အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ

ဝီကီပီးဒီးယား မှ
Armed Forces of
the Islamic Republic of Iran
نیروهای مسلح جمهوری اسلامی ایران
Nīrūhā-ye Mosallah-e Jomhūri-ye Eslāmi-ye Īrān
တပ်ဖွဲ့ခွဲများ Army (Artesh)
Revolutionary Guards (Sepāh)
Law Enforcement (Police)
ခေါင်းဆောင်မှု
Commander-in-chiefAli Khamenei
Chief-of-StaffMG Mohammad Bagheri
IRIA CommanderMG A. Mousavi
IRGC CommanderMG Mohammad Ali Jafari
LEF CommanderBG Hossein Ashtari
လူအင်အား
လက်ရှိ အမှုထမ်း523,000, including 220,000 conscripts[၁]
အရံ အင်အား350,000[၁]
အသုံးစရိတ်များ
ဘက်ဂျက်US$၁၄.၁ billion(2017)[၂]
GDP ရာခိုင်နှုန်း2.5% (2015)[၃]
စက်ရုံများ
ပြည်တွင်း ထောက်ပံ့မှုDefense Industries Organization
Iran Aviation Industries Organization
Aerospace Industries Organization
Iran Electronics Industries
Marine Industries Organization
ဆက်စပ်ဆောင်းပါးများ
သမိုင်းMilitary history of Iran

Anglo-Soviet Invasion of Iran
Iran crisis of 1946
Dhofar Rebellion
Seizure of Abu Musa
Consolidation of the Iranian Revolution
Iran–Iraq War
Kurdish Civil War
Herat Uprising
Balochistan conflict
Iran–PJAK conflict
Syrian civil war

Iraqi Civil War (2014–17)
ရာထူးအဆင့်များRank insignia of the Iranian military

အဆိုပါ အစ္စလာမ့်သမ္မတနိုင်ငံ၏လက်နက်ကိုင်တပ်ဖွဲ့များ(ပါရှန်း: نيروهای مسلح جمهوری اسلامی ايران‎)တွင် တပ်မတော်(Artesh)၊ တော်လှန်ရေးအစောင့်တပ်(Sepāh) နှင့် ဥပဒေစိုးမိုးရေးအင်အား(ရဲ)တို့ပါဝင်သည်။[၄]

ယင်းအင်အားစု ၅၂၃၀၀၀ သည် တက်ကြွလှုပ်ရှားလျက် ရှိသော အင်အားစုဖြစ်ပြီး ထိုအတွင်း၌ ဥပဒေစိုးမိုးရေးအင်အားစုမပါဝင်သေးပါ ။ အားလုံးသော လက်နက်ကိုင် အင်အားစုတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ညွှန်ကြားချက်အောက်တွင်ရှိပေသည်။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဦးစီးဌာနသည် စီမံကိန်းရေးဆွဲရေးနှင့်လက်နက်ကိုင်တပ်ဖွဲ့များ၏ဘဏ္ဍာရေးတို့တွင် တာဝန်အရှိဆုံးဖြစ်သည်။ ယင်းဌာနတို့သည် စစ်မြေပြင်ဂဏ္ဍနှင့် မသက်ဆိုင်ပါ။ 

အီရန်တပ်မတော်သည် ၁၉၇၉ခုနှစ်မတိုင်မီကတည်းမှ အမေရိကန်ပြည်ထောင်စုထုတ် ခေတ်မီသော စစ်လက်နက်များဖြင့် ပြည့်စုံနေခဲ့လေသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ(အစ္စရေးအားလွှတ်ငြိမ်းခွင့်ပေးထားပြီး)အတွင်းစစ်အင်အားအတောင့်အတင်းဆုံးနိုင်ငံဖြစ်သည်ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျာန်အာဘီးစ် မှ ပြောကြားခဲ့သည်။[၅]

သမိုင်း[ပြင်ဆင်ရန်]

အီရန်နိုင်ငံတွင် တော်လှန်ရေးဖြစ်ပြီးနောက်ပိုင်း ၁၉၇၉ ခုနှစ်တွင် အီရန်နှင့်အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံမှုများတင်မာလာခဲ့ပြီးနောက် အမေရိကန်၏လမ်းညွှန်မှုဖြင့် အပြည်ပြည်ဆိုင်ရာမှ ပိတ်ဆို့မှုများပြုလုပ်လာခဲ့သည်။ အထူးသဖြင့် အီရန်သို့ လက်နက်ရောင်းခြင်းမပြုရန်ဖြစ်သည်။

၁၉၈၀ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အီရတ်ဘက်မှ စတင်ကျူးကျော်ခဲ့သည် စစ်ပွဲဖြင့် အီရန်တော်လှန်ရေးကို အံ့ဩသွားစေခဲ့ကြသည်။ ထိုစစ်ပွဲ၌ အကြိမ်ကြိမ် အမေရိကန်ပြည်ထောင်စုနှင့်လည်းထိပ်တိုက်တွေ့ခဲ့ရသည်။၁၉၈၇ ခုနှစ်မှစ၍ အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ အီရန်၏သတ္ထုရှာဖွေရေးရေယာန်များကို ပါးရှန်းပင်လယ်ကွေ့အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းပိတ်၍ စစ်ဆင်ရေးပြုလုပ်ကာ ရပ်တန့်စေခဲ့သည်။ ထိုစစ်ဆင်ရေးသည် ၁၉၈၉ ခုနှစ်အထိ ရှိခဲ့သည်။ ၁၉၈၈ ဧပြီလ၁၈ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်သတ္ထုရှာဖွေသော ရေယာဉ်ဖြစ်သော USS.B အားလက်တုံ့ပြန်ခဲ့သည်။ တစ်ချိန်တည်း၌ အီရန်တပ်မတော်သည် အမေရိကန်၏ လက်နက်ရောင်းဝယ်မှုပိတ်ဆို့ထားသည့်အတွက် အမေရိကန်ထုတ် လက်နက်များကို မိမိတို့၏ စစ်ဆင်ရေးများ၌ အသုံးပြုရန်အတွက် ပြည်ပ၏အကူအညီမပါဝင်ပဲ စုစောင်းထားနိုင်ခဲ့သည်။ အီရန်သည် ၁၉၇၀ ခုနှစ်တွင် အမေရိကန်မှ ဝယ်ယူထားသော လက်နက်များနည်းတူ မိမိကိုယ်ပိုင်လက်နက်ထုတ်လုပ်ခဲ့သည်။ ထိုကာလအတွင်း ကြိုးပမ်းမှုများသည် ထိုကာလ၏နောက်ဆုံးအချိန်အထိ အီရန်ကို အသိနည်းခဲ့ပေမဲ့ အီရန်သည် အမေရိကန်လက်နက်များကို မြောက်မြားစွာပိုင်ဆိုင်နိုင်ခဲ့သည်။ အီရန်သည် မိမိတို့၏တပ်မတော်အတွက် လက်နက်အပိုပစ္စည်းများနှင့် အမေရိကန်လက်များကို တန်ပြန်စစ်ဆင်ရေးပြုချိန်များတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုလက်နက်များကို ပထမပိုင်း၌ အစ္စရေးမှ တင်ပို့ပေးသလို နောက်ပိုင်း၌ အမေရိကန်မှ တိုက်ရိုက်လာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အီရန်အစိုးရသည် အီရန်နှင့်အီရတ်စစ်ပွဲတွင် ပျက်စီးဆွေးမြေ့သွားသော လက်နက်များကို ပြန်လည်ပြုပြင်ရန်အတွက် စီမံကိန်းတစ်ရပ်ကို ချမှတ်ခဲ့လေသည်။ အီရန်သည်၁၉၈၉ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်အကြားတွင် လက်နက်ခဲယမ်းများအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကိုသုံးစွဲခဲ့သည်။ အီရန်သည် အခြားသင်္ဘောများ မိမိတို့ရေပိုင်နက်တွင်းသို့ဝင်ရောက်မှုများကို တားဆီးနိုင်သော လက်နက်ကို ထုတ်လုပ်ဖို့ရန်အတွက် အစိုးရမှ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအတွင်း၌ အီရန်မရိန်းရေတပ်များနှင့် ရုရှားထုတ် တိုက်လေယာဉ်များပါဝင်သည်။ ထိုလေယာဉ်များသည် လက်နက်ခဲယမ်းသယ်ယူပို့ဆောင်လေး လေယာဉ်များကို တိုက်ခိုက်နိုင်သည်။[၆]

၁၉၉၀ ခုနှစ်တွင် အီရန်တပ်မတော်၏ လက်အောက်၌ရှိသောရဲတပ်ဖွဲ့ (Sharbani)အား ပြည်သူ့ရဲတပ်ဖွဲ့နှင့် တော်လှန်ရေးကော်မတီတို့ဖြင့် ပူးပေါင်းခဲ့သည်။

အီရန်လက်နက်ကိုင်တို့သည် အီရတ် စစ်လေယာဉ်အချို့ကို ပါးရှန်းပင်လယ်ကွေ့စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် အီရန်လေတပ်အတွင်း၌ ထည့်သွင်းအသုံးပြုခဲ့သည်။

၂၀၀၃ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှတို့သည် အီရန်လက်နက်ကိုင်များ (၂၀၀၃ ခုနှစ်)အီရတ်စစ်ပွဲတွင် လျှိုဝှက်သောအနေအထားဖြင့် ပါဝင်ပတ်သက်နေသည်ဟု အီရန်အား အကြိမ်ကြိမ် စွပ်ဆွဲခဲ့သည်။၂၀၀၄ ခုနှစ်တွင် အီရန်လက်နက်ကိုင်များသည် ဗြိတိသျှရေတပ်သားများကို အီရန်နှင့် အီရတ်အကြားရှိ ရှတ်သွလ်အရဗ်(swift river)ဟုခေါ်သော မြစ်၌ အကျဉ်းသားအဖြစ်ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးအရာရှိများအကြား သုံးရက်တိုင်တိုင် အပြန်အလှန် ပြောဆိုခဲ့ပြီးနောက်တွင် ပြန်လွှတ်ပေးခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အီရန်တော်လှန်ရေးကောင်စီတပ်များသည် HMS Cornwallဗြိတိသျှစစ်သင်္ဘော တပ်သားများအား ပါးရှန်းပင်လယ် အီရန်နှင့်အီရတ်အကြားရေပိုင်နက်အတွင်း ရေပိုင်နက်ကျူးကျော်သည့်အတွက် ထပ်မံ၍ဖမ်းဆီးခဲ့ပြီး ၁၃ ရက်ကြာနောက်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။

 Juan Cole,အဆိုအရ အီရန်သည် ယခုအနေအထားတွင် မည်သည့်အခါမျှ ကျူးကျော်စစ်ကို စတင်မည်မဟုတ်သလို ၎င်းတို့၏ခေါင်းဆောင်မှု မည်သို့သော အခါမျှ အစမပြုရန် မှာကြားခြင်းမရှိပေ။ ဤနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်သည် ပါးရှန်းပင်လယ်ကမ်းခြေ နိုင်ငံများဖြစ်သော ယူအေအီး UAE နိုင်ငံများထက် အလွန်နည်းပါးသည်။..[၇]

၁၉၇၉ ခုနှစ်မှစ၍ မည်သည့်ပြည်ပ စစ်အခြေစိုက်စခန်းမျှမရှိတော့ပေ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်၁၄၆ တွင် ထည့်သွင်းဖော်ပြထားသည်မှာ မည်သည့်ပြည်ပနိုင်ငံများမှ စစ်အခြေစိုက်စခန်းချခြင်း မရှိစေရ။ မည်မျှပင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ဖြစ်ပါစေ။ ထို့အတွက်ကြောင့် ပြည်ပနိုင်ငံများမှ စစ်စခန်းချခြင်းကို တားမြစ်ထားလေသည်။[၈]

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၄ ရက်နေ့တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီး RQ-170 Sentinel (UAV)အား အီရန်နိုင်ငံအရှေ့ပိုင်း ကားရှ်မာရ် မြို့အနီးတွင်  အီရန်တပ်မတော်မှ ဆွဲချဖမ်းဆီးခဲ့သည်။

၂၀၁၂ခုနှစ်တွင် အီရန်ကွဒ်တပ်ဖွဲဝင်များသည် စီးရီးယားနိုင်ငံအတွင်း သူပုန်များကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဘရှားအစဒ် အစိုးရအား စစ်ဆင်မှုများပြုလုပ်နိုင်ရန်စီစဉ်ပေး၍ ထောက်လှမ်းမှုများပြုလုပ်လျက် ရှိသည်ဟု ကြေညာခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆန့်ကျင်သူများအား အင်တာနက်နှင့်မိုဘိုင်းဖုန်းများကို အသုံးပြုကို အလေးပေးထိန်းချုပ်ရန်နှင့် အထူးသဖြင့် မက်စဂျ် များကို ထိန်းချုပ်ရန် တိုက်တွန်းခဲ့သည်။ .

ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်အီရန်သည် ပါရှန်းပင်လယ်ကွေ့ကျော်လွန်၍ ၎င်း၏လေပိုင်နက်ကိုချိုးဖောက်ခဲ့သော အမေရိကန် ScanEagle မောင်းသူမဲ့လေယာဉ်အား ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြခဲ့သည်။ ၎င်းအပြင် ထပ်မံ၍ အခြား ScanEagleနှစ်ခုကို ဖမ်းမိခဲ့ကြောင်းဖော်ပြခဲ့သည်။

နိုဝင်ဘာလ ၂၀၁၅ ခုနှစ်တွင်အီရန်အထူးတပ်ဖွဲ့များသည်ရုရှားလေယာဉ်မှူးတစ်ဦးအားဆီးရီးယားကျော်လွန်၍ တူရကီနယ်တွင်းသို့ရောက်သွားခဲ့မှုကြောင့် တူရကီမှပစ်ချခဲ့သည်ကို ကိုကယ်တင်နိုင်ခဲ့သည်။ လက်ဘနွန်မှ ဟဇ်ဘွလ္လာဟ် အမျိုးသားတပ်များနှင့် ဆီးရီးယားမှ တပ်မတော်အား အီရန်၏လမ်းညွှန်မှုအောက်၌ အီရန်စစ်ရေးကျွမ်းကျင်သူတို့၏လက်အောက်တွင်အထူးစစ်သင်တန်းပေးမှုကိုခံယူလျက် ရှိသည်။၎င်းအပြင် ဆီးရီးယားတပ်များသည် စစ်မြေပြင်နှင့်ရင်နှီး ကျွမ်းဝင်သူများဖြစ်ပေသည်။ အပြင်ဤအချက်ကိုကနေဆီးရီးယားစစ်သားမြေပြင်အနေအထားနှင့်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ မြေပြင်စစ်ဆင်ရေးပြုလုပ်ခဲ့သလို ရုရှားလေယာဉ်သည်လည်း လေကိုထိန်းချုပ်၍ ဂြိုဟ်ထုအား အဆက်အသွယ်ရယူခဲ့သည်။ ဂြိုဟ်တုအကူအညီဖြင့်ဂျီပီအစ်လမ်းကြောင်းရှာတွေ့ခဲ့သည့်အခါ ရုရှားလေယာဉ်မှူး၏အခြေအနေကိုသိခဲ့ရသည်မှာ ၎င်းသည် စီးရီးယားရှေ့တန်းရှိတပ်ဖွဲ့၏ အနောက်ဘက် ၆ ကီလိုမီတာအကွာနှင့် ဆန့်ကျင်ဘက်တပ်ဖွဲ့တို့အကြားတွင် ရှိနေခဲ့ကြောင်းသိခဲ့ရသည်။ ထိုအခါ စစ်ရေးတက်ကြွသောသူများနှင့် အထူးတပ်ဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ပြီး စစ်ဆင်ရေးစတင်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင် ရုရှားလေယာဉ်မှူးကိုကယ်တင်နိုင်ရုံသာမက ခေတ်မှီလက်နက်ကြီးများဖြင့် သောင်းကျန်းလျက် ရှိသော လူသတ်သမားများကိုလည်း အမြစ်ဖြတ်သုတ်သင်နိုင်ခဲ့သည်။ ထိုအထူးတပ်ဖွဲ့ တွင်းရှိ စစ်သည်၂၄ ဦးစလုံး မကျခဲ့သလို သေးငယ်သော ဒဏ်ရာပင်မရရှိခဲ့ပဲ မိမိတို့စစ်စခန်းသို့ပြန်ခဲ့သည်။.[၉]

ဧပြီလ ၂၀၁၆ တွင် အီရန်အစိုးရဘက်မှ ဆီးရီးယားအစိုးရကို ပံ့ပိုးကူညီရန်အတွက်၆၅ဦးဖြင့်ဖွဲ့စည်းထားသော ဝေဟင်အထူးတပ်ဖွဲ့တပ်မဟာအားဆီးရီးယားသို့ အကြံပေးစေလွှတ်ခဲ့သည်။.[၁၀]

၂၀၁၆ ခုနှစ်တွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့များသည် အမေရိကန်တပ်များ လှေများဖြင့် အီရန်ရေပိုင်နက်အတွင်း ဝင်ရောက်လာမှုကြောင့် ပါးရှန်းပင်လယ်အတွင်းရှိ ဖှါးရ်စ် ကျွန်းကမ်းခြေတွင် ဖမ်းဆီးခဲ့ကြသည်။ တစ်ရက်မျှကြာပြီးနောက် နှစ်နိုင်ငံအကြား အာဏာပိုင်များအချင်းချင်းဆွေးပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

တပ်မှူးများ[ပြင်ဆင်ရန်]

ဗိုလ်ချုပ်မိုဟာမက် Bagheri, ဗိုလ်မှူးချုပ် Habibollah Sayyari နှင့်ဗိုလ်မှူးချုပ် Abdolrahim မူဆာဗီ Velayat-90 ရေတပ်လေ့ကျင့်ခန်း၏အစီအစဉ်များကိုပြန်လည်သုံးသပ်။
  • အာယသွလ္လာဟ် အလီခါမေနာအီ (အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်နှင့် ကာကွယ်ရေးဦးစီးချုပ်( ပါရှန်း: فرمانده کل قوا‎)
  • ဗိုလ်မှူးချုပ်- အမီးရ်ဟာသမီ (امیر سرتیپ امیر حاتمی) (ကာကွယ်ရေးဝန်ကြီး)
  • ဗိုလ်ချုပ်- မိုဟမ္မဒ် ဘာကေရီ (سردار سرلشکر پاسدار محمد باقری) (စစ်ဘက်ဆိုင်ရာအထွေထွေညွှန်ကြားရေးမှူးချုပ် , ( ပါရှန်း: رئیس ستاد کل نیروهای مسلح‎)
  • ဗိုလ်ချုပ်- အသာအွလ္လာဟ် ဆွာလေဟီး (امیر سرلشکر عطاءالله صالحی) (စစ်ဘက်ဆိုင်ရာဒုတိယညွှန်ကြားရေးမှူးချုပ်, ( ပါရှန်း: جانشین رئیس ستاد کل نیروهای مسلح‎)
  • ဗိုလ်ချုပ် ယာဟ်ယာဟ်ရဟီးမ် ဆဖဝီ (سردار سرلشکر پاسدار یحیی رحیم صفوی) (အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင်မှအကြီးတန်းစစ်ဘက်အကြံပေး)[၁၁]
  • အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော်
    • ဗိုလ်ချုပ်  အဘ်ဒုလ်ရဟီးမ် မူစဝီ(امیر سرلشکر عبدالرحیم موسوی)(တပ်မတော်ဦးစီးချုပ်တပ်မှူး ( ပါရှန်း: فرمانده کل ارتش‎)
    • ဗိုလ်မှူးချုပ်အဟ်မဒ်ရေဇာ ပူရ်ဒိစ်တာန် (امیر سرتیپ احمدرضا پوردستان) (တပ်မတော်ဦးစီးချုပ် ဒု-တပ်မှူး)
    • ဗိုလ်မှူးချုပ်မိုဟမ္မဒ်ဟိုစိုင်းန် ဒါဒရ်စ်  (امیر سرتیپ محمدحسین دادرس) (ကြည်းတပ်ဌာနချုပ်ပူးတွဲဦးစီးချုပ်)
    • ဗိုလ်မှူးချုပ် ကယူမရ်စ် ဟိုင်ဒရီ(امیر سرتیپ کیومرث حیدری) (မြေပြင်တပ်ဖွဲ့တပ်မှူး)
    • ဗိုလ်မှူးချုပ် Hassan ဟဆန်ရှားဟ်ဆဖီ(امیر سرتیپ حسن شاه‌صفی) (လေတပ်များ၏တပ်မှူး)[၁၂]
    • ဗိုလ်မှူးချုပ်ဖရ်ဇားဒ်အိစ်မာအီလီ  (امیر سرتیپ فرزاد اسماعیلی) လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၏တပ်မှူး)[၁၃][၁၄]
    • နောက်ဘက်ရေတပ်ဗိုလ်ချုပ်ကြီး ဟိုစိုင်းန်ခါန်ဇာဒီ  (امیر دریادار حسین خانزادی) (ရေတပ် တပ်မှူး)
  • IRGC(အစ္စလာမ်မစ် တော်လှန်ရေးစောင့်တပ် ကော်ပရေးရှင်း)
    • ဗိုလ်ချုပ် မိုဟမ္မဒ်အလီဂျာဖရီ (سردار سرلشکر پاسدار محمدعلی جعفری)(ဦးစီးချုပ် IRGC တပ်မှူး, ( ပါရှန်း: فرمانده کل سپاه پاسداران‎)
    • ဗိုလ်မှူးချုပ်ဟိုစိုင်းန် ဆလာမီး (سردار سرتیپ پاسدار حسین سلامی) (ဦးစီးချုပ် IRGC ဒု-တပ်မှူး)
    • ဗိုလ်ချုပ် မိုဟမ္မဒ်ဟီဂျာဇီ  (سردار سرتیپ پاسدار محمد حجازی) (IRGC ဌာနချုပ်ပူးတွဲဦးစီးချုပ်)
    • ဗိုလ်မှူးချုပ် မိုဟမ္မဒ် ပါက်ပူးရ် (سردار سرتیپ پاسدار محمد پاکپور) (IRGC မြေပြင်တပ်ဖွဲ့များ၏တပ်မှူး)[၁၅]
    • ဗိုလ်မှူးချုပ်အမီးရ်အလီဟာဂျီဇာဒဲဟ် (سردار سرتیپ پاسدار امیرعلی حاجیزاده) (IRGC လေကြောင်းတပ်ဖွဲ့များ၏တပ်မှူး)[၁၆]
    • နောက်ဘက်ရေတပ်ဗိုလ်ချုပ်ကြီး အလီဖဒဝီ (سردار دريادار پاسدار علی فدوی) (ရေတပ်မှူး)[၁၇]
    • ဗိုလ်ချုပ်  ကာစင်မ်ဆိုလိုင်မာနီ(سردار سرلشکر پاسدار قاسم سلیمانی) (ကွဒ်စ်အထူးတပ်ဖွဲ့မှူး)[၁၈]
    • ဗိုလ်မှူးချုပ်  ဂိုလာမ်ဟိုစိုင်းန် ဂိုင်းဗ်ပရ်ဝရ်  (سردار سرتیپ پاسدار غلامحسین غیب پرور) (ဘစီးဂျ် အင်အားစု တပ်မှူး)
  • ဥပဒေစိုးမိုးရေး
    • ဗိုလ်မှူးချုပ်ဟိုစိုင်းန် အရှ်သရီး(سردار سرتیپ پاسدار حسین اشتری) (ရဲမင်းကြီး ( ပါရှန်း: فرمانده کل نیروی انتظامی‎)

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • အီရန်၏တောင့်တင်းသောတပ်မတော်သို့မဟုတ်အီရန်အစ္စလာမ့်သမ္မတနိုင်ငံတပ်မတော်အတွင်းအီရန်အစ္စလာမ့်သမ္မတနိုင်ငံကြည်းတပ် အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေတပ်နှင့်အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၏အစ္စလာမ့်သမ္မတနိုင်ငံအစ္စလာမ့်သမ္မတနိုင်ငံထားရှိရေး။ ပုံမှန်လက်နက်ကိုင်တပ်ဖွဲ့များခန့်မှန်းခြေ ၃၉၈၀၀၀ရှိသည်။ စစ်မှုထမ်းနေသောအီရန်အစ္စလာမ့်သမ္မတနိုင်ငံကြည်းတပ်ဖွဲ့များ, ၃၅၀၀၀၀ အတွင်း၂၂၀၀၀၀သည် စစ်မှုထမ်းများဖြစ်ကြပြီးနှင့်အီရန်အစ္စလာမ့်သမ္မတနိုင်ငံရေတပ်သည်၁၈၀၀၀အပြင် အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေတပ်အတွင်းလေတပ်သား ၃၀၀၀၀တို့ပါဝင်သည်။ အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ သည်အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေတပ်  IRIAFမှပယ်ခွဲဌာနခွဲဖြစ်သည်။ .[၁၉]
  • အီရန်တော်လှန်ရေးစောင့်တပ်အတွင်း၌ ခန့်မှန်းချေအားဖြင့် ၁၂၅၀၀၀ စစ်သည်အင်အားရှိပြီး ၎င်းစစ်သည်များအတွင်း ရေတပ်၊လေတပ်၊ကြည်းတပ်နှင့် ကွဒ်စ်တပ်(အထူးတပ်)စသဖြင့် တပ်ဖွဲ့ ၅ ဖွဲ့ခွဲထားလေသည်။.[၂၀]
    • ဘစီးဂျ်ဆိုသည်မှာ ပြည်သူတို့အကြားဖွဲ့စည်းထားသော အစိုးရတပ်မတော်နည်းတူ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ထိုတပ်ဖွဲ့သည် အစ္စလာမ်မစ်တော်လှန်ရေးစောင့်တပ်အောက်၌ဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်ဖြစ်တစ်ဦးဖြစ်နိုင်ဖို့ရန် ပညက်ချက်များရှိထားသည်။ အီရန်နိုင်ငံ၏ ဌာနဆိုင်ရာများမှ ဖော်ပြချက်အရ ဘစီးဂျ်တပ်ဖွဲ့ဝင်ပေါင်း ၁၂.၆ သန်းရှိပြီး ၎င်းတပ်ဖွဲ့အတွင်း အမျိုးသမီးအင်အားစုလည်းပါဝင်သည်။ ယင်းအမျိုးသမီးအင်အားစုအတွင်းမှ ခန့်မှန်းချေအားဖြင့် ၃ သန်းကျော်သည် စစ်တိုက်နိုင်စွမ်းရှိသူများဖြစ်ကြသည်။ ထိုအဖွဲ့အတွင်း တပ်ရင်း၂၅၀၀ ရှိသည်။၎င်းတို့အတွင်းမှအချို့သည် အချိန်ပြည့်တာဝန်ယူထားသောဝန်ထမ်းများဖြစ်ကြသည်။ GlobalSecurity.orgတွင်၂၀၀၅ ခုနှစ်၌ မဟာဗြူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဗဟိုဌာနချုပ်မှ လေ့လာတွေ့ရှိချက်တစ်ခုအား ရေးသားဖော်ပြထားသည်မှာ ထိုတပ်ဖွဲ့အတွင်း၌ အချိန်ပြည့် ယူနီဖေါင်းဝတ်ကာလှုပ်ရှားလျက် ရှိသော လူအင်အား ၉၀၀၀၀ခန့်နှင့် အရံအင်အားစု ၃၀၀၀၀၀ ခန့်အပြင် လိုအပ်လာသောအချိန်များ၌ စစ်အင်အားစုစောင်းနိုင်ချေ စုစုပေါင်း ၁၁ သန်းရှိသည်။ ဟုဖြစ်သည်။
      [၂၁]

ဆိုက်ဘာတိုက်ပွဲ[ပြင်ဆင်ရန်]

အီရန်သည် ဆိုက်ဘာတပ်မတော်ရှိသော ၅ နိုင်ငံအကြားတစ်နိုင်ငံဖြစ်ကြောင်းနှင့် ဆိုက်ဘာများအတွင်း စစ်ဆင်ရေးများပြုနိုင်သောနိုင်ငံဖြစ်ကြောင်း အစီရင်ခံထားလေသည်။၎င်းအပြင် အစီရင်ခံထားသည်မှာ အီရန်နိုင်ငံသည် နိုင်ငံ၏သမ္မတရွေးကောက်ပွဲပြီးနောက်ပိုင်း၌ ဆိုက်ဘာတပ်မတော်ကို အထူးတိုးချဲ့နိုင်ခဲ့သည်။၎င်းအပြင် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအား အင်တာနက်ဝဘ်ဆိုက်များဖြစ်ကြသော twitter နှင့် youtube များမှလည်းကောင်း ဟက်ကာအဖွဲ့များကို အသုံးပြု၍လည်းကောင်း အီရန်နိုင်ငံအတွင်း မငြိမ်မသက်စေရန်ရည်ရွယ်ချက်ရှိရှိ နှိုးဆွပေး၍ တိုက်ခိုက်သည်ဟု တရုတ်နိုင်ငံမှ စွပ်စွဲပြောဆိုခဲ့သည်။၎င်းအပြင် အစီရင်ခံထားလေသည်မှာအီရန်သည် ၂၀၁၀ ခုနှစ်အစောပိုင်းကာများတွင်လည်း ဇန်ဂျားန်ပြည်နယ်နှင့် အစ်ဖဟာန်းပြည်နယ်တို့တွင် အင်တာနက်ဆိုက်ဘာ အသစ်နှစ်ခုကို ထူထောင်ခဲ့လေသည်ဟု ဖြစ်သည်။.[၂၂]

ဘတ်ဂျက်[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ဂျီဒီပီ၏တစ်ဦး% ၏အီရန်စစ်တပ်အသုံးစရိတ်။

အီရန်နိုင်ငံ၏ ၂၀၀၇ ခုနှစ်ကာကွယ်ရေးအသုံးစရိတ် အား SIPRI(စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအင်စတီကျု) (ဂျီဒီပီ၏ ၂.၅%) မှ အမေရိကန်ဒေါ်လာ ၁၁.၀၉၆ဘီလီယံအထိ ခန့်မှန်းခဲ့သည်။ လူတစ်ဦးသို့မဟုတ်ဂျီဒီပီ၏ရာခိုင်နှုန်း အရ ဤ ဘတ်ဂျတ်သည် အခြားသော ပါရှန်းပင်လယ်ကွေ့နိုင်ငံများထက်နည်းပါးလှပေသည်။[၂၃]

ကာကွယ်ရေးစက်မှုလုပ်ငန်း[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်အီရန်ဆောက်လုပ်ထားသော F-14 Tomcats လေယာဉ်များ။
အီရန်နိုင်ငံရှိ ရုရှားနိုင်ငံထုတ် Kilo-class submarinesရေငုတ်သင်္ဘောများကို  ပါးရှန်းပင်လယ်ကွေ့အတွင်း တွေ့ရစဉ်။
Fateh-110 တာတိုပစ်ဒုံးကြည်များ
အီရန်ကြည်းတပ်နေ့အစ္စလာမ်မစ်သမ္မတနိုင်ငံ, ၁၇ ဧပြီ ၂၀၁၂ ကာလအတွင်းချီတက်နေကြသော အီရန်အစ္စလာမ့်သမ္မတနိုင်ငံကြည်းတပ်ဖွဲ့ဝင်များ။

အီရန်နောက်ဆုံးဘုရင် မိုဟမ္မဒ်ရေဇာရှားပဲဟ်လဝီလက်ထက်တွင် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းသည် ထွန်းကားမှုမရှိပဲ များသောအားဖြင့် လက်နက်များသည် ပြည်ပမှ တင်သွင်းသောလက်နက်များဖြစ်ပေသည်။ အမေရိကန်ကုပ္ပဏီများဖြစ်ကြသော Bell, Litton နှင့် Northropတို့သည် အမြင့်တန်းအဆင့်တွင်ရှိခဲ့ကြသည်။ အီရန်နိုင်ငံလုပ်သားတို့ ဟော်လီကောပ်တာအမျိုးမျိုး၊လေယာဉ်၊ ဒုံးကြည်၊ အီလက်ထရောနစ် အစိတ်အပိုင်းများနှင့် တင့်ကားများကို ၎င်းတို့နှင့် အတူပူးတွဲလုပ်ကိုင်ဆောင်ရွက်ကြရသည်။ အီရန်၌ ၁၉၇၃ ခုနှစ်တွင် (IEI) အီလက်ထရောနစ် စက်မှုကို စတင်အကောင်အထည်ဖော်တည်ထောင်ခဲ့သည်။ဤကုပ္ပဏီသည် ၎င်း၏ပထမဦးဆုံးသော လုပ်ငန်းစဉ်သည် လူထုအားဖိတ်ခေါ်မှုနှင့်ပြည်ပမှ ရရှိထားသော လက်နက်များကို ပြုပြင်ခြင်းပင် ဖြစ်လေသည်။ အီရန်ကာကွယ်ရေးစက်မှုအဖွဲ့အစည်းသည် ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီဖြင့် RPG-7၊ BM-21နှင့် SAM-7 ဒုံကြည်များကို အောင်မြင်မှု၏ပထမဦးဆုံး ခြေလှမ်းအဖြစ် ၁၉၇၉ ခုနှစ်တွင် ဆောက်လုပ်နိုင်ခဲ့သည်။[၂၄]

မည်သို့ပင်ဆိုစေကာမူ အစ္စလာမ့်တော်လှန်ရေးမတိုင်မီ အီရန်နိုင်ငံ၏လက်နက်အများဆုံးကို အမေရိကန်နှင့်ဥရောပမှတင်သွင်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်အကြား ရှားဘုရင်သည် တစ်ဦးတည်းမှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံဖိုး အမေရိကန်ပြည်ထောင်စု မှလက်နက်များဝယ်ယူခဲ့လေ၏။ ဤသည်မှာ ၁၉၇၆ ခုနှစ်တွင်လက်နက်တင်ပို့မှုအပေါ် ၁၉၆၈ ခုနှစ်လက်နက်တင်ပို့ရောင်းချမှုဥပဒကိုခိုင်ခံ့စေခြင်းနှင့်လက်နက်တင်ပို့မှုထိန်းချုပ်ရေးအက်ဥပဒေကြောင့်အမည်ပြောင်းထားတဲ့အမေရိကန်ပြည်ထောင်စုကွန်ဂရက်၌ အုတ်အုတ်သဲသဲဖြစ်ခဲ့သည်။ သို့သော်အမေရိကန်ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်အစ္စလာမ်မစ်တော်လှန်ရေးပြီးဆုံးသည်အထိအီရန်အား လက်နက်များရောင်းဖို့ဆက်ပြောခဲ့သည်။[၂၅]

အီရန်သည်အစ္စလာမ်မစ်တော်လှန်ရေးပြီးဆုံးပြီးနောက်ပိုင်း လွန်စွာ အထီးကျန်ခဲ့ပြီးနည်းပညာဆိုင်ရာကျွမ်းကျင်မှုချို့တဲ့သူတွေ့ရှိခဲ့သည် ယုံကြည်ထားခဲ့သည်။ ထို့နောက် စီးပွားရေးပိတ်ဆို့မှုများနှင့် အမေရိကန်ပြည်ထောင်စုမှအီရန်သို့ လက်နက်များတင်တွင်းရောင်းချမှု ပိတ်ဆို့ခဲ့အချိန်ကတည်းမှ လက်နက်များနှင့်အပိုပစ္စည်းများ ကို ကိုယ်ပိုင်ထုတ်လုပ်ခဲ့ရသည်။ ထို့အပြင်အီရန်နှင့်အတူစီးပွားရေးလုပ်ရန်ဆန္ဒရှိသောနိုင်ငံများအလွန်နည်းပါးလာခဲ့သည်။.[၂၆]

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်များသည် ယနေ့အများက အီရန်စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းအဖွဲ့အစည်းဟု အများကသိထားသော အဖွဲ့နှင့်ပတ်သက်ပြီး အထူးကြီးကြပ်ကွပ်ကဲသည့်အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့၏အစီအမံများကြောင့် အီရန်သည် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများတွင် အလွန်ကျယ်ပြန့်လာခဲ့သည်။ အီရန်သည် ဒုံးကြည်ထုတ်လုပ်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ခြင်းနှင့်တကွ မကြာမီ လက်နက်တိုက်ကြီးတစ်ခု ပိုင်ဆိုင်သွားနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ယူဆခဲ့သည်။၁၉၉၂ ခုနှစ်မှစ၍တင့်ကားများ၊စစ်သည် သယ်ဆောင်သော သံချပ်ကာကားများ၊ ရေဒါစနစ်များ၊ ပဲ့ထိန်းဒုံးပျံများ၊ မရိန်းတပ်ဖွဲ့, စစ်ရေးရေယာဉ်များနှင့်တိုက်လေယာဉ်များကိုထုတ်လုပ်လျက်ရှိသည်ဟု အီရန်မှကြွေးကြော်ခဲ့သည်။၎င်းအပြင် အီရန်သည် ရေငုတ်သင်္ဘောများကို ကိုယ်ပိုင်ထုတ်လုပ်လျက် ရှိသည်။[၂၇]

လွန်ခဲ့သောနှစ်များတွင် တရားဝင်ကြေညာခဲ့မှုများနှင့်အတူ Fajr-3 (MIRV)، Hoot، Kowsar، Fateh-110، Shahab-3လက်နက်များနှင့် မောင်းသူမဲ့ဝေဟင်ယာဉ်အမျိုးမျိုးတို့အား ခေတ်မှီစွာ ဖွံဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုအတွင်းမှ တစ်ခုသည် အစ္စရေးမှ မိမိပိုင်နက်အတွင်းပျံသန်းစေခဲ့ပြီး သတင်းအချက်အလက်ရယူရန်အသုံးပြုခဲ့သောအရာတစ်ခုဖြစ်သည်။၂၀၀၆ ခုနှစ်တွင် အီရန်မောင်းသူမဲ့လေယာဉ်တစ်စီးသည် ၂၅ မိနစ်ကြာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan နောက်သို့သတင်းအချက်အလက်များရယူရန် ပျံသန်းခဲ့ပြီးနောက် သတင်းအချက်အလက်တစ်စုံတစ်ရာမရှိခဲ့ပဲ မိမိစခန်းသို့ချောမွန်စွာပြန်ရောက်လာခဲ့သည်။[၂၈]

၂၀၁၂ခုနှစ်နိုဝင်ဘာ၂ရက်နေ့တွင် အီရန်နိုင်ငံ၏ဗိုလ်မှူးချုပ် ဟစန်ဆိုင်ဖီမှ အစီရင်ခံခဲ့သည်မှာ အီရန်တပ်မတော်သည် မိမိကိုယ်ပိုင်လက်နက်ထုတ်လုပ်နိုင်မှုရှိလာခဲ့ပြီဖြစ်သည်။၎င်းအပြင် ထိုသို့ လက်နက်များကိုယ်ပိုင်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အီရန်သိပ္ပံပညာရှင်များ၏ အစွမ်းအစတို့သည် ဤနိုင်ငံအားသိသိသာသာ တိုးတက်စေခဲ့သည် ဟု ဖြစ်သည်။ အချို့သောအနောက်နိုင်ငံများသည် မိမိတို့၏အရေးကြီးလက်နက်အသစ်အဆန်းများကို သိုဝှက်၍ သိမ်းထားကြသည်။ သို့သော် အစ္စလာမ်မစ်သမ္မတ အီရန်နိုင်ငံသည် မိမိတို့၏ နောက်ဆုံးပေါ်လက်နက်များကို ပြသဖို့ရန်လည်း ဝန်မလေးကြောင်းနှင့် အားလုံးသောနိုင်ငံများအနေဖြင့် အီရန်၏ ဆန်းကျယ်လှသော နောက်ဆုံးပေါ်လက်နက်များထုတ်လုပ်မှုနှင့် ပတ်သက်ပြီး သိထားရမည်ဖြစ်သည် ဟု ထပ်မံ၍အစီရင်ခံခဲ့လေသည်။"[၂၉]

မောင်းသူမဲ့လေယာဉ်အစီအစဉ်[ပြင်ဆင်ရန်]

အီရန်သည် မောင်းသူမဲ့လေယာဉ်အမြောက်အမြားကို ကိုယ်ပိုင်ထုတ်လုပ်ထားလေသည်။ ထိုသို့ထုတ်လုပ်ရသည့်အကြောင်းရင်းမှာ သတင်းအချက်အလက်ရယူမှုစစ်ဆင်ရေး၌ အသုံးပြုရန်အတွက်ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့၏မောင်းသူမဲ့လေယာဉ်များကို အီရန်မှဖမ်းဆီးသိမ်းဆည်း၍ မိမိတို့ကိုယ်ပိုင်ထုတ်လုပ်သည်ဟု လိမ်လည်ပြောဆိုနေသည်ဖြစ်ကြောင်း ၎င်းတို့၏ စစ်ဘက်ဆိုင်ရာမှ ပြောနေသည်ဟု အီရန်မှ ဆွဲချက်တင်ခဲ့သည်။

ပဲ့ထိန်းဒုံးကျည်အစီအစဉ်[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ် နိုဝင်ဘာလ၂ ရက်နေ့ တွင်အီရန်စစ်ရေးလေ့ကျင့်ရာ၌ ၁၀ရက်အတွင်းစတင်၍ ပဲ့ထိန်းဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့ကြသည်။ အီရန်အစိုးရသည် ဒုံးကျည်များစွာကို ထုတ်လုပ်ထားပြီး ၎င်းတို့အတွင်းမှ Shahab-2 နှင့် Shahab-3 ဒုံးခွင်းဒုံးများအပါအဝင်ပစ်ခတ်ခဲ့သည် "ရုပ်မြင်သံကြား၌ဖော်ပြခဲ့သည်။ အဆိုပါဒုံးပျံများသည် ၃၀၀ကီလိုမီတာမှ ၂၀၀၀ကီလိုမီတာအထိရောက်နိုင်သည်။ အီရန်ကျွမ်းကျင်ပညာရှင်များသည် သူတို့ကိုအတွက်စပျစ်သီးပြွတ်ထိပ်ဖူးကို Shahab-3 ဒုံးခွင်းဒုံးများတွင် ပြောင်းလဲတပ်ဆင်ခဲ့ပြီး ၎င်းသည် ဗုံးအလုံးရေ၁၄၀၀ကို သယ်ဆောင်နိုင်စွမ်းရှိသည်။ ဤသို့ပြုလုပ်မှုများကိုအမေရိကန်တို့ ပါရှန်းပင်လယ်ကွေ့အတွင်း၌ အကြိမ်ကြိမ် စစ်ရေးလေ့ကျင့်ပြီးနောက်ပိုင်း ၂၀၀၆ခုနှစ်အောက်တိုဘာ၃၀ရက်နေ့တွင် အစပြုခဲ့သည်။ ပြုလုပ်ရသည့်အကြောင်းအရင်းမှာ အမေရိကန်တို့၏ အစုလိုက်သေစေသည့်လက်နက်များသယ်ဆောင်မှုကို ရပ်တန့်စေရန်အတွက်ဖြစ်သည်။  [၃၀]

အီရန်သည် ICBM / IRBM ဒုံးကျည်စီမံကိန်းကို Ghadr-110 အမည်ရှိ ကီလိုမီတာ၃၀၀၀ တာဝေးပစ်ဒုံးဖြင့် အစပြုခဲ့သည်။ ထိုစီမံကိန်းသည် IRIS ဂြိုဟ်တု လွှတ်ခြင်းကဲ့သို့ တိုးတက်အောင်မြင်သည်ဟု ယုံကြည်ထားခဲ့သည်။ အီရန်သည် အားကြီးတိုက်ချင်းပစ်မြေအောင်ဒုံးပျံများကိုလည်းအထူးစီမံထားသည်။

အစုလိုက်အပြုံလိုက်ဖျက်ဆီးသောလက်နက်များ[ပြင်ဆင်ရန်]

အီရန်သည် ICBM / IRBM ဒုံးကျည်စီမံကိန်းကို Ghadr-110 အမည်ရှိ ကီလိုမီတာ၃၀၀၀ တာဝေးပစ်ဒုံးဖြင့် အစပြုခဲ့သည်။ ထိုစီမံကိန်းသည် IRIS ဂြိုဟ်တု လွှတ်ခြင်းကဲ့သို့ တိုးတက်အောင်မြင်သည်ဟု ယုံကြည်ထားခဲ့သည်။ အီရန်သည် အားကြီးတိုက်ချင်းပစ်မြေအောင်ဒုံးပျံများကိုလည်းအထူးစီမံထားသည်။ အီရန်သည် ၁၉၈၀-၈၈ ခုနှစ်အကြား အပစ်အခတ်ရပ်စဲရေးကို အီရန်-အီရတ် စစ်ပွဲပြီးနောက် အီရတ်နှင့်အတူသဘောတူညီခဲ့ကြပြီးနောက် ဓာတုလက်နက်များထုတ်လုပ်ရန်နှင့် ဝယ်ယူသိုလှောင်ရန် အဓိကစည်းရုံးလှုံ့ဆော်ရေးကိုစတင်ခဲ့သည်။ သို့သော်အီရန်သည် ၁၉၉၇ ခုနှစ်တွင် ဓာတုလက်နက်ကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ ၁၉၈၀-၈၈ ခုနှစ်အကြား အီရန်-အီရတ်စစ်ပွဲကာလအတွင်းအီရတ်ဓာတုလက်နက်များကြောင့် အီရန်တပ်ဖွဲ့များနှင့် အရပ်သားများသောင်းချီထိခိုက်သေဆုံးမှုထောင်ပေါင်းများစွာခံစားခဲ့ရသည်။ 

ထိုစစ်ပွဲပြီးဆုံးခဲ့သည်မှာ၂၄ နှစ်ကျော်ရှိခဲ့ပြီဖြစ်သော်လည်း အီရန်နှင့် အီရတ်စစ်ဖြစ်ပွားစဉ်ကာလများ၌ အီရတ်တို့ဘက်မှ အဆိပ်ငွေ့ ဓာတုလက်နက်များဖြင့် ပစ်ခတ်ခဲ့မှုတို့ကြောင့် အီရန်နိုင်ငံသား၃၀၀၀၀ကျော်တို့သည် ဓာတုလက်နက်ဒဏ်ကို ယနေ့ချိန်ထိ ခံစားနေကြရသလို သေဆုံးနေကြသည်။ ထိုသို့ဓာတုအဆိပ်ငွေ့လက်နက်ဒဏ် ခံစားနေရသူများအားကုသရန် အထူးကုဆရာဝန်ကြီးများကို အထူးတာဝန်ပေး၍ ကြပ်မတ်လျက် ရှိသည် ။ အထူးသဖြင့် မုန်ညှင်းအဆိပ်ငွေ့ဒဏ်ခံစားနေရသူများကို အထူးကြပ်မတ်စွာကုသပေးနေသည်။.[၃၁]

အီရန်သည် ၁၉၇၃ ခုနှစ်တွင် ဇီဝလက်နက်ကွန်ဗေးရှင်းကို အတည်ပြုခဲ့ပြီး ဇီဝဗေဒနှင့်မျိုးဗီဇအင်ဂျင်နီယာသုတေသနအစီအစဉ်များကို ကာကွယ်ဆေးများထုတ်လုပ်၍ပြည်တွင်း၌အသုံးပြုရန်နှင့်ပြည်ပသို့ ရောင်းချခြင်းအား ထောက်ပံ့မှုပြုပေးသည်ဟု ယူဆထားသည်။.[၃၂]

စစ်ရေးအကူအညီ[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ်တွင် အီရန်သည် ဆီးရီးယားနှင့် အီရတ် ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး အိုင်အစ်အိုင်အစ် များကို ချေမှုန်းရန်အတွက် ဆီးရီးယားအစိုးရနှင့် ဟိဇ်ဘွလ္လာဟ် တို့အား စစ်အသုံးစရိတ်၊စစ်လက်နက်များ၊နည်းပညာများနှင့် မောင်းသူမဲ့လေယာဉ်များကို ကူညီခဲ့သည်။[၃၃]

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတပ်မတော်နေ့[ပြင်ဆင်ရန်]

အီရန်အစိုးရသည် ဧပြီလ၁၈ ရက်နေ့ကို တပ်မတော်သားများစစ်ရေးပြပွဲကျင်းပမှုနှင့်အတူ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့သည်။ ထိုနေ့၌ စစ်ရေးပြမှုများတွင် များသောအားဖြင့် ကာကွယ်ရေးနည်းစနစ်အသစ်များကို ပြသလေ့ရှိသည်။.[၃၄][၃၅][၃၆]

အီရန်ယခင်ခေါင်းဆောင်ရူဟွလ္လာဟ် ခိုမေနီ(  Ruhollah Khomeini) သည် ဧပြီလ ၁၈ ရက်နေ့ကို အီရန်တပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ပြီး ထိုနေ့၌ စစ်ရေးပြလေ့ကျင့်မှုများပြုလုပ်စေ၍ အမြဲအသင့်ရှိနေကြောင်းကို ပြသစေခဲ့လေသည်။ အီရန် တပ်မတော်သားများသည် ဧပြီလ၁၈ရက်နေ့တိုင်း အမြို့မြို့အနယ်နယ်အတွင်း၌ အမျိုးသားတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ရေးပြမှုများများကို စီကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြလေ့ရှိသည်။ ထိုနေ့တွင် အကြီမားဆုံးစီတန်းလမ်းလျှောက်ဆန္ဒပြထုတ်ဖော်မှုများကို  (mausoleum of Ruhollah Khomeini)ရူဟွလ္လာဟ်ခိုမေနီ၏ဗိမ္မာန်ရှေ့တွင်ကျင်းပလေ့ရှိသည်။.[၃၇]

See also[ပြင်ဆင်ရန်]

  • ၁၉၇၉ ခုနှစ်မှစ၍အီရန် ကြယ်နှစ်ပွင့်ဗိုလ်ချုပ်ကြီးများများစာရင်း
  • အီရန်နိုင်ငံထုတ်စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများစာရင်း
  • အီရန်တပ်မတော်ပစ္စည်းကိရိယာ
  • လက်ရှိအီရန်ရေတပ်ရေယာဉ်များ
  • အီရန်လေတပ်လေယာဉ်ပျံများစာရင်း
  • အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့  လေကြောင်းတပ်ဖွဲ့ကော်ပိုရေးရှင်း
  • အစ္စလာမ့်တော်လှန်ရေးအစောင့်ရေတပ်တပ်ဖွဲ့ ကော်ပိုရေးရှင်း 
  • အီရန်အစ္စလာမ့်သမ္မတနိုင်ငံလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ
  • အီရန်စစ်တပ်၏ရာထူးဆောင်အယောင်

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ IISS 2016, p. 328.
  2. https://www.sipri.org/sites/default/files/1_Data%20for%20all%20countries%20from%201988%E2%80%932017%20in%20constant%20%282016%29%20USD.pdf
  3. Overview
  4. No Operation Archived May 15, 2012, at the Wayback Machine.. Presstv.com. Retrieved on 2014-06-09.
  5. Why war with Iran would spell disaster။ 2015-10-25 တွင် ပြန်စစ်ပြီး။
  6. Pipes, Daniel (1992–1993). "Ambitious Iran, Troubled Neighbors". Foreign Affairs 72. doi:10.2307/20045501. 
  7. Cole၊ Juan (2009-10-02)။ The top ten things you didn't know about Iran: The assumptions most Americans hold about Iran and its policies are wrong။ Salon။
  8. Russian Military Alliance With Iran Improbable Due To Diverging Interests။ RFE/RL။ 18 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-16 တွင် ပြန်စစ်ပြီး။
  9. Archived copy။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2016 တွင် ပြန်စစ်ပြီး။
  10. Template error: argument title is required. Missing or empty |title= (help)
  11. No Operation Archived October 13, 2008, at the Wayback Machine.. Presstv.com. Retrieved on 2014-06-09.
  12. No Operation Archived September 12, 2008, at the Wayback Machine.. Presstv.ir. Retrieved on 2014-06-09.
  13. "Government creates 4th military arm: Air Defense"၊ Iran Times International၊ February 20, 2009။ [လင့်ခ်သေ]
  14. "Apponitment of Farzaf Esmaili as commander of IRIADF"၊ February 20, 2009။ 29 December 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 22 January 2016။ 
  15. "Appoitment of Mohammad Pakvar as commander of IRGC Ground Force"၊ dolat.ir 
  16. [၁] Archived October 13, 2009, at the Wayback Machine.
  17. "Appoitment of Ali Fadavi as commander of IRGC Navy"၊ Mehrnews [လင့်ခ်သေ]
  18. Iran Revolutionary Guards expect key changes in high command။ 2008-01-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-12-25 တွင် ပြန်စစ်ပြီး။CS1 maint: BOT: original-url status unknown (link) . iranfocus.com. 4 August 2005
  19. "Air Defense Unit Added to Iran's Armed Forces"၊ Farsnews၊ February 15, 2009။ Archived from the original on June 1, 2012။ 
  20. IISS 2016.
  21. GlobalSecurity.org. GlobalSecurity.org. Retrieved on 2014-06-09.
  22. BBC فارسی - ايران - قرارگاه های 'جنگ نرم' در اصفهان و زنجان راه اندازی شد. Bbc.co.uk (1970-01-01). Retrieved on 2014-06-09.
  23. SIPRI Publicationsmilexdata.sipri.org။ 28 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2011 တွင် ပြန်စစ်ပြီး။ Select "Iran" and click "mit"
  24. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named autogenerated3
  25. A Code of Conduct for Weapons Sales။ 2006-03-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-06 တွင် ပြန်စစ်ပြီး။CS1 maint: BOT: original-url status unknown (link) . cdi.org. May 22, 1994
  26. Procurement: November 3, 2004. Strategypage.com (2004-11-03). Retrieved on 2014-06-09.
  27. "Iran set to unveil new submarine class"၊ UPI၊ July 19, 2010။ 
  28. Sputnik။ Iranian drone plane buzzes U.S. aircraft carrier in Persian Gulf
  29. Iran reports that Iran's Army has achieved self-suffiency in producing military equipment Archived November 8, 2012, at the Wayback Machine. - Armyrecognition.com, November 5, 2012
  30. Iran fires unarmed missiles။ 2006-11-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-27 တွင် ပြန်စစ်ပြီး။
  31. Basic Facts on Chemical Disarmament။ 2008-06-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-06-09 တွင် ပြန်စစ်ပြီး။CS1 maint: BOT: original-url status unknown (link) . Organisation for the Prohibition of Chemical Weapons. opcw.org
  32. Razi Institute produces dlrs 100 m worth of vaccines, serums a year။ 19 April 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-04-22 တွင် ပြန်စစ်ပြီး။
  33. Warrick၊ Joby။ "National Security"၊ The Washington Post၊ 2013-06-02။ 
  34. Iran's Annual Army Day Parades, IrDiplomacy.ir; accessed 29 November 2015.
  35. "Deputy top commander: Iran standing against threats powerfully" Archived 8 March 2021 at the Wayback Machine., United Press International; accessed 29 November 2015.
  36. "'We are not after war, we are after logic': Iran's president Rouhani reaches out to the West as army displays show of strength", Daily Mail; accessed 19 November 2015.
  37. Islamic Republic of Iran Army Day။ Islamic Revolution Document Center။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2016 တွင် ပြန်စစ်ပြီး။