မာတိကာသို့ ခုန်သွားရန်

အပြာရောင်ဝေလငါး

ဝီကီပီးဒီးယား မှ
ဝေလငါးပြာ (သို့) အပြာရောင်ဝေလငါး
Temporal range: Pleistocene ခေတ်ဦး - လက်ရှိခေတ် 1.5–0 Ma
အရွယ်ရောက်ပြီး ဝေလငါးပြာတစ်ကောင်
ပျမ်းမျှ လူသားတစ်ဦး၏အရွယ်အစားနှင့် အပြာရောင်ဝေလငါးအား နှိုင်းယှဉ်ပြထားပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
Infraorder: Cetacea
မျိုးရင်း: Balaenopteridae
မျိုးစု: Balaenoptera
မျိုးစိတ်:
B. musculus
ဒွိနာမ
Balaenoptera musculus
* B. m. brevicauda Ichihara, 1966
  • ?B. m. indica Blyth, 1859
  • B. m. intermedia Burmeister, 1871
  • B. m. musculus Linnaeus, 1758

မျိုးစိတ်ခွဲ

အပြာရောင်ဝေလငါးများ ကျက်စားရာ ဒေသများ (အပြာရောင်ခြယ်)

ဝေလငါးပြာ (သို့) အပြာရောင်ဝေလငါးသည် မစ္စတစ္စီတိုင် (Mysticeti) မျိုးစဉ်၏ အောက်မျိုးစဉ်ငယ်တစ်မျိုးဖြစ်သည့် ဘေလိန်းဝေလငါးမျိုးထဲတွင် ပါဝင်သော အဏ္ဏဝါ-နို့တိုက်သတ္တဝါ မျိုးစိတ်တစ်စိတ် ဖြစ်၏။ ပျမ်းမျှကိုယ်လုံးအရှည်မှာ ၉၈ ပေ (၃၀ မီတာ) ခန့် ရှိပြီး ပျမ်းမျှအလေးချိန်မှာ တန်ချိန်ပေါင်း ၁၉၉ တန်ခန့်ပင်ရှိသည်ဟုသိရသည်။ ဝေလငါးပြာသည် လက်ရှိ တိရစ္ဆာန်များနှင့် ရှာဖွေတွေ့ရှိခဲ့သမျှ တိရစ္ဆာန်များအပါ အားလုံးသော တိရစ္ဆာန်များထဲ၌ အကြီးမားဆုံးတိရစ္ဆာန် ဖြစ်သည်။ ကိုယ်ထည် ရှည်လျားသွယ်လျပြီး ညိုပြာရောင်မွဲမွဲသန်းကာ အောက်ဘက်၌ အရောင်အနည်းငယ်ဖျော့သည်။

Aerial photograph of an adult blue whale showing its length
အရွယ်ရောက် ဝေလငါးပြာ

ဝေလငါးပြာသည် အစာကို စစ်ထုတ်စားသောက်သော တိရစ္ဆာန် (Filter Feeder) ဖြစ်သည်။ ၎င်းတို့စားသောက်သည့် အစာအများစုမှာ ပုစွန်ဆိပ်ကလေးများဖြစ်သည်။ အချင်းချင်း အသံလှိုင်းနှင့် (အသံထွက်၍) ဆက်သွယ်ကြသည်ကို ယခင်ကတည်းက သိထားနှင့်ပြီးဖြစ်၏။ ထိုသို့ ဆက်သွယ်ရာ၌ ဝေလငါး မျိုးစိတ်တစ်စိတ်နှင့် တစ်စိတ် အသုံးပြုသည့် အသံလှိုင်းတုန်ခါနှုန်းများ မတူညီကြဘဲ ဝေလငါးပြာတို့၏ ပျမ်းမျှအသံလှိုင်းတုန်ခါနှုန်းမှာ (၈ - ၂၅ ဟက်ဇ်) အတွင်းဖြစ်သည်ဟု သိရသည်။ သို့ရာတွင် ဒေသ၊ ရာသီဥတု၊ အပြုအမူအလိုက် ကွဲပြားနိုင်သည်။

ဝေလငါးပြာသည် ၁၉ ရာစုအကုန်အထိ ကမ္ဘာ့သမုဒ္ဒရာများအားလုံးနီးပါးတွင် ပေါများခဲ့သည်။ ၁၉၆၆ ခုနှစ်၌ နိုင်ငံတကာ ဝေလငါးဖမ်းကော်မရှင် ကိုယ်တိုင်က ဝေလငါးပြာ အမဲလိုက်ခြင်းကို တားမြစ်ရသည့်အထိ မျိုးသုဉ်းလုနီးပါး အမဲလိုက်ခြင်းခံခဲ့ရသည်။ ဝေလငါးပြာများကို ၂၀၁၈ ခုနှစ်အထိ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းက သတ်မှတ်ခဲ့သည်။ လူလုပ်အန္တရာယ်(သင်္ဘောတိုက်ခိုက်မှု၊ လေထုညစ်ညမ်းမှု၊ သမုဒ္ဒရာ ဆူညံသံနှင့် ရာသီဥတုပြောင်းလဲမှု) နှင့် သဘာဝအန္တရာယ်(လူသတ်ဝေလငါး ဖမ်းဆီးခြင်း) တို့၏ ခြိမ်းခြောက်မှုများစွာကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။[]

" ဝေလငါးပြာသည် လက်ရှိ တိရစ္ဆာန်များနှင့် ရှာဖွေတွေ့ရှိခဲ့သမျှ တိရစ္ဆာန်များအပါ အားလုံးသော တိရစ္ဆာန်များထဲ၌ အကြီးမားဆုံးတိရစ္ဆာန် ဖြစ်သည်"

ဇီဝကမ္မဗေဒ

[ပြင်ဆင်ရန်]
Photograph of the blue whale's small dorsal fin
အနောက်ဘက်တွင်ရှိနေသော တောင်ပံအသေးလေးကို ပုံ၏ဘယ်အစွန်နားတွင် မြင်တွေ့နိုင်သည်။

ပုံမှန်အမြင်တွင် ဝေလငါးပြာများ၏ အရောင်မှာ ခပ်မွဲမွဲ မီးခိုရောင်သန်းနေသည့် အပြာရောင်မျိုးဖြစ်ပြီး ရေထဲတွင်မူ အပြာရောင်အဖြစ် မြင်တွေ့ရသည်။[][][] ခန္ဓာကိုယ်ပေါ်တွင် အမဲစက်များ ပါရှိတတ်ကြပြီး ၎င်းအမည်းစက်၏ ပုံစံသည် မကြာခဏပြောင်းလဲတတ်သည်ဟု သိရသည်။ သို့ရာတွင် တစ်ဦးချင်းစီကို ခွဲခြားသတ်မှတ်ရန်အတွက် အသုံးပြုနိုင်သော အမြီး ရေယက်တောင်၏ နောက်ကျောတစ်လျှောက်တွင် တစ်ကောင်ချင်းစီတွင် မတူညီကြသည့် ထူးခြားသောသွင်ပြင်လက္ခဏာ အရောင်ခြယ်မှုပုံစံတစ်ခုရှိသည်။[][][]

နေထိုင်ပြုမူပုံ

[ပြင်ဆင်ရန်]

ရွှေ့ပြောင်းခြင်း

[ပြင်ဆင်ရန်]
Photograph of a whale blowing
လေမှုတ်ထုတ်နေသော ဝေလငါးပြာတစ်ကောင်ပုံ

ဝေလငါးများသည် ကပ်ပါးပိုးများ၊ ရောဂါပိုးများနှင့် ၎င်းတို့ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမှုကို စသည့် အန္တရာယ်များကို ရှောင်ရှားရန်[][၁၀]၊ နွေဦးနှင့် နွေရာသီတွင် ၎င်းတို့၏ အစာ သားကောင်ငယ်များ ရရှိနိုင်ရန်၊ သားသတ်ဝေလငါးများ၏ အမဲလိုက်မှုကြောင့် သားပေါက်ဦးရေလျှော့ပါးခြင်းကို ရှောင်ရှားရန် စသည်တို့အတွက် ရွေ့ပြောင်းနေထိုင်ကြခြင်းဖြစ်နိုင်သည်ဟု အဏ္ဏဝါနှင့် သတ္တဗေဒပညာရှင်များက ယူဆထားသည်။[၁၁][၁၂]

အစားအသောက်နှင့် အစာရှာဖွေမှု

[ပြင်ဆင်ရန်]

အပြာရောင်ဝေလငါး၏ အစားအစာတွင် အများဆုံးမှာ ခရေးလ် ဟုခေါ်သော ပုစွန်ဆိပ်လေးများဖြစ်သည်။ အပြာရောင်ဝေလငါးများကို မဂ်ဒလီနာ ပင်လယ်အော်နှင့် မက္ကစီကိုနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ရှိတတ်သော ကဏန်းနီများကိုလည်း စားလေ့ရှိသည်ကို မှတ်တမ်းတင်ခဲ့ဖူးသည်ဟု သိရသည်။[၁၃][၁၄][၁၅]

အသံထုတ်လွှင့်မှု

[ပြင်ဆင်ရန်]

အပြာရောင်ဝေလငါးများ၏ အသံထုတ်လွှင့် ခေါ်ဆိုမှုများသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်ဟု သုတေသနပြုလုပ်နေကြသည့် ပညာရှင်များမှ ယူဆထားကြသည် -

  1. သွားလာရာတွင် တစ်ကောင်ချင်း အကွာအဝေးကို ထိန်းသိမ်းခြင်း။
  2. မျိုးတူချင်းတွေ့ဆုံရာတွင် နှုတ်ခွန်းဆက်သသည့် အပြုအမူမျိုးဆန်သည့် လုပ်ဆောင်မှု။
  3. လက်ရှိ အခြေအနေကို သိရှိစေရန်ပေးပို့ခြင်း (ဥပမာ။ အစာကျွေးခြင်း၊ အန္တရာယ်အချက်ပေးခြင်း၊ ချစ်ရည်လူးခြင်း)
  4. ၎င်းတို့၏ အုပ်စုကို ထိန်းသိမ်းခြင်း (ဥပမာ။ အမ နှင့် အထီးများအကြား ဆက်သွယ်ပြောဆိုမှုများ)၊
  5. မြေမျက်နှာသွင်ပြင် တည်နေရာ အချက်အလက်ပေးခြင်း၊
  6. သားကောင်အရင်းအမြစ်များ၏ တည်နေရာ အချက်အလက် ပေးခြင်း။[၁၆]
Photograph of a blue whale skull
ဝေလငါးပြာ၏ ဦးခေါင်းခွံအရွယ်အစား ၁၉ ပေ (၅.၈ မီတာ)

ထိန်းသိမ်းစောင့်ရှောက်ရေး

[ပြင်ဆင်ရန်]
Photograph of a blue whale calf and its mother
မိခင်ဖြစ်သူနှင့် အတူတွေ့ရသည့် မွေးစအရွယ် ဝေလပြာ တစ်ကောင်

တစ်ကမ္ဘာလုံးတွင်ရှိသော အရွယ်ရောက်ပြီး ဝေလငါးပြာများ အရေအတွက်သည် ၂၀၁၈ ခုနှစ် စာရင်းအရ ၅၀၀၀ မှ ၁၅၀၀၀ ထိ ဖြစ်သည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့တောင်ဘက်ခြမ်း ဒေသများတွင် ၎င်းတို့ကို ၁၉၃၉ ခုနှစ်မှစတင်၍ ကာကွယ်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် နိုင်ငံတကာ ဝေလငါးဖမ်းခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကွန်ဗင်းရှင်းအရ မြောက်အတ္တလန္တိတ်တွင် အပြည့်အဝ ကာကွယ်မှုပေးခဲ့သည်။ ဤကာကွယ်မှုဧရိယာအား ၁၉၆၅ ခုနှစ်တွင် အန္တာတိကတိုက်ဘက်သို့ တိုးချဲ့ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မြောက်ပစိဖိတ်သမုဒ္ဒရာသို့ တိုးချဲ့ခဲ့သည်။[၁၇][၁၈] မြောက်အတ္တလန္တိတ်၌ အပြာရောင်ဝေလငါးများ၏ ကာကွယ်မှု အခြေအနေကို အိုက်စလန်နိုင်ငံမှ ၁၉၆၀ ခုနှစ်အထိ အသိအမှတ်မပြုခဲ့ပေ။[၁၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. Reilly, S. B. (2018). "Balaenoptera musculus". IUCN အနီရောင်စာရင်း 2018. doi:10.2305/IUCN.UK.2008.RLTS.T2477A9447146.en. 
  2. Species Profile။ 21 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  3. Part 17 – Conservation of Endangered Species and Other Fish or Wildlife (First List of Endangered Foreign Fish and Wildlife as Appendix A)U.S. Fish & Wildlife Service (2 June 1970)။ 17 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  4. "Photographic identification of the blue whale (Balaenoptera musculus) in the Gulf of St. Lawrence, Canada" (1990). Reports of the International Whaling Commission 12: 335–342. 
  5. ၅.၀ ၅.၁ "Insights into the population structure of blue whales in the Eastern North Pacific from recent sightings and photographic identification" (2009). Marine Mammal Science 25 (4): 816–832. doi:10.1111/j.1748-7692.2009.00298.x. 
  6. Sears, R.; Perrin, W. F. (2009)။ "Blue whale (Balaenoptera musculus)"။ in Perrin၊ W. F.; Würsig၊ B.; Thewissen၊ J. G. M. (eds.)။ Encyclopedia of marine mammals။ San Diego, CA: Academic Press။ pp. 120–124။
  7. "Photographic identification of the blue whale (Balaenoptera musculus) in the Gulf of St. Lawrence, Canada" (1990). 
  8. "A new classification method to simplify blue whale photo-identification technique" (2012). Journal of Cetacean Research and Management 13 (1): 79–84. 
  9. "Antarctic killer whales make rapid, round-trip movements tosubtropical waters: Evidence for physiological maintenance migrations?" (2011): 274–278. 
  10. "Whale killers: prevalence and ecological implications of killer whale predation on humpback whale calves off Western Australia" (2015). Marine Mammal Science 31 (2): 629–657. doi:10.1111/mms.12182. 
  11. "Why do baleen whales migrate?" (1999). Marine Mammal Science 15 (4): 1228–1245. doi:10.1111/j.1748-7692.1999.tb00887.x. 
  12. "Why do baleen whale migrate? A response to Corkeron and Conner." (2001). Marine Mammal Science 17 (2): 432–436. doi:10.1111/j.1748-7692.2001.tb01289.x. 
  13. "Foods of baleen whales in the northern Pacific" (1957). Scientific Reports of the Whales Research Institute 12: 33–89. 
  14. "An integrated approach to the foraging ecology of marine birds and mammals" (1998). Deep Sea Research Part II: Topical Studies in Oceanography 45 (7): 1353–1371. doi:10.1016/S0967-0645(98)00031-9. Bibcode1998DSRII..45.1353C. 
  15. "Behavioral context of call production by eastern North Pacific blue whales" (2007). Marine Ecology Progress Series 330: 269–284. doi:10.3354/meps330269. Bibcode2007MEPS..330..269O. 
  16. "Marine mammals and noise" (1995). Academic Press. 
  17. "The blue whale" (1979). Biologist 26: 209–215. 
  18. "Increase rates in severely depleted stocks of baleen whales" (1993). ICES J. Mar. Sci. 50 (2): 169–186. doi:10.1006/jmsc.1993.1018. 
  19. "Operational factors of the Icelandic large whale fishery" (1988). Reports of the International Whaling Commission 38: 327–333.