အားမျိုး ၈-ပါး

ဝီကီပီးဒီးယား မှ

အားမျိုး ၈-ပါး။

  • (၁) ရုဏ္ဏဗလာ ဒါရကာ - သူငယ်တို့အားကား ငိုခြင်း၊
  • (၂) ကောဓဗလာ မာတုဂါမာ - မိန်းမတို့အားကား အမျက်ထွက်၊ စိတ်ဆိုးငိုတတ်ခြင်း၊
  • (၃) အာဝုဓဗလာ စောရာ - ခိုးသူ ဓားပြတို့အားကား လက်နက်
  • (၄) ဣဿရိယဗလာ ရာဇာနော - ဘုရင်မင်းတို့အားကား အစိုးရခြင်း၊
  • (၅) ဥဇ္ဈတ္တိဗလာ ဗာလာ - သူမိုက်တို့အားကား မြော်မြင်လွတ်ကင်း ကဲ့ရဲ့ခြင်း၊
  • (၆) နဇ္ဈတ္တိဗလာ ပဏ္ဍိတာ - ပညာရှိတို့အားကား မြော်မြင်ရှုစားသတိထားခြင်း၊
  • (၇) သဋိသင်္ခါနဗလာ ဗဟုဿုတာ - အကြားအမြင်များသောပုဂ္ဂိုလ်တို့၏ အင်အားကား အရာရာ၌ ကောင်းစွာဆင်ခြင်ခြင်း၊
  • (၈) ခန္တီဗလာ သမဏ ဗြာဟ္မဏ - ရသေ့ရဟန်းတို့၏အင်အားကား သည်းခံခြင်း။

မှတ်ချက်။ ။ ပါဠိတော်၌ အမြတ်ဆုံးသောသည်းခံခြင်း ခန္တီအားသည် ရှစ်ခုမြောက်ဖြစ်၏၊ ၎င်းကိုရည်၍ပါရမီခန်း၌ ပရမံ တပေါ်၊ ခန္တီကျော်ဟု၊ သူတော်အကျင့်၊ အားရှစ်ဆင့် ဟုစပ်ဆိုထား‌လေပြီ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း