အလအိုထရာကန်

ဝီကီပီးဒီးယား မှ
အလအိုထရာကန်
Lac Alaotra
seen from space
အလအိုထရာကန် Lac Alaotra သည် Madagascar တွင် တည်ရှိသည်
အလအိုထရာကန် Lac Alaotra
အလအိုထရာကန်
Lac Alaotra
တည်နေရာMadagascar
ကိုဩဒိနိတ်17°30′S 48°30′E / 17.5°S 48.5°E / -17.5; 48.5ကိုဩဒိနိတ်: 17°30′S 48°30′E / 17.5°S 48.5°E / -17.5; 48.5
ပင်မ ရေဝင်စီးကြောင်းAmbato River
ပင်မ ရေထွက်စီးကြောင်းManingory River
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများMadagascar
မျက်နှာပြင် ဧရိယာ၉၀၀ km2 (၃၅၀ sq mi)
ပျမ်းမျှအနက်၀.၆၀ m (၂ ft ၀ in)
အနက်ဆုံး အနက်အရှိုင်း၁.၅ m (၄ ft ၁၁ in)
ရေထုထည်app. ၀.၉၄၅ km3 (၀.၂၂၇ cu mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၅၀ m (၂,၄၆၀ ft)[၁]
တရားဝင်အမည်Le Lac Alaotra: Les Zones Humides et Bassins Versants
ရွေးချယ်ခြင်း9 September 2003
ရည်ညွှန်းနံပါတ်1312[၂]

အလအိုထရာကန် သည် မဒါဂတ်စကားနိုင်ငံတွင် တည်ရှိသည့် အကြီးဆုံးကန် ဖြစ်သည်။ ၎င်းကန်သည်  Alaotra-Mangoro ဒေသတွင် တည်ရှိသည်။ ကန်တည်ရှိရာချိုင့်ဝှမ်းတွင် တိမ်သည့် ရေကြည်ကန်များစွာဖြင့် ဖွဲ့စည်း တည်ရှိသည်။ ပတ်ဝန်းကျင်ရှိ စိမ့်မြေဧရိယာတွင် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးကြသည်။[၃] ၎င်းကန်သည် ကျွန်း၏ အလယ်တွင် တည်ရှိနေသည့်အတွက် အဓိကအရေးပါဆုံးသော ဆန်စိုက်ပျိုးရာနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် တောရိုင်းတိရစ္ဆာန်များအတွက် ပေါကြွယ်ဝသည့် ရှင်သန်ရာနေရာတစ်ခုလည်း ဖြစ်သည်။

အချို့သော ရှားပါးနှင့် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ ရှင်သန်နေထိုင်ကြသည်။ ထို့အပြင် ဤကန်သည် ငါးဖမ်းလုပ်ငန်းအတွက် အရေးပါသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ၎င်းကန်နှင့် ကန်၏ ပတ်လည်တွင် တည်ရှိသည့် စိမ့်မြေဒေသသည် စုစုပေါင်း စတုရန်းကီလိုမီတာ ၇၂၂၃ (၂၇၈၉ စတုရန်းမိုင်) ရှိသည်။ ၎င်းဒေသတွင် သက်ရှိများစွာ ရှင်သန်နေထိုင်ကြပြီး ရေအရင်းအမြစ်များ၊ ကျူပင်များ၊ စိမ့်မြေများနှင့် စပါးစိုက်ခင်းများ တည်ရှိကြသည်။ ကန်၏ ဧရိယာသည် ၉၀၀ စတုရန်းကီလိုမီတာ (၃၅၀ စတုရန်းမိုင်) ရှိသည်။ ဤကန်ကို ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတကာရမ်ဆာကွန်ဗန်းရှင်းအရ နိုင်ငံတကာအရေးကြီးသည့် စိမ့်မြေဒေသအဖြစ် သတ်မှတ်ခဲ့သည်။[၄]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. R. Battistini, G. Richard-Vindard (1972). Biogeography and Ecology in Madagascar, pp. 268–270. ISBN 978-94-015-7161-6
  2. Le Lac Alaotra: Les Zones Humides et Bassins Versants။ 25 April 2018 တွင် ပြန်စစ်ပြီး။
  3. Aythya innotata - Range & Habitat။ 2007-09-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-12-24 တွင် ပြန်စစ်ပြီး။
  4. C. Lévêque (1997)။ Biodiversity dynamics and conservation: the freshwater fish of tropical Africa။ Cambridge University Press။ p. 322။ ISBN 0-521-57033-6