အာယတိုလာ ခိုမေနီ

ဝီကီပီးဒီးယား မှ
(ခိုမေနီ၊ အာယတိုလာ မှ ပြန်ညွှန်းထားသည်)
Ruhollah Khomeini
روح‌ الله خمینی
1st Supreme Leader of Iran
တာဝန်သက်တမ်း
3 December 1979 – 3 June 1989
သမ္မတAbolhassan Banisadr
Mohammad-Ali Rajai
Ali Khamenei
ဝန်ကြီးချုပ်Mehdi Bazargan
Mohammad-Ali Rajai
Mohammad-Javad Bahonar
Mahdavi Kani
Mir-Hossein Mousavi
ယခင်လူMohammed Reza Pahlavi
As Shah of Iran
ဆက်ခံသူAli Khamenei
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1902-09-24)၂၄ စက်တင်ဘာ၊ ၁၉၀၂[၁][၂][၃][၄][၅]
Khomeyn, Iran
ကွယ်လွန်၃ ဇွန်၊ ၁၉၈၉(1989-06-03) (အသက် ၈၆)
Tehran, Iran
လူမျိုးအီရန်လူမျိုး
နိုင်ငံရေးပါတီIslamic Republican Party
ကြင်ဖော်(များ)Khadijeh Saqafi (လက်ထပ် 1929–89)
သားသမီးMostafa
Zahra
Sadiqeh
Farideh
Ahmad
ကိုးကွယ်သည့်ဘာသာUsuli Twelver Shia Islam[၆][၇][၈]
လက်မှတ်

အာယတိုလာ ခိုမေနီသည် အီရန်အလယ်ပိုင်း ဒေသတွင် မွေးဖွားသည်။ ၁၉ဝ၂ ခုနှစ်တွင်ဖွားမြင်သည်။ သူ၏ဖခင်မှာ မွလ္လာခေါ်မွတ်စလင်ဘုန်းကြီးဖြစ်သည်။ ဘုရင့်အုပ်ချုပ် ရေးစနစ်ကို မနှစ်သက်သော ဖခင်ဖြစ်သူသည်ဘုရင့်လက်ပါးစေတို့၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အီရတ်သို့ ဘုရားဖူးသွားစဉ်အသတ်ခံရခြင်းဖြစ်သည်။

အာယတိုလာခိုမေနီသည် အီရန်အလယ်ပိုင်းရှိသာသနာရေးမြို့တော်ကွမ်၌ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ မွလ္လာဘုန်းတော်ကြီး ဘဝမှ မူဂျာဟစ်ထေရ်ကြီး၊ ဝါကြီးဖြစ်လာသောအခါဂိုဏ်းချုပ်သဖွယ် မြင့်ကျယ်လာသော အာယတိုလာဘွဲ့ကို ရရှိသည်။

အာယတိုလာခိုမေနီသည် 'လျှို့ဝှက်ချက်များကို တွေ့ရှိခြင်း' အမည်ပေးထားသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပါးလာဗီရှား၏ဖခင် ရီဇာရှား၏လုပ်ရပ်မှားများကိုထုတ်ဖော်ရေးသား ထားသည်။

ရီဇာရှား၏ သားဖြစ်သူ ပါးလာဗီးရှားသည် အာယတိုလာခိုမေနီကို ပြည်နှင်ဒဏ်ပေးလိုက်ရာ အိမ်နီးချင်းနိုင်ငံဖြစ်သော အီရတ်တွင် သွားရောက်ခိုလှုံသည်။ တမာန်တော်မိုဟာမက်၏သားမက်ဖြစ်သူ အလီ၏သင်္ချိုင်း တော်ရှိရာနာဂျတ်ဖ်မြို့၌ တိမ်းရှောင်နေထိုင်ကာ အီရန်ပြည်အတွင်းရှိ တော်လှန်ရေးအပေါင်းအသင်းတို့နှင့် အဆက်မပြတ် ဆက်သွယ်လှုံ့ဆော် ခဲ့လေသည်။

အာယတိုလာခိုမေနီ၏ ဆန္ဒမှာ အီရန်နိုင်ငံကို အစ္စလာမ်သမ္မတနိုင်ငံ ထူထောင်ရန်ဖြစ်သည်။ အာဏာရှင်သဖွယ်အုပ်ချုပ် စိုးစံသော ဘုရင်စနစ်ကို ဖျက်သိမ်းရမည်ဟု သူအခိုင်အမာရပ်တည်သည်။

ပါးလားဗီရှား၏ အခြေအနေသည် ပို၍ဆိုးရွားလာသောအခါ ရှားသည် ရင်ခွင်ပိုက် အစိုးရဖွဲ့ရန်စီစဉ်သည်။ အမေရိကန်ပြည်ထောင်စု ၌ပညာသင်ကြားနေသော သားတော်အိမ်ရှေ့ မင်းသားမှာအသက် ၂၁ နှစ် မပြည့်သေးသဖြင့် ရင်ခွင်ပိုက် အစိုးရဖွဲ့ခြင်းဖြစ်သည်။ ထိုရင်ခွင်ပိုက် အစိုးရကို ခိုမေနီကအသိအမှတ်မပြုပေ။

ထို့နောက် ရှားဘုရင်သည် ဘက်ခ်တီးယား ရုပ်သေးအစိုးရကို ဖွဲ့ပြန်သည်။ ဘက်ခ်တီးယား အစိုးရသည်တိုင်းပြည်မှထွက်ရမည့် ဘုရင်ကခန့်သူများ ဖြစ်သောကြောင့် တရားမဝင်ဟုဆိုကာ ခိုမေနီက လက်မခံချေ။

တိုင်းပြည်သို့ ပြန်လာရန် ဘုရင့်သားမက်တော်ကသွေးဆောင်သော်လည်း ရှားဘုရင် ရှိနေသမျှ အီရန်ကို ငါမပြန်ဟုခေါင်းခါ ငြင်းပယ်ခဲ့လေသည်။

သူ့ထံလာရောက်သူ လူငယ်လူရွယ်များကိုဆီးရီးယားသို့ပို့ကာ ဒမတ်စကတ်မြို့အနီးရှိ ပါလက်စတိုင်းစခန်း၌နေစေသည်။ ထိုစခန်း၌ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ပီအယ်အို) ဝင်တို့ကထိုလူငယ်လူရွယ်တို့ကို စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းများပို့ချသင်ပြသည်။ နာဂျတ်ဖ်၌ နေစဉ်သူ၏သား ဆာယိမူစတာဖာမှာ ဘုရင့်သူလျှိုများ၏ အသတ်ခံရပြန်သည်။

ခိုမေနီ၏သတင်းသည် ထင်ရှားကျော်ကြား လာသောအခါအီရက်တွင် နေမဖြစ်တော့သဖြင့် ကော့တာ နိုင်ငံဘက်သို့ ထွက်ခွာလာခဲ့သည်။ ကော့တာနိုင်ငံ အစိုးရလည်း လက်မခံသောကြောင့် ပြင်သစ်ပြည်သို့ သွားရောက်ကာ ပဲရစ်မြို့၌ခိုလှုံနေထိုင်ခဲ့လေသည်။

ရှားဘုရင်သည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်တီဟီရန်မှထွက်ခွာသွားခဲ့ရာ ၁၉၇၉ ခုနှစ် ဇန်နဝါရီလတွင် သူသည်အီရန်နိုင်ငံသို့ ပြန်ချိန်သင့်ပြီဟု ဆုံးဖြတ်သည်။

ပြင်သစ် ဂျမ်ဘိုဂျက်လေယာဉ်ကို စင်းလုံးငှားသည်။ သား၊ သားမက်များ၊ ကျန်းမာရေး ဆရာဝန်၊ နိုင်ငံရေးလက်ထောက်များခြံရံကာ သတင်းစာဆရာ ၁၅ဝ နှင့်အတူအီရန်နိုင်ငံတီဟီရန်မြို့သို့ ပြန်လာခဲ့သည်။

တီဟီရန်သို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိသောအခါ အီရန် ပြည်သူတို့ကကြိတ်ကြိတ်တိုး ကြိုဆိုခဲ့ကြသည်။

ကြိုဆိုသူ လူလှိုင်းလုံးများ အကြားမှ ရှေ့မတိုးနိုင်၊နောက်မဆုတ်နိုင်သည့် အခြေသို့ပင် ရောက်လာ လေသည်။ ထိုစဉ်တွင် အာယတိုလာခိုမေနီကို ရဟတ်ယာဉ်သို့ ပြောင်းရွှေ့ ခေါ်ယူပြီးမှ တည်းခိုရာ ဗိမာန်သို့ ဆောင်ယူခဲ့ရလေသည်။ [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. DeFronzo 2007, p. 286. "born 22 September 1902..."
  2. History Of Iran Ayatollah Khomeini - Iran Chamber Society။ Iranchamber.com။ 5 January 2013 တွင် ပြန်စစ်ပြီး။
  3. "Khomeini Life of the Ayatollah By BAQER MOIN"၊ The New York Times။ 19 January 2012 တွင် ပြန်စစ်ပြီး 
  4. Imam Khomeini Official Website | پرتال امام خمینی။ harammotahar.ir။ 3 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 March 2012 တွင် ပြန်စစ်ပြီး။
  5. Karsh 2007, p. 220. "Born on 22 September 1902
  6. Bowering၊ Gerhard; Crone၊ Patricia; Kadi၊ Wadad; Stewart၊ Devin J.; Zaman၊ Muhammad Qasim; Mirza၊ Mahan, eds. (28 November 2012)။ The Princeton Encyclopedia of Islamic Political Thought။ Princeton University Press။ p. 518။ ISBN 9781400838554
  7. Malise Ruthven (8 April 2004)။ Fundamentalism: The Search For Meaning: The Search For Meaning (reprint ed.)။ Oxford University Press။ p. 29ISBN 9780191517389
  8. Jebnoun၊ Noureddine; Kia၊ Mehrdad; Kirk၊ Mimi, eds. (31 July 2013)။ Modern Middle East Authoritarianism: Roots, Ramifications, and Crisis။ Routledge။ p. 168။ ISBN 9781135007317
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)