နျူးကလီးယား ဓာတ်ပေါင်းဖို

ဝီကီပီးဒီးယား မှ
ဆွစ်ဇာလန်နိုင်ငံတွင် သုတေသန အတွက်သုံးသော အသေးစား နျူးကလီးယား ဓာတ်ပေါင်းဖို CROCUS ၏ ဗဟိုထု

နျူးကလီးယား ဓာတ်ပေါင်းဖို[ပြင်ဆင်ရန်]

နျူးကလီးယား ဓာတ်ပေါင်းဖို ဆိုသည်မှာ နျူကလီးယားထုတ်လုပ်ရာတွင် အသုံးပြုသော ပေါင်းဖိုကို ခေါ်သည်။ ဓာတ်ပေါင်းဖို အလုပ်လုပ်ပုံမှာ နျူကလီးယားပြိုကွဲခြင်း က ထွက်လာသည့် အပူနှင့် ရေနွေးငွေ့ ဖြစ်ပြီး၊ တာဘိုင်ကို မောင်းစေခြင်းဖြစ်သည်။ အတွေ့ရများသော ဓာတ်ပေါင်းဖိုများတွင် ပြည့်ဝယူရေနီယမ်လောင်စာတုံး များကိုသုံးသည်။ ဒင်္ဂါးပြားအရွယ် တစ်လက်မအရှည် အချောင်းလေးကို စုစည်းထားသည်။ လုံခြုံစွာ ကာရံထားသော ဖိအားမြင့်အခန်းအတွင်းတွင် ထည့်ထားသည်။ အအေးပေးရန် အတွက် ရေထဲတွင် မြှုပ်ထားရသည်။ အခြားအမျိုးအစားများတွင် ကာဗွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တု အရည်ကို သုံးပါသည်။