အသုံးပြုသူ:ကျော်ထွဋ်

ဝီကီပီးဒီးယား မှ
ကျော်ထွဋ်
— Wikipedian —
အမည်ကျော်ထွဋ်
နိုင်ငံသား မြန်မာ
အရပ်အမြင့်၆ ft ၂ in (၁.၈၈ m)
ပညာရေးနှင့် အလုပ်အကိုင်
အလုပ်အကိုင်Android Developer
ဝါသနာနှင့် ကိုးကွယ်ယုံကြည်မှု
ကိုးကွယ်သည့် ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်သွယ်ရန်
ဝက်ဘ်ဆိုဒ်ကျော်ထွဋ်

ကျော်ထွဋ် ကို ၁၉၉၇ ခုနှစ် ဇူလိုင် ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဇာတိမှာ ပဲခူးမြို့ ဇာတိဖြစ်ပြီး သူငယ်တန်း မှ စပြီး ၄ တန်းအထိကို တမခ(၇၇) ဆက်သွယ်ရေး ရှိကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ၅ တန်းမှ ၁၀ အတန်းထိ အထက(၁) ပဲခူးမြို့တွင် ဆက်လက်ဆည်းပူးခဲ့ပါသည်။

၂၀၁၃ - ၂၀၁၄ တွင် ၁၀ အောင်ပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) တွင် ၅ နှစ်တာ ကာလလုံး ကွန်ပျူတာနှင့် ပတ်သက်သည့် ပညာရပ်များလေ့လာဆည်းဖူးခဲ့ပါသည်။ ဒုတိယနှစ် မှစပြီး Mobile Application ရေးသားနည်းကို လေ့လာခဲ့ပြီး၊ ဒုတိယနှစ် ကျောင်းပြီးတဲ့အချိန်တွင် Samsung Myanmar မှဖွင့်လှစ်သင်ကြားပေးသည့် Samsung Tech Institute: Mobile Application Trainingကို ၂၀၁၅ နှစ် တွင်တက်ရောက်ပညာသင်ကြားခဲ့ပြီး ပြိုင်ပွဲတွင် First Runner up ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် တွင် GDG Yangon မှ ဖွင့်လှစ်သည့် Android Study Jams Yangon တွင် သင်တန်းတက်ရောက်ခဲ့ပြီး ထိုသင်တန်းမှ ကျင်းပပေးသည့် ပြိုင်ပွဲတွင်လဲ ဆုရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Samsung Myanmar မှဖွင့်လှစ်သင်ကြားပေးသည့် Samsung Tech Institute: Mobile Application Training သင်တန်းတွင် Global New Wave Technology မှ ဆရာများသင်ကြားပို့ချသော သင်တန်းတွင် Instructor အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် Web Development ကို လေ့လာခဲ့ပြီး Freelancer တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအချိန်တွင် Android Developer အဖြစ်ဆက်လက်အလုပ်လုပ်လျှက်ရှိပါသည်။



ရုပ်ချောပါတယ်။ FA တစ်ယောက်ဖြစ်သည်။ မထင်ရင် မထင်သလို မိတ်ဆွေများကို လက်ဘက်ရည်တိုက်တတ်သည်ဟုလည်း ထင်ရသည်။