အသုံးပြုသူ:Ashin Candasiri

ဝီကီပီးဒီးယား မှ

စန္ဒာသိရီ ၊ အရှင် ( ပတ္တမြားရောင်ခြည် ဆရာတော် )

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘဒ္ဒန္ဒ စန္ဒာသိရီ ၊ ( ပတ္တမြားရောင်ခြည် ဆရာတော်- ) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဘာသန္တရဆေက ဓမ္မာစရိယ B.A ( Ind-Aryan )ဘွဲ့ကို Mandalay Buddhist University မှရရှိထားသူ ဖြစ်ပါသည်။

အဘိဓမ္မဓရ Abhidhammadhara-

Superior Diploma in the Buddhist Abhiddhamma. ဘွဲ့ ကို အဘိဓမ္မတက္ကသိုလ် ( မန္တလေးမြို့ )University of Abhidhamma ( Mandalay ) မှ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါသည် ။


M.A ( Buddhist Studies and Civilization ) ဘွဲ့ ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ ဂေါတမ ဗုဒ္ဓတက္ကသိုလ်

School of Buddhist Studies & Civilization

Gautam Buddha University

Greater Noida, Uttar Pradesh-201312 (India)

မှာ တတ်ရောက် ပညာ သင်ယူနေဆဲ ဖြစ်ပါသည် ။

မာတိကာ[ပြင်ဆင်ရန်]

  • ၁ မွေးဖွားခြင်း
  • ၂ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း
  • ၃ လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူ
  • ဆရာတော် အရှင်စန္ဒာသိရီ ( ပတ္တမြားရောင်ခြည် ဆရာတော် )
    ၄ ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်း

မွေးဖွားခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကို မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဘန့်ဘိုးကျေးရွာ အုပ်စု ၊ သပြေပင်ကျေးရွာ ၌ ခမည်းတော် ဦးမြင့်မောင် + မယ်တော် ဒေါ်ဌေးကြည် တို့မှ ၁၃၅၀-ခုနှစ် နှောင်းတန်ခူးလ ဆန်း ၅-ရက်နေ့ အင်္ဂါနေ့ နံနက်စောစော ၅-နာရီ အချိန်တွင် မွေးဖွားခဲ့ပါသည်။

သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၆၀ ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်နေ့တွင် သက်တော် ( ၁၀ ) နှစ် အရွယ်မှာ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဥပဇ္ဈာယ်ဆရာတော်မှာ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ဘန့်ဘိုးကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက် ဘ-က ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္ဒကောသလ္လ အရှင်သူမြတ် ဖြစ်ပါသည်။


လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူ

ဆရာတော်သည် ၁၃၆၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင်

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ နန်းတော်ရာ စံပြ ကွက်သစ်

ပတ္တမြားရိပ်သာ ခန္ဓာဉာဏ်ရောက် ဝိပဿနာ

ပရိယတ္တိ - ပဋိပတ္တိ စာသင်တိုက်သို့

လောကုတ္တရာ ဓမ္မစာပေများကို လေ့လာသင်ယူရန် ရောက်ရှိခဲ့သည်။

ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်း[ပြင်ဆင်ရန်]

မဏိဇောတ ပတ္တမြားရောင်ခြည် စာချကျောင်း၌

သတင်းသုံးလျက်ရှိသောကြောင့် ပတ္တမြားရောင်ခြည် ဆရာတော်-ဟု ခေါ်တွင်ကြခြင်းဖြစ်ပါသည်။