အသုံးပြုသူ ဆွေးနွေးချက်:Thethtar Batheintin

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားမှ ကြိုဆိုပါ၏![ပြင်ဆင်ရန်]

မြန်မာဝီကီပီးဒီးယားမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ မိတ်ဆွေ စိတ်ပါဝင်စားရာ ကဏ္ဍတွင် ပါဝင်၍ ဆောင်းပါး ရေးသားနိုင်ပါတယ်။

မင်္ဂလာပါ Thethtar Batheintin။ ဝီကီပီးဒီးယားမှ ကြိုဆိုပါတယ်။ ဝီကီရဲ့ လမ်းစဉ်ငါးရပ်ကို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

  • အကူအညီလိုရင် ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်မှာ ဒါမှမဟုတ် Facebook ထဲက ဝီကီအဖွဲ့ရဲ့စာမျက်နှာ မှာ ဝင်ရောက်မေးမြန်း ဆွေးနွေးနိုင်ပါတယ်။
  • ဝီကီပီးဒီးယား ရေးသားဟန်အကျဉ်းချုပ်ကို သိနိုင်ဖို့ ကျူတိုရီရယ် မှာ လေ့လာနိုင်ပါတယ်။
  • ဝီကီဘယ်လိုစသုံးရမယ်ဆိုတာကိုတော့ တည်းဖြတ်နည်း စာမျက်နှာမှာ ကြည့်ပါ။ တည်းဖြတ်ခြင်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာချင်တယ် ဆိုရင်တော့ ဒီစာမျက်နှာကို ဖတ်ကြည့်ပါ။
  • စမ်းသပ်ကြည့်ချင်တယ်ဆိုရင် ဒီစာမျက်နှာကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို စမ်းသပ်နိုင်ပါတယ်။
  • ဆောင်းပါးသစ်တစ်ပုဒ် စတင်ရေးသားချင်တယ်ဆိုရင် သင်၏ ပထမဆုံးဆောင်းပါး စာမျက်နှာကို ဖတ်ကြည့်ပါ။
  • ဝီကီနဲ့ပတ်သက်ပြီး မေးမြန်းစရာတွေ ရှိတယ်ဆိုရင် ဒီနေရာမှာ မေးမြန်းနိုင်ပါတယ်။
  • ယူနီကုဒ်ဖောင့် သွင်းဖို့ အခက်အခဲရှိရင် ဒီမှာ ကြည့်ပါ။
  • ဘာကီးဘုတ် သုံးရမလဲ မသိရင် ဒီမှာ ကြည့်ပါ။


ဝီကီမှာ အပီအပြင်ပျော်ရွှင်ပါစေဗျား။ (ဝီကီရောင်းရင်းများ)


Welcome to Myanmar Wikipedia! I hope you enjoy improving and editing this Wikipedia project. These pages are especially useful for those who are literate in Burmese. However, even experienced Wikipedians who don't know any Burmese have helped out with other things, like 'Interwikis' and updating images from Commons, etc. So don't be afraid to improve the wiki any way you can! Remember, someone else can always come later and fix any changes you make that are not perfect. Thank you.

Dr Lotus Black (ဆွေးနွေး) ၀၀:၃၈၊ ၇ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

Speedy deletion of File:Tmp 8265-လွမ်းကြပါတော့ရဲဘော်တို့ရေ (insert photos)1045458101.pdf[ပြင်ဆင်ရန်]

File Copyright problem
File Copyright problem

The File File:Tmp 8265-လွမ်းကြပါတော့ရဲဘော်တို့ရေ (insert photos)1045458101.pdf that you had recently uploaded is been speedily deleted from Wikipedia. This has been done under section F10 of the criteria for speedy deletion because it is not an image, sound or video file and does not appear to have any encyclopedic use. And the file also appears to consist of writings, information, discussions, and/or activities not closely related to Wikipedia's goals. Please note that Wikipedia is not a free Web hosting service. Under the criteria for speedy deletion, such files may be deleted at any time. Thank you. NinjaStrikers «» ၀၄:၄၁၊ ၇ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ယနေ့ထိခေါင်းဆောင်ကြီး"သခင်ဗသိန်းတင်အားသတိတရအောက်မေ့ဆဲပင်။ "ဝင်းတင့်ထွန်းမှ" အစဥ္မေမ့ႀကေ...[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူ နစ်ပါတီ၏နောက်ဆုံးဥက္ကဌကြီးသခင်ဗသိန်းတင်သည်ပါတီ၏ဥက္ကဌအဖြစ်တာဝန်မယူမီဗမာပြည် ကွန်မြူ နစ်ပါတီ(အလံနီ) စတင်ဖွဲ့စည်းသည့်အချိန်ကတည်းကပါတီ၏ဒု-ဥက္ကဌအဖြစ်အပြင်ပါတီ၏အဝေးရောက် ကော်မတီတွင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။အရိုးကြေကြေအရေခမ်းခမ်းတာဝန်ထမ်းခဲ့သည်။ဖက်ဆစ်ဂျပန်တော် လှန်ရေးတွင်တနသာင်္ရီတိုင်းမှတာဝန်ယူတိုက်ပွဲဝင်ခဲ့ပြီး"တို့ဗမာအစည်းအရုံးဝင်သခင်တစ်ဦးလည်းဖြစ်သည်။အယူ ဝါဒလမ်းစဉ်မတူညီသဖြင့်လက်နှက်ကိုင်တောခိုခဲ့သည်။ကိုယ်ကျင့်သိက္ခာဖြောင့်မတ်တည်ကြည်၍ ခေါင်း ဆောင်ကောင်းတစ်ဦး၏အရည်အချင်းနှင့်ပြီးပြည့်စုံသည်။နောက်ပိုင်းတွင်ခေတ်စံနစ်၏အလှည့်အပြောင်းတွင်ပါတီ တွင်းသပ်လျှိသွေးခဲမှုကြောင့်မြန်မာနိုင်ငံ၏သမိုင်းတွင်မပါမဖြစ်အစဉ်အလာကြီးမားခဲ့သော"ဗမာပြည်ကွန်မြူ နစ်ပါတီ" သည်ကျဆုံးမှေးမှိန်ခဲ့ရသည်။ယနေ့ထိခေါင်းဆောင်ကြီး"သခင်ဗသိန်းတင်အားသတိတရအောက်မေ့ဆဲပင်။ "ဝင်းတင့်ထွန်းမှ" အစဉ်မမေ့ကြစေရန် "လွမ်းကြပါတော့ရဲဘော်တို့ရေ" ဟုဖြစ်ရပ်မှန်များကိုအခြေခံကာ "ကဗျာရှည် တစ်ပုဒ်"ချယ်မှုန်းခဲ့ပါသည်။ဖတ်ရှုရင်းရင်နှငိ့အမျှ ခံစားရမှုကို မြေးဖြစ်သူ "သက်ထားဗသိန်းတင်" မှမျှဝေပါသည်။

လွမ်းကြပါတော့ရဲဘော်တို့ရေ (ဗမာပြည်ကွန်မြူ နစ်ပါတီ၏နောက်ဆုံးဥက္ကဌကြီး'သခင်ဗသိန်းတင်")


(၁)

ရဲဘော်တို့

မိတ်ဆွေတို့

ပြည်သူလူထုအပေါင်းတို့

စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော်

သံလွင်ပေါ်ကနေ ဧရာဝတီ

ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း

မြစ်ရိုး၊ ချောင်းဖျား

လျှိုကြား၊ မြောင်ကြား

တောကြား၊ လယ်ကွင်း

အိမ်တွင်း၊ တဲတွင်း

ဆားကျင်း၊ သတ္တုတွင်း

မိုင်းတွင်းတွေထဲ

လူထုထဲအနှံ့

ဖြန့်ကျက်လိုက်တဲ့ အသံ

ထားဝယ်သံ သြသြကြီးနဲ့

ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း

ပဌမဆုံးသော

ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ

မြရာတောလယ် ကြွေခ

ကြယ်စင်မြများကို အလေးပြုရင်း

အရှင်းလင်းဆုံး ဖော်ပြ

အလယ်ရိုးမရဲ့ ဗဟိုချက်

ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ

တော်လှန်တဲ့ သမိုင်းကြောင်း

သွေးသစ်လောင်း နှိုးဆော်

ရဲဘော်တို့

ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ

တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ

ဘယ်နေရာရောက်ရောက်

ဘယ်တော့မှ ဒူးမထောက်ရဘူး

ဒူးမထောက်ရဘူး

ဒူးမထောက်ရဘူးတဲ့

ရင်ထဲကိုစူးဝင်

နားဆင်လိုက်ရ

ဘယ်တော့မှ မမေ့စရာ

ဒါ

ဥက္ကဋ္ဌကြီးရဲ့အသံ

ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။


ပဌမဆုံးအကြိမ်က

ကျနော်အသက်က ဆယ့်သုံးလေးနှစ်

၁၉၆၇ ခုနှစ်

ဗမာပြည်မှာ ဆန်ပြဿနာ စပေါ်တဲ့နှစ်

တရုတ်ဗမာ အရေးအခင်းဖော်တဲ့နှစ်

ပီကင်းအသံ လေလှိုင်းကြားက

ဥက္ကဋ္ဌကြီးရဲ့ စကားပြောသံ

သာမန်အလယ်တန်းကျောင်းသားလေးအဖြစ်

လှစ်ကနဲ တဝက်တပြက်

လျှပ်တပြက် ကြားဖူးတယ်။


၁၉၈၁

မင်းရန်အောင်ထိုးစစ် ပြီးတဲ့နောက်ပိုင်း

တတိုင်းပြည်လုံးသို့ ရှင်းပြချက်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ဇာတ်ကြောင်း

ပြည်သူအပေါင်းသို့ တင်ပြချက်

သမိုင်းစာမျက်နှာထက် တင်ထားရမယ့်

ဗမာပြည်မှာ -

ပါတီစုံဒီမိုကရေစီ ကျင့်သုံးရေး

ပြည်တွင်းစစ်ရပ်စဲရေး

အမျိုးသားသွေးစည်းညီညွတ်ရေး တောင်းဆိုသံ

အမိနိုင်ငံရဲ့ရှေ့ရေး မျှော်တွေးထောက်ရှု

လူထုအကျိုးစီးပွားဘက်က

ထာဝရရပ်တည်ရင်း ရှင်းလင်းမြွက်ဟ

ဥက္ကဋ္ဌကြီးရဲ့ စကားသံ၊ ပြည်သူ့အသံနားထောင်ရင်း

အမှောင်တွင်းကနေ ကြားရ

ဒါ တတိယအကြိမ်မြောက်ပါ။


၁၉၈၉

မုတ်သုန်မိုးက သည်းထန်ဆဲ

စစ်ဘီလူးသရဲများရဲ့ ကောင်းမှုနဲ့

၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း

ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင်ကြီးများရဲ့

လူထုလှုပ်ရှားမှု ဒီရေအပေါ် အကဲဖြတ်ချက်

လေးလေးနက်နက် ဆွေးနွေးနေဟန်

အပြန်အလှန် ပြောနေကြပုံတွေ

ဗီဒီယိုအခွေကနေ ကြည့်ရရင်း

ကြယ်နီဦးထုပ်တဝင်းဝင်းနဲ့ ဥက္ကဋ္ဌ

ခပ်ဖွဖွပြုံးပြီးပြော

ကိုယ့်ကိုများ ပြောလိုက်သလားထင်ရ …

ကျနော်တို့ရဲဘော်တွေက

လက်ဝဲကျလိုက်တာ၊ မဆလ ထဲဝင်လုပ်ခိုင်း

အလုပ်လုပ်ခိုင်းရင်၊ မလုပ်ချင်ကြဘူးတဲ့

ရေရှည်အမြင်နဲ့တော်လှန်ရေး

အလေးပေးဖွင့်ဟ

ဥက္ကဋ္ဌကြီးရဲ့ စကားသံ

စတုတ္ထမ္ပိကြားဖူးတယ်။


ဥက္ကဋ္ဌကြီးကို ကျနော်ဟာ

တခါမှ မတွေ့ဖူးပါ

ဒါပေမဲ့ သိနေတယ်

ဥက္ကဋ္ဌကြီးနဲ့ ကျနော်ဟာ

တခါမှ စကားမပြောဖူးပါ

ဒါပေမဲ့ ကြားနေတယ်။


(၂)

သခင်ဗသိန်းတင်ဆိုတာ

တို့ဗမာအစည်းအရုံးဝင်

သခင်တယောက်အဖြစ်ကနေ

ဥရောပတစ္ဆေကြီးရဲ့ ဝိဉာဉ်ကို

သခင်အောင်ဆန်း၊ သခင်သန်းထွန်း

သခင်ဗဟိန်းတို့နဲ့အတူတူ

ဂုဏ်ယူစွာပူးကပ်

ကြီးမြတ်တဲ့ပါတီ

စတင်တည်ခဲ့တဲ့သူတွေထဲ

မျိုးစေ့ကြဲသူတယောက်အဖြစ် စာရင်းထိုး

မော်ကွန်းထိုးရမယ့် ပုဂ္ဂိုလ်တဦးပါ…


မြေအောက်ပါတီအဖြစ်

အကျစ်လျစ်ဆုံးတည်ဆောက်

အပြောင်မြောက်ဆုံးဖွဲ့စည်း

ဘုံခရီးကို ချီတက်ရင်း

ဆင်းရဲချို့ငဲ့

ပစ္စည်းမဲ့တို့ရဲ့အကျိုး

သယ်ပိုးရှေ့ဆောင်

အမှောင်ထဲက ကြယ်နီ

အမိပြည်ရဲ့ လွတ်လပ်ရေး

နယ်ချဲ့ဆန့်ကျင်ရေးတာဝန်

ကျေကျေပြွန်ပြွန် ထမ်းခဲ့တယ်။


တကမ္ဘာလုံး

အုန်းအုန်းကျွက်ကျွက်ဖြစ်ရ

ဖက်ဆစ်ဝါဒခေါင်းထောင်

မာန်တစောင်စောင်နဲ့ပေါ်လာ

ချိန်ဘာလိန်တို့ လေပြေထိုး

အရိုးအရင်းတွေ ချကျွေးပစ်

မြူးနစ်စာချုပ်တွေ ချုပ်နေစဉ်

ဒီမီထရော့ အစီရင်ခံစာ

ဗမာပြည်ကွန်မြူနစ်များနားလည်

နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာက

ဝင်လာတဲ့ဂျပန်ဖက်ဆစ်

ဘီလူးအသစ်တွေကိုလည်း မောင်းထုတ်ရေး

ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွှဲ

ရဲရဲရင့်ရင့် သမိုင်းကြောင်း

သွေးနဲ့လောင်းပြီး ကမ္ပည်းဆင်

ကြယ်ဖြူတပွင့် အလံနီကိုတင်တဲ့အခါ

သခင်ဗသိန်းတင်ဟာ

တိုင်း (၅) မှာ နိုင်ငံရေးမှူး

တပ်ဦးက ပါခဲ့တဲ့

တကယ့်ခေါင်းဆောင်းတဦး ဖြစ်ခဲ့တယ်။


ဂျပန်ကို မောင်းထုတ်ပြီး

ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးသွား

ဆင်းမလားရောက် မျက်နှာဖြူဟာ

စက္ကူဖြူစီမံကိန်းကို တကိုင်ကိုင်နဲ့

အမိနိုင်ငံအတွင်း ပြန်ရောက်

နောက်တခေါက် ကျွန်ပြုရန်

ကုလားဖန် အလီလီထိုး

အမျိုးမျိုးညစ်ပတ်

ကိုလိုနီဇာတ်ကို ဆက်ပြီးက

အမှောင်ညကြီး ရှည်ချိန်မှာ

အမိဗမာပြည်ရဲ့ မိုးသောက်ရေး

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်

တူတံဇဉ်ကို လွှင့်ထူရင်း

အဝင်းပဆုံး ရွှန်းပြက်

လင်းလက်ခဲ့ကြတဲ့ ကြယ်နီတွေထဲ

သခင်ဗသိန်းတင်လည်း ပါခဲ့တယ်။


(၃)

လွတ်လပ်ရေးကြီး ကြေညာအပြီး

အမျိုးသားသွေးစည်းညီညွတ်ရေး

ဟစ်ကြွေးရမယ့်အချိန်မှာ…

ကျောက်ကြီးပေါက် အရောက်တက်

လက်နက်ကိုင်တော်လှန်ရေး

ဟစ်ကြွေးပြီး ဖော်ခဲ့ရ

ရိုးမကို သက်သေတင်

အာဏာရှင်တွေနဲ့ ပြိုင်ဆိုင်ရင်း

‘ရန်ပုံခွင်း’ နဲ့ စခဲ့ရ

‘‘သမိုင်းဇ’ နဲ့ ကြယ်နီ

အစချီကတည်းကပါဝင်

သခင်ဗသိန်းတင်ဆိုတာ ရာသက်ပန်တော်လှန်ရေးသမား

မားမားမတ်မတ် ပြခဲ့တယ်။


နောက်ပိုင်း

ဂန္ဓလရာဇ်တိုင်းဆီ ခရီးဖောက်

အဝေးရောက်တာဝန်

ကျေပွန်အောင် ထမ်းဆောင်ရင်း

ပြတ်သားခြင်းနဲ့ ပျော့ပျောင်းမှု

စံပြုလောက်အောင်ပေါင်းစပ်

မြင့်မြတ်တဲ့ နာယကဂုဏ်

အပြည့်စုံဆုံး ခေါင်းဆောင်ကောင်း

ကွန်မြူနစ်ကောင်းစစ်စစ် ဖြစ်ခဲ့တယ်။


ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး

အရေးတော်ပုံကြီးတလျှောက်

မှတ်ကျောက်တင် အစမ်းသပ်ခံ

တူတံဇဉ်အလံကို မြဲမြဲဆုပ်

အုပ်စိုးသူအဆက်ဆက်နဲ့ယှဉ်ပြိုင်

အမိနိုင်ငံအပေါ် ချစ်မြတ်နိုး

ကွေ့ချိုးပေါင်းများကို ကျော်ဖြတ်

ကြီးမြတ်တဲ့ တော်လှန်ရေးသမားပီသစွာ

ဂုဏ်ပြောင်စွာ အားထုတ်ရင်း

အလင်းတေးတွေ သီခဲ့တယ်။


သက်ရှိထင်ရှား

ရှိနေသား အချိန်မှာပဲ

လက်ထဲက တူတံဇဉ်အလံ

ခေါင်းဆောင်ကိုင်စွဲလာတဲ့ တော်လှန်ရေးအလံ

ပါတီရဲ့အောင်အလံကို

မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း

နည်းလမ်းတကျအပ်နှံ

ဆက်ခံသူတွေကို အားပေးရင်း

ရင်တွင်းကလာတဲ့ စကားလုံးတွေနဲ့

နှလုံးသွေးတွေပါ စီးမျော

ဟောဒီလို ပြောခဲ့ရှာတယ်…

ရဲဘော်တို့ … အခုအချိန်ဟာ

ပါတီရဲ့တော်လှန်ရေးအလံကို

မျိုးဆက်သစ်များထံ

အပ်နှံရမယ့်အချိန် ရောက်ပါပြီ။


(၄)


နှင်းတွေ…

ကြွေနေဆဲ

မျက်ရည်ဝဲနေတဲ့ ကောင်းကင်

ရှိုက်သံဝင်နေတဲ့ ပန်းပွင့်

ရင်နင့်စဖွယ် မှိုင်းလျ

အေးလွန်းလှတဲ့ ဆောင်းလည်ရက်

ရော်ရွက်တွေ ချွေနေတုန်း

မဆုံးနိုင်တဲ့ မြူလှိုင်းတွေ

တရိပ်ရိပ် ဝေနေတုန်း

နောက်ဆုံး ခွန်းဆက်တရား

မြွက်ဟထားပြီးသားမို့လား မပြောတတ်

နောက်ထပ်

နှုတ်ဆက်စကားလေးတောင် ထပ်မဆို

ရဲဘော်တွေအားလုံးကိုခွဲခွာ

ငြိမ်သက်စွာ အနားယူသွား

သေတမ်းစာလေးပဲ ထားခဲ့တယ်။


တပြည်လုံးသိတဲ့ကြယ်နီ

ပါတီတခုလုံးရဲ့ဥက္ကဋ္ဌ

ရတဲ့ခွင့်ပြုငွေလေးတောင် ကုန်အောင်မသုံး

အခြိုးခြံဆုံးနေထိုင်

အခိုင်မာဆုံး ရိုးသားမှုနှင့်

စံပြုလောက်အောင်ဖြူစင်

သူတော်စင်တယောက်လို စားသောက်ရင်း

ခေါင်းအုံးအောက်မှာ ချန်ပြီးသွား

ငွေသား ယွမ်ငွေလေးက နှစ်ထောင့်ငါးရာ

အသုံးအဆောင်ပစ္စည်းပစ္စယလေးတွေက ခပ်နည်းနည်း

အင်္ကျီဘောင်းဘီလေးတွေပဲ ကျန်ခဲ့တယ်။


ဥက္ကဋ္ဌကြီးရဲ့ ရုပ်ကလာပ်ပေါ်

ကြီးမြတ်တဲ့ တူတံဇဉ်အလံ

လွှမ်းရုံပြီး ဖုံးအုပ်

အရိုးကုပ်ဆုံး ဈာပန

ပကာသန တခုမှမပါ

ပြာချပြီး သင်္ဂြိုဟ်ရင်း

အံတင်း ဖြေဆည်ခဲ့ရတယ်…


အရိုးစပြာအိုးကို

ရိုကျိုးစွာဆောင်သယ်

မြစ်လယ်မှာ အသာမျှော

လှိုက်မောစွာ ရှုငေးရင်း

တင်းထားရတဲ့ ပင့်သက်တွေ

မြောက်ပြန်လေပေါ် သွန်းကျ

တစတစ…


ရေလယ်ကြောမှာ

သင်္ဘောနဲ့ သုံးပတ်ပတ်

သုံးထပ်သုံးကြိမ် အလေးပြုရင်း

ဖြေးဖြေးချင်းလှည့်ကာ

အရိုးပြာအိုးငယ်ကို ဦးခိုက်

တိုက်ပွဲထဲက အာဇာနည်

ပြည်သူတွေရဲ့ သူရဲကောင်း

ခေါင်းဆောင်ကောင်းကြီးရဲ့ အရိုးပြာတွေဟာ

ရေစီးမှာပျော်ဝင်

မြစ်ပြင်ကနေ ပင်လယ်

ပင်လယ်ကနေ သမုဒ္ဒရာ

တရွေ့ရွေ့ဖြာဆင်း

အမိဗမာပြည်ရဲ့ အတွင်းဆီ

တနင်္သာရီ၊ ထားဝယ်၊ မြိတ်

ဇာတိရိပ် မွေးမြေအထိ

ရောက်ရှိပျံ့နှံ့နေပါစေ…


(၅)


ဝေချင်ပါလျက်

အဝေခက်ခဲ့ ဖိတ်စာ

လာချင်ပါစေလျက်

အလာခက်ခဲ့ ရဲဘော်

ခေါ်ချင်ပေလျက်

အခေါ်ခက်ခဲ့ မိတ်ဆွေ

ချွေချင်ပေလျက်

အချွေခက်ခဲ့ မိန့်ခွန်း

သွန်းထုချင်ပေလျက်

အသွန်းခက်ခဲ့ ရုပ်ထု

ပြုချင်ပေလျက်

အပြုခက်ခဲ့ အလေးနီ

စီချင်ပါလေလျက်

အစီခက်ခဲ့ စာတမ်း

ကမ်းချင်ပါလေလျက်

အကမ်းခက်ခဲ့ ယပ်တောင်

ဆောင်ချင်ပါလေလျက်

အဆောင်ခက်တဲ့ ရုပ်ကလာပ်

စပ်ချင်ပါလေလျက်

အစပ်ခက်ခဲ့ ကဗျာ

ချပါလေလျက်

အချခက်ခဲ့ လွမ်းသူ့ပန်းခွေ

မဝေနိုင်ခဲ့တဲ့ ဈာပန

ရှောင်သွေခဲ့ရတဲ့ ဈာပန

ဖြေဆည်ခဲ့ရတဲ့ ဈာပန

ခုမှ… ခုမှ…

လွမ်းကြပါတော့ ရဲဘော်တို့ရေ

လွမ်းပါရစေတော့ ရဲဘော်တို့ရေ

အမိမြေရဲ့ ဝေးရာမှာ

ကြွေသွားရှာတဲ့ ကြယ်နီ

“သခင်ဗသိန်းတင်” ဆိုတဲ့ ကြယ်နီကို

ကမ္ဘာတည်သရွေ့ မော်ကွန်းတင်ကြပါ။

(ဝင်းတင့်ထွန်း၏ရေးသားချက်ကိုမြေးဖြစ်သူ"သက်ထားဗသိန်းတင်"မှ ခံစားတင်ပြပါသည်)

ယနေ့ထိခေါင်းဆောင်ကြီး"သခင်ဗသိန်းတင်အားသတိတရအောက်မေ့ဆဲပင်။ "ဝင်းတင့်ထွန်းမှ" အစဥ္မေမ့ႀကေ...[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူ နစ်ပါတီ၏နောက်ဆုံးဥက္ကဌကြီးသခင်ဗသိန်းတင်သည်ပါတီ၏ဥက္ကဌအဖြစ်တာဝန်မယူမီဗမာပြည် ကွန်မြူ နစ်ပါတီ(အလံနီ) စတင်ဖွဲ့စည်းသည့်အချိန်ကတည်းကပါတီ၏ဒု-ဥက္ကဌအဖြစ်အပြင်ပါတီ၏အဝေးရောက် ကော်မတီတွင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။အရိုးကြေကြေအရေခမ်းခမ်းတာဝန်ထမ်းခဲ့သည်။ဖက်ဆစ်ဂျပန်တော် လှန်ရေးတွင်တနသာင်္ရီတိုင်းမှတာဝန်ယူတိုက်ပွဲဝင်ခဲ့ပြီး"တို့ဗမာအစည်းအရုံးဝင်သခင်တစ်ဦးလည်းဖြစ်သည်။အယူ ဝါဒလမ်းစဉ်မတူညီသဖြင့်လက်နှက်ကိုင်တောခိုခဲ့သည်။ကိုယ်ကျင့်သိက္ခာဖြောင့်မတ်တည်ကြည်၍ ခေါင်း ဆောင်ကောင်းတစ်ဦး၏အရည်အချင်းနှင့်ပြီးပြည့်စုံသည်။နောက်ပိုင်းတွင်ခေတ်စံနစ်၏အလှည့်အပြောင်းတွင်ပါတီ တွင်းသပ်လျှိသွေးခဲမှုကြောင့်မြန်မာနိုင်ငံ၏သမိုင်းတွင်မပါမဖြစ်အစဉ်အလာကြီးမားခဲ့သော"ဗမာပြည်ကွန်မြူ နစ်ပါတီ" သည်ကျဆုံးမှေးမှိန်ခဲ့ရသည်။ယနေ့ထိခေါင်းဆောင်ကြီး"သခင်ဗသိန်းတင်အားသတိတရအောက်မေ့ဆဲပင်။ "ဝင်းတင့်ထွန်းမှ" အစဉ်မမေ့ကြစေရန် "လွမ်းကြပါတော့ရဲဘော်တို့ရေ" ဟုဖြစ်ရပ်မှန်များကိုအခြေခံကာ "ကဗျာရှည် တစ်ပုဒ်"ချယ်မှုန်းခဲ့ပါသည်။ဖတ်ရှုရင်းရင်နှငိ့အမျှ ခံစားရမှုကို မြေးဖြစ်သူ "သက်ထားဗသိန်းတင်" မှမျှဝေပါသည်။

လွမ်းကြပါတော့ရဲဘော်တို့ရေ (ဗမာပြည်ကွန်မြူ နစ်ပါတီ၏နောက်ဆုံးဥက္ကဌကြီး'သခင်ဗသိန်းတင်")


(၁)

ရဲဘော်တို့

မိတ်ဆွေတို့

ပြည်သူလူထုအပေါင်းတို့

စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော်

သံလွင်ပေါ်ကနေ ဧရာဝတီ

ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း

မြစ်ရိုး၊ ချောင်းဖျား

လျှိုကြား၊ မြောင်ကြား

တောကြား၊ လယ်ကွင်း

အိမ်တွင်း၊ တဲတွင်း

ဆားကျင်း၊ သတ္တုတွင်း

မိုင်းတွင်းတွေထဲ

လူထုထဲအနှံ့

ဖြန့်ကျက်လိုက်တဲ့ အသံ

ထားဝယ်သံ သြသြကြီးနဲ့

ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း

ပဌမဆုံးသော

ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ

မြရာတောလယ် ကြွေခ

ကြယ်စင်မြများကို အလေးပြုရင်း

အရှင်းလင်းဆုံး ဖော်ပြ

အလယ်ရိုးမရဲ့ ဗဟိုချက်

ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ

တော်လှန်တဲ့ သမိုင်းကြောင်း

သွေးသစ်လောင်း နှိုးဆော်

ရဲဘော်တို့

ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ

တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ

ဘယ်နေရာရောက်ရောက်

ဘယ်တော့မှ ဒူးမထောက်ရဘူး

ဒူးမထောက်ရဘူး

ဒူးမထောက်ရဘူးတဲ့

ရင်ထဲကိုစူးဝင်

နားဆင်လိုက်ရ

ဘယ်တော့မှ မမေ့စရာ

ဒါ

ဥက္ကဋ္ဌကြီးရဲ့အသံ

ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။


ပဌမဆုံးအကြိမ်က

ကျနော်အသက်က ဆယ့်သုံးလေးနှစ်

၁၉၆၇ ခုနှစ်

ဗမာပြည်မှာ ဆန်ပြဿနာ စပေါ်တဲ့နှစ်

တရုတ်ဗမာ အရေးအခင်းဖော်တဲ့နှစ်

ပီကင်းအသံ လေလှိုင်းကြားက

ဥက္ကဋ္ဌကြီးရဲ့ စကားပြောသံ

သာမန်အလယ်တန်းကျောင်းသားလေးအဖြစ်

လှစ်ကနဲ တဝက်တပြက်

လျှပ်တပြက် ကြားဖူးတယ်။


၁၉၈၁

မင်းရန်အောင်ထိုးစစ် ပြီးတဲ့နောက်ပိုင်း

တတိုင်းပြည်လုံးသို့ ရှင်းပြချက်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ဇာတ်ကြောင်း

ပြည်သူအပေါင်းသို့ တင်ပြချက်

သမိုင်းစာမျက်နှာထက် တင်ထားရမယ့်

ဗမာပြည်မှာ -

ပါတီစုံဒီမိုကရေစီ ကျင့်သုံးရေး

ပြည်တွင်းစစ်ရပ်စဲရေး

အမျိုးသားသွေးစည်းညီညွတ်ရေး တောင်းဆိုသံ

အမိနိုင်ငံရဲ့ရှေ့ရေး မျှော်တွေးထောက်ရှု

လူထုအကျိုးစီးပွားဘက်က

ထာဝရရပ်တည်ရင်း ရှင်းလင်းမြွက်ဟ

ဥက္ကဋ္ဌကြီးရဲ့ စကားသံ၊ ပြည်သူ့အသံနားထောင်ရင်း

အမှောင်တွင်းကနေ ကြားရ

ဒါ တတိယအကြိမ်မြောက်ပါ။


၁၉၈၉

မုတ်သုန်မိုးက သည်းထန်ဆဲ

စစ်ဘီလူးသရဲများရဲ့ ကောင်းမှုနဲ့

၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း

ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင်ကြီးများရဲ့

လူထုလှုပ်ရှားမှု ဒီရေအပေါ် အကဲဖြတ်ချက်

လေးလေးနက်နက် ဆွေးနွေးနေဟန်

အပြန်အလှန် ပြောနေကြပုံတွေ

ဗီဒီယိုအခွေကနေ ကြည့်ရရင်း

ကြယ်နီဦးထုပ်တဝင်းဝင်းနဲ့ ဥက္ကဋ္ဌ

ခပ်ဖွဖွပြုံးပြီးပြော

ကိုယ့်ကိုများ ပြောလိုက်သလားထင်ရ …

ကျနော်တို့ရဲဘော်တွေက

လက်ဝဲကျလိုက်တာ၊ မဆလ ထဲဝင်လုပ်ခိုင်း

အလုပ်လုပ်ခိုင်းရင်၊ မလုပ်ချင်ကြဘူးတဲ့

ရေရှည်အမြင်နဲ့တော်လှန်ရေး

အလေးပေးဖွင့်ဟ

ဥက္ကဋ္ဌကြီးရဲ့ စကားသံ

စတုတ္ထမ္ပိကြားဖူးတယ်။


ဥက္ကဋ္ဌကြီးကို ကျနော်ဟာ

တခါမှ မတွေ့ဖူးပါ

ဒါပေမဲ့ သိနေတယ်

ဥက္ကဋ္ဌကြီးနဲ့ ကျနော်ဟာ

တခါမှ စကားမပြောဖူးပါ

ဒါပေမဲ့ ကြားနေတယ်။


(၂)

သခင်ဗသိန်းတင်ဆိုတာ

တို့ဗမာအစည်းအရုံးဝင်

သခင်တယောက်အဖြစ်ကနေ

ဥရောပတစ္ဆေကြီးရဲ့ ဝိဉာဉ်ကို

သခင်အောင်ဆန်း၊ သခင်သန်းထွန်း

သခင်ဗဟိန်းတို့နဲ့အတူတူ

ဂုဏ်ယူစွာပူးကပ်

ကြီးမြတ်တဲ့ပါတီ

စတင်တည်ခဲ့တဲ့သူတွေထဲ

မျိုးစေ့ကြဲသူတယောက်အဖြစ် စာရင်းထိုး

မော်ကွန်းထိုးရမယ့် ပုဂ္ဂိုလ်တဦးပါ…


မြေအောက်ပါတီအဖြစ်

အကျစ်လျစ်ဆုံးတည်ဆောက်

အပြောင်မြောက်ဆုံးဖွဲ့စည်း

ဘုံခရီးကို ချီတက်ရင်း

ဆင်းရဲချို့ငဲ့

ပစ္စည်းမဲ့တို့ရဲ့အကျိုး

သယ်ပိုးရှေ့ဆောင်

အမှောင်ထဲက ကြယ်နီ

အမိပြည်ရဲ့ လွတ်လပ်ရေး

နယ်ချဲ့ဆန့်ကျင်ရေးတာဝန်

ကျေကျေပြွန်ပြွန် ထမ်းခဲ့တယ်။


တကမ္ဘာလုံး

အုန်းအုန်းကျွက်ကျွက်ဖြစ်ရ

ဖက်ဆစ်ဝါဒခေါင်းထောင်

မာန်တစောင်စောင်နဲ့ပေါ်လာ

ချိန်ဘာလိန်တို့ လေပြေထိုး

အရိုးအရင်းတွေ ချကျွေးပစ်

မြူးနစ်စာချုပ်တွေ ချုပ်နေစဉ်

ဒီမီထရော့ အစီရင်ခံစာ

ဗမာပြည်ကွန်မြူနစ်များနားလည်

နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာက

ဝင်လာတဲ့ဂျပန်ဖက်ဆစ်

ဘီလူးအသစ်တွေကိုလည်း မောင်းထုတ်ရေး

ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွှဲ

ရဲရဲရင့်ရင့် သမိုင်းကြောင်း

သွေးနဲ့လောင်းပြီး ကမ္ပည်းဆင်

ကြယ်ဖြူတပွင့် အလံနီကိုတင်တဲ့အခါ

သခင်ဗသိန်းတင်ဟာ

တိုင်း (၅) မှာ နိုင်ငံရေးမှူး

တပ်ဦးက ပါခဲ့တဲ့

တကယ့်ခေါင်းဆောင်းတဦး ဖြစ်ခဲ့တယ်။


ဂျပန်ကို မောင်းထုတ်ပြီး

ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးသွား

ဆင်းမလားရောက် မျက်နှာဖြူဟာ

စက္ကူဖြူစီမံကိန်းကို တကိုင်ကိုင်နဲ့

အမိနိုင်ငံအတွင်း ပြန်ရောက်

နောက်တခေါက် ကျွန်ပြုရန်

ကုလားဖန် အလီလီထိုး

အမျိုးမျိုးညစ်ပတ်

ကိုလိုနီဇာတ်ကို ဆက်ပြီးက

အမှောင်ညကြီး ရှည်ချိန်မှာ

အမိဗမာပြည်ရဲ့ မိုးသောက်ရေး

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်

တူတံဇဉ်ကို လွှင့်ထူရင်း

အဝင်းပဆုံး ရွှန်းပြက်

လင်းလက်ခဲ့ကြတဲ့ ကြယ်နီတွေထဲ

သခင်ဗသိန်းတင်လည်း ပါခဲ့တယ်။


(၃)

လွတ်လပ်ရေးကြီး ကြေညာအပြီး

အမျိုးသားသွေးစည်းညီညွတ်ရေး

ဟစ်ကြွေးရမယ့်အချိန်မှာ…

ကျောက်ကြီးပေါက် အရောက်တက်

လက်နက်ကိုင်တော်လှန်ရေး

ဟစ်ကြွေးပြီး ဖော်ခဲ့ရ

ရိုးမကို သက်သေတင်

အာဏာရှင်တွေနဲ့ ပြိုင်ဆိုင်ရင်း

‘ရန်ပုံခွင်း’ နဲ့ စခဲ့ရ

‘‘သမိုင်းဇ’ နဲ့ ကြယ်နီ

အစချီကတည်းကပါဝင်

သခင်ဗသိန်းတင်ဆိုတာ ရာသက်ပန်တော်လှန်ရေးသမား

မားမားမတ်မတ် ပြခဲ့တယ်။


နောက်ပိုင်း

ဂန္ဓလရာဇ်တိုင်းဆီ ခရီးဖောက်

အဝေးရောက်တာဝန်

ကျေပွန်အောင် ထမ်းဆောင်ရင်း

ပြတ်သားခြင်းနဲ့ ပျော့ပျောင်းမှု

စံပြုလောက်အောင်ပေါင်းစပ်

မြင့်မြတ်တဲ့ နာယကဂုဏ်

အပြည့်စုံဆုံး ခေါင်းဆောင်ကောင်း

ကွန်မြူနစ်ကောင်းစစ်စစ် ဖြစ်ခဲ့တယ်။


ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး

အရေးတော်ပုံကြီးတလျှောက်

မှတ်ကျောက်တင် အစမ်းသပ်ခံ

တူတံဇဉ်အလံကို မြဲမြဲဆုပ်

အုပ်စိုးသူအဆက်ဆက်နဲ့ယှဉ်ပြိုင်

အမိနိုင်ငံအပေါ် ချစ်မြတ်နိုး

ကွေ့ချိုးပေါင်းများကို ကျော်ဖြတ်

ကြီးမြတ်တဲ့ တော်လှန်ရေးသမားပီသစွာ

ဂုဏ်ပြောင်စွာ အားထုတ်ရင်း

အလင်းတေးတွေ သီခဲ့တယ်။


သက်ရှိထင်ရှား

ရှိနေသား အချိန်မှာပဲ

လက်ထဲက တူတံဇဉ်အလံ

ခေါင်းဆောင်ကိုင်စွဲလာတဲ့ တော်လှန်ရေးအလံ

ပါတီရဲ့အောင်အလံကို

မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း

နည်းလမ်းတကျအပ်နှံ

ဆက်ခံသူတွေကို အားပေးရင်း

ရင်တွင်းကလာတဲ့ စကားလုံးတွေနဲ့

နှလုံးသွေးတွေပါ စီးမျော

ဟောဒီလို ပြောခဲ့ရှာတယ်…

ရဲဘော်တို့ … အခုအချိန်ဟာ

ပါတီရဲ့တော်လှန်ရေးအလံကို

မျိုးဆက်သစ်များထံ

အပ်နှံရမယ့်အချိန် ရောက်ပါပြီ။


(၄)


နှင်းတွေ…

ကြွေနေဆဲ

မျက်ရည်ဝဲနေတဲ့ ကောင်းကင်

ရှိုက်သံဝင်နေတဲ့ ပန်းပွင့်

ရင်နင့်စဖွယ် မှိုင်းလျ

အေးလွန်းလှတဲ့ ဆောင်းလည်ရက်

ရော်ရွက်တွေ ချွေနေတုန်း

မဆုံးနိုင်တဲ့ မြူလှိုင်းတွေ

တရိပ်ရိပ် ဝေနေတုန်း

နောက်ဆုံး ခွန်းဆက်တရား

မြွက်ဟထားပြီးသားမို့လား မပြောတတ်

နောက်ထပ်

နှုတ်ဆက်စကားလေးတောင် ထပ်မဆို

ရဲဘော်တွေအားလုံးကိုခွဲခွာ

ငြိမ်သက်စွာ အနားယူသွား

သေတမ်းစာလေးပဲ ထားခဲ့တယ်။


တပြည်လုံးသိတဲ့ကြယ်နီ

ပါတီတခုလုံးရဲ့ဥက္ကဋ္ဌ

ရတဲ့ခွင့်ပြုငွေလေးတောင် ကုန်အောင်မသုံး

အခြိုးခြံဆုံးနေထိုင်

အခိုင်မာဆုံး ရိုးသားမှုနှင့်

စံပြုလောက်အောင်ဖြူစင်

သူတော်စင်တယောက်လို စားသောက်ရင်း

ခေါင်းအုံးအောက်မှာ ချန်ပြီးသွား

ငွေသား ယွမ်ငွေလေးက နှစ်ထောင့်ငါးရာ

အသုံးအဆောင်ပစ္စည်းပစ္စယလေးတွေက ခပ်နည်းနည်း

အင်္ကျီဘောင်းဘီလေးတွေပဲ ကျန်ခဲ့တယ်။


ဥက္ကဋ္ဌကြီးရဲ့ ရုပ်ကလာပ်ပေါ်

ကြီးမြတ်တဲ့ တူတံဇဉ်အလံ

လွှမ်းရုံပြီး ဖုံးအုပ်

အရိုးကုပ်ဆုံး ဈာပန

ပကာသန တခုမှမပါ

ပြာချပြီး သင်္ဂြိုဟ်ရင်း

အံတင်း ဖြေဆည်ခဲ့ရတယ်…


အရိုးစပြာအိုးကို

ရိုကျိုးစွာဆောင်သယ်

မြစ်လယ်မှာ အသာမျှော

လှိုက်မောစွာ ရှုငေးရင်း

တင်းထားရတဲ့ ပင့်သက်တွေ

မြောက်ပြန်လေပေါ် သွန်းကျ

တစတစ…


ရေလယ်ကြောမှာ

သင်္ဘောနဲ့ သုံးပတ်ပတ်

သုံးထပ်သုံးကြိမ် အလေးပြုရင်း

ဖြေးဖြေးချင်းလှည့်ကာ

အရိုးပြာအိုးငယ်ကို ဦးခိုက်

တိုက်ပွဲထဲက အာဇာနည်

ပြည်သူတွေရဲ့ သူရဲကောင်း

ခေါင်းဆောင်ကောင်းကြီးရဲ့ အရိုးပြာတွေဟာ

ရေစီးမှာပျော်ဝင်

မြစ်ပြင်ကနေ ပင်လယ်

ပင်လယ်ကနေ သမုဒ္ဒရာ

တရွေ့ရွေ့ဖြာဆင်း

အမိဗမာပြည်ရဲ့ အတွင်းဆီ

တနင်္သာရီ၊ ထားဝယ်၊ မြိတ်

ဇာတိရိပ် မွေးမြေအထိ

ရောက်ရှိပျံ့နှံ့နေပါစေ…


(၅)


ဝေချင်ပါလျက်

အဝေခက်ခဲ့ ဖိတ်စာ

လာချင်ပါစေလျက်

အလာခက်ခဲ့ ရဲဘော်

ခေါ်ချင်ပေလျက်

အခေါ်ခက်ခဲ့ မိတ်ဆွေ

ချွေချင်ပေလျက်

အချွေခက်ခဲ့ မိန့်ခွန်း

သွန်းထုချင်ပေလျက်

အသွန်းခက်ခဲ့ ရုပ်ထု

ပြုချင်ပေလျက်

အပြုခက်ခဲ့ အလေးနီ

စီချင်ပါလေလျက်

အစီခက်ခဲ့ စာတမ်း

ကမ်းချင်ပါလေလျက်

အကမ်းခက်ခဲ့ ယပ်တောင်

ဆောင်ချင်ပါလေလျက်

အဆောင်ခက်တဲ့ ရုပ်ကလာပ်

စပ်ချင်ပါလေလျက်

အစပ်ခက်ခဲ့ ကဗျာ

ချပါလေလျက်

အချခက်ခဲ့ လွမ်းသူ့ပန်းခွေ

မဝေနိုင်ခဲ့တဲ့ ဈာပန

ရှောင်သွေခဲ့ရတဲ့ ဈာပန

ဖြေဆည်ခဲ့ရတဲ့ ဈာပန

ခုမှ… ခုမှ…

လွမ်းကြပါတော့ ရဲဘော်တို့ရေ

လွမ်းပါရစေတော့ ရဲဘော်တို့ရေ

အမိမြေရဲ့ ဝေးရာမှာ

ကြွေသွားရှာတဲ့ ကြယ်နီ

“သခင်ဗသိန်းတင်” ဆိုတဲ့ ကြယ်နီကို

ကမ္ဘာတည်သရွေ့ မော်ကွန်းတင်ကြပါ။

(ဝင်းတင့်ထွန်း၏ရေးသားချက်ကိုမြေးဖြစ်သူ"သက်ထားဗသိန်းတင်"မှ ခံစားတင်ပြပါသည်)

Speedy deletion of File:Always Remember(ThakinBaTheinTin).pdf[ပြင်ဆင်ရန်]

File Copyright problem
File Copyright problem

The File File:Always Remember(ThakinBaTheinTin).pdf that you had recently uploaded is been speedily deleted from Wikipedia. This has been done under section F10 of the criteria for speedy deletion because it is not an image, sound or video file and does not appear to have any encyclopedic use. And the file also appears to consist of writings, information, discussions, and/or activities not closely related to Wikipedia's goals. Please note that Wikipedia is not a free Web hosting service. Under the criteria for speedy deletion, such files may be deleted at any time. Thank you. NinjaStrikers «» ၀၂:၄၂၊ ၂၁ ဇွန် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

File:Received 802977689874246.jpeg ၏ ဖိုင်ရင်းမြစ် ပြဿနာ[ပြင်ဆင်ရန်]

File:Received 802977689874246.jpeg ဖိုင်ကို upload တင်သည့်အတွက် ကျေးဇူးတင်ပါသည်။ သို့သော် ဖိုင်အကြောင်း ဖော်ပြချက်စာမျက်နှာတွင် မည်သူဖန်တီးခဲ့သည်ဆိုသော အကြောင်းအရာ မပါဝင်သည့်အတွက် မူပိုင်ခွင့် အခြေအနေသည် မပြတ်မသား ဖြစ်နေပါသည်။ အကယ်၍ ဤဖိုင်ကို သင်ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ခဲ့ပါက မူပိုင်ခွင့် ပိုင်ဆိုင်သူကို သင့်အနေဖြင့် သတ်မှတ်ဖော်ပြပေးရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဤဖိုင်ကို ဝက်ဘ်ဆိုဒ်တစ်ခုခုမှ ရရှိခဲ့ပါက၊ ကျေးဇူးပြု၍ ရယူခဲ့သည့် ဝက်ဘ်ဆိုဒ်လင့်ခ်နှင့် ဝက်ဘ်ဆိုဒ်၏ အကြောင်းအရာများ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကျေးဇူးပြု၍ ပြန်လည် ဖော်ပြပေးပါ။ အကယ်၍ မူလမူပိုင်ခွင့် ပိုင်ဆိုင်သူနှင့် ဝက်ဘ်ဆိုဒ်တို့ ဆက်နွယ်မှုမရှိပါက ထိုမူလပိုင်ဆိုင်သူကိုလည်း မှတ်တမ်းတင် ထည့်သွင်းရန် လိုအပ်ပါသည်။ ဖိုင်အကြောင်း ဖော်ပြချက် စာမျက်နှာအား ပြင်ဆင်ပြီး လိုအပ်သော အချက်အလက်များ ထည့်သွင်းပေးပါ။

လိုအပ်သည့် အချက်အလက်များကို ခုနစ်ရက်အတွင်း ထည့်သွင်းခြင်း မရှိပါက ဖိုင်သည် ဖျက်ပစ်ခြင်း ခံရမည် ဖြစ်သည်။

ပုံအသုံးပြုခြင်း မူဝါဒ ကို ဖတ်ရှုပြီး ဝီကီပီးဒီးယားသို့ မည်သည့်ဖိုင်များ တင်သင့်/မတင်သင့်ဆိုသည်ကို လေ့လာပါ။ သင် upload တင်ခဲ့သည့် အခြားဖိုင်များကိုလည်း မှန်ကန်စွာ tag လုပ်ထားခြင်း ရှိမရှိကိုလည်း ကျေးဇူးပြု၍ စစ်ဆေးပါ။ သင်၏ ဖိုင်တင်ထားခဲ့သည့် မှတ်တမ်းများကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။ သိလိုသည့် မေးခွန်းများရှိပါက မီဒီယာ မူပိုင်ခွင့် မေးခွန်းများတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။ NinjaStrikers «» ၀၂:၀၃၊ ၉ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ဖိုင်:PSX 20200830 104552.jpg ၏ ဖိုင်ရင်းမြစ်နှင့် မူပိုင်ခွင့် ပြဿနာ[ပြင်ဆင်ရန်]

File Copyright problem
File Copyright problem

ဖိုင်:PSX 20200830 104552.jpg ဖိုင်ကို upload တင်သည့်အတွက် ကျေးဇူးတင်ပါသည်။ သို့သော် ထိုဖိုင်တွင် မူပိုင်ခွင့် အခြေအနေနှင့် ရင်းမြစ်များ လိုအပ်နေပါသည်။ ဝီကီပီးဒီးယားသည် မူပိုင်ခွင့်နှင့် ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ပါသည်။

ဤဖိုင်ကို သင်ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ခဲ့ပါက မူပိုင်ခွင့် ပိုင်ဆိုင်သူကို သင့်အနေဖြင့် သတ်မှတ်ဖော်ပြပေးရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဤဖိုင်ကို ဝက်ဘ်ဆိုဒ်တစ်ခုခုမှ ရရှိခဲ့ပါက၊ ကျေးဇူးပြု၍ ရယူခဲ့သည့် ဝက်ဘ်ဆိုဒ်လင့်ခ်နှင့် ဝက်ဘ်ဆိုဒ်၏ အကြောင်းအရာများ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကျေးဇူးပြု၍ ပြန်လည် ဖော်ပြပေးပါ။ အကယ်၍ မူလမူပိုင်ခွင့် ပိုင်ဆိုင်သူနှင့် ဝက်ဘ်ဆိုဒ်တို့ ဆက်နွယ်မှုမရှိပါက ထိုမူလပိုင်ဆိုင်သူကိုလည်း မှတ်တမ်းတင် ထည့်သွင်းရန် လိုအပ်ပါသည်။ မည်သည့်လိုင်စင်သတ်မှတ်ချက်ဖြင့် သတ်မှတ်ထားသည်ကိုလည်း ဖော်ပြရန် လိုအပ်ပါလိမ့်မည်။ ဝီကီပီးဒီးယားတွင် မည်သည့်ဖိုင်များ တင်သင့်/မတင်သင့်ဆိုသည်ကို လေ့လာနိုင်ရန်အတွက် ပုံအသုံးပြုခြင်း မူဝါဒ ကို ဖတ်ရှုပါ။

ဖိုင် အကြောင်းဖော်ပြချက် စာမျက်နှာကို တည်းဖြတ်ပြီး အချက်အလက်များကို ထည့်သွင်းပေးပါ။ လိုအပ်သည့် အချက်အလက်များကို ခုနစ်ရက်အတွင်း ထည့်သွင်းခြင်း မရှိပါက ဖိုင်သည် ဖျက်ပစ်ခြင်း ခံရမည် ဖြစ်သည်။

သင် upload တင်ခဲ့သည့် အခြားဖိုင်များကိုလည်း မှန်ကန်စွာ tag လုပ်ထားခြင်း ရှိမရှိကိုလည်း ကျေးဇူးပြု၍ စစ်ဆေးပါ။ သင်၏ ဖိုင်တင်ထားခဲ့သည့် မှတ်တမ်းများကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။ NinjaStrikers «» ၀၂:၃၄၊ ၃၁ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ဤသည်မှာ သင် ပထမဆုံး ဖန်တီးသော ဆောင်းပါးဖြစ်ပါက သင်၏ ပထမဆုံး ဆောင်းပါးအား ရေးသားနည်း လမ်းညွှန်ကို ဖတ်ရှုပေးပါ။

တင်ထွေးမူ စာမျက်နှာအား ဝီကီပီးဒီးယားမှ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် အဆိုပြုထားပါသည်။ ဤသည်မှာ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက် အပိုင်း A7 အရ ပြုလုပ်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးသည် ပုဂ္ဂိုလ်တစ်ဦး၊ တိရစ္ဆာန် တစ်ကောင်ချင်း၊ အဖွဲ့အစည်း (တီးဝိုင်းအဖွဲ့၊ ကလပ်၊ ကုမ္ပဏီ စသည်)၊ ဝက်ဘ်အကြောင်းအရာ၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုအကြောင်းဖြစ်ပြီး၊ အကြောင်းအရာသည် ထင်ရှားကျော်ကြားခြင်း သို့မဟုတ် အရေးပါခြင်းကို လက်ခံနိုင်လောက်အောင် ပြသနိုင်ခြင်း မရှိသည့်အတွက် ဖြစ်သည်။ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များဖြင့် ဤသို့သော ဆောင်းပါးများသည် အချိန်မရွေး ဖျက်ပစ်ခြင်း ခံရနိုင်သည်။ ကျေးဇူးပြု၍ မည်သည့်အချက်များအား ထင်ရှားအရေးပါမှုအဖြစ် လက်ခံသည်ဆိုခြင်းအား ဖတ်ရှုပါ။

အကယ်၍ သင့်အနေဖြင့် ဤစာမျက်နှာသည် ဤအကြောင်းပြချက်ဖြင့် ဖျက်ရန် မသင့်ဟု ယူဆပါက၊ စာမျက်နှာသို့ သွားရောက်ကာ "ဤမဆိုင်းမတွ ဖျက်ပစ်ခြင်းကို ကန့်ကွက်ရန်"ကို နှိပ်ပြီး အဆိုပြုခြင်းကို ကန့်ကွက်နိုင်သည်။ ဤသို့ဖြင့် သင်သည် ရှင်းပြနိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။ သို့သော်လည်း စာမျက်နှာတစ်ခုသည် မဆိုင်းမတွ ဖျက်ပစ်ရန် သတ်မှတ်ခံရပြီးပါက စာမျက်နှာကို ချက်ခြင်း ဖယ်ရှားပစ်နိုင်သည်ကို သတိပြုပါ။ မဆိုင်းမတွ ဖျက်ရန် သတိပေးချက်ကို သင်ကိုယ်တိုင် မဖယ်ရှားပါနှင့်။ အကယ်၍ စာမျက်နှာသည် ဖျက်ပစ်ပြီးဖြစ်ပြီး ဖျက်ပစ်ခံလိုက်ရသော အချက်အလက်များအား နောင်တွင် ကိုးကားရန် ပြန်လည်အလိုရှိပါက ကျေးဇူးပြု၍ ဖျက်ပစ်လိုက်သော စီမံခန့်ခွဲသူ (အက်ဒမင်)အား ဆက်သွယ်ပါ။ NinjaStrikers «» ၀၂:၃၇၊ ၃၁ ဩဂုတ် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]