မာတိကာသို့ ခုန်သွားရန်

လွတ်လပ်တဲ့ အာရှအသံ

ဝီကီပီးဒီးယား မှ
လွတ်လပ်တဲ့အာရှအသံ
Radio Free Asia
လုပ်ငန်းအသံလွှင့်
တည်ထောင်သည့်နှစ်၁၉၉၆
ဌာနချုပ်ဝါရှင်တန်ဒီစီ, အမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှု ဧရိယာအရှေ့အာရှနှင့် အရှေ့တောင်အာရှ
အရေးပါ ပုဂ္ဂိုလ်များBay Fang (President)
ဝက်ဘ်ဆိုက်rfa.org

လွတ်လပ်တဲ့အာရှအသံ (Radio Free Asia, RFA) သည် အမေရိကန် ကွန်ဂရက်လွှတ်တော်က ထူထောင်ပြီး ဖက်ဒရယ်အစိုးရက ပံ့ပိုးထားသည့် အသံလွှင့်ဌာန တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှ ၆ နိုင်ငံမှ ဘာသာစကား ၉ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသည်။ အာအက်ဖ်အေ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိနိုင်ငံများ အထူးသဖြင့် သတင်းအမှောင်ချခံရသည့် နိုင်ငံများအတွင်း ဖြစ်ပွားနေသည့် သတင်းများကို အမှန်ဆုံးနှင့် အမြန်ဆုံး ထုတ်လွှင့်ပေးရေး ဖြစ်သည်။

ဘာသာစကားများ

[ပြင်ဆင်ရန်]
Broadcasting Information
ဘာသာစကားစတင်ထုတ်လွှင့်သည့်နေ့နေ့စဉ် ထုတ်လွှင့်သည့် အချိန်
မြန်မာFebruary 19974 Hours
ကွမ်းတုန်May 19982 Hours
ခမာSeptember 19972 Hours
ကိုရီးယားMarch 19975 Hours
လာအိုAugust 19972 Hours
တရုတ်September 199612 Hours
တိဘက်December 199610 Hours
ဝီဂါDecember 19982 Hours
ဗီယက်နမ်February 19978 Hours

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]