည်။ ထိုအချိန်တွင် ‌တေးဖွဲ့ဆရာများနှင့် ဂီတသမားများ၏ ပြင်းထန်‌သောအုပ်စုများသည် သံစဉ်သစ်နှင့် တူရိယာများအလုပ်လုပ်ပြီး တည်‌ထောင်ကာကြီးပြင်းလာကြသည်။ ၁၉၆ဝ Luening ၏ Gargoyles သည် တ‌ယောနှင့် tape များကို အသုံးပြုထားပြီး Stockhausen ၏ Kontakte သည် electronic sound များသည် စန္ဒယားများကို အသုံးပြုထားသည်။ ထိုအပိုင်းများတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး 4-channel tape နှင့် human performer tape တို့ဖြစ်သည်။


           theremin ကို ၁၉၂ဝတွင် အသုံးပြုခဲ့သည်။ ထိုကာလတွင် UK ၌ BBC Radiophonic Workshop သည် ထင်ရှားလာခဲ့သည်။ BBCလ၏ သိပ္ပံရုပ်ရှင်ဖြစ်‌သော Doctor Whoလတွင် အသုံးပြုခဲ့သည်။ ထိုကာလတွင် ဗြိတိန် electronic အနုပညာရှင်များလွှမ်းမိုးလာခဲ့သည်။ ထိုထဲမှ တစ်‌ယောက်မှာ Delia Derby shine သည် ၁၉၆၃တွင် နာမည်‌ကျော်ကြားခဲ့သည်။


           ၁၉၆၁တွင် Josel Ta သည် Hebrew University ၌ Electronic Music Centerကို ထူ‌ထောင်ခဲ့သည်။ ၁၉၆၂တွင် Hugh Le Caineသည် ‌ဂျေရုဆလင်သို့‌ရောက်ရှိခဲ့ပြီး ထို center တွင် Creative Tape Recorder ကို တပ်ဆင်ခဲ့သည်။ ၁၉၉ဝတွင် Tal သည် Dr Shlomo Market။ နှင့်အတူ အစ္စ‌ရေး လူမှု‌ရေးနည်းပညာကို ပူး‌ပေါင်းဆောင်ရွက်ခဲ့သည်။ VolkswagenStiffung electronicmusic အတွက် novel ဂီတဆိုင်ရာ သ‌င်္ကေတစနစ်အတွက် ဖွံ့ဖြိုးမှု၌ project ရည်ရွယ် ချက်သစ်များ စူးစမ်းရှာ‌ဖွေခဲ့သည်။


       Milton Babbitt electronic အလုပ်အတွက် synthesizer ကို အသုံးပြုခဲ့သည်။ သူသည် Columbia-Princeton Electonic Music Center ၌ RCA synthesizer ကိုအသုံးပြုခဲ့သည်။


           ပင်လယ်နှင့်တိုက်ကြီးများကို ဖြတ်သန်း၍ ပူး‌ပေါင်းခြင်းများ‌ပေါ်‌ပေါက်လာခဲ့သည်။ ၁၉၆၁တွင် Ussachevskyသည် Columbia-Princeton Studio (CPEMC) သို့ Vareseကို ဖိတ်‌ခေါ်ခဲ့သည်။ Deserts ပြန်လည်ပြင်ဆင်ခြင်းအတွက် ပါဝင်‌ဆောင်ရွက်ခဲ့ကြသည်။ သူကို Mario Davidovsky နှင့် Bulent Arelတို့က ကူညီခဲ့သည်။


           အလွန်ကြီးမား‌သော ‌ဆောင်ရွက်ချက်များ CPEMC ၌ ဖြစ်‌ပေါ်ခဲ့ပြီး ၁၉၆၃တွင် Morton Subotnickက အဖွဲ့ဝင် Pauline Oliveros, Ramon Sender, Anthony Martin နှင့် Terry Riley တို့အတူ San Francisco Tape Music Center ကို ထူ‌ထောင်ခဲ့သည်။


           ‌နောက်ပိုင်းတွင် Pauline Oliveros ၏ ညွန်ပြချက်အရ ထို Centerကို Mills College သို့ ‌ရွေ့ခဲ့သည်။


ယ‌နေ့ခေတ်တွင် Center of Contemporary Music ဟု အသိများသည်။


           တစ်ချိန်တည်းတွင် ‌တေးဖွဲ့ဆရာ Stan Shaffနှင့် ပစ္စည်းဒီဇိုင်းဆင်သူ Doug McEachern သည် San Francisco ပြည်နယ်၌ ပထမဆုံး Audium ‌ဖျော်‌ဖြေပွဲကို တင်ပြခဲ့သည်။ speaker ဆယ့်နှစ်ခုဖြင့် ပရိသတ်များကို ဝန်းရံခဲ့သည်။ speaker‌လေးခုကို လှည့်ပတ်၍ စီထားသည်။ San Francisco Chronicle ဂီတ‌ဝေဖန်‌ရေးဆရာ Alfred Frankenstein က သံစဉ်ကွက်လပ်‌နေရာတွင် ချဲ့ထွင်၍ စူးစမ်းရှာ‌ဖွေခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ ၁၉၆၇တွင် ပထမ Audium သည် ၁၉၇ဝကို ဖြတ်သန်းလျက် အပတ်စဉ်‌ဖျော်‌ဖြေမှုများကို ဆုပ်ကိုင်ထားသည်။ နှိုင်းယှဉ်ခြင်းအားဖြင့် ‌တေးဖွဲ့ဆရာများသည် ‌ဖျော်‌ဖြေသည့်‌နေရာတွင် ကွဲပြား‌သော‌နေရာများ၌ ‌မြောက်မြားစွာ‌သော speaker များကို ကိုင်တွယ်ထားသည်။ ထိုချဉ်းကပ်မှုတွင် ကွက်လပ်ဖွဲ့စည်းခြင်းသည် speaker များ၏‌ နေရာ‌ပေါ်တွင် မူတည်သည်။ ဥပမာများထဲတွင် Varese ၏ Poem Electronique နှင့် Stanley Schaff ၏ Audium Installation ပါဝင်သည်။


           အသိများ‌သောဥပမာတစ်ခုမှာ Moog ၏ Moog modular synthesizer ဖြစ်ပြီး Wendy Carlos ၏ Switched-On Bach တွင် အသုံးပြုထားသည်။ synthesizer ဂီတအတွက် ခလုတ်ဖွင့်လိုက်ခြင်းဖြစ်သည်။


           ထိုကာလထဲတွင် Moog Modular synthesizer နှင့်အတူ ARP နှင့် Buchla တို့ပါဝင်သည်။


           Pictro Grossiသည် computer ‌တေးဖွဲ့ခြင်းနှင့် tape ဂီတ၏ အီတလီတီထွင်သူတစ်ဦးဖြစ်သည်။ အ‌စောပိုင်း၆ဝနှစ်များတွင် electronic  နည်းပညာနှင့် ပထမဆုံး စမ်းသပ်‌လေ့လာခဲ့သည်။ Grossi သည် တ‌ယောသမားနှင့် ‌တေး‌ရေးဆရာတစ်ဦးဖြစ်သည်။ ၁၉၁၇တွင် Venice ၌ ‌မွေးဖွားခဲ့သည်။ သူသည် S2FM ကို electronic သံစဉ်နှင့် ဖွဲ့စည်းပုံကို စမ်းသပ်‌လေ့လာရန် ၁၉၆၃တွင် တည်‌ထောင်ခဲ့သည်။