အောက်ထုံးရွာ၊ အောက်ထုံး

ဝီကီပီးဒီးယား မှ
အောက်ထုံး
အောက်ထုံး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အောက်ထုံး
အောက်ထုံး
အောက်ထုံး တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′45″N 95°28′40″E / 16.79585°N 95.47791°E / 16.79585; 95.47791
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်မအူပင်ခရိုင်
မြို့နယ်မအူပင်မြို့နယ်
ကျေးရွာအုပ်စုအောက်ထုံး[၁]

အောက်ထုံးကျေးရွာသည် ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်မအူပင်မြို့နယ်အတွင်းရှိ အုပ်စုရွာဖြစ်သည်။ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ တောင်းပလုံးရက်သည့်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ရင်း အသက်မွေးကြသောရွာဖြစ်သည်။ ရွာ၏ဘေးတွင် ဧရာဝတီမြစ်သည်စီးဆင်းလျက်ရှိ၏။

ရှေးအခါက အညာမှ ကုန်သည်အချို့ ဧရာဝတီမြစ်ကြောင်းအတိုင်း လှေကြီးများနှင့် အောက်မြန်မာပြည်ဘက်သို့ စုန်ဆင်းရာမှ ခဏတည်းခိုးကြရင်း အောက်ထုံးရွာအစပြုလာသည်ဆို၏။ ရှေးအခါက ရွာဘေးရှိဧရာဝတီမြစ်အောက်တွင် ထုံးအငူရှိသောကြောင့် အောက်ထုံးဟု လှေသမားတို့ခေါ်ဆိုခဲ့ရာမှ အမည်တွင်လာခြင်းဖြစ်သည်ဟု ရှေးလူကြီးစကားများအရသိရ၏။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011