မာတိကာသို့ ခုန်သွားရန်

အမ်ဇော်ရိန်

ဝီကီပီးဒီးယား မှ
အမ်ဇော်ရိန်
M Zaw Rain
မွေးဖွား (1993-01-20) ဇန်နဝါရီ ၂၀၊ ၁၉၉၃ (အသက် ၃၂)
ပျဉ်းမနားမြို့
နိုင်ငံလူမျိုး မြန်မာ
အခြား အမည်များဇော်ရိန်
တယောလေး
လူမျိုးကချင်
အလုပ်အကိုင်အဆိုတော်
ကျော်ကြားမှုအရင်းခံMyanmar Idol နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်
မိဘ(များ)ဦးMဇော်ခွန်၊ ဒေါ်နော်ခရစတာဘဲလ်

အမ်ဇော်ရိန် သည် မြန်မာနိုင်ငံသား ကချင်လူမျိုး အဆိုတော်တစ်ဦး ဖြစ်သည်။[] အမ်ဇော်ရိန်သည် Myanmar Idol အစီအစဉ်၏ ပထမရာသီတွင် Final Top 3 အထိတက်ရောက်နိုင်ခဲ့ပြီးWinner မဖြစ်ခဲ့ပေ။[]

Myanmar Idol တွင် ယှဉ်ပြိုင်ခြင်း

[ပြင်ဆင်ရန်]

အမ်ဇော်ရိန်သည် မြန်မာအိုင်​ဒေါ၏ ပထမဆုံးရာသီကို ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး Final Top 3 တွင် စောလားထော်ဝါးနင်ဇီမေတို့နှင့်အတူ ယှဉ်ပြိုင်ခဲ့ရာ စောလားထော်ဝါးက အနိုင်ရခဲ့သည်။[][] သူသည် မြန်မာအိုင်​ဒေါတွင် လူသိများလာပြီး ပရိသတ် သိန်းချီရှိလာခဲ့သည်။[][]

အမ်ဇော်ရိန်ကို ဇန်နဝါရီ ၂၀ ရက်နေ့၊ ၁၉၉၃ ခုနှစ်တွင် ဦးMဇော်ခွန်၊ ဒေါ်နော်ခရစတာဘဲလ်တို့မှ ပျဉ်းမနားမြို့၌ မွေးဖွားခဲ့သည်။ သူသည် Myanmar Idol တွင်သူနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သော စောထက်နိုင်စိုးနှင့် ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သည်။

ပြင်ပဘဝ

[ပြင်ဆင်ရန်]

အမ်ဇော်ရိန်သည် ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးဖြစ်ပြီး အရပ် ၅ပေ ၆လက်မ (၁.၉၄ မီတာ) ရှိပြီး မွေးချင်း​၄ယောက်အနက် အငယ်ဆုံးဖြစ်သည်။

တေးစီးရီးများ

[ပြင်ဆင်ရန်]

တစ်ကိုယ်တော်

[ပြင်ဆင်ရန်]
  • စိတ် (၂၀၁၆)[]

ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]