အဖုံးအနှံမိုးသာဖန်

ဝီကီပီးဒီးယား မှ

အဖုံးအနှံမိုးသာဖန် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အဖုံးအနှံမိုးသာဖန်[ပြင်ဆင်ရန်]

ဧသဟသတ် တွင်မှ၊ ဒွေးသတ္တာ ခေါင်မော်တင်လို့၊ ထောင်ပေါ်တွင် နှစ်ရာလွှန်းခဲ့၊ စာညွှန်းပုံဆို၍ လှစ်ရင်ဖြင့်၊ စွန်းထိုနှစ်ခုနစ်ဆယ်။

လနယုန်ဝါဆိုက၊ မရွာလိုသတွာ ငိုမလောက်ပ၊ အခြောက်ပင် ကိုယ်စီထောင်ကြ၊ နောက်ဝါခေါင် တော်သလင်းတော့၊ မျှော်တွင်းကို မိုးရွာလိုက်ပေလို့၊ ပျိုးစိုက်ရတယ်။

သစ်ပင်စုံ ဖြစ်ချင်ရက်ဟာမို့၊ ရှစ်မျက်နှာနယ်တလွှားထိ၊ စပါးတွေမြေသို့ပျိုးလိုက်ရင်၊ ရေအိုးတင်ရင်ခါးစောင်းထိ၊ ကောင်းယုတ်လတ် အသွယ်သွယ်၊ အနယ်နယ်ပတ်ကုံး။

မြက်မြေဇာ၊ ခွေကာညှိုးအောင်မှ၊ ငွေမိုးညိုသူမရွာသောကြောင့်၊ တူရာသီ၊ ပူစွာလောင်ရော့ ဖြူခါအောင်၊ သူငါမွဲရချည့်၊ နွားလှည်းရောင်းသူရောင်းနှင့်၊ နားဋောင်း ပေါင်သူပေါင်လို့၊ အိမ်ထောင်ဖျက်သူဖျက်ပ၊ လယ်ကွက်အပ်သူအပ်လို့၊ အောက်ရပ်သွားသူသွားပေါ့၊ နောက်ဖျားစွန် တန်ဆောင်မုန်းတော့၊ နှလုံးလွန်ပူပန်လှမှ၊ ဖုံးအနှံခွေကာညိုးရာက၊ စပါးဆန်၊ စားရန်တိုးစေဘို့၊ ပတ္တမြားတန်အောင်၊ သိကြားဖန်တဲ့မိုးပေထင့်၊ ဖိုးအထိုက်ဆုံး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဧသဟသ် = တထောင်။

၂။ ဒွေးသတ္တာ = ၂ နှင့် ၇ ဂဏန်း (၁၂၇၀ ဟုဆိုလိုသည်)။

၃။ တူရာသီ = သီတင်းကျွတ်လ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။