အလိုမရှိ (သီချင်း)

ဝီကီပီးဒီးယား မှ

အလိုမရှိ သီချင်းသည် ၂၀၂၁ စစ်အာဏာသိမ်းခံရပြီးနောက် လမ်းမတော်မှ အမည်မဖော်လိုသူ လူငယ်တစ်ယောက် ရေးစပ်သီဆိုထားသော သီချင်းတစ်ပုဒ်ဖြစ်ပြီး တော်လှန်ရေးကာလတ္ငင် နာမည်ကျော်ကြားလာခဲ့သည်။ မြန်မာလူငယ်တို့သည် စစ်အာဏာရှင်ကို တော်လှန်ရာတွင် လူတို့၏ စိတ်ကို လှုံ့ဆော်ပေးနိုင်သော အနုပညာ ဂီတတို့ဖြင့်လည်း သံပြိုင်ဟစ်ကြွေး၍ တော်လှန်ခဲ့ကြသည်။ ထို သီချင်းများထဲတွင် ၈၈ နှောင်းပိုင်း လူငယ်တက်ကြွသူ အဆိုတော်တို့က ရေးစပ်ထားသော အရေးကြီးပြီ (တေးရေး-ထူးအိမ်သင်၊ တေးဆို-မွန်းအောင်) နှင့် ကမ္ဘာမကြေဘူး (ကော်ပီသီချင်း- မူရင်း Dust In The Wind) စသည့် သီချင်းများသာမက သီချင်းအသစ်တို့ကိုလည်း ရေးစပ်ခဲ့ကြသည်။ ဤသီချင်းသည် ၎င်းတော်လှန်ရေး သီချင်းသစ်များထဲမှ အကျော်ကြားဆုံးတစ်ပုဒ်ဖြစ်သည်။ သီချင်းကို ခေတ်ဆန်ဆန်ရေးသားထားပြီး သံပုံးတီးသည်မှစ၍ အာဏာရှင်တော်လှန်ရေး လမ်းစဉ်များကို ထည့်သွင်းရေးစပ်ထားသည်။ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှု မစတင်ခင် အချိန်ကာလ၌ ရန်ကုန်မြို့၏ သပိတ်များတွင် ဤသီချင်းသံကို အမြဲလိုလို ကြားရလေ့ရှိသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. https://www.myanmar-now.org/mm/news/5886