အသူရိန်စိုး (ပန်းချီ)
ပုံပန်းသွင်ပြင်
မြန်မာပန်းချီဆရာတစ်ဦးဖြစ်သူ ပန်းချီအသူရိန်စိုးကို (၁၉၉၃)ခုနှစ်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်ပန်းချီပန်းပုကျောင်းမှ ပန်းချီအောင်လက်မှတ် ရရှိခဲ့သည်။
ပန်းချီပညာကို ပန်းချီကျော်သူရိန်၊ ပန်းချီမောင်ဦး၊ ပန်းချီဝင်းတင်၊ ပန်းချီဝင်းဖေမြင့်၊ ပန်းချီမြင့်နိုင်တို့ထံတွင် သင် ကြားခဲ့သည်။ (၂၀၁၃)ခုနှစ်မှ စတင်၍ အုပ်စုလိုက် ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သည်။
ပြည်ပပန်းချီပြပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သော အာရှ ကျောင်းသားများနှင့် လူငယ်ပန်းချီဆရာများ အနုပညာပွဲတော် ၂၀၁၇ ပြပွဲ တွင် ပါဝင်ပြသခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ 8 Watercolour art Exhibition 2018 ပြပွဲကတ်တလောက်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |