ထမ္ဘာရောပက
ပုံပန်းသွင်ပြင်
(အရှင်ထမ္ဘာရောပကထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်ထမ္ဘာရောပကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဓမ္မဒဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]ဓမ္မဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါတွင် ဖြစ်၏။ အရှင်ထမ္ဘာရောပကထေရ် သည် ထိုမြတ်စွာဘုရား၏ စေတီတော်တွင် တံခွန်တိုင်ကို စိုက်ထူကာ ပူဇော်ခဲ့၏။ ထို့နောက် လှေကားပြုလုပ်ကာ ပုထိုးစေတီတော်ပေါ်သို့ တက်၏။ မြတ်လေးပန်းကို ယူ၍ ပုထိုးတော်ကို လှူဒါန်းခဲ့၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ကုသိုလ်ကောင်းမှု ပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် “ထူပသီခ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ထမ္ဘာရောပကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]