အန်းဟျိုဆော့

ဝီကီပီးဒီးယား မှ
အန်းဟျိုဆော့
၂၀၂၁ ခုနှစ် ​အောက်တိုဘာလက ​တွေ့ရစဉ်
မွေးဖွားအန်းဟျိုဆော့
(1995-04-17) ဧပြီ ၁၇၊ ၁၉၉၅ (အသက် ၂၈)
ဆိုးလ်မြို့၊ တောင်ကိုရီးယား
အခြား အမည်များPaul Ahn
မိခင်ကျောင်းဂုမင်းတက္ကသိုလ်
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ2015–present
ကိုယ်စားလှယ်Starhaus Entertainment
ဂီတခရီးလမ်း
ဂီတဟန်ကေပေါ့ပ်
တူရိယာVocals
တက်ကြွသည့်နှစ်များ2015–present
တေးသံသွင်း ကုမ္ပဏီStarhaus
ပူးတွဲ ပါဝင်မှုOne O One
အန်းဟျိုဆော့
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:An Hyoseop
MRအက္ခရာဖလှယ်ခြင်း:An Hyo-sŏp

အန်းဟျိုဆော့ပ် (ခ) ပေါလ်အန်း (၁၉၉၅၊ ဧပြီ ၁၇ ဖွား) သည် တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်သည်။[၁][၂] ၁၇ နှစ်အရွယ် (၂၀၁၇)၊ Abyss (၂၀၁၉)၊ Dr. Romantic 2 (၂၀၂၀) တို့မှတစ်ဆင့် နာမည်ကြီးလာသည်။

ဘဝခရီး[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၌ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မွေးဖွားသည်။ အသက် ခုနစ်နှစ်အရွယ်တွင် မိသားစုလိုက် ကနေဒါနိုင်ငံ၊ တိုရွန်တိုသို့ မိသားစုလိုက် ရွှေ့ပြောင်းသွားရာ၊[၃] အသက် ၁၇ နှစ်ရောက်မှ (မိသားစုနှင့်ခွဲ၍) ကိုရီးယားသို့ ပြန်ရောက်လာသည်။ ဂုမင်းတက္ကသိုလ်သို့ တက်ရောက်၍ နိုင်ငံတကာစီးပွားရေးဌာနမှ ဘွဲ့ရသည်။

ကိုရီးယားသို့ ပြန်ရောက်ပြီးနောက် JYP Entertainment ထံ ရွေးချယ်လေ့ကျင့်ပေးခံရပြီး[၄] Got7 အဖွဲ့၌ ပွဲဦးထွက်ခွင့်ရခဲ့သည်။ သို့သော် ၎င်းကမ်းလှမ်းချက်ကို စွန့်လွှတ်ပြီး အခြားအခွင့်အရေးများ ထပ်မံကြိုးစားရှာဖွေခဲ့သည်။[၅]

၂၀၁၅–၂၀၁၆၊ ပွဲဦးထွက်နှင့် အနုပညာကနဦးပိုင်း[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် Starhaus Entertainment က One O One ပရောဂျက်ကို ထုတ်ပြန်ခဲ့ပြီး၊ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် "Love You" ကို တင်ဆက်ခဲ့သည်။ အဆိုပါအဖွဲ့တွင် အန်းဟျိုဆော့ပ်နှင့်အတူ ဂွါ့ရှီယန်၊ ဆုန်းဝေါန်းဆော့၊ ဂွမ်းဒိုဂယောန်းတို့ ပါဝင်သည်။ သို့သော် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။[၆]

အန်းဟျိုဆော့ပ်သည် သူ၏သရုပ်ဆောင်ပွဲဦးထွက်အဖြစ် MBC ဒရာမာ Splash Splash Love တွင် ပါဝင်ခဲ့သည်။ ထို့နောက် ဂီတရသစုံရှိုး Always Cantare တွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် One More Happy EndingHappy HomeEntertainer တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇–လက်ရှိ၊ ခေါင်းဆောင်မင်းသားဘဝ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် Queen of the RingMy Father is Strange တို့တွင် သရုပ်ဆောင်ခဲ့ရာမှ လူသိများလာသည်။ ၂၀၁၇ ခုနှစ်အတွင်း ၁၇ နှစ်အရွယ်၌ ပါဝင်သရုပ်ဆောင်ခဲ့ရာ ၂၀၁၈ အက်စ်ဘီအက်စ် ဒရာမာဆုပေးပွဲတွင် အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။[၇] ထိုနှစ်တွင်ပင် YouTube Red ၌ ထုတ်လွှင့်သည့် Top Management ဒရာမာတွင်လည်း ပါဝင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် မင်းသမီး ဘတ်ဘိုယောင်းနှင့်အတူ အချစ်ဟာသ စိတ်ကူးယဉ် မှုခင်းဇာတ်လမ်းတွဲ Abyss တွင် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၈]

၂၀၂၀ ပြည့်နှစ်တွင် နာမည်ကြီး ဆေးလောကဒရာမာ Dr. Romantic ၏ အတွဲ (၂) ၌ အထွေထွေ ခွဲစိတ်ဆရာဝန် ဆောဝူဂျင်းအဖြစ် သရုပ်ဆောင်ခဲ့သည်။ ပရိသတ်နှစ်ခြိုက်မှု များစွာရရှိခဲ့သကဲ့သို့ (၅၆) ကြိမ်မြောက် ဘဲ့ဆန်းဆုပေးပွဲတွင် အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆု ဆွတ်ခူးခဲ့သည်။[၉] အက်စ်ဘီအက်စ် ဒရာမာဆုပေးပွဲတွင်လည်း အကောင်းဆုံး မီနီစီးရီး အက်ရှင်ဒရာမာ သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။[၁၀]

၂၀၂၁ ခုနှစ်တွင် မင်းသမီး ဂင်ယူဂျောင်နှင့်တွဲဖက်၍ ရာဇဝင်ဇာတ်လမ်းတွဲ Lovers of the Red Sky ၌ ပါဝင်သရုပ်ဆောင်ထားသည်။[၁၁] ၂၀၂၂ ပထမနှစ်ဝက်အတွင်း အက်စ်ဘီအက်စ်က ထုတ်လွှင့်မည့် A Business Proposal ဇာတ်လမ်းတွဲတွင် မင်းသမီး ဂင်ဆယ်ဂျောင်နှင့် သရုပ်ဆောင်ရန် ၂၀၂၁ ဇွန်လအတွင်းက အတည်ပြုခဲ့သည်။[၁၂]

ရိုက်ကူးမှုစာရင်း[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

Year Title Network Role Notes Ref.
2015 Splash Splash Love MBC Park Yeon / Che A-jik [၁၃]
2016 One More Happy Ending Ahn Jung-woo [၁၄]
Happy Home Choi Chul-soo [၁၅]
Entertainer SBS Ji-noo [၁၆]
2017 Three Color FantasyQueen of the Ring MBC Park Se-gun [၁၇]
My Father Is Strange KBS2 Park Chul-soo [၁၈]
2018 Still 17 SBS Yoo Chan [၁၉]
Top Management Youtube Red Hyun Soo-yong Web series [၂၀]
2019 Abyss tvN Cha Min [၂၁]
2020 Dr. Romantic 2 SBS Seo Woo-jin [၂၂]
2021 Lovers of the Red Sky Ha Ram [၁၁]
2022 A Business Proposal Kang Tae-moo [၁၂]

ရသစုံရှိုး[ပြင်ဆင်ရန်]

Year Title Network Role Notes Ref.
2015 Always CantareSeason 2 tvN Cast member [၂၃]
2016 Celebrity BromanceChuseok Special MBig TV Cast member (with Jackson Wang) [၂၄]
2019 4th Asia Artist Awards Money Today [၂၅] MC with Leeteuk Lim Ji-yeon and Nancy
Running Man SBS Guest Ep. 424

ဆုများနှင့်ဆန်ခါတင်စာရင်း[ပြင်ဆင်ရန်]

Name of the award ceremony, year presented, category, nominee of the award, and the result of the nomination
Award ceremony Year Category Nominee / Work Result Ref.
APAN Star Awards 2021 Best New Actor Dr. Romantic 2 ဆန်ခါတင် [၂၆]
Asia Artist Awards 2017 Rookie Award My Father is Strange ဆုရရှိ [၂၇]
2019 Choice Award Ahn Hyo-seop ဆုရရှိ [၂၈]
2020 Best Actor Award Dr. Romantic 2 ဆုရရှိ [၂၉]
Popularity Award (Actor) Ahn Hyo-seop ဆန်ခါတင် [၃၀]
Baeksang Arts Awards 2020 Best New Actor – Television Dr. Romantic 2 ဆုရရှိ [၉]
Korea Drama Awards 2019 Best New Actor Abyss ဆန်ခါတင် [၃၁]
MBC Drama Awards 2016 Best New Actor Happy Home ဆန်ခါတင်
SBS Drama Awards 2018 Best New Actor Still 17 ဆုရရှိ [၇]
Character of the Year ဆန်ခါတင်
2020 Excellence Award, Actor in a Miniseries Action Drama Dr. Romantic 2 ဆုရရှိ [၁၀]
Best Couple Award Ahn Hyo-seop with Lee Sung-kyung
Dr. Romantic 2
ဆန်ခါတင် [၃၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Ahn Hyo-Seop (안효섭, Korean actor, singer)။ 19 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  2. 안효섭 :: 네이버 인물검색 (in ko)။ 30 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  3. Yoon၊ Hyo-jung။ "မော်ကွန်းတင်ပြီးမိတ္တူ" (in ko)၊ News 1၊ August 30, 2017။ 5 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 30 November 2020။ 
  4. Which K-drama actors almost debuted as K-pop idols? (in en) (10 November 2020)။ 4 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  5. "신의 한 수다" 아이돌 연습생서 '배우'로 전향해 '대박' 친 스타 5인 (in ko)။ Insight (July 28, 2019)။ 30 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  6. Starhouse Entertainment Launches Project Group "One O One" (in ko)။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ Lee၊ Jihyun (January 1, 2019)။ မော်ကွန်းတင်ပြီးမိတ္တူ (in ko)။ News1။ 31 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  8. '어비스' 박보영X안효섭, 캐스팅 확정…'영혼 부활 커플' 케미 예고 [공식입장] (in ko)။ Xports News။ Naver (11 February 2019)။ 12 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ MacDonald၊ Joan (June 5, 2020)။ 2020 Baeksang Arts Awards Honor The Best Korean Dramas And FilmsForbes။ 5 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ Jeong Hee-yeon။ "안효섭-이성경, 미니시리즈 판타지/로맨스 우수상 (2020 SBS 연기대상)" (in ko)၊ December 31, 2020။ 
  11. ၁၁.၀ ၁၁.၁ SBS 측 "김유정X안효섭 '홍천기' 긍정 검토 중"[공식] (in ko) (19 November 2020)။ 13 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ Kim Yeon-han။ "안효섭 '사내맞선' 출연 확정, 재벌3세 변신 [공식]" (in ko)၊ hankyung၊ June 10, 2021။ 5 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 10 June 2021။ 
  13. 안효섭을 기억해!… '퐁당퐁당 LOVE' 연기 첫 데뷔 (in ko)။ Hankook Ilbo (December 19, 2015)။ 23 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  14. ‘한번 더 해피엔딩’ 안효섭 "소중한 시간, 배움의 연속이었다" (in ko)။ Asia Today (March 11, 2016)။ 23 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  15. Ahn Hyo-seop to join "Happy Home"Hancinema။ eDaily (January 28, 2016)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  16. [단독 안효섭, '딴따라' 합류..지성과 호흡 '직진 행보'] (in ko)။ Chosun (April 14, 2016)။ 23 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  17. Ahn Hyo Seob and Kim Seul Gi Happy To Work Together AgainMSN။ BNT News (January 18, 2017)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  18. <아버지가 이상해> 송원석-안효섭, 주말 안방극장 책임지는 '케미 형제' (in ko)။ iMBC (June 1, 2017)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  19. 안효섭 ‘서른이지만 열일곱입니다’ 출연확정…신혜선·양세종과 호흡 [공식입장] (in ko) (May 17, 2018)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  20. Ahn Hyo-seop Turns From Athlete to Genius Musician။ TV Report (October 29, 2018)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  21. ‘Abyss’ cast excited by show’s script (4 May 2018)။ 3 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  22. 낭만닥터 김사부 시즌2’ 한석규-이성경-안효섭 캐스팅 확정, 내년 1월 첫방송[공식] (in ko) (18 September 2019)။ 28 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  23. ‘언제나 칸타레2’ 안효섭, 마지막 공연 비하인드 컷 공개 ‘화기애애’ (in ko)။ TenAsia (August 6, 2015)။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  24. Watch Jackson and Ahn Yo Seob Show off Their BromanceKoogle (September 15, 2016)။ 6 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  25. Broadcast networks can broadcast many channels.
  26. Kim၊ Myung-mi။ "APAN STAR AWARDS’ 우수상 후보 공개, 박보검부터 지창욱까지" (in ko)၊ naver၊ Newsen၊ November 13, 2020။ 5 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 16 November 2020။ 
  27. Kim Hee Sun & EXO win Grand Prize Awards at the 2017 Asia Artist AwardsKBS World (November 16, 2017)။ 15 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  28. Winners Of 2019 Asia Artist Awards (November 27, 2019)။ 23 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  29. Winners Of The 2020 Asia Artist Awards (28 November 2020)။ 28 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  30. 2020 Asia Artist Award Actor Shortlist။ 8 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  31. '2019코리아드라마어워즈(KDA)' 연기대상 후보..김해숙·최수종·염정아·조정석 등 (in ko) (September 27, 2019)။ 27 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။
  32. 2020 SBS 연기대상' 박은빈♥김민재, 이민호♥김고은 꺾고 베스트 커플상 (in ko)။ 7 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 September 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]