မာတိကာသို့ ခုန်သွားရန်

အမြူလာ ဆာလက်

ဝီကီပီးဒီးယား မှ

အမြူလာ ဆာလက် (Prakrit languages: امرالله صالح ၊ ၁၉၇၂ အောက်တိုဘာ ၁၅ ဘွား) သည် အာဖဂန်လူမျိုး နိုင်ငံရေးသမားဖြစ်ပြီး ၂၀၂၁ ခု၊ အောက်တိုဘာလ ၁၇ ရက်မှစ၍ အာဖဂန်အခြေခံဥပဒေအရ သမ္မတမရှိသည့်အတွက် ယာယီသမ္မတအဖြစ် တာဝန်ထမ်းလျက် ရှိသည်။ [] ယခင်က ပဉ္စမမြောက် ဒုသမ္မတ (၁) အဖြစ် ၂၀၂၀ ပြည့်မှစ၍ ဆောင်ရွက်ပြီး ယင်းမတိုင်မီ ၂၀၁၈-၁၉ က ပြည်ထဲရေးဝန်ကြီး၊ ၂၀၀၄-၂၀၁၀ တွင် အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးချုပ် အရာအသီးသီးတွင် လုပ်ကိုင်ဖူးသည်။ []

ကဘူးမြို့အား တာလီဘန်တို့ ထိန်းချုပ်လိုက်ချိန်တွင် သမ္မတ ဂါနီက နိုင်ငံကို စွန့်သွားရာ ဆာလက်က ပန်ဂျရှာတောင်ကြားသို့ ရွေ့ပြောင်းပြီး အာဖဂန်နစ္စတန်၏ ယာယီသမ္မတအဖြစ် မိမိကိုယ်မိမိ ကြေညာသည်။ [] တာလီဘန်ဆန့်ကျင်ရေးတပ်ဦးကို ဖွဲ့စည်းကြောင်းလည်း အာမက်မက်စလောက်၊ ကာကွယ်ရေးဝန်ကြီး ဘစ္စမီလာခန်းမိုဟာမဒ္ဓီတို့နှင့် ပူးတွဲကြေညာသည်။ []

ကိုးကား

[ပြင်ဆင်ရန်]