အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ

ဝီကီပီးဒီးယား မှ

အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (အင်ဒီအေအေ) (အင်္ဂလိပ်: National Defense Authorization Act (NDAA)) သည် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနအတွက် နှစ်စဉ်ဘတ်ဂျက်နှင့် အသုံးစရိတ်များကို သတ်မှတ်ပေးသည့် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ဥပဒေများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပထမဆုံး အင်ဒီအေအေအက်ဥပဒေကို ၁၉၆၁ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။[၁][၂] အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ်တစ်နှစ်တာ ဥပဒေကြမ်းနှစ်ခုဖြင့် ကြီးကြပ်သည်။ ယင်းတို့မှာ လုပ်ပိုင်ခွင့်ဥပဒေနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတို့ဖြစ်ကြသည်။ ထိုလုပ်ပိုင်ခွင့်ဥပဒေကြမ်းသည် အထက်လွှတ်တော်၏ တပ်မတော်ရေးရာကော်မတီနှင့် အောက်လွှတ်တော်၏ တပ်မတော်ရေးရာကော်မတီတို့၏ စီရင်ပိုင်ခွင့်ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာများတွင် ရန်ပုံငွေထောက်ပံ့ပေးမှုနှင့် စရိတ်ငွေသုံးစွဲမှုဆိုင်ရာ မူဝါဒများတွင် အဆုံးအဖြတ်ပေးနိုင်သည်။[၃] ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေမှတစ်ဆင့် ရန်ပုံငွေများထောက်ပံ့ပေးသည်။

ကွန်ဂရက်လွှတ်တော်သည် ထိုအက်ဥပဒေကိုအတည်ပြုရာ၌ တစ်ခါတစ်ရံတွင် ကွန်ဂရက်လွှတ်တော်အမတ် သို့မဟုတ် အခြားထင်ရှားသူတစ်ဦးဦးကို ဂုဏ်ပြုရန်အလို့ငှာ ထိုသူ၏အမည်ကို ဥပဒေအမည်တွင် ထည့်သွင်းလေ့ရှိသည်။ သာဓကအားဖြင့် ၂၀၀၁ ဘဏ္ဍာနှစ်အတွက် ဥပဒေကို တောင်ကယ်ရိုလိုင်းနားပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဖလွိုက် ဒီ စပန့်စ်အား ဂုဏ်ပြုသောအားဖြင့် "၂၀၀၁ ဘဏ္ဍာနှစ်အတွက် ဖလွိုက် ဒီ စပန့်စ် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ" ဟူ၍‌အမည်ပေးခဲ့သည်။[၄]

ထင်ရှားသည့်အက်ဥပဒေများ[ပြင်ဆင်ရန်]

  • ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အင်ဒီအေအေ အက်ဥပဒေတွင် အထက်လွှတ်တော်အမတ်နှင့် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့သူ ဂျွန် မက်ကိန်းကိုဂုဏ်ပြုသောအားဖြင့် သူ၏အမည်ထည့်သွင်းခဲ့သည်။
  • ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အင်ဒီအေအေ အက်ဥပဒေသည် အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်ကို သီးခြားတပ်ဖွဲ့ခွဲအဖြစ် ဖွဲ့စည်းနိုင်စေခဲ့သည်။
  • ၂၀၂၃ ဘဏ္ဍာနှစ်အတွက် အင်ဒီအေအေ အက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပက်သက်သော ဘားမားအက်ဥပဒေ (BURMA Act၊ Burma Unified through Rigorous Military Accountability Act (စစ်တပ်အပေါ်ပြင်းထန်စွာအရေးယူမှုဖြင့် မြန်မာနိုင်ငံကိုစည်းလုံးစေရေးအက်ဥပဒေ)) ပါဝင်သည်။ ထိုအက်ဥပဒေတွင် မြန်မာစစ်တပ်၏ တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို ကူညီထောက်ပံ့ရေးတို့ပါဝင်သည်။ မြန်မာစစ်အစိုးရသည်မူ ထိုဥပဒေသည် အကြမ်းဖက်သမားများကို ထောက်ခံသည်ဟုဆို၍ ကန့်ကွက်ခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. History of the NDAA။ December 22, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 4, 2017 တွင် ပြန်စစ်ပြီး။
  2. DeBruyne၊ Nese F. (April 19, 2018)။ Defense Authorization and Appropriations Bills: FY1961-FY2018။ Washington, DC: Congressional Research Service။ November 20, 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 20 November 2018 တွင် ပြန်စစ်ပြီး
  3. Williams၊ Lynn B.; Heitshusen၊ Valerie (November 28, 2016)။ Defense Primer: Navigating the NDAA (PDF)။ Washington, DC: Congressional Research Service။ August 9, 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) 11 November 2018 တွင် ပြန်စစ်ပြီး
  4. United States Government Publishing Office, National Defense Authorization Act for Fiscal Year 2001, Section 1, accessed 24 December 2022
  5. "မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ကူညီမည့် NDAA ကို စစ်ကောင်စီက အပြင်းအထန်ကန့်ကွက်"၊ RFA မြန်မာ၊ ၂၇ ဒီဇင်ဘာ ၂၀၂၂။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]