အသုံးပြုသူ:Guru Ngwe

ဝီကီပီးဒီးယား မှ

မင်္ဂလာဆရာ‌တော်

မင်္ဂလာဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရ (အင်္ဂလိပ်: VaiPonLarcara) သည် မြန်မာနိုင်ငံသားရဟန်းတော်တပါးဖြစ်၍ တရားဟောဓမ္မကထိကဆရာတော်၊ သာသနာရေးနှင့် လူမူရေးရာအကျိုးပြုလုပ်ငန်းများဆာင်ရွက်သော ရဟန်း‌တော်တပါးဖြစ်သည်။လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့၊ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက ဆရာ‌တော်အဖြစ်လည်း‌ကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်‌‌ဆောင်ဆရာ‌တော်အဖြစ်လည်းကောင်း၊ နိုင်ငံ‌တော်ဝိနည်းဓိုရ် ဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကိုထမ်းဆောင်လျှက်ရှိသည်။

မင်္ဂလာဆရာ‌တော် ဘဒ္ဒန္တဝေပုလ္လာစာရ

|ဘွဲ့တော်= ဘဒ္ဒန္တဝေပုလ္လာစာရ

|ဘာသာ=ဗုဒ္ဓဘာသာ

|ဘာသာအုပ်စု=ထေရဝါဒ

|လူမျိုး=ဗမာ

|ဂိုဏ်း=သုဓမ္မာ

|ကျောင်းတိုက်= မင်္ဂလာရာမပရိယတ္တိစာသင်တိုက်၊ရေဦးမြို့

|ခမည်းတော်အမည်=ဦးဖိုးထီ

|မယ်တော်အမည်=ဒေါ်ရွှေလုံ

|မွေးဖွားရာဒေသ=မင်းကံကြီးရွာ၊ခင်ဦးမြို့၊စစ်ကိုင်းတိုင်း

|ပရိယတ္တိပညာအရည်အချင်း= သာသနဓဇဓမ္မာစရိယ၊ မင်္ဂလာရာမပရိယတ္တိသာသနနုဂ္ဂဟဓမ္မာစရိယ

|ဘွဲ့တံဆိပ်=•အဂ္ဂမဟာပဏ္ဍိတ

အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ

မဟာဂန္ထဝါစကပဏ္ဍိတ

|ရာထူးတာဝန်= နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်၊ ဦးစီးပဓာနမဟာနာယကဆရာတော်၊မင်္ဂလာရာမပရိယတ္တိစာသင်တိုက်၊ ဒုတိယဥက္ကဌဆရာတော်၊စစ်ကိုင်းတိုင်းဓမ္မစကူးလ်ကော်မတီ

|ကျော်ကြားမူ= ပရိယတ္တိစာပေသင်ကြားပို့ချခြင်း၊တရားဟောခြင်း၊ သာသနာရေးနှင့်လူမူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်း

|ယခုသီတင်းသုံးရာဌာန=မင်္ဂလာရာမပရိယတ္တိစာသင်တိုက်၊ရေဦးမြို့၊စစ်ကိုင်းတိုင်းဒေသကြီး။

ငယ်ဘဝ

ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၃၁၇ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁)ရက်နေ၌ အဖဦးဖိုးထီ အမိဒေါ်ရွှေလုံတို့က စစ်ကိုင်းတိုင်း‌၊ ခင်ဦးမြို့နယ်၊ မင်းကံကြီးကျေးရွာတွင်ဖွားမြင်သည်။ ၁၃၂၈ခုနှစ်တွင်ရှင်သာမဏေဖြစ်ပြီး ၁၃၃၆ခုနှစ်တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။ ‌ရေဦးမြို့၊မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တအာစာရာဘိဝံသနှင့် မန္တလေးမြို့၊မြ‌တောင်ကျောင်းတိုက်ရွှေဝါဝင်းဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသ များတွင် အထက်တန်း ပရိယတ္တိ ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။ ၁၉၇၉ခုနှစ်တွင် ဓမ္မာစရိယ စာချတန်းကိုအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။

ဘွဲ့တံဆိပ်‌တော်ဆက်ကပ်ခံရခြင်း

နိုင်ငံတော်အစိုးရမှ ၂၀၀၁ခုနှစ်တွင် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ၂၀၀၈ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ၂၀၂၁ခုနှစ်တွင်အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်ပူဇော်ခဲ့သည်။

‌ေရးသားပြုစုခဲ့သည့်စာ‌ပေများ

၁. မှတ်စုမှတ်ရာအဘိဓမ္မတ္ထဝိဘာဝိနီဋီကာ ၂. မင်္ဂလာညဝါ အခြေပြုကျမ်း ၃. မင်္ဂလာဆရာတော်၏ မင်္ဂလာစကားများ ၄. ကထိန်နှင့်စပ်သိမှတ်ဖွယ်ရာ ၅. မင်္ဂလာမော်ကွန်းသမိုင်း

ကိုးကား

၁. မင်္ဂလာဆရာတော်၏ ထေရုပတ္တိ ၂. မြန်မာ့အလင်းသတင်းစာ ၂၀၀၈ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းခြင်း ၃. သာသနာရေးဦးစီးဌာန၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ မင်္ဂလာဆရာတော် ၁၂-၉-၂၀၁၉ ၄. ရေဦးမဂ္ဂဇင်း