အသုံးပြုသူ:သူထွန်း/sandbox

ဝီကီပီးဒီးယား မှ

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၃၁ မတ်ရက်၊ ၂၀၂၁ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစုများ၊ အမျိုးသမီးနှင့်လူငယ်အင်အားစုများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြင့် စုပေါင်းဆွေးနွေးကာ ဆုံးဖြတ်အတည်ပြုခဲ့သည်။ [၁] အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းမီကာလအတွင်း ဒုသမ္မတ ဦးမန်းဝင်းခိုင်သန်း (ခေတ္တ)၊ ပြည်ထောင်စုဝန်ကြီးများ(ခေတ္တ) ပါဝင်သော အစိုးရအဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်ရေး ကဏ္ဍတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။

ပါဝင်သောအခန်းများ[ပြင်ဆင်ရန်]

  • အစိတ်အပိုင်း (၁)
    • နိဒါန်း
    • အခန်း(၁) ဦးတည်ချက်၊ ရည်ရွယ်ချက်
    • အခန်း(၂) ပဋိညာဉ်တွင် ပါဝင်သည့်အဖွဲ့အစည်းများ (Members of the Charter)
    • အခန်း(၃) အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ
    • အခန်း(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးစွဲခြင်း
      • အပိုင်း(၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊
      • အပိုင်း(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊
      • အပိုင်း(၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ
    • အခန်း(၅) ဝန်ခံကတိပြုချက်
    • နိဂုံး
  • အစိတ်အပိုင်း(၂)
    • နိဒါန်း
    • အခန်း(၁) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ၏ ရည်ရွယ်ချက်
    • အခန်း(၂) ကြားကာလ ဥပဒေပြုရေး
    • အခန်း(၃) ကြားကာလ အုပ်ချုပ်ရေး
    • အခန်း(၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ
    • အခန်း(၅) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဖွဲ့စည်းပုံနှင့်တာဝန်များ
    • အခန်း(၆) ကြားကာလတရားစီရင်ရေး
    • အခန်း(၇) အထွေထွေပြဋ္ဌာန်းချက်များ
    • အခန်း(၈) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကတိပြုချက်များ

အစိတ်အပိုင်း (၁)[ပြင်ဆင်ရန်]

နိဒါန်း[ပြင်ဆင်ရန်]

နိဒါန်းပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင်ပါဝင်သော စံတန်ဖိုးများ၊ အခြေခံရမည့် လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် အာဏာရှင်စနစ် ပပျောက်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဟု ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမျှော်ရည်ချက်ဖြင့် ဤ "ပဋိညာဉ်" အား လက်ခံသဘောတူညီကြသည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် ဖော်ပြပါ စံတန်ဖိုးများကို ကိုင်စွဲပြီး အာဏာရှင်စနစ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် အဆင့်လိုက် ဆောင်ရွက်မည့် နိုင်ငံရေးလမ်းပြမြေပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ၊ အခြခံမူဝါဒများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချအပ်ပါသည်။

အခန်း(၁) ဦးတည်ချက်၊ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ပြည်ထောင်စုအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ ချုပ်ငြိမ်းစေနိုင်ရန်၊ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တိုင်းရင်းသားပြည်သူများ ပါဝင်နိုင်၍ အာမခံသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တို့ကို

ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသက် ချုပ်ငြိမ်းစေနိုင်ရန် အတွက်လည်းကောင်း၊ တိုင်းရင်းသားပြည်သူတရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်အတွက်လည်းကောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပြည်ထောင်စုဝင်လူမျိုးများအားလုံး နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု တို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်သွားရန်

တို့ကိုဖော်ပြထားသည်။

အောက်ဖော်ပြပါ အချက်များကိုလည်း ဆောင်ရွက်ရန် -

  1. အာဏာရှင်စနစ်ပပျောက်ရေး၊
  2. ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊
  3. ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊
  4. ပြည်သူ့အစိုးရ ပေါ်ထွန်းရေး

စသည့် လုပ်ငန်းများကို ဖော်ပြထားသည်။

အခန်း(၂) ပဋိညာဉ်တွင် ပါဝင်သည့်အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ပဋိညာဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းများတွင်-

  1. ရွေးကောက်ခံကိုယ်စားလှယ်များ၊
  2. နိုင်ငံရေးပါတီများ၊
  3. CDM၊ အထွေထွေသပိတ်အင်အားစုများနှင့် အမျိုးသမီးနှင့် လူငယ်အသင်းအဖွဲ့များ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊
  4. တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ

စသည်တို့ဖြစ်သည်။

အခန်း(၃) အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ[ပြင်ဆင်ရန်]

  1. ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊
  2. နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆွေးနွှေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်များ နှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း၊
  3. ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Charter)ကို ရေးဆွဲအတည်ပြုခြင်း၊
  4. ဤပဋိညာဉ် (Charter) နှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Government) ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း၊
  5. အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
  6. တိုင်းပြုပြည်ပြုညီလာခံ (Constitutional Convention) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊
  7. တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်း၊
  8. အတည်ပြုပြဋ္ဌာန်းလိုက်သည် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်း၊

စသည့် ချက်များဖြစ်သည်။

အခန်း(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးစွဲခြင်း[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်များသည် ဖော်ပြပါ လမ်းညွှန်အခြေခံမူများနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ရေးဆွဲရမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော လမ်းညွှန်အခြေခံမူများ ဖြစ်သည်။

  • အပိုင်း(၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး
  • အပိုင်း(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ
  • အပိုင်း(၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ

အပိုင်း(၁) ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး[ပြင်ဆင်ရန်]

အပိုင်း(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ[ပြင်ဆင်ရန်]

အပိုင်း(၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများ[ပြင်ဆင်ရန်]

အခန်း(၅) ဝန်ခံကတိပြုချက်[ပြင်ဆင်ရန်]

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပါဝင်သော ဦးတည်ချက်၊ ရည်ရွယ်ချက်များကို နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော်ဆောင်သွားမည့် အကြောင်းကို

ဤပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များအား နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမှုရှိပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည်

ဟူ၍ ဖော်ပြထားသည်။

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်သူများနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များထံသို့ ပြန်လည်ပေးအပ်သွားမည့် ဝန်ခံကတိများကိုလည်း အောက်ဖော်ပြပါ စာပိုဒ်ဖြင့် ဖော်ပြသွားခဲ့သည်။

ထိုသို့တည်ဆောက်ရာတွင် ပြည်ထောင်စုစံတန်ဖိုးများကို အခြေခံ၍ ပြည်သူထံသို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အခွင့်အရေး၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များထံသို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အရေးများအား ပြန်လည်အပ်နှင်းနိုင်ရေး ကြိုးပမ်းအားထုတ်သွားမည်။

နိဂုံး[ပြင်ဆင်ရန်]

အစိတ်အပိုင်း(၂)[ပြင်ဆင်ရန်]

နိဒါန်း[ပြင်ဆင်ရန်]

အခန်း(၁) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ၏ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အခန်း(၂) ကြားကာလ ဥပဒေပြုရေး[ပြင်ဆင်ရန်]

အခန်း(၃) ကြားကာလ အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

အခန်း(၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

အခန်း(၅) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဖွဲ့စည်းပုံနှင့်တာဝန်များ[ပြင်ဆင်ရန်]

အခန်း(၆) ကြားကာလတရားစီရင်ရေး[ပြင်ဆင်ရန်]

အခန်း(၇) အထွေထွေပြဋ္ဌာန်းချက်များ[ပြင်ဆင်ရန်]

အခန်း(၈) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကတိပြုချက်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း (in my) (2021-03-31)။