အာဇာနည်ခြောက်မျိုး
ပုံပန်းသွင်ပြင်
အာဇာနည်များ၊ မျိုး ၆-ပါး။ မကြောက်မရွံ့ မတွန့်မဆုတ်ဘဲ ကြောင်းကျိုးဟုတ်မှန်ကိုဝေဖန်တတ်သော ပုဂ္ဂိုလ်သတ္တဝါ ၆-မျိုး၊
- (၁) သီဟ - ခြင်္သေ့ အာဇာနည်မျိုး၊
- (၂) ဟတ္တာဇာနေယျ - ဆင် အာဇာနည်မျိုး၊
- (၃) အဿာဇာနေယျ - မြင်း အာဇာနည်မျိုး၊
- (၄) ဥသဘာဇာနေယျ - နွားလားအာဇာနည်မျိုး၊
- (၅) ပုရိသာ ဇာနေယျ - ယောက်ျားအာဇာနည်မျိုး၊
- (၆) ခီဏာသဝ - ရဟန္တာပုဂ္ဂိုလ်။
မှတ်ချက်။ နံပါတ် ၆၊ ရဟန္တာပုဂ္ဂိုလ်တို့သည် ကိလေသာကင်းစင်သောကြောင့် မရွံ့မကြောက် ရဲရင့်ကြ၏။ ကျန် ၅-ယောက်တို့အား အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ လွန်ကဲ အားကြီးသောကြောင့် ကြောက်ရွံ့ခြင်းကင်းကြကုန်၏ဟုမှတ်ရာသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း