အမ်မာ ဝက်ဆင်

ဝီကီပီးဒီးယား မှ
အမ်မာ ဝက်ဆင်
အမ်မာ ဝက်ဆင် (2017)
မွေးဖွားEmma Charlotte Duerre Watson
(1990-04-15) ၁၅ ဧပြီ၊ ၁၉၉၀ (အသက် ၃၃)
ပဲရစ်မြို့ပြင်သစ်နိုင်ငံ
နိုင်ငံလူမျိုးဗြိတိသျှ[၁]
မိခင်ကျောင်းဘရောင်းတက္ကသိုလ်
Worcester College, Oxford
အလုပ်အကိုင်
  • Actress
  • model
  • activist
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၉–လက်ရှိ
ကျော်ကြားမှုအရင်းခံဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းများ
My Week with Marilyn
The Perks of Being a Wallflower
ကုလသမဂ္ဂ အမျိုးသမီး ကိုယ်စားလှယ်

အမ်မာ ရှားလတ် ဒျူရဲ ဝေါ့ဆန် (အင်္ဂလိပ်: Emma Charlotte Duerre Watson)[၂] (၁၅ ဧပြီ ၁၉၉၀ မွေးဖွား)[၃] သည် ဗြိတိန် သရုပ်ဆောင်၊ မော်ဒယ် တစ်ဦး ဖြစ်သည်။ ပဲရစ်မြို့တွင် မွေးဖွားခဲ့ပြီး အောက်စဖို့ဒ်ရှီးယားမြို့တွင် ကြီးပြင်းခဲ့သည်။ Oxford Dragon ကျောင်းတွင် ငယ်စဉ်က ကျောင်းတွင် တတ်ခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်ခွဲဖြစ်သော Stagecoach Theatre Arts တွင် အမျိုးသမီးဇာတ်ဆောင်ပညာများကို သင်ယူခဲ့သည်။ ကျောင်းတွင် အနုပညာပွဲများတွင်သာ ဆင်နွဲနေသော ဝက်ဆင်သည် တရားဝင် အမျိုးသမီးဇာတ်ဆောင်အလုပ်ကို ဟာမီရုန်း ဇာတ်ရုပ်ဖြင့် ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲများ များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၁ မှ ၂၀၁၁ အထိ ဟယ်ရီပေါ်တာရုပ်ရှင် ရှစ်ကားစလုံးတွင် ပါဝင်ခဲ့သည်။ [၄] ဟယ်ရီပေါ်တာ ဇာတ်လမ်းများသာမက The Tale of Despereaux ကားတွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခြင်းနှင့် Ballet Shoes ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ရာတွင်လည်း ပါဝင်ခဲ့သည်။ ထို့နောက် ခေါင်းဆောင်မင်းသမီးနေရာမှ The Perks of Being a Wallflower နှင့် The Bling Ring တို့တွင် ပါဝင်ခဲ့သည်။ This is the End ကားထဲတွင် ပုံကြီးချဲ့ပြောတတ်သော ကောင်မလေးအဖြစ်လည်းကောင်း၊ Noah ကားထဲတွင် မွေးစားသမီးနေရာမှလည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။[၅]

၂၀၁၁ မှ ၂၀၁၄ အထိ အမ်မာသည် သူမ၏ သရုပ်ဆောင်အလုပ်များမှ ခဏတာ အနားယူခဲ့ပြီး ကျောင်းစာများအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ Brown တက္ကသိုလ်နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ် အခွဲWorcester ကောလိပ် တို့တွင် တက်ရောက်ခဲ့ပြီး အင်္ဂလိပ်စာအထူးပြုဖြင့် Brown တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ [၆] အမ်မာသည် Burberry နှင့် Lancôme မှပြုလုပ်သော ပွဲများတွင် သူမသည် မော်ဒယ်အဖြစ် ပါဝင်လေ့ရှိသည်။[၇][၈] အမ်မာသည် British Academy of Film and Television Arts မှပေးအပ်သော တစ်နှစ်တာ အကောင်းဆုံး ဗြိတိန်အနုပညာရှင်ဆုကို ရရှိခဲ့သည်။ ထိုနှစ်တွင် ကုလသမဂ္ဂ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ HeForShe အမည်ရသော ကုလသမဂ္ဂ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ လုပ်ရှားမှုကို ဦးဆောင်စေသည်။ ထိုလုပ်ရှားမှုသည် ကျားမတန်းတူအခွင့်အရေးရရှိရေးအတွက် ဆောင်ရွက်သည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Check If You're a British Citizen။ UK Government Digital Service။ 23 April 2014 တွင် ပြန်စစ်ပြီး။ “(If you were born on or after 1 January 1983 and before 1 January 2006 to parents married and British 'not by descent') in most cases you'll be a British citizen 'by descent'.”
  2. "Emma Watson"။ Late Show with David Letterman။ Episode 3145။ 8 July 2009။ CBS။
  3. Walker၊ Tim။ "Emma Watson: Is there Life After Hermione?"၊ The Independent၊ 29 September 2012။ 12 August 2016 တွင် ပြန်စစ်ပြီး 
  4. "Daniel Radcliffe, Rupert Grint and Emma Watson to Reprise Roles in the Final Two Instalments of Warner Bros. Pictures' Harry Potter Film Franchise" (သတင်းထုတ်ပြန်ချက်)။ Warner Bros.။ 23 March 2007။ 2 April 2007 တွင် မူရင်း အား မော်ကွန်းတင်ပြီး23 August 2016 တွင် ပြန်စစ်ပြီး
  5. Emma Watson Gets Biblical With Darren Aronofsky's 'Noah'။ indiewire.com (7 June 2012)။ 16 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2016 တွင် ပြန်စစ်ပြီး။
  6. Emma Watson graduates from Brown University။ telegraph.co.uk (02 September 2016)။ 02 September 2016 တွင် ပြန်စစ်ပြီး။
  7. Go Behind the Scenes with Emma Watson On the Burberry ShootVogue News (June 2009)။ 3 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2016 တွင် ပြန်စစ်ပြီး။
  8. Oliver၊ Dana။ "Emma Watson Named New Face of Lancome"၊ Huffington Post၊ 14 March 2011။ 2 September 2016 တွင် ပြန်စစ်ပြီး 
  9. Emma Watson named as UN Women Goodwill Ambassador။ independent.co.uk (8 July 2014)။ 19 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 04 September 2016 တွင် ပြန်စစ်ပြီး။