အက်ရှရက် ဂါနီ

ဝီကီပီးဒီးယား မှ

မိုဟာမက် အက်ရှရက် ဂါနီ အာမက်ဇိုင်(တမ်းပလိတ်:Lang-nq ၊ ၁၉၄၉ မေ ၁၉ ဘွား) သည် အာဖဂန်နိုင်ငံသား နိုင်ငံရေးသမား၊ စီးပွားရေးပညာရှင်၊ ပညာရေးနယ်ပယ်သားဖြစ်ပြီး အာဖဂန်နစ္စတန်၏သမ္မတအဖြစ် ၂၀၁၄ စက်တင်ဘာလမှ ၂၀၂၁ ဩဂုတ်လအထိ တာဝန်ထမ်းသည်။ ၂၀၂၁ ခု၊ ဩဂုတ်လ ၁၅ ရက်တွင် တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်သည်၌ နိုင်ငံမှ တိမ်းရှောင်ရ၏။

၂၀၁၄ ခု၊ စက်တင်ဘာလ ၂၀ ရက်တွင် ပထမဆုံး ရွေးကောက်ခံရပြီး ၂၀၁၉ ခု၊ စက်တင်ဘာလ ၂၈ ရက် သမ္မတရွေးကောက်ပွဲတွင် ဒုတိယအကြိမ် ထပ် ရွေးခံရသည်။ ၂၀၂၀ ပြည့်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် မဲစာရင်းကိစ္စများပြီး၌ နောက်တကြိမ် ၂၀၂၀ ပြည့်၊ မတ်လ ၉ ရက်တွင် ကျမ်းကျိန်သည်။ [၁][၂] ဒုတိယ ၅-နှစ်သက်တမ်းကို ၂၀၂၀ ပြည့်၊ မတ်လ ၉ ရက်က စတင်ထမ်းဆောင်၏။ [၃]

ဂါနီသည် ယခင်က ကဘူးတက္ကသိုလ်၏ ပါမောက္ခချုပ်၊ နောက် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဖူးသည်။

အာဖဂန်နစ္စတန်သို့ ၂၀၀၂ ခုတွင် မပြန်လာမီက မနုဿဗေဒပါမောက္ခအဖြစ် နာမည်ကျော်တက္ကသိုလ်များ (အထူးသဖြင့် ဂျွန်ဟော့ပကင်းတက္ကသိုလ်) တွင် စာပို့ချသည်။ နောက် ကမ္ဘာ့ဘဏ်တွင် အလုပ်ဝင်သည်။ အာဖဂန်နစ္စတန်သို့ ပြန်လာပြီးနောက် ၂၀၀၂ ခု၊ ဇူလိုင်လမှ ၂၀၀၄ ခု၊ ဒီဇင်ဘာလအတွင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းသည်။ တာလီဘန်အစိုးရကြောင့် ချည့်နဲ့နေသော စီးပွားရေးကို ပြန်လည်တည့်မတ်ရန် အားထုတ်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. Mashal, Mujib (18 February 2020). "After 5-Month Delay, Ashraf Ghani Is Named Winner of Afghan Election". The New York Times. ISSN 0362-4331. Retrieved 18 February 2020.
  2. "Ghani named winner of disputed Afghan poll, rival also claims victory". Reuters. 19 February 2020. Retrieved 19 February 2020.
  3. "Amid Controversy, Ghani Takes Oath of Office". TOLOnews. Retrieved 9 March 2020.