မာတိကာသို့ ခုန်သွားရန်

အိုးအဲယာမတောင်

ဝီကီပီးဒီးယား မှ
အိုအိနိုဆခလိုဏ်ခေါင်း၊ အိုးအဲယာမ

အိုးအဲယာမ (大枝山) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုတွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ခမဲအိုခမြို့နှင့် နိရှိခယောရပ်ကွက်တို့၏ နယ်နိမိတ်အကြားတွင် တည်ရှိသည်။ ဤတောင်ကို အိုးအဲယာမ 大江山 (Ōeyama) သို့မဟုတ် အိုးအိယာမ Ōiyama (大井山) ဟု ခေါ်ဆိုကြသည်။ အိုအိနိုဆခတောင်ကြားလမ်း (老ノ坂峠) သည် တောင်၏ မြောက်ဘက်တောင်စောင်းတွင် တည်ရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြို့တော်ကို ဟဲအိအန်ခယော (Heian-kyō)သို့ မပြောင်းရွှေ့မီက ဤလမ်ကြောင်းကို ယောဒိုမြစ်မှတဆင့် ဟဲအိဂျောခယောသို့ သွားရာလမ်းအဖြစ် အသုံးပြုခဲ့သည်။ ဟဲအိအန်ခယောမှ ဆန်းအင်းဒိုးလမ်းကို အသုံးပြုကြသည့်သူများသည် အိုအဲနိုတောင်စောင်းတွင် တည်ရှိသည့် အိုအဲနိုဆဲခိ (အိုအဲဂိတ်) ကို ဖြတ်သန်းသွားကြရသည်။ ၎င်းဂိတ်သည် ယာမရှိရိုနယ်နှင့် တန်းဘနယ်များအကြားတွင် တည်ရှိသည်။ စစ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးအရ ဗျူဟာကျနေရာတွင် တည်ရှိသည့်အတွက် ဂျောဝဖြစ်ရများနှင့် ဟိုးဂန်းပုန်ကြွမှုများကဲ့သို့သော ဖြစ်ရများသည် ဤနေရာတွင် ဖြစ်ပွားခဲ့သည်။ ဤနေရာကို ကျော်ကြားသည့် စစ်ခေါင်းဆောင်များ ဖြတ်သန်းအသုံးပြုခဲ့သည့်အတွက်လည်း ထင်ရှားသည်။ မိနမိုတိုနိုယောရှိဆွတ်နဲ၊ အရှိခဂတခအုဂျိ စသည့်သူများသည် ရိုဟုဟရတန်းဒိုင်းကို တိုက်ခိုက်စဉ်နှင့် အခဲချိမိဆွတ်ဟိဒဲသည် တိုက်ပွဲသို့သွားရာလမ်းများတွင် ဤလမ်းကြောင်းကို အသုံးပြုခဲ့ကြသည်ဟု ဆိုကြသည်။

ကိုးကား

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 34°58′49″N 135°38′26″E / 34.98028°N 135.64056°E / 34.98028; 135.64056