အာဒမ်ရယ် ဧဝရယ် ဒသရယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ်
အာဒမ်ရယ် ဧဝရယ် ဒဿရယ်
ဇာတ်ကားအမည် အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ်
စတင် ပြသသည့်နေ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ရက်နေ့
ဒါရိုက်တာ ဝိုင်း (Own Creator)
ထုတ်လုပ်သူ Heart & Soul ဗီဒီယို ထုတ်လုပ်ရေး
ဝတ္ထု ပုညခင်
ဘာသာစကား Flag of Myanmar.svg မြန်မာ
အဓိက သရုပ်ဆောင်များ ပြေတီဦးသက်မွန်မြင့်စိုင်းစိုင်းခမ်းလှိုင်

အာဒမ်ရယ် ဧဝရယ် ဒဿရယ် ဇာတ်ကား သည် Heart & Soul ဗီဒီယို ထုတ်လုပ်ရေးမှ ဖြန့်ချိလိုက်သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။၎င်းသည် ပုညခင်၏ အချစ် သို့ ဝင်္ကဘာ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ပြန်လည် ဇာတ်ညွှန်းရေး ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိက သရုပ်ဆောင်များအဖြစ် ပြေတီဦးစိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ပါဝင်သည်။ ဇာတ်ကားကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိသည်။ ၂၀၁၁ စက်တင်ဘာလ ၄ရက်နေ့တွင် စင်္ကာပူ၊ ၂၀၁၁ နိုဝင်ဘာ ၁၉နှင့်၂၀တို့တွင် အမေရိကန်ပြည်ထောင်စုတို့၌ နိုင်ငံခြား ပရိုမိုးရှင်းပွဲများ အဖြစ်ပြသခဲ့သည်။ ဤဇာတ်ကားကို ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့မှ ၁၆ရက်နေ့ အထိ ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံ၌ အကယ်ဒမီရသည့် အထိန်းအမှတ်အဖြင့်လည်းကောင်း၊ ချစ်သူများနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း ပြန်လည်ပြသခဲ့ပြီး သရုပ်ဆောင်များဖြစ်သော ပြေတီဦးသက်မွန်မြင့်စိုင်းစိုင်းခမ်းလှိုင်တို့လည်း ပရိတ်သတ်များဖြင့် တွေ့ဆုံခဲ့ကြသည်။

သရုပ်ဆောင်များ[ပြင်​ဆင်​ရန်​]

ရရှိခဲ့သောဆုများ[ပြင်​ဆင်​ရန်​]

၂၀၁၂ ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ ဤဇာတ်ကားသည် အကယ်ဒမီ ဆု ၃ဆု ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို ဒသ အဖြစ် သရုပ်ဆောင်ခဲ့သော ပြေတီဦးမှ လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဧဝအဖြစ်သရုပ်ဆောင်ခဲ့သော သက်မွန်မြင့်မှ လည်းကောင်းတို့နှင့် အကောင်းဆုံး ဇာတ်ကားဆုတို့ ဖြစ်ပါသည်။