အပူစီးကူးခြင်း

ဝီကီပီးဒီးယား မှ
ကမ္ဘာ့မြေဆွဲအားစက်ကွင်းအတွင်း အပူစီးကူးခြင်းပုံစံသဘောတရား

အပူစီးကူးခြင်း (အင်္ဂလိပ်: convective heat transfer or heat convection ) သည် ငွေ့ရည်များ စီးဆင်းရွေ့လျားခြင်းကြောင့် ဖြစ်ပေါ်သော အပူကူးပြောင်းခြင်းဖြစ်စဉ်တစ်ခုဖြစ်သည်။[၁] အပူစီးကူးခြင်းသာ် အရည်နှင့် အငွေ့များ (ငွေ့ရည် - fluid) တွင်ရှိသော မော်လီကျူးများ၏ စုပေါင်းဆောင်ရွက်မှုဖြစ်၍ ဤနည်းသည် အစိုင်အခဲအခြေနေရှိသော အရာများတွင် ဖြစ်ပေါ်နိုင်မှုမရှိပေ။ အကြောင်းမှာ အစိုင်အခဲတို့၌ ထိုမော်လီကျူးများသည် စီးဆင်းခြင်း၊ ပျံ့နှံ့ခြင်း မရှိနိုင်၍ဖြစ်သည်။ အစိုင်အခဲတွင်ဖြစ်သော အပူကူးပြောင်းမှုပုံစံကို အပူလျှောက်ကူးခြင်းဟု ခေါ်ဆိုသည်။[၂]

ကမ္ဘာမြေတွင် လေစီးကြောင်းများအား စံပုံစံဖြင့် သရုပ်ဖော်တင်ပြမှု။

အပူစီးကူးခြင်းကို ဒြပ်များ ကြီးမားသောစီးဆင်းရွေ့လှားမှုကဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ကမ္ဘာမြေတွင် လေထု၏ လှုပ်ရှားလည်ပတ်မှုကို အပူပိုင်းဒေသမှ ဝင်ရိုးစွန်းဒေသများဆီသို့ "လေပူစီးကြောင်း"၊ ဝင်ရိုးစွန်းဒေသမှ အပူပိုင်းဒေသများဆီသို့ "လေအေးစီးကြောင်း" များက ဖြစ်ပေါ်စေ၏ ။ (ဤ၌ ကမ္ဘာလည်ပတ်မှုသည် လေစီးကြောင်းများ၏ လားရာကို လတ္တီကျုပေါ်မူတည်၍ ပြောင်းလဲစေသည်) အပူစီးကူးခြင်းနှင့်ပတ်သက်သော နမူနာတစ်ခုကို ကားအင်ဂျင်များတွင် တွေ့နိုင်၏ ။ အင်ဂျင်များ၌ ရေ (သို့) အပူလျှော့ချရည် (coolant) များက အအေးခံစနစ်တွင် ပစ္စတင်များဆီသို့ လှည့်ပတ်သွားလာစေခြင်းဖြင့် အင်ဂျင်ကို အေးမြစေရန် (အပူမလွန်ကဲစေရန်) ထိန်းပေးနိုင်သည်။[၂]

သဘာဝစီးကူးမှုကို ဖော့အား (ဂုဏ်သတ္တိ) (buoyant forces) ကဖြစ်စေ၏ ။ အဘယ်ကြောင့်ဆိုသော် အပူလျိန်မြင့်မားလာသည်နှင့် တစ်ပြိုင်နက် သိပ်သည်းဆကျဆင်းလာကာ လေပူများ အထက်သို့ တက်သည်။ ဤအခြေခံသဘောတရားသည် မည်သည့် ငွေ့ရည်အတွက်မဆို အသုံးချနိုင်ရာ ဥပမာဆိုရလျှင် မီးဖိုပေါ်၌ တင်ထားသော ရေနွေးအိုးတစ်လုံးကို ဤစီးကူးမှုပုံစံဖြင့် ပူစေ၊ နွေးစေသည်။ သမုဒ္ဒရာ ရေစီးကြောင်းနှင့် ကမ္ဘာ့လေထု၏ လေစီးကြောင်းကြီးများသည် အပူစွမ်းအင်ကို ကမ္ဘာ့တစ်နေရာမှ အခြားနေရာတစ်ခုသို့ ကူးပြောင်းပို့ဆောင်ပေးကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. C. Ranganayakulu; Kankanhalli N. Seetharamu (30 April 2018)။ Compact Heat Exchangers: Analysis, Design and Optimization using FEM and CFD Approach။ John Wiley & Sons။ p. 13။ ISBN 978-1-119-42418-5
  2. ၂.၀ ၂.၁ ၂.၂ Methods of Heat Transfer, Lumen