အားမနာလိုက်လေခြင်း

ဝီကီပီးဒီးယား မှ

အားမနာလိုက်လေခြင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အားမနာလိုက်လေခြင်း[ပြင်ဆင်ရန်]

ခက်ထန်ထန်မျက်မာန်ဖိလို့၊ ဣတ္ထိတတွေခိုလို့၊ မရှေလို အူတိုမျိုးဟာမို့ ၊ ဆိုရိုးကို သက်သေပြခဲ့မယ်၊ သည်ညရုပ်စုံနွှဲရလို့၊ မစဲပေါင်ခုတင်ကသာပ၊ ပွဲရန်စကိုတွေ့ကြုံ။

ယောက်ျားမတန်ဘု၊ မောက်လွှားဟန်ကြွားမာန်တက်လို့၊ ရန်ဘက်လို ပြောဆိုကြပါဘိ၊ ဒေါသခက်ပုံ။

လူကြီးတွေ ကြိမ်ရမထာနှင့်၊ လိမ္မအောင် နှိမ်ကာပြတော့မှ၊ အာဃာတ ငြိမ်ပြေကုန်၊ စင်ရုပ်စုံရှုရင်း။

ကိုကျော်လှတင်္ခနုပ်ကယ်နှင့်၊ သရုပ်ကယ်တူအောင်ဆိုခဲ့မယ်၊ တရုတ်လို ပေါင်ဖြူဖြူနှင့်၊ မငြိမ်သိမ်ကြဘူး၊ ထမိန်ကိုမြှောက်ကာ ပိုက်တဲ့ပြင်၊ အများသတ္တဝါကို၊ အားမနာလိုက်လေခြင်း၊ မကောင်းပေါင် ခါးတောင်းတောင် ကျိုက်ကြတယ်၊ ကျောင်းတိုက်အတွင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကြိမ်ရမထာ = ရမထာကြိမ်မျိုး။

၂။ အာဃာတ = စွဲလမ်းသော အမျက်ဒေါသ။

၃။ တင်္ခနုပ် = တင်္ခဏုပတ္တိဉာဏ်၊ လျင်မြန်သောဉာဏ်။

၄။ သရုပ် = ဖြစ်ပုံဖြစ်နည်း အခြေအနေ။

၅။ ဘလောင်ဆူ = ဆူပူခြင်း။

၆။ ထမိန် = ထဘီ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။