အီးအဲလ် ဂျိမ်း

ဝီကီပီးဒီးယား မှ
အီးအဲလ် ဂျိမ်း
E. L. James at the 2019 London Book Fair
မွေးဖွားErika Mitchell
(1963-03-07) ၇ မတ်၊ ၁၉၆၃ (အသက် ၆၁)
en:Willesden, en:London, England
ကလောင်အမည်E. L. James
Snowqueens Icedragon
အလုပ်အကိုင်en:Author
ပညာရေးen:Wycombe High School
မိခင်ကျောင်းen:University of Kent
စာပေအမျိုးအစားRomance, en:erotica, en:fan fiction
တက်ကြွလှုပ်ရှားနှစ်များ2011–present
အိမ်ထောင်ဖက်Niall Leonard (လက်ထပ် 1987)
သားသမီး2
ဝက်ဘ်ဆိုဒ်
eljamesauthor.com

အီးအဲလ် ဂျိမ်း (အင်္ဂလိပ်: E. L. James) ဆိုသူမှာ ဗြိတိန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။[၁][၂] Fifty Shades of Grey စာအုပ်ဖြင့် အောင်မြင်ထင်ရှားလာသည့် စာရေးဆရာမတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအသားပေးထားသည့် အချစ်ဇာတ်လမ်းများကို ရေးသားထားခြင်းဖြစ်ပြီး စာအုပ်အရေအတွက်ပေါင်း ၁၂၅ သန်းခန့်ရောင်းချခဲ့ရသည်။[၃][၄] အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့တွင် စာအုပ်အရေအတွက်ပေါင်း ၃၅ သန်းခန့်ကို ရောင်းချခဲ့ရပြီး ဗြိတိန်နိုင်ငံ၏ အချိန်အတိုအတွင်းရောင်းအားကောင်းခဲ့သည့် အရောင်းရဆုံးစာရေးဆရာစာရင်း မှတ်တမ်းသို့ဝင်ခဲ့သည်။ ကမ္ဘာကို လွှမ်းမိုးထားခဲ့သည့် လူ ၁၀ဝ စာရင်းတွင် ဂျိမ်းကို တိုင်းစ်မဂ္ဂဇင်း (Times)က ၂၀၁၂ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။[၅][၆][၇]

၁၉၆၃ ခုနှစ် မတ်လ ၇ တွင် ဂျိမ်းကို လန်ဒန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ University of Kent တွင် သမိုင်းပညာရပ်ကို လေ့လာ သင်ယူခဲ့သည်။ ဂျိမ်း၏ ဖခင်ဖြစ်သူမှာ ဘီဘီစီ၏ ကင်မရာဆရာတစ်ဦးဖြစ်ပြီး သူမသည်လည်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သည်။[၈][၉][၁၀]

Fifty Shades စီးရီးအဖြစ် Fifty Shades of Grey, Fifty Shades Darker, Fifty Shades Freed စာအုပ်တို့ကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့အတွင်း ထုတ်ဝေ ခဲ့သည်။ ယခုလ ဇွန် ၁၈ ရက်တွင် Grey: Fifty Shades of Grey As Told by Christian စာအုပ်ကို နယူးယောက်မြို့၌ မိတ်ဆက်ခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ဂျိမ်း တက်ရောက်ခဲ့ပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သည်။ Grey: Fifty Shades of Grey As Told by Christian စာအုပ်သည် မဖြန့်ချိမီဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည်ဆိုသောသတင်းများ ထွက်ပေါ်ခဲ့သည်။ သက်ဆိုင်ရာအာဏာပိုင်များသို့ တိုင်ကြားမှုများရှိခဲ့ သော်လည်း ဈေးကွက်အတွင်းသို့ တရားမဝင်ရောက်ရှိခဲ့သည့်စာအုပ်များနှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားတစ်စုံတရာ မတွေ့ရှိကြောင်း ဒေသဆိုင်ရာရဲအရာရှိများက မီဒီယာများသို့ ပြောကြားခဲ့သည်။[၁၁][၁၂][၁][၁၃]

Fifty Shades of Grey ကို ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ရုံတင်ပြသခဲ့သည်။ ဝင်ငွေစံချိန်တင်ရရှိခဲ့သော ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့သည်။ Fifty Shades Darker, Fifty Shades Freed တို့ကိုလည်း ရုပ်ရှင်ဇာတ်ကားများအဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီလတို့ တွင် ရုံတင်ပြသသွားမည်ဟု သတင်းများက ဆိုသည်။[၁][၁][၁၄][၁၄][၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Brennan၊ Zoe။ "EL James: The shy housewife behind Fifty Shades of Grey"၊ 6 February 2015။ 
  2. "Meet the author behind the steamy 'Fifty Shades Of Grey' phenomenon"၊ en:Business Insider၊ 13 September 2016။ 
  3. Julie Bosman။ "Libraries Debate Stocking 'Fifty Shades of Grey' Trilogy"၊ en:The New York Times၊ 21 May 2012။ 
  4. "The Shy British Mum Behind 50 Shades of Grey"၊ Time Magazine၊ 29 March 2012။ 
  5. Cain၊ Sian (17 April 2019)။ EL James's The Mister – turns out books and sex can be this bad
  6. Faircloth၊ Kelly။ E.L. James's The Mister Fucks a Duck
  7. Gilbert၊ Sophie (18 April 2019)။ The Indelible Awfulness of E. L. James's 'The Mister'
  8. "Fifty Shades of Grey author EL James now worth £37m"၊ 2 April 2017။ 
  9. Who Should be Time's Person of the Year 2012? E.L. James.
  10. ""Fifty Shades of Grey" coming in hardcover"၊ Salon.com၊ 10 January 2013။ 
  11. The World's 100 Most Influential People.
  12. Belloni၊ Matthew။ "Universal Chairman Wants 'Fifty Shades' for Summer 2014, More 'Bourne' and 'Van Helsing' Reboot (Q&A)"၊ The Hollywood Reporter၊ 20 February 2013။ 
  13. Index entryFreeBMD။ ONS။ 14 February 2018 တွင် ပြန်စစ်ပြီး။
  14. ၁၄.၀ ၁၄.၁ Who is E L James? Archived 26 May 2012 at the Wayback Machine. en:Chicago Tribune Retrieved 31 May 2012
  15. Triple-X trilogy of novels has women talking (quietly). msnbc. Retrieved 31 May 2012