အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | အာဖဂန်နစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ |
စတင်အသုံးပြုခြင်း | ၂၀၁၃ |
အရံများ | ဂျုံ |
ဆောင်ပုဒ် | لَا إِلٰهَ إِلَّا ٱلله مُحَمَّدٌ رَسُولُ ٱلله (shahada) |
အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် ၂၀ ရာစုအစပိုင်းမှစ၍ အာဖဂန်နစ္စတန်နိုင်ငံ၏ အလံပေါ်တွင် ပါဝင်လာခဲ့သည်။ အထိမ်းအမှတ်တံဆိပ်၏ နောက်ဆုံးသော ပုံတွင် အာရပ်ဘာသာစကားဖြင့် Shahada ကို ရေးထိုးထားသည်။ ထိုစာသား၏ အောက်တွင် မုခ်ပေါက်(Mihrab)နှင့် တရားဟောစင်မြင့်(Minbar) တို့ပါဝင်သော ဗလီပုံပါရှိသည်။[၁] ဗလီကိုတွဲလျက် အာဖဂန်နစ္စတန်နိုင်ငံ၏ အလံကို လွှင့်ထူထားသည်။ ဗလီ၏ အောက်၌ ရေးထိုးထားသောစာမှာ နိုင်ငံ၏ အမည်ဖြစ်သည်။ ဗလီအား ဂျုံနှံတို့ဖြင့် ဝန်းရံထားပြီး ၎င်းအောက်တွင် ဗြိတိသျှလက်အောက်မှ အာဖဂန်နစ္စတန်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ခုနှစ်ဖြစ်သော ဟိုက်ဂျရီနေပြက္ခဒိန်နှစ် ၁၂၉၈ ခုနှစ် (ဂရီဂေါရီးယန်းပြက္ခဒိန်၌ ၁၉၁၉ ခုနှစ်)ကို ရေးထိုးထားသည်။
သမိုင်းတွင်အသုံးပြုခဲ့သော တံဆိပ်များ[ပြင်ဆင်ရန်]
အာဖဂန်နစ္စတန် အစ္စလာမ်နိုင်ငံ (၁၉၉၂–၂၀၀၂၊ ကုလသမဂ္ဂ)မှ အသိအမှတ်ပြု)
အာဖဂန်နစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ (၂၀၀၄–၂၀၁၃)
ဆက်လက်ကြည့်ရှုရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Constitution of Afghanistan, Article 19 http://www.afghanembassy.com.pl/afg/images/pliki/TheConstitution.pdf