မာတိကာသို့ ခုန်သွားရန်

အီရန်နိုင်ငံရှိ စွမ်းအင်

ဝီကီပီးဒီးယား မှ
အီရန်သည် ကမ္ဘာ့ရေနံကို ၁၀ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ကို ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ အီရန်သည် OPEC ၏ ဒုတိယအကြီးမားဆုံး ထုတ်လုပ်သူဖြစ်ပြီး ရေနံထုတ်လုပ်မှုသည် ကမ္ဘာတွင် စတုတ္ထနေရာတွင်ရှိသည်။
Total primary consumption in Iran, by fuel (2015).

အီရန်နိုင်ငံရှိ စွမ်းအင် အခြေအနေသည် အီရန်နိုင်ငံရှိ စွမ်းအင်နှင့်လျှပ်စစ်ထုတ်လုပ်မှု၊ အသုံးပြုမှု၊ တင်သွင်းမှုနှင့် တင်ပို့မှုတို့၌ အလွန်ကြီးမားကြောင်း ဖော်ပြထားလေသည်။ အီရန်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေနံသိုက်နှင့် အကြီးဆုံးသဘာဝဓာတ်ငွေ့သိုက် ပိုင်ဆိုင်သူဖြစ်သည်။[][]

သမိုင်း

[ပြင်ဆင်ရန်]

အီရန်သည် မိမိ၏ရင်းမြစ်စွမ်းအင်များကို အသုံးပြုနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်မှုများတွင် အထူးအောင်မြင်နေသည်။ အထူးသဖြင့် ခေတ်မီနည်းပညာစူးစမ်းရှာဖွေမှုနှင့် စွမ်းအင်ထုတ်လုပ်မှုများတွင် ပိုမိုအောင်မြင်နေပေသည်။ အီရန်တွင် စွမ်းအင်ထုတ်လုပ်မှု ကုန်ကျစရိတ် ၇.၆ ဘီလီယံဒေါ်လာ အထိ ရှိသည် ဟု (၂၀၀၈)နှစ်အရေးအသားများတွင် ဖော်ပြထားသည်။ အီရန်တွင် လျှပ်စစ်စွမ်းအင် အသုံးပြုမှုသည်လည်း ကမ္ဘာ့အခြားနိုင်ငံ သတ်မှတ်စံချိန်စံညွှန်းများထက် ပိုမိုများပြားမှုရှိသည်။ အီရန်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို ၂၈ ရာခိုင်နှုန်းသာဖြစ်ကြောင်း ဖော်ပြပေသည်။ သို့သော် အခြားသောနိုင်ငံများတွင် ထိုနှစ်မျိုးအသုံးပြုမှုကို ၆၀ ရာခိုင်နှုန်း ဖော်ပြမှုရှိပေသည်။[] အီရန်သည် ၂၀၀၈ ခုနှစ်တွင် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုအတွက် ဒေါ်လာ ၈၄ ဘီလီယံ ထောက်ပံ့ပေးခဲ့သည်။[] အီရန်သည် လူဦးရေထူထပ်များပြားသော နိုင်ငံဖြစ်သည့်အတွက် လျှပ်စစ်စွမ်းအင် တစ်ဦးချင်း အသုံးပြုမှုသည် ဂျပန်နိုင်ငံထက် ၁၅ ဆ နှင့် ဥရောပသမဂ္ဂနိုင်ငံများထက် ၁၀ ဆ ပိုများသည်။ ထိုအတိုင်းပင် အီရန်သည် စွမ်းအင်ထုတ်လုပ်မှုအတွက် (အစိုးရမှ) ကြီးကြီးမားမားထောက်ပံ့မှုများ ရှိနေသော်လည်း ကမ္ဘာ့နိုင်ငံများအတွင်း စွမ်းအင်မလုံလောက်သော နိုင်ငံများအတွင်း တစ်ဦးအပါအဝင်ဖြစ်ပေသည်။ ကမ္ဘာ့ပျမ်းပျခြင်းစွမ်းအင်ထက် (၃)ဆ ပိုမိုများပြားစွာလိုအပ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများထက်၂.၅ ဆ ပိုမိုလိုအပ်မှုရှိပေသည်။[] နိုင်ငံ၏စွမ်းအင်တစ်ဝက်သည် နိုင်ငံအတွင်းအသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားရသလို ၃.၄ ရာခိုင်နှုန်းသည် လူတို့သွားလာမှု၌ အသုံးပြုခြင်းကြောင့်ကုန်ခမ်းမှုများရှိနေသည်။ ထို့အပြင် ၃.၂ ရာခိုင်နှုန်းသည် လျှပ်စစ်စွမ်းအင် စက်ရုံများ၌အသုံးပြုမှုကြောင့် ကုန်ခမ်းလေ့ရှိသည်။[]

အီရန် OPEC (ရေနံတင်ပို့မှုနိုင်ငံများအဖွဲ့) နှင့်သဘာဝဓာတ်ငွေ့တင်ပို့မှုနိုင်ငံများ၏အဖွဲ့ (GECF) ၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အီရန်နိုင်ငံသည် ရေနံရောင်းချမှုမှ ၄၇ ဘီလီယံ ဒေါ်လာရရှိခဲ့သည်။ နိုင်ငံပိုင်ဘဏ္ဍာငွေ၏ ၅၀% သည် ရေနံရောင်းချမှုမှ ရရှိသော ဝင်ငွေဖြစ်သည်။[] အီရန်နိုင်ငံ၏ပြည်တွင်းစွမ်းအင်သုံးစွဲမှုပမာဏ၏ ထက်ဝက်ခန့်သည် သဘာဝဓာတ်ငွေ့နှင့် ရေနံသုံးစွဲမှု ဖြစ်သည်။ အီရန်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချမှုအပေါ် အမှီသဟဲပြုလျက်ရှိသလို သဘာဝဓာတ်ငွေ့နှင့် ရေနံရင်းမြစ်အသစ်များကိုလည်း ရှာဖွေနေဆဲဖြစ်ပေသည်။ မကြာသေးမီက အီရန်သည် ပါရှန်းပင်လယ်ကွေ့တောင်ပိုင်းအတွင်း သဘာဝဓာတ်ငွေ့နှင့် ရေနံရင်းမြစ်များ ရှာဖွေမှုလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ခဲ့လေသည်။[]

အီရန်သည် ဆည်များနှင့် စွမ်းအင်စက်ရုံများ ဒီဇိုင်းရေးဆွဲမှုနှင့် တည်ဆောက် အသုံးပြုမှုများတွင် မိမိနိုင်ငံအတွက် မိမိနည်းပညာများသည် ဖူလုံမှုရှိပြီး နိုင်ငံတကာ သတ်မှတ်စံချိန်စံညွှန်းများကို နိုင်ငံတကာလေလံပွဲများတွင် နိုင်ငံခြား ကုမ္ပဏီများနှင့်ယှဉ်၍ အဆင့်ရယူနိုင်ခဲ့သည်။[]

အီရန်လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုစက်ရုံများမှ ထုတ်လုပ်နိုင်စွမ်းသည် ၂၀၀၇ ခုနှစ်တွင် ၁၇၃ terawatt နာရီအထိ ရောက်ရှိခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများအတွင်း အီရန်သည် စွမ်းအင်ထုတ်လုပ်နိုင်မှုသည် ၁၇.၉ ရာခိုင်နှုန်း ရှိသည်။ သဘာဝဓာတ်ငွေ့သည် ၂၀၀၇ ခုနှစ်တွင် အီရန်၏ အဓိကစွမ်းအင်တစ်ခုဖြစ်ခဲ့ပြီး သဘာဝဓာတ်ငွေ့သည် စွမ်းအင်၏လိုအပ်မှုကို ၅၅ရာခိုင်နှုန်းထက်မက ဖြည့်ဆည်းပေးခဲ့သည်။ အမှန်တကယ်မှာတော့ ရေနံသည် စွမ်းအင်အတွက် စွမ်းဆောင်ပေးရာတွင် ၄၂ ရာခိုင်နှုန်းသာရှိပြီး ရေအားလျှပ်စစ်သည် ၂ ရာခိုင်နှုန်းသာရှိခဲ့သည်။ နိုင်ငံအတွင်း စွမ်းအင်လိုအပ်မှုသည် ၂၀၁၂ နှစ်အတွင်း ၂၆.၈ ရာခိုင်နှုန်းအထိ ပိုမိုလာခဲ့သည်။[၁၀]

စွမ်းအင်ဝန်ကြီးဌာနသည် အီရန်နိုင်ငံရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ Robert Baer သည် မိမိရေးသားခဲ့သော The Devil We Know စာအုပ်တွင် အီရန်သည် အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး ဤသို့သက်သေထူထားသည်မှာ- အီရန်သည် စွမ်းအင်များစွာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရေးနှင့်စစ်အင်အားအရှိန်အဝါ တဖြေးတဖြေးကြီးမားလာဆဲဖြစ်သည် ဟု ဖြစ်ပေသည်။[၁၁]

ခြုံငုံသုံးသပ်ချက်

[ပြင်ဆင်ရန်]

အီရန်သည် အီရန်ပြုပြင်ပြောင်းလဲရေး ထောက်ပံ့ငွေ အစီအစဉ် (၂၀၁၄) နှင့် အတူ စွမ်းအင်ချွေတာရေး ကုမ္ပဏီတစ်ခုကို တည်ထောင်ရန် စီစဉ်နေသည်။[၁၂]

အီရန်နိုင်ငံရှိ စွမ်းအင်[၁၃]
Capita Prim စွမ်းအင် ထုတ်လုပ်မှု ပို့ကုန် လျှပ်စစ်ဓာတ် CO2-ထုတ်လွှတ်မှု
သန်း TWh TWh TWh TWh Mt
၂၀၀၄၆၇.၀၁,၆၉၆၃,၂၃၃၁,၅၃၀၁၃၇၃၆၉
၂၀၀၇၇၁.၀၂,၁၅၁၃,၇၅၇၁,၆၀၂၁၆၅၄၆၆
၂၀၀၈၇၂.၀၂,၃၅၀၃,၈၀၁၁,၄၂၉၁၇၄၅၀၅
၂၀၀၉၇၂.၉၂,၅၁၄၄,၀၆၈၁,၅၃၇၁၆၈၅၃၃
၂၀၁၀၇၃.၉၇၂,၄၂၃၄,၀၆၀၁,၅၇၄၁၉၆၅၀၉
၂၀၁၂၇၄.၈၀၂,၄၆၇၄,၁၁၃၁,၆၁၄၂၀၀၅၂၁
၂၀၁၂R၇၆.၄၂၂,၅၅၄၃,၅၂၃၉၆၁၂၁၀၅၃၂
၂၀၁၄၇၇.၄၅၂,၆၅၆၃,၄၇၇၆၄၉၂၂၄၅၂၆
Change ၂၀၀၄-၁၀၁၀.၄%၄၂.၉%၂၅.၆%၂.၉%၄၃.၀%၃၇.၈%
Mtoe = 11.63 TWh, Prim. energy includes energy losses

2012R = CO2 calculation criteria changed, numbers updated

ထိပ်တန်းရေနံထုတ်လုပ်သောနိုင်ငံများ
(တစ်နေ့လျှင်စည် တစ်သန်း)

အီရန်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး ရေနံသိုလှောင်နိုင်သောနိုင်ငံဖြစ်ပြီး တတိယ တင်ပို့ရောင်းချနိုင်သော နိုင်ငံလည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွက်ချက်မှုများအရ အီရန်သည် ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့သည်။ အရည် ထုတ်လုပ်မှုသည် တနေ့လျှင် စုစုပေါင်း ၂.၄ မီလီယံ စည်ပီပါ (၆၇၀၀၀၀ m3/d) ကုဗမီတာ ဖြစ်ပြီး ရေနံစိမ်းထုတ်လုပ်မှုသည်စုစုပေါင်း တစ်နေ့လျှင်၈.၄ မီလီယံ စည်ပီပါ ဖြစ်သည်။ အီရန်သည် နောက် (၄)နှစ်အတွင်း ရေနံထုတ်လုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ရင်းနှီးမြှုတ်နှံသွားမည်ဖြစ်ကြောင်း (၂၀၀၉)ခုနှစ် အရေးအသားများတွင် ဖော်ပြထားလေသည်။[၁၄]၂၀၀၉ ခုနှစ် အကုန်ပိုင်းထိ အီရန်သည် ရေနံသိုလှောင်မှုနှင့် တင်သွင်းမှုတို့၌ ၈၉.၄ နှစ်အတွင်း ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး[၁၅] ရေနံပလက်ဖေါင်း ၅၂ ခုနှင့် ရေနံတွင်း ၁၈၅၃ တွင်း ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။[၁၆]

အီရန်တွင် လောင်စာဆီအများအပြားရှိပြီး ထိုအရာများကို စွမ်းအင်အဖြစ် အသုံးပြုသည်။ အီရန်သည် ၁၉၁၃ ခုနှစ်ကတည်းမှ အဓိကရေနံထုတ်လုပ်တင်သွင်းသူတစ်ဦး ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ၎င်း၏ စက်မှုရေနံ ထုတ်လုပ်မှုလုပ်ငန်းမှ တစ်နေ့လျှင် စည်ပီပါ ၄ သန်း(၆၄၀၀၀၀)မီဂါဝပ် ထိရှိခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် တစ်နေ့လျှင်စည်ပီပါ စုစုပေါင်း ၆ သန်း(၉၅၀၀၀၀) မီဂါဝပ် အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုနှစ်ခုကို နှုင်းယှဉ်၍ ကြည့်ပါက ၁၉၇၄ ခုနှစ်နောက်ပိုင်း ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပြီး နောက်ပိုင်းမှ စ၍ ရေနံထုတ်လုပ်မှုကို ရေနံထိန်းချုပ်မှု ပေါ်လစီအရ လျှော့ချခဲ့သည်ဟု သိရသည်။ ၎င်းအပြင် ထိုသို့အထွက်နှုန်းလျှော့လာခဲ့သည့် အကြောင်းအရင်းတစ်ခုသည် အီရန်နှင့်အီရတ်စစ်ပွဲဖြစ်ပွားစဉ်ကာလအတွင်း ရေနံစက်ရုံအများအပြား ပျက်စီးသွားခဲ့ရသည့်အတွက်လည်း ပါဝင်လေသည်။ ၂၀၀၀ ခုနှစ်အစပိုင်းတွင် မြေအောက်စက်ရုံများ တည်ဆောက်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အားနည်းခဲ့သည့်အတွက် လုံလောက်မှုမရှိခဲ့ချေ။ ၂၀၀၅ ခုနှစ်တွင် အီရန်သည် ရေနံတွင်းအသစ်များကို ထပ်မံတူးဖော်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှ စ၍ ရေနံတွင်းများသည် အီရန်အမျိုးသားပိုင်ရေနံတွင်းများ ဖြစ်ခဲ့ပြီး အီရန်အမျိုးသားရေနံကုမ္ပဏီ(NIOC) ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။

အီရန်သည် ကမ္ဘာ့ ရေနံသိုလှောင်နိုင်မှုနှုန်းသည် ၁၀.၃ ရှိသည်ဟု ဖော်ထုတ်တင်ပြထားလေသည်။ ၂၀၀၉ ခုနှစ် အကုန်ပိုင်းတွင်စည်ပီပါ စုစုပေါင်း ၁၃၇၆ ဘီလီယံ(၂.၁၈၈×၁၀၁၀ m3) မီဂါဝပ် ကို သိုလှောင်နိုင်ခဲ့သည်။[၁၅] အီရန်နိုင်ငံမြောက်ပိုင်း ကစ်ပီယာန်ပင်လယ် ရေနံတွင်းများနှင့် ပါးရှန်းပင်လယ်ကွေ့ ရေနံတွင်းများမှ ရေနံထုတ်လုပ်နိုင်သည့်ကြားမှ အီရန်သည် ၂၀၀၅ ခုနှစ်တွင် ဓာတ်ဆီ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံကို အသုံးပြုခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပိတ်ဆို့မှုများနှင့် ပြည်တွင်းထောက်ပံ့ရေး မလုံလောက်မှုများကြောင့် ဖြစ်သည်။ အီရန်သည် ကမ္ဘာတွင် ဓာတ်ဆီအသုံးအပြုဆုံးနိုင်ငံများအတွင်းမှ တစ်နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ကားအစီးရေတိုင်း အသုံးပြုမှုပြီးနောက် အီရန်သည် ဒုတိယအများဆုံး အသုံးပြုသူ ဖြစ်သည်။[၁၇]

ဈေးနှုန်းများ အလျင်အမြတ် လျှော့ကျပြီး ပြည်သူလူထုကိုထောက်ပံ့ပေးရေးရာတွင် တရားဝင်ဖြစ်လာဖို့ရန်အတွက် အစီအစဉ်များ ရှိထားသည်။ စွမ်းအင်နှင့်လောင်စာဆီ ဈေးပေါမှုသည် ပြည်တွင်း၌ ဖြုန်းတီးမှုနှင့် အီရတ်တူရကီပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံများသို့ မှောင်ခိုတင်ပို့ရောင်းချမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းအပြင် လွန်ခဲ့သောနှစ်များ၌ ကားထုတ်လုပ်မှုကိုလည်း ပိုမိုလာစေခဲ့သည်။ အီရန်သည် ကားတင်သွင်းမှုမရှိသည့်အတွက် ကားထုတ်လုပ်သည့် စက်ရုံများမှ ထုတ်လုပ်သည့်အစီးရေ ပိုမိုများပြားလာခဲ့သည်။ မတ်လ ၂၁ ရက်၂၀၀၆ ခုနှစ်မှ မတ်လ ၂၀ ရက် ၂၀၀၇ ထိ တစ်နှစ်တာ ဘတ်ဂျက်ကာလအတွင်း ကားအစီးရေ တစ်သန်းကျော် ထုတ်လုပ်ခဲ့သည်။[၁၈]

အီရန်ရေနံထုတ်လုပ်ရေး၊ ပြည်တွင်းအသုံးပြုမှုနှင့်ပြည်ပသို့ တင်ပို့မှု

အီရန်၏ ရေနံထုတ်လုပ်မှုသည် ပြည်တွင်းလောင်စာဆီ အသုံးပြုမှုနှင့် တင်ပို့မှုအတွက် ကန့်သတ်မှုများ ကြီးကြီးမားမားရှိနေခဲ့သော်လည်း ပြည်တွင်း၌ လောင်စာဆီသုံးစွဲမှုသည် ပိုမိုမြင့်တက်လာခဲ့သည်။ ပြည်ပမှ တင်သွင်းသော လောင်စာဆီသည် ၂၀၀၀ ခုနှစ်တွင် တစ်နေ့လျှင် ပီပါ ၃၀၀၀၀ (၄၈၀၀)ကုဗမီတာ ဖြစ်ပြီး ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှ စတင်၍ တင်သွင်းမှုသည် တစ်နေ့လျှင် စည်ပီပါ ၁၈၀၀၀၀ (၂၉၀၀၀)ကုဗမီတာ အထိ မြင့်တက်လာခဲ့သည်။ ထို့အပြင် ဓာတ်ဆီ အသုံးပြုမှုသည် ၂၀၀၇ ခုနှစ်တွင် တစ်နေ့လျှင် စုစုပေါင်းပီပါ(၁၈၀၀၀၀၀) (၂၉၀၀၀၀) (ခွဲတမ်းမချမီ) ကုဗမီတာခန့် ရှိခဲ့သည်။ ထိုနှုန်းထား၏ သုံးပုံတစ်ပုံသည် ပြည်ပမှ တင်သွင်းလာသော လောင်စာဆီများဖြစ်သည်။ ပါလီမန်မှ ချမှတ်ထားသော ဈေးနှုန်းထက်များသော်လည်း ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် အကြား (၉)လတိတိ အစိုးရသည် လောင်စာဆီအတွက် အသုံးပြုခဲ့သော ငွေပမာဏမှာ အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့် ဖြစ်ခဲ့သည်။[၁၈] အီရန်သည် သန့်စင်ပြီးဖြစ်သော လောင်စာဆီ(၄၀)ရာခိုင်နှုန်းခန့်ကို အိန္ဒိယမှ တင်သွင်းလျက်ရှိသည်။[၁၉]

USGS ရေနံတည်ရှိရာနိုင်ငံများမြေပုံ

အီရန်သည် အီရတ်နယ်စပ်အနီး ခူဇီစ်တာန်ပြည်နယ်အနောက်တောင်ပိုင်းဒေသ၌ ကုန်းပေါ်ရေနံတွင်း ၂၇ တွင်းနှင့် ကမ်းလွန်ရေနံထုတ်လုပ်တွင်း ၁၃ တွင်းကို တည်ဆောက်ထားသည်။[] အီရန်အစိုးရသည် ရေနံမှရရှိသော ဘဏ္ဍာငွေအပေါ်၌ အဓိကရပ်တည်လျက်ရှိပြီး စက်မှုစွမ်းအင်များစွာသည် ပြည်တွင်းထုတ်ကုန်၏ ၁၂ ရာခိုင်နှုန်းရှိသည်။ ထိုစက်မှုစွမ်းအင်များသည် နိုင်ငံတော်အား ထိထိမိမိအကျိုးပြုလျက်ရှိနေသည်။ မည်သို့ပင် ဖြစ်စေကာမူ သဘာဝဓာတ်ငွေ့အသုံးပြုမှု ပိုမိုများပြားလာသည့်အတွက် ပြည်တွင်းလောင်စာဆီ အသုံးပြုမှု လျှော့နည်းလာခဲ့သည်။ အီရန်၏ ရေနံကိုအခြေခံသော စီးပွားရေးတိုးတက်မှုသည် စွမ်းအင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးမှုများနှင့် နိုင်ငံလူဦးရေတိုးတက်လာခဲ့သည့်အတွက်ကြောင့် မရေမရာဖြစ်ခဲ့ပြီး ယိမ်းယိုင်လာခဲ့သည်။ အီရန်သည် စီးပွားရေးပိတ်ဆို့ခြင်းခံရမှုများနှင့် စစ်ပွဲများဖြစ်ပွားခဲ့မှုများကြောင့် အပြည့်အဝ ထုတ်လုပ်နိုင်စွမ်း နည်းသွားခဲ့ရသည်။ အီရန်ရေနံဈေးကွက်သည် သာမန်ဈေးနှုန်းများထက် ကုန်းပိုင်းရေနံတွင်းမှ ရရှိသောရေနံသည် ၈ ရာခိုင်နှုန်းနှင့် ပင်လယ်ပြင်ရေနံတွင်းများမှ ထွက်ရှိသော ရေနံသည် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။ အီရန်ဈေးကွက်ရာဖွေမှုနှုန်းသည် လက်တလောကာလတွင် ၂၇ ရာခိုင်နှုန်းသာရှိနေပြီး ကမ္ဘာ့ စံချိန်စံညွှန်းများထက်ကို လျှော့ဆင်းနေသည်ကို တွေ့ရသည်။ အီရန်သည် မိမိ၏ရေနံ အထွက်နှုန်းပြန်လည်ကောင်းမွန်လာစေဖို့ရန် မိမိတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများ တိုးတက်ဖို့ရန် လိုအပ်နေလေသည်။[]

သဘာဝဓာတ်ငွေ့

[ပြင်ဆင်ရန်]
အီရန်နိုင်ငံ၏သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ ပြည်တွင်းသုံးမှုနှင့်ပို့ကုန်

အီရန်သည် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် တတိယနေရာတွင်ရှိပြီး (ကမ္ဘာ့တွင် ၅.၁% နှင့် ၁၈၄ BCM) ထုတ်လုပ်နိုင်စွမ်းရှိသည်။ အီရန်သည် နိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့ကို မြို့ပြများအတွက် လျှပ်စစ်စွမ်းအင်နှင့် အပူပေးစက်များအတွက် အသုံးပြုသည်။[၂၀] ထိုသဘာဝဓာတ်ငွေ့သိုလှောင်ကန်သည် သဘာဝဓာတ်ငွေ့ ခန့်မှန်းချေ ၁၁၈၇.၃ ထရီလီယံကုဗပေ (၃၃၆၂၀ km3) (Tcf) ပါရှိသည်။[] ၂၀၀၅ ခုနှစ်တွင် အီရန် သဘာဝဓာတ်ငွေ့ သိုလှောင်ကန်မှ သဘာဝဓာတ်ငွေ့အမြောက်အမြားသည် အသုံးမပြုရသေးပဲ ကျန်ရှိနေသည် ဟု ယုံကြည်ထားကြသည်။ ထိုသဘာဝဓာတ်ငွေ့သိုလှောင်ကန်မှ ခန့်မှန်းချေ ၆၂ ရာခိုင်နှုန်းသော သဘာဝဓာတ်ငွေ့များကို အကြောင်းစပ်ဆက်မှုမရှိသော နေရာများတွင်အသုံးပြုနေသည်။ အီရန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် လာမည့်နှစ်များအတွင်း ပါးရ်စ်ပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများအတွင်း ကြိုတင်ရှာဖွေမှုများကြောင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပိုမိုတိုးပွားလာမည်ဟု မျှော်မှန်းထားသည်။

၂၀၀၅ ခုနှစ်တွင် ပြည်တွင်းသဘာဝဓာတ်ငွေ့ သုံးစွဲမှုသည် ထုတ်လုပ်မှု ၃.၆×၁၀၁၂ ကုဗပေ(၁၀၀ km3 ) နှင့် တစ်ထပ်တည်းရှိသည်ဟု သိရသည်။ နောက်(၁၀)နှစ်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် ၇ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း မျှော်မှန်းထားလေသည်။ အီရန်အစိုးရသည် သဘာဝဓာတ်ငွေ့နှုန်းထားများကို ဓာတ်ဆီနှင့်အတူ ထောက်ပံ့ငွေများ ပေးသွားမည်ဖြစ်ပေသည်။ ထိုသို့ပြုခြင်းဖြင့် ပြည်တွင်း၌ အမြင့်မားဆုံး အသုံးပြုမှုကို ထိန်းသိမ်းပေးသွားနိုင်မည်ဟု မျှော်လင့်ထားပေသည်။ ထိုသို့ ပြည်တွင်း၌ အသုံးပြုမှုမြင့်မားလာမှုသည် နောင်လာမည့်နှစ်များအတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့နည်းသွားနိုင်ကြောင်း ခန့်မှန်းထားလေသည်။[၂၁]

အီရန်သည် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ တတိယအကြီးဆုံးအသုံးပြုသူ ဖြစ်သည်။[၂၂] ထိုအတိုင်းပင် အီရန်သည် ကမ္ဘာတွင် သဘာဝဓာတ်ငွေ့အများဆုံး အသုံးပြုသောနိုင်ငံများတွင် ပါဝင်သည်။[၁၅]

လျှပ်စစ်

[ပြင်ဆင်ရန်]
အီရန်တွင် စွမ်းအင်သုံးစွဲမှုသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအား၏ ၆.၅ဆ ဖြစ်သည်။ ထိုသည်မှာ နည်းပညာဆိုင်ရာပြဿနာများကြောင့် အီရန်နိုင်ငံတွင် အသုံးမပြုမီကာလ ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အား 18.5% လျော့နည်းကြောင်း ခန့်မှန်းထားကြသည်။ လျှပ်စစ်ပါဝါ လေလွင့်မှုသည် ၂၀၀၆ခုနှစ်တွင် အမေရိကန်ဒေါ်လ ၁.၁ဘီလီယံထိရှိခဲ့သည်။
<div class="transborder" style="position:absolute;width:100px;line-height:0;<div class="transborder" style="position:absolute;width:100px;line-height:0;

အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (၂၀၁၂)[၂၃]

  သဘာဝဓာတ်ငွေ့ (69%)
  ရေနံ (25%)
  ရေအားလျှပ်စစ် (6%)
  ပြည့်ဖြိုးမြဲစွမ်းအင် (<1%)
  ကျောက်မီးသွေး (<1%)

အီရန်နိုင်ငံ လျှပ်စစ်စွမ်းအင် အသုံးပြုမှုနှင့် ထုတ်လုပ်မှုသည် ၁၉၈၄ ခုနှစ်တွင် အတူတကွ တိုးတက်လာခဲ့သည်။ ယခုချိန်ထိလည်း အီရန်၏အဓိကမှီခိုမှုသည် အပူစွမ်းအင်ရင်းမြစ်များ ဖြစ်သည်။ ၎င်း၏သေးငယ်သော အစိတ်အပိုင်းတစ်ခုပင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ထားလေသည်။[၂၄] လျှပ်စစ်အသုံးပြုမှုသည် အမြဲတမ်းလိုလိုပင် တိုးမြင့်လာခဲ့ပြီး လာမည့်နှစ်နှင့် နောင်(၁၀)နှစ်အတွင်း ၆ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အတွက်ကြောင့် အီရန်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် အထူးကြိုးပမ်းမှုများပြုလုပ်လျက်ရှိသည်။ ယခုအချိန်တွင် အီရန်သည် ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများ စာရင်းတွင် (၁၉)အဆင့်၌ရှိပြီး သုံးစွဲသူများစာရင်းတွင် အဆင့်(၂၀)တွင် နေရာယူထားသည်။[၂၅] အီရန်စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနသည် လေ့လာသုံးသပ်ချက်တစ်ခုကို တင်ပြထားသည်မှာ- အီရန်နိုင်ငံ လျှပ်စစ်ဓာတ်အားလုံလောက်ရေးအတွက် လာမည့်နောင်နှစ်၂၀အတွင်း ၁၅၀၀၀-၂၀၀၀၀ မီဂါဝပ် ကိုတပ်ဆင်ရမည်ဖြစ်ကြောင်းဖြစ်သည်။[၂၆] လွန်ခဲ့သောနှစ်များက အီရန်သည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အီရန်သည် အမျိုးသားလျှပ်စစ်ဖူလုံရေးအတွက် ၄၀၀၀၀ မီဂါဝပ်ထက်ပိုသော စွမ်းအားကို ထည့်သွင်းတပ်ဆင်ရန် စီမံကိန်းများရေးဆွဲလျက်ရှိသည်။

အီရန်၏ ၁၈.၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်များသည် ပြည်သူများလက်ဝယ်သို့ မရောက်မီမှာပင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် လေလွင့်သွားသည်ဟု မှန်းဆခဲ့ကြသည်။ အီရန်သည် ၁၆၀ မီဂါဝပ်ဖြင့် လည်ပတ်သော (gas turbines) ဓာတ်ငွေ့တာဘိုင်များ တည်ဆောက်သော စက်ရုံကြီး(၁၀)ခုအတွင်း တစ်ခုအပါအဝင်ဖြစ်သည်။[၂၇] (IDRO ၏လက်အောက်ခံ)ဖြစ်သော အီရန်ကျွမ်းကျင်သူများသမဂ္ဂ JEMCO သည် (၁)မီဂါဝပ်အားရှိသည့် မီးစက်များကို တိုးမြှင့်ထုတ်လုပ်ရာ၌ အောင်မြင်ခဲ့ကြသည်။[၂၈] အီရန်သည် ဟိုင်ဒရောလစ်တာဘိုင်များတည်ဆောက်မှုတွင် ၉၀ရာခိုင်နှုန်းကျော်ကို ကိုယ်ပိုင်တည်ဆောက်ခဲ့သလို ဓာတ်ငွေ့တာဘိုင်များ တည်ဆောက်မှုတွင်လည်း ၈၀ ရာခိုင်နှုန်းကျော်သည် အီရန်၏ မူပိုင်များဖြစ်သည်။ ၂၀၀၉ ခုနှစ်ရေးသားချက်များအရ လာမည့်နှစ်များတွင် အီရန်သည် လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်သော နိုင်ငံများစာရင်းတွင် ဝင်ရောက်သွားမည်ဟု ဖြစ်သည်။[၂၉] အီရန်သည် မိမိတို့၏မူပိုင်နည်းပညာများဖြင့် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့နှင့် ပေါင်းစပ်သံသရာလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်နိုင်ခဲ့သည်။[၃၀] အီရန်သည် ကိုယ်ပိုင်နည်းပညာများဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ မိမိနိုင်ငံအတွင်းတည်ဆောက်မှုများအပြင် မိမိ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိုသို့ တည်ဆောက်ပေးရန် စီမံကိန်းများအတွက် သဘောတူညီချက် ပြုလုပ်ခဲ့သည်။[၃၁][၃၂]

အီရန်သည် လျှပ်စစ်စွမ်းအင် ရင်းမြစ်ရှာဖွေရေးတို့တွင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိသလို ကျယ်ကျယ် ပြန့်ပြန့်လည်း ဆောင်ရွက်နေပေသည်။ ၎င်းအပြင် ယခုအခါတွင်လည်း လောင်စာဆီအသုံးပြုသော လျှပ်စစ်ဓာတ် အားပေးစက်ရုံများတည်ဆောက်ရန်လည်း စီမံကိန်းများရေးဆွဲလျက်ပြီး လျှပ်စစ်ချို့ယွင်းမှုကို ဖြေရှင်းရန်အတွက် သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် တိုးတက်အောင်မြင်လျက်ရှိနေသည်။ နျူကလီးယားစွမ်းအင်နှင့် ရေအားလျှပ်စစ်စွမ်းအင် တိုးတက်အောင်မြင်ရေးသည် ၎င်းတို့၏အဓိက ဗျူဟာမဟုတ်သော်လည်း ထိုစွမ်းအင်များမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိနေကြသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှလည်း ထိုကိစ္စအပေါ်အထူးတလှယ် ထောက်ပံ့လျက်ရှိသည်။ အစိုးရလျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီအတော်များများတို့သည်လည်း လျှပ်စစ်ဓာတ်အားခွဲဝေဖြန့်ဖြူးရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အပြင် လျှပ်စစ်လွှတ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် လျှပ်စစ်ဖူ လုံရေးအတွက် အီရန်သည် လျှပ်စစ်စွမ်းအင်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်ထားသည်။[၃၃] ဥပဒေတစ်ရပ်ကို အတည်ပြုထားသည်မှာ စွမ်းအင်ဝန်ကြီးဌာနသည် ရီယာလ်နှင့်ဖြစ်စေ (သို့) ရီယာလ်နှင့် နိုင်ငံခြား ငွေရောစပ်၍ဖြစ်စေ စာချုပ်စာတမ်းများချုပ်ဆို၍ ပုဂ္ဂလိက ကုပ္ပဏီများမှ လျှပ်စစ်ဓာတ်အား ဝယ်ယူပိုင်ခွင့်ရှိသည်ဟု ဖြစ်သည်။ အီရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများသည် ၂၀၀၉ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၁၄.၄၄၀ မဂ္ဂါဝပ်ထုတ်ပေးခဲ့သည်။[၃၄]

ရေအားလျှပ်စစ်၏ အချို့သောအစီအစဉ်များသည် အီရန်လူထုပတ်ဝန်းကျင်အတွက် အန္တရာယ်များ ဖြစ်လာဖွယ်ရာများရှိသည့်အပေါ် စောဒက တက်မှုများရှိနေသော်လည်း အီရန်၏ရေအားလျှပ်စစ်စနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှုသည် ယခင်ထက်ပိုမိုကောင်းမွန်ကြောင်း အများစုက ထောက်ခံအားပေးထားသည်။ အီရန်သည် လျှပ်စစ်စွမ်းအင် ထုတ်ဝေဖြန့်ဖြူးရေးအတွက် နည်းစနစ်အသစ်တစ်ခုကို ခင်းကျင်းပြသခဲ့သည်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုသည် အများပိုင်ရင်းနှင့်မြှုပ်နှံမှုများရှိခဲ့သလို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများလည်း ရှိခဲ့သည်။ များစွာသော ဓာတ်အားပေး အဆောက်အဦးတို့နှင့်ပတ်သက်ပြီး စီမံကိန်းရေးဆွဲမှုများသည် ပတ်ဝန်းကျင်နေထိုင်မှုစံချိန်စံညွှန်းနှင့် အင်ဂျင်နီယာတို့၏ စံချိန်စံညွှန်းများအပြင် နည်းပညာပိုင်းဆိုင်ရာ ပညတ်ချက်များကို လိုက်နာခြင်းမရှိပါ။ ထိုမှရရှိသောရလဒ်သည် ရေကာတာများ ပျက်စီးခဲ့ရသလို ပျောက်ကွယ်သွားခဲ့ရသည်။[၃၅]

အီရန်အတွက် Karun-3 ရေကာတာ နှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ။

အီရန်သည် ၂၀၀၄ ခုနှစ်အထိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းများနှင့် ကျောက်မီးသွေးနှင့် ရိုးရိုးလောင်စာဆီ စက်ရုံများကို တိုးချဲ့ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့် ဓာတ်အားကို ၃၃၀၀၀ မီဂါဝပ် ပိုမိုထုတ်လုပ်ခဲ့သည်။ ထိုသို့ထုတ်လုပ်မှုတွင် ၇၅ ရာခိုင်နှုန်းသည် သဘာဝဓာတ်ငွေ့၊ ၁၈ ရာခိုနှုန်းသည် ရေနံမှ ဖြစ်သလို ၇ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်မှ ဖြစ်သည်။ ထို့အပြင် အီရန်သည် ၂၀၀၄ ခုနှစ်တွင် တာဘာတိုင်များကိုလည်း စိုက်ထူနိုင်ခဲ့ပြီး(ဂျီအိုသာမလ်) ဘူမိအပူပေးစက်ရုံများကိုလည်း ဖွင့်လှစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် နေရောင်ခြည်မှ ဆိုလာလျှပ်စစ်စွမ်းအင်ကို အွန်လိုင်းအနေအထားဖြင့် စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည်။ အီရန်၏ ကျောက်မီးသွေးသိုလှောင်နိုင်မှုသည် တန်ချိန် ၁.၉ ဘီလီယံအထိရှိပြီး နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၁.၃ သန်းအထိ ထုတ်လုပ်မှုရှိပြီး တန်ချိန်၁.၅ သန်း အသုံးပြုမှုရှိလေသည်။ ထို့ပြင် ကျောက်မီးသွေးအသေးစား တင်တွင်းမှုလည်းရှိသည်။[၁၈]

လူဦးရေများပြားလာမှုနှင့် စက်ပစ္စည်းအသုံးပြုမှုများကျယ်ပြန့်လာသည့်အတွက် လျှပ်စစ်စွမ်းအင်လိုအပ်မှုသည်လည်း တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ မီဂါဝပ်၅၃၀၀၀ ရှိသည့် ဓာတ်အားပေးစက် တပ်ဆင်ရသည့် အစိုးရ၏ရည်ရွယ်ချက်မှာ ၂၀၁၀ ခုနှစ်တွင် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမှုပြုထားသော ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်သူများမှ သဘာဝဓာတ်ငွေ့လိုင်းအသစ်များ ဖောက်လုပ်မှုအပြင် ရေအားလျှပ်စစ်နှင့် နျူကလီးယားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုများအတွက် ထောက်ပံ့ပေးနိုင်ရန် ဖြစ်သည်။ အီရန်သည် ပါးရှန်းပင်လယ်ကွေ့ရေလှိုင်းများမှ ဓာတ်အား မီဂါဝပ် ၆၁၅၀ ကို ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ခန့်မှန်းထားကြသည်။[၃၆] ထို့အပြင်အီရန်သည် အောဂဲနစ်စွန့်ပစ်အမှိုက်များနှင့် မိလ္လာများကို လောင်စာအဖြစ်အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ရန်နှင့် ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် စမ်းသပ်လျက်ရှိသည်။[၃၇] အခြားနေရာဒေသများတွင်လည်း ဒီရေပါဝါနှင့် ပတ်သက်ပြီး လေ့လာ အကဲဖြစ်လျက်ရှိပေသည်။[၃၈][၃၉] တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ မျှ နေရောင်ခြည် အပူစွမ်းအင်ရရှိသော အီရန်သည် ၁ စတုရန်းမီတာလျှင် ၂၂၀၀ လီလိုဝပ်နာရီ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်နိုင်ရန် အလားအလာရှိနေပေသည်။ အီရန်သည် ထိုသို့သော စွမ်းအင်ကို ထုတ်လုပ်နိုင်စွမ်းရှိသူဖြစ်ပေသည်။[၄၀]

နျူကလီးယားစွမ်းအင်

[ပြင်ဆင်ရန်]
အိုင် အာ -၄၀ စက်ရုံ အာရက်မြို့

အီရန်သည် ၂၀၂၅ ခုနှစ်အထိ လျှပ်စစ်ဓာတ်အား ၂၃၀၀၀ မီဂါဝပ်ကို နျူကလီးယားစွမ်းအင်ကို အသုံးပြု၍ စွမ်းအင် နှင့် ပတ်သက်ပြီးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်မည်ဖြစ်ကြောင်း အစီအစဉ်ရှိထားပေသည်။[၄၁] ပထမဦးဆုံးအနေဖြင့် ၉၁၅ မီဂါဝပ်ရှိသော နျူးကလီးယား ဓာတ်ပေါင်းဖို ၄ ခုအား ရုရှားအကူအညီဖြင့် ဘူရှေရ် မြို့ တွင် တည်ဆောက်ခဲ့သည်။[၄၂] အီရန်သည် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး ဩဂုတ်လ ၂၀၁၀ ခုနှစ်တွင် မြောက်မြားစွာနောက်နှေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် Darkhovin နျူကလီးယားစက်ရုံကို မူပိုင်ဒီဇိုင်းဖြင့် တည်ဆောက် ပြီး အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။ ယေဘုယျအားဖြင့်အီရန်သည် လျှပ်စစ်ပါဝါ ထုတ်လုပ် တင်ပို့သူ တစ်ဦးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း လျှပ်စစ်ပါဝါ ဖလှယ်ခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်သည်။[၄၃] အမေရိကန်နျူကလီးယားပါဝါနှင့် ယှဉ်မည်ဆိုပါက ကီလိုဝပ်နာရီတိုင်းအတွက် ၁၀ cents ထက်ကျော်လွန်၍ အနည်းငယ် ပိုမိုကုန်ကျစရိတ်ရှိသည်။ အီရန်သည် နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်နိုင်ခြင်း အလွန်များပြားသည်။ ပြည်တွင်း ယူရေနီယမ် အထွက်နှုန်းကြွယ်ဝလာသော်လည်း စွမ်းအင်ထုတ်လုပ်မှု စွမ်းအင်နည်းပါးခြင်း (ဓာတ်ပေါင်းဖိုတစ်ခုမှ ၁၀၀၀ ဝပ်သာရှိသည်။)၊ ထိရောက်မှုနည်းပါးခြင်းနှင့် အလွန်မှပင်နှေးကွေးသော ဓာတ်ပေါင်းဖိုများဆောက်လုပ်ခြင်းနှင့် ၁ ကီလီဝပ်နာရီအတွက် ၆၈ cents ခန့်သာ ကုန်ကျခြင်းတို့ ရှိနေသည်။ (ဓာတ်ပေါင်းဖိုတစ်ခု၏ လုပ်ဆောင်မှု ကုန်ကျစရိတ်သည် ၁၄၀ ဒေါ်လာဖြစ်ပြီး ယူရေနီယံ ၁ ကီလိုဂရမ်အတွက် ၄၀ ဒေါ်လာဖြစ်သည်ဟု ယူဆသည်)[၄၄]

စွမ်းအင်မှန်းချက်

[ပြင်ဆင်ရန်]
ရင်းမြစ် - B.M.I[၄၅]၂၀၁၀၂၀၁၅ ခန့်မှန်း၂၀၁၀-၁၅ တိုးတက်မှုနှုန်း၂၀၁၅-၂၀ တိုးတက်မှုနှုန်း၂၀၁၀-၂၀ တိုးတက်မှုနှုန်းမှတ်ချက်
MENA-စွမ်းအင်ထုတ်လုပ်မှု၁,၂၂၂ TWh၁၅,၁၈ TWh+၂၄.၂%N/AN/A၂၀၀၉ ခုနှစ်တွင် စီးပွားရေးဈေးကွက်များ ကျဆင်းသော နေရာများ
MENA-အပူစွမ်းအင် ထုတ်လုပ်မှု၁.၁၄၀ TWh (ဒေသတွင်း ထောက်ပံ့သော စုစုပေါင်းလျှပ်စစ်ဓာတ်အား ၉၃.၃%)၁၃၇၈ TWh (ဒေသတွင်း ထောက်ပံ့သော စုစုပေါင်းလျှပ်စစ်ဓာတ်အား ၉၃.၃၉၀.၈%)N/AN/AN/Aသက်တမ်းတိုးမြှင့်တင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုများမှ အစိတ်အပိုင်းအတွက် ကျေးဇူးတင်စကား, ရေအားလျှပ်စစ်-လျှပ်စစ်မီးနှင့် နျူကလီးယားမျိုးဆက်။
MENA-စွမ်းအင်လိုအပ်မှုN/Aပျမ်းပျရေနံ ၁၁၁၇ တန်ချိန်+၂၀.၈%N/AN/AN/A
MENA-နျူကလီးယားလိုအပ်မှုN/A~၂၅ TWhN/AN/AN/AN/A
အီရန် ပြည်တွင်း တိုးတက်မှုနှုန်းN/AN/Aပျမ်းပျခြင်း တစ်နှစ်လျှင် ၂%N/AN/AN/A
အီရန် လူဦးရေ၇၃.၉ သန်း၇၈.၆ သန်းN/AN/AN/AN/A
အီရန်လူတစ်ဦးချင်းစီ တိုးတက်မှုနှုန်းN/AN/A+၃၁%N/AN/AN/A
အီရန် လူတစ်ဦးချင်းစီ လျှပ်စစ်အားသုံးစွဲမှုN/AN/A+၅%N/AN/AN/A
အီရန်တွင် လျှပ်စစ်သုံးစွဲမှု၁၆၁ TWh၁၇၉ TWhတစ်နှစ်လျှင် ပျမ်းပျ ၂.၂%N/AN/Aဈေးကွက် ကျယ်ပြန့်မှုနှင့် ညီမျှမှု
အီရန်လျှပ်စစ်ထုတ်လုပ်မှုN/AN/A+၁၂.၂%+၁၁.၉%+၂၅.၅%N/A
အီရန် အပူရှိန် ထုတ်လုပ်မှု၁၉၂ TWh (MENA ဈေးကွက်ဝေစု၏ ၁၆.၈၅% )(MENA ဈေးကွက်ဝေစု၏ ၁၄.၄၅%)N/AN/AN/AN/A
အီရန် မူလစွမ်းအင် လိုအပ်မှု(PED) နှင့် တိုးတက်မှုနှုန်း၃၇.၈% (သဘာဝဓာတ်ငွေ)၊ ၄၀.၄% (ရေနံ)၊ ၀.၈% (ရေအားလျှပ်စစ်)N/A+၁၄.၄%+၁၂.၆%+၂၈.၈%N/A
အီရန်စွမ်းအင် လိုအပ်မှုအီရန် MENA ဈေးကွက် ဝေစု၏ ၂၂.၃၈%အီရန် MENA ဈေးကွက် ဝေစု၏၂၁.၂၁%N/AN/AN/AN/A
အီရန်နျူကလီးယား လိုအပ်မှု၁၀ TWh (အီရန် MENA ဈေးကွက် ဝေစု၏၃၈.၄၆%)N/AN/AN/A၂၀၁၁ ခုနှစ်တွင် ဘူရှဲဟ်မြို့ရှိ နျူကလီးယားစက်ရုံ စတင်လည်ပတ်ရန် စီမံထားသည်။ နျူကလီးယားစွမ်းအင်သည် ထုတ်လုပ်မှုတိုးတက်ရန်အတွက် အဓိကအကျဆုံးသော သော့ချက်တစ်ချက် ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်

[ပြင်ဆင်ရန်]
Manjeel ဒေသအနီး တည်ဆောက်ထားသော လေအားလျှပ်စစ်ထုတ် ရဟတ်များ

၂၀၁၀ ခုနှစ်တွင် ၂၀၀၀ မီဂါဝပ် ထုတ်ပေးနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓာတ်အားစက်ရုံ၂၀၁၀ နှင့်၂၀၁၅ ခုနှစ်အကြား တည်ဆောက်ရန်အတွက် စီမံကိန်းကို အီရန်အစိုးရမှ ကြေညာခဲ့သည်။၂၀၁၀ ခုနှစ်မှစ၍ အီရန်သည် လျှပ်စစ်စွမ်းအင် ၈၅၀၀ မီဂါဝပ်နှင့် လေလျှပ်စစ်စွမ်းအင် ၁၃၀ မီဂါဝပ် ကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအတိုင်းပင် ၂၀၁၀ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့်လည်း ၆၀၀ မီဂါဝပ်ထုတ်ပေးနိုင်သော ဓာတ်အားပေးစက်ရုံနှင့် ၅၀၀ မီဂါဝပ်ထုတ်ပေးနိုင်သော လေစွမ်းအင် လျှပ်စစ်စက်ရုံများကို တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ သည်။[၄၆]

အီရန်သည် ပြန်လည်ပြည့်ဖြိုးစွမ်းအင်ကို ဈေးကွက်အတွင်းဝင်ဆံ့ပြီး စီးပွားဖြစ်လုပ်ဆောင်ရန်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်လည်းလိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ပြီးသော ပြန်လည်ပြည့်ဖြိုးစွမ်းအင်ကို ကမ္ဘာ့ဈေးကွက်မှ ဝယ်ရန် တောင်းဆိုထားသည်။ လေတိုက်ခြင်းနှင့် ဇီဝလောင်စာစွမ်းအင် အသုံးပြုမှုကုန်ကျစရိတ် (FIT) အတွက် ၁ ကီလိုဝပ်နာရီ ၁၃ cents ဝန်းကျင်သာ ကုန်ကျနိုင်ချေရှိသည်။[၄၆]

၂၀၁၂ ခုနှစ်တွင် အီရန်သည် ယူရို ၅၀၀ သန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများအတွက် အသုံးပြုနိုင်ရန် အမျိုးသားဖွံ့ဖြိုးရေးဘတ်ဂျက် မှ ချပေးခဲ့သည်။ ထိုအတိုင်းပင် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်နွယ်နေသော အီရန်ပြန်လည်ပြည့်ဖြိုးစွမ်းအင်အဖွဲ့အားလည်း အမေရိကန်ဒေါ်လာသန်း ၆၀ နီးပါးကို ထုတ်ပေးခဲ့သည်။[၄၆]

ရေအားလျှပ်စစ်

[ပြင်ဆင်ရန်]

အီရန်သည် ရေအားလျှပ်စစ်၁၀၀၀၀ မီဂါဝပ် (သို့) အီရန်၏စွမ်းအင်အမျိုးမျိုးမှ ပျမ်းပျခြင်းစွမ်းအင် ၁၄ ရာခိုင်နှုန်းကို ရှိထားပြီးဖြစ်သည်(၂၀၁၅)။[၄၇] အီရန်သည် ရေအားတာဗိုင်စင်ကြီးများကို မိမိနိုင်ငံအတွင်း မူပိုင်ပြုလုပ် တည်ဆောက်နိုင်ခဲ့သည်။[၄၇]

ဇီဝလောင်စာ

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် အီရန်ဇီဝလောင်စာလူ့အဖွဲ့အစည်း (IBS) သည် တီဟီရန်မြို့အတွင်း နည်းပညာသိပ္ပံများ တိုးတက်အောင်မြင်ရန်အတွက် အီရန်ဒု-သမ္မတနှင့် ပူးပေါင်း၍ မြို့တွင်းပြေးဆွဲသည့် ဘတ်(စ)ကားကုမ္ပဏီတစ်ခုနှင့်အတူ မြို့တွင်းပြေးဆွဲသည့် ဘတ်(စ)ကားများတွင် စွန့်ပစ်ချက်ပြုတ်ဆီများမှ ထုတ်လုပ်ထားသော ဘိုင်အိုဒီဇယ်ကို အသုံးပြု၍ ပြေးဆွဲသည့် စီမံကိန်းတစ်ရပ်ကို ရေးဆွဲစမ်းသပ်ခဲ့ပြီး ကမ္ဘာ့ရာသီဥတုအခြေအနေ အပြောင်းအလဲဖြစ်သွားမှုနှင့် ပတ်သက်ပြီး သတိပေးကြေညာချက်တွင် ထိုသို့ပြောင်းလဲသွားရသည့် အကြောင်းအရင်းမှာ လောင်စာဆီအသုံးပြုမှုနှင့် ဓာတ်ငွေ့အသုံးပြုမှုများကြောင့် ဖြစ်သည်။ ထိုသို့မဖြစ်ရလေအောင် ထိုလောင်စာဆီများနေရာတွင် ဇီဝလောင်စာဆီများကို အသုံးပြုပြီး လူတို့အတွက် အသက်အန္တရာယ် ဖြစ်နိုင်မှုကို လျှော့ချရန်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။[၄၈] အဆိုပါအစီအစဉ်ကို အသေးစား ခွင့်ပြုမှု အစီအစဉ်တစ်ရပ်အနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန အီရန်နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (SGP / GEF / UNDP မှ) ရုံးက ထောက်ခံခဲ့သည်။[၄၉]

နေရောင်ခြည်စွမ်းအင်

[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ ထူးခြားသော ပထဝီအနေအထားသည် တိုင်းပြည်၏ ၉၀% မှာတစ်နှစ်တွင် ၃၀၀ ရက်သည် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရန် လုံလောက်သော နေရောင်ရှိသည်။ အီရန် PressTV ၏အဆိုအရ နေ့စဉ်နေ့တိုင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်ရောင်ခြည်၏ တစ်စတုရန်းမီတာလျှင် ၅၂၀ ဝပ်နာရီ ရှိ၏။[၅၀] အခြားအရင်းအမြစ်များ စတုရန်းမီတာလျှင် ၂၂၀၀ကီလိုဝပ်နာရီ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်ရောင်ခြည်၏ပျမ်းမျှဖြစ်သည်။[၅၁] နေရောင်ခြည်စွမ်းအင်မှ ထုတ်လုပ်လိုက်သောစွမ်းအင်သည် ၂၀၀၅ ခုနှစ် ၅၃ မဂ္ဂါဝပ်နှင့် ၂၀၁၁ ခုနှစ်တွင် ၆၇ မဂ္ဂါဝပ်အထိ ရောက်ရှိခဲ့သည်။[၅၀]

အီရန်၏ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းသည် ၂၀ မှ ၃၀ ဂီဂါဝပ်အထိရှိသည်။ ထိုအနေအထားသည် နိုင်ငံ၏လိုအပ်သော စွမ်းအင်တစ်ဝက် ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အီရန်သည် စွမ်းအင်ထုတ်လုပ်နိုင်စွမ်းရှိသော လေတာဘိုင်တိုင်ပေါင်း ၁၆၃ ခုကို စိုက်ထူခဲ့သည်။ ထိုမှ ၉၂၄၇၀ ကီလိုဝပ်နာရီ စွမ်းအင်အထွက်နှုန်းရှိခဲ့သည်။ ဆာဒီးဒ် စက်မှုအဖွဲ့သည် ၎င်းအချင်းအရာနှင့်ပတ်သက်ပြီး ပြည်တွင်း၌ အကောင်းဆုံးစွမ်းဆောင်နိုင်သူတစ်ဦးအဖြစ် ကျော်ကြားလာခဲ့လေသည်။ အိန္ဒိယနိုင်ငံ၏ Sulzon စွမ်းအင်နှင့်ဂျာမနီနိုင်ငံ၏ Siemens လည်း အီရန်လေတိုက်တာဘိုင်များအား ပံ့ပိုးပေးရန် အလားအလာရှိကြသည်။[၄၇]

ဘူမိအပူစွမ်းအင်

[ပြင်ဆင်ရန်]

အီရန်သည်အကြီးဆုံး ၉ ဦးမြောက် ဘူမိစွမ်းအင်ထုတ်လုပ်သူ ဖြစ်လာနိုင်ရန် အလားအလာရှိထားသည်။[၅၀] ကမ္ဘာလုံးဆိုင်ရာအဆိုအရ အီရန်အပေါ် အချို့သော ဖြစ်ရပ်ဆန်းများ သက်ရောက်မှုရှိနေသည်။ ကမ္ဘာ့မြေဆီလွှာ အပေါ်ယံ ဖွဲ့စည်းမှုအရ အီရန်၏အလယ်ဗဟိုမြေဆီလွှာဖြစ်သော အာရေဗီယမ် အပေါ်ယံမြေဆီလွှာများလှုပ်ရှားမှု (အထက်အောက်) အချို့သည် အီရန်ကို သက်ရောက်မှုရှိနေသည်။ ထိုသို့ဖြစ်သည်ဟု ယုံကြည်ရသော အချက်နှစ်ချက်ရှိ၏။ တစ်ချက်မှာ တောင်ဘက် ကက်စပီယံပင်လယ်မှ နိမ့်ကျလာမှုနှင့် အခြားတစ်ချက်မှာ အီရန်မြောက်ပိုင်းနှင့် ကဖ်ကားဇ်နယ်မြေတို့မှ မြေဆီလွှာအက်ကွဲပြီး ကျိုးပျက်ခြင်းကြောင့်ဟု ယူဆကြသည်။ အီရန် အနောက်မြောက်ပိုင်းသည် ထိုသို့ဖြစ်နိုင်ချေပိုများသည်။ Mt. Sabalan နှင့် Mt.Sahand တို့သည် ဤဒေသရှိ လေးပွင့်ဆိုင် မီးတောင်များအဖြစ် တည်ရှိနေကြသည်။ Sabalan မီးတောင်သည် ပိုမိုကြီးမားပြီး အလွန်မြင့်မားသော တောင်ထိပ်များဖြစ်သည့် စူလ်သွားန်(၄၈၁၁ မီတာ) ဟေရာမ်း(၄၆၁၂ မီတာ) ကစ်ရာ(၄၅၇၃မီတာ) တို့ဖြင့် ဖွဲ့စည်းထားလေသည်။ နောက်ဆုံးအခြေအနေအရ ကမ္ဘာ့သက်တမ်းရင့် မြေဆီလွှာများသည် အရှေ့မြောက်နှင့် အနောက်တောင်ဘက် သို့ဦးတည်ပြီး မြေဆီလွှာများ မြင့်တက်လာမှုသည် မီးတောင်ရှည်ကို ဖြစ်ပေါ်စေသည်။ ၄၀၀ မီတာအမြင့်မှ ၁၂ ကီလိုမီတာအချင်းရှိသည့် မြေဆီလွှာတိုက်စားနိမ့်ကျမှုသည် မီးတောင်များကို ပေါက်ကွဲပြိုစေသည်။ စီးကျနေသော ချော်ရည်များအတွင်း ပုံသွင်းပြီးသားကျောက်ဆိုင် ကျောက်သားများ၊ ဓာတ်သတ္တုဖွဲ့စည်းပြီးသော ကျောက်ဆိုင်ကျောက်သားများသည်လည်း ပါဝင်စီးဆင်းလာသည်။ ထိုမှ အပူချိန် ၂၅-၈၅၀ စင်တီဂရိတ်ရှိသည့် ရေပူစမ်း ၉ ခုကို ဖြစ်စေသည်။

စာရင်းဇယား

[ပြင်ဆင်ရန်]

အရင်းအမြစ်: CIA factbook 3 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ပထမစွမ်းအင်လိုအပ်မှု

[ပြင်ဆင်ရန်]
  • ဓာတ်ငွေ့: ၅၅% (၂၀၀၈)[၅၂]
  • ရေနံ: ၄၂% (၂၀၀၈)
  • ရေအားလျှပ်စစ်: ၂% (၂၀၀၈)

လျှပ်စစ်

[ပြင်ဆင်ရန်]
  • ထုတ်လုပ်မှု: ၂၂၀။၃ ဘီလီယံကီလိုဝပ် (၂၀၁၁)[၅၃]
  • သုံးစွဲမှု: ၁၈၂။၇ ဘီလီယံကီလိုဝပ် (၂၀၁၀)
  • တင်ပို့: ၆။၇၀၇ ဘီလီယံကီလိုဝပ် (၂၀၁၀)
  • တင်သွင်း: ၃။၀၁၅ ဘီလီယံကီလိုဝပ် (၂၀၁၀)

လျှပ်စစ်ဓာတ်အား –ရင်းမြစ်အလိုက် ထုတ်လုပ်မှု

[ပြင်ဆင်ရန်]
  • ထုတ်လုပ်မှု: ၃,၅၈၉,၀၀၀ barrels per day (၅၇၀,၆၀၀ cubic metres per day) (၂၀၁၂)[၅၄]
  • စားသုံးမှု: ၁,၇၅၅,၀၀၀ barrels per day (၂၇၉,၀၀၀ cubic metres per day) (၂၀၀၈) (မျှော်လင့်ထားသည့်အတိုး ၁၀%နှစ်စဉ်နှစ်တိုင်း ၂၀၀၆ ခုနှစ်)
  • ပို့ကုန်: ၂,၃၇၇,၀၀၀ barrels per day (၃၇၇,၉၀၀ cubic metres per day) (၂၀၁၀)
  • သွင်းကုန်: ၁၅၆,၀၀၀ barrels per day (၂၄,၈၀၀ cubic metres per day) (၂၀၁၀)
  • အရန်: ၁၅၄.၆ billion barrels (၂၄.၅၈ ဘီလီယံ ကုဗမီတာ) (၁ ဇန်နဝါရီ ၂၀၀၉ ခန့်မှန်း)

သဘာဝဓာတ်ငွေ့

[ပြင်ဆင်ရန်]
  • ထုတ်လုပ်မှု: ၁၅၁.၈ ဘီလီယံ ကုဗမီတာ(၂၀၁၁။)
  • စားသုံးမှု: ၁၄၄.၆ ဘီလီယံ ကုဗမီတာ (၂၀၁၀။)
  • ပို့ကုန်: ၉.၀၅ ဘီလီယံ ကုဗမီတာ (၂၀၁၁။)
  • တွင်းကုန်: ၁၀.၅၉ ဘီလီယံ ကုဗမီတာ (၂၀၁၁။)
  • အရန်: ၃၃.၆၁ ထရီလီယံ ကုဗမီတာ (၁ ဇန်နဝါရီ ၂၀၁၃။)

ထောက်ပံ့

[ပြင်ဆင်ရန်]
  • ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား အတွက် အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံ (၂၀၀၈)[၅၅]

ပတ်ဝန်းကျင်

[ပြင်ဆင်ရန်]
  • လူတစ်ဦးချင်းစီအတွက် CO2 ထုတ်လွှတ်မှု (တန်ချိန်): ၆၂၄.၉ သန်း Mt (၂၀၁၁ ခန့်မှန်း )
  • စွမ်းအင်အသုံးပြုမှုတစ်ယူနစ်ဂျီဒီပီ: ၄.၀ (၂၀၀၇)[၁၈]
  • လူတစ်ဦးချင်းစွမ်းအင်အသုံးပြုမှုကို (ရေနံနှင့်ညီမျှ၏ကီလိုဂရမ်) (ရေနံနှင့်ညီမျှ၏တစ်ကီလို ၂၀၀၅ PPP $): ၂၃၅၂ (၂၀၀၇)

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. CIA - The World Factbook Cia.gov။ 2012-10-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  2. 1 2 Archived copy 2013-08-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-06-23 တွင် ပြန်စစ်ပြီး။
  3. Energy Wastage In Iran Equals 6-7 Billion Dallars Per Year Payvand.com။ 15 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}.။ June 12, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 18, 2008 တွင် ပြန်စစ်ပြီး။
  5. Taghizadeh၊ Reza (2010-06-10)။ Sanctions And Iran's Achilles Heel Rferl.org။ 2012-02-05 တွင် ပြန်စစ်ပြီး။
  6. Iran domestic energy consumption equivalent to EU industries - Mehr News Agency[လင့်ခ်သေ]
  7. BBC News, “Iran Energy: Overview”, http://news.bbc.co.uk/1/hi/world/middle_east/4688984.stm, April 1, 2008.
  8. 1 2 3 4 EIA, “Iran’s Energy Data”, Archived copy 2009-04-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-04-07 တွင် ပြန်စစ်ပြီး။, April 1, 2008.
  9. Iran to build power plants in Ecuador Payvand.com။ 14 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  10. You must specify title = and url = when using {{cite web}}.။ December 4, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 26, 2008 တွင် ပြန်စစ်ပြီး။
  11. Robert Baer (2008)။ The Devil We Know: Dealing with the New Iranian Superpower။ Crown Publishers။ ISBN 978-0-307-40864-8
  12. دسترسی غیر مجاز
  13. IEA Key World Energy Statistics Statistics 2015 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2014 (2012R as in November 2015 5 April 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . + 2012 as in March 2014 is comparable to previous years statistical calculation criteria, 2013 2 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2012 9 March 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2011 27 October 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2010 11 October 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2009 7 October 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2006 12 October 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . IEA October, crude oil p.11, coal p. 13 gas p. 15
  14. PressTV:Iran invests $100b in oil industry in 4 years 30 June 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Retrieved July 14, 2009
  15. 1 2 3 BP Statistical Review of World Energy (PDF)။ 2013-08-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  16. http://www.opec.org/opec_web/static_files_project/media/downloads/publications/ASB2009.pdf
  17. Green Party of Iran - News Iran-e-sabz.org။ 9 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  18. 1 2 3 4 "Iran at a glance" (PDF)Development Economics, Development Data Group (DECDG).World Bank၊ 27 March 20092009-07-12 တွင် ပြန်စစ်ပြီး Cite has empty unknown parameters: |editors= နှင့် |coauthors= (အကူအညီ)
  19. Does US road to better relations with Iran pass through India?, The Christian Science Monitor, July 18, 2009
  20. Free publications 26 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2018 တွင် ပြန်စစ်ပြီး။
  21. EIA, Iran’s Energy Data 2009-04-02 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., April 1, 2008
  22. CIA - The World Factbook Cia.gov။ 9 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  23. Iran - U.S. Energy Information Administration (EIA)
  24. retrieved April 2, 2008. October 12, 2008, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  25. CIA - The World Factbook Cia.gov။ 2012-02-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  26. Iran Daily - National - 04/11/07 September 30, 2007, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  27. You must specify title = and url = when using {{cite web}}.။ May 21, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 24, 2009 တွင် ပြန်စစ်ပြီး။
  28. No Operation Presstv.com။ 6 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  29. You must specify title = and url = when using {{cite web}}.။ August 19, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 16, 2009 တွင် ပြန်စစ်ပြီး။
  30. No Operation Presstv.com။ 15 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  31. No Operation Presstv.com။ 6 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  32. Iran-Daily:Hydroelectric Power Generation Will Increase October 12, 2008, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  33. EIA, “Iran’s Energy Data”, Archived copy 2009-04-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-04-07 တွင် ပြန်စစ်ပြီး။, Retrieved April 2, 2008
  34. No Operation Presstv.com။ 27 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  35. International Journal of Water Resources Development; Mar2002, Vol. 18 Issue 1, p179-182, 4p
  36. Study on feasibility of establishing a wave power-plant in Persian Gulf Civilica.com။ 10 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  37. Suna။ مطالعه امکان سنجی و طراحی مفهومی نیروگاه بیوگاز ساوه سازمان انرژی های نو ایران Suna.org.ir။ 5 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  38. Tidal Power Unjobs.org (2003-11-13)။ 20 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  39. Study and calculation of extractable tidal power in south coastal zones of Iran Civilica.com။ 16 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  40. Solar Power Plants To Replace Fossil Fuel Zawya (2010-12-20)။ 17 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  41. Iran and Nuclear Energy Irvl.net။ 2010-12-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  42. PRIS.Contact-Point@iaea.org။ Power Reactor Details - BUSHEHR 1 Iaea.org။ 2010-08-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  43. PressTV - Iran exports 5.5 bn kWh of electricity Presstv.ir (2010-09-06)။ 4 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  44. Iran's nuclear program may have cost the country $500 billion or more - SFGate 16 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2018 တွင် ပြန်စစ်ပြီး။
  45. Iran to Account for 14.79% of MEA Power Generation by 2015: BMI Payvand.com။ 14 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  46. 1 2 3 Invest in Iran's renewable energy? Not so crazy. - CSMonitor.com
  47. 1 2 3 PressTV-Iran joins water turbine manufacturers club 26 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2018 တွင် ပြန်စစ်ပြီး။
  48. تفاهم نامه استفاده از سوخت های زیستی در اتوبوسرانی تهران امضا شد
  49. UNDP-GEF Small Grant Programme
  50. 1 2 3 PressTV 25 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2018 တွင် ပြန်စစ်ပြီး။
  51. Solar Power Plants To Replace Fossil Fuel Zawya (2010-12-20)။ 17 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-07 တွင် ပြန်စစ်ပြီး။
  52. You must specify title = and url = when using {{cite web}}.။ October 1, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 19, 2016 တွင် ပြန်စစ်ပြီး။
  53. IRAN YELLOW PAGES - Iranian infomation at your fingertip
  54. CIA - The World Factbook - Iran Cia.gov။ 2012-02-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  55. Iran Daily - Domestic Economy - 04/27/08 June 12, 2008, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .