တင်းနစ်ကစားခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တင်းနစ်ကစားခြင်းသည် တင်းနစ်ကစားကွင်း၏ အလယ်၌ ရှိ‌သော ပိုက်တန်းကို‌ကျော်‌အောင် ဗက်တံဖြင့် ‌ဘောလုံးကို တစ်ဘက်မှတစ်ဘက်သို့ အပြန်အလှန် ‌ပေးပို့ကစားခြင်း ဖြစ်သည်။ ဤကစားနည်းကို တစ်ဘက်လျှင် တစ်‌ယောက်စီ ‌သော်၎င်း၊ တစ်ဘက်လျှင် နှစ်‌ယောက်စီ‌သော်၎င်း ကစားနိုင် သည်။ တင်းနစ်ကစားခြင်းနှင့် ဆင်ဆင်တူ‌သော ကစားနည်းကို ‌ရှေးဂရိလူမျိုးတို့ ကစား‌လေ့ရှိသည်ဟု အဆိုရှိသည်။ သို့ရာတွင် ယခု‌ခေတ်ကစားနည်းမှာမူ အလယ်‌ခေတ်က ပြင်သစ်နိုင်ငံတွင် ကစားကြ‌သောနည်းမှ အဆင့်ဆင့် ‌ပြောင်းလဲဖြစ်ထွန်းလာသည်။

ပြင်သစ်နိုင်ငံ၌ ‌ရှေးကကစားပုံမှာ ကွင်းအလယ်တွင် ‌မြေ ကတုတ်ဖို့၍ ထို‌မြေကတုတ်အ‌ပေါ်သို့ ‌ကျော်သွား‌အောင် ‌ဘောလုံးကို လက်ဖြင့်ပုတ်ခတ်၍ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်ပို့‌သော ကစားနည်းဖြစ်၏။ ‌နှောင်းအခါ၌ ‌ဘောလုံးကို လက်ဖြင့်မပုတ်ဘဲ ဗက်တံဖြင့်ရိုက်၍ ကစားလာကြ သည်။ ပြင်သစ်နှင့် အဂင်္လန်ပြည်တွင် ဘုရင်နှင့်တကွ နန်း တွင်းသူ နန်းတွင်းသားတို့သည် တင်းနစ်ကွင်းများကို ‌ငွေ‌ကြေး ‌မြောက်မြားစွာ အကုန်အကျံခံ၍ ပြုလုပ်ပြီးလျှင် တင်းနစ်ကစား ‌လေ့ရှိကြသည်။

‌နှောင်းအခါ၌ နန်းတွင်းသူ နန်းတွင်းသာတို့ သာမဟုတ်ဘဲ အရပ်သူအရပ်သားအများလည်း တင်းနစ်ကို မြက်ခင်းကွင်းပြင်များ‌ပေါ်တွင် ကစားကြသည်။ ယခု‌ခေတ်၌ ကား တင်းနစ်ကွင်းကို သမံတလင်းကျံ၍ ပြုလုပ်‌လေ့ရှိကြ သည်။ သို့‌သော် ‌ဒေသကိုလိုက်၍ ကွင်းအမျိုးမျိုးရှိကြသည်။ အဂင်္လန်နှင့် ဥ‌ရောပနိုင်ငံတို့တွင် ယခုတိုင်မြက်ခင်းပြင်ကို တင်းနစ်ကစားရန် ကွင်းအဖြစ်ဖြင့် အသုံးပြုဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံ၌ နွား‌ချေးကျံ‌သော တင်းနစ်ကွင်းများကို ပြုလုပ်ကြ သည်။ အခြားနိုင်ငံတို့တွင် ‌ကျောက်နုမှုန့်၊ ရွှံ့‌စေး၊ ကတ္တရာ‌စေး တို့အပြင် ပျဉ်ပြားကိုပင်လျှင် တင်းနစ်ရိုက်ရန် ကွင်းပြင်များပြု လုပ်ရာ၌ အသုံးချကြသည်။

တင်းနစ်ကွင်းသည် အလျား ရ၈ ‌ပေ၊ အနံ ၃၆ ‌ပေရှိသည်။ အလျားလိုက် မျဉ်း‌ကြောင်းသည် ‌ဘေးမျဉ်းဖြစ်၍ အနံလိုက် မျဉ်း‌ကြောင်းသည် ‌အောက်‌ခြေမျဉ်းဖြစ်သည်။ ‌ဘေးမျဉ်းမှ ၄ ‌ပေခွဲအကွာ၌ ‌ဘေးမျဉ်း နှင့်ပြိုင်၍ အတွင်းမျဉ်း‌ကြောင်း တစ်ခု ကိုဆွဲရသည်။ ထိုအတွင်းမျဉ်းမှာ တင်းနစ်ကို တစ်‌ယောက် တစ်ဘက် ကစားသည့်အခါ သတ်မှတ်သည့်စည်းဖြစ် သည်။ တင်းနစ်ကို တစ်ဘက်နှစ်‌ယောက်စီ ကစားလျှင် ‌ဘေး မျဉ်းသည် ကစားရန်အတွက် သတ်မှတ်‌သောစည်းဖြစ်သည်၊ ကွင်း၏အလယ်တွင် သုံး‌ပေမြင့်‌သောပိုက်ကို သွယ်တန်းထား သည်။ ထိုပိုက်တန်းကို ဗဟိုပြု၍ ‌အောက်‌ခြေဘက် ၂၁ ‌ပေ အကွာ၌ ‌အောက်‌ခြေမျဉ်းနှင့် မျဉ်းပြိုင်ဖြစ်‌သောမျဉ်းကို ပိုက် တန်း၏။ ထိုဘက်ဤဘက် နှစ်ဘက်စလုံး၌ ‌ရေးဆွဲရသည်။

တစ်ဖန်ကွင်း၏ အလယ်တည့်တည့်တွင် အလျားလိုက် ကန့် လန့်ဖြစ်‌သော မျဉ်းတစ်‌ကြောင်းရှိသည်။ ထိုမျဉ်းသည် ‌ဘေးမျဉ်း နှင့် ၁၈ ‌ပေကွာသည်။ ဤနည်းဖြင့် ပိုက်တန်း၏ တစ်ဘက် တချက်တွင် အကွက်‌လေးကွက်ရှိ‌လေသည်။ ထိုအကွက်တို့မှာ ‌ဘောလုံးပို့ရန် သတ်မှတ်‌သောစည်းများဖြစ်‌လေသည်။

တင်းနစ်‌ဘောလုံးသည် အချင်းအားဖြင့် ၂ လက်မခွဲရှိသည်။ ‌ဘောလုံးမှာ ကြက်‌ပေါင်‌စေးနှင့်လုပ်‌သော ‌ဘောလုံးများဖြစ် သည်။ သို့‌သော် ‌ဘောလုံးအပြင်ဘက်သည် သက္ကလတ်ဖြင့် ပြုလုပ်ထားသည်။ ဗက်တံကား အနံလိုက် အချင်းအားဖြင့် ၈ လက်မကျယ်၍၊ အလျားလိုက် အချင်းအားဖြင့် ၁၂ လက်မရှည် ၏။ ထိုဗက်တံတွင် ‌ကြောင်အူကြိုးကို ‌လေး‌ထောင့်ကွက်‌ဖော် ကာ တပ်ထားသည်။ ယခု‌ခေတ်၌ ‌ကြောင်အူကြိုးအစား၊ နိုင် လွန်ကြိုးကိုသုံးကြသည်။

ကစားနည်းမှာ ‌အောက်‌ခြေမျဉ်းပြင်ဘက်ရှိ လကျ်ာဘက် ‌ထောင့်အနီးမှ‌နေ၍ ပထမ‌ဘောလုံးပို့‌ပေးသူက ‌ဘောလုံးကို ‌ခေါင်း‌ပေါ်သို့‌မြှောက်၍ ဗက်တံဖြင့် ရိုက်ချကာ ပိုက်တန်းတစ် ဘက်တွင် ‌ဘောလုံးကိုခံယူသူထံသို့‌ရောက်‌အောင် ပို့‌ပေးရသည်။ ထိုသို့ပို့လိုက်‌သော‌ဘောလုံးသည် ပိုက်တန်းကို‌ကျော်၍ ‌ဘောလုံး ကို ခံယူသူ၏ လကျာ်ဘက်‌လေး‌ထောင့်ကွက်၌ ကျ‌စေရမည်။ ‌ဘောလုံးပို့ရန်အလို့ငှာ ပို့သူသည် ပထမအကြိမ်ပို့၍ ‌နေရာမကျ လျှင် ဒုတိယအကြိမ် ထပ်မံပို့ရန်အခွင့်အ‌ရေးရှိသည်။ ‌ဘောလုံး ပို့ရာ၌ မှားယွင်း‌သော် ပို့သူအမှတ် ရှုံး‌လေသည်။ ‌ဘောလုံးကို ပို့ရာ၌ ပိုက်တန်းကိုမ‌ကျော်နိုင်လျှင်၎င်း၊ ‌ကျော်ပင်‌ကျော်‌စေကာ မူ ယူသူ၏ ‌လေး‌ထောင့်စည်းကွက်ထဲသို့ မကျလျှင်‌သော်၎င်း၊ ပိုက်တန်းကိုထိ၍ ယူသူ၏ ‌လေး‌ထောင့်စည်းကွက်ပြင် ဘက်သို့ ‌ရောက်လျှင်‌သော်၎င်း ‌ဘောလုံးအပို့မှားသည်ဟု စည်းကမ်းသတ် ထားသည်။

‌ဘောလုံးကိုအပို့တွင် ပိုက်တန်းကိုထိ၍ ‌လေး ‌ထောင့်စည်းကွက်ထဲကျ‌သော် ‌ဘောလုံးကို ပြန်ပို့ရန်အခွင့်အ‌ရေး ရှိသည်။ ပို့လိုက်‌သော ‌ဘောလုံးကိုယူသူက တင်းနစ်ကွင်း၏ စည်းတွင်းသို့ ပိုက်တန်း‌ကျော်‌အောင် ပြန်၍ရိုက်မပို့နိုင်‌သော် ယူသူ အမှတ်ရှုံး‌လေသည်။ အကယ်၍ ယူသူက ‌ဘောလုံးကိုပြန် ပို့ရာ၌ ပိုက်တန်းကို‌ဘောလုံးထိ‌သော် ထို‌ဘောလုံးသည် စည်း တွင်း သို့ကျ‌ရောက်ပါက မှားယွင်းသည်ဟု မယူဆရ‌ချေ။ စည်း ပြင်ဘက်သို့ကျသွားပါမူ ရှုံး‌လေသည်။

ဦးစွာ ‌ဘောလုံးပို့လိုက်‌သော အလှည့်၌ ယူသူသည် ‌ဘောလုံး‌မြေနှင့် တကြိမ်ထိပြီးမှ ပြန်၍ရိုက်ရသည်။ ‌ဘောလုံးပို့ပြီး‌သော ပထမအလှည့်ကုန်လျှင် ကျန်အလှည့်များ၌ ‌ဘောလုံး‌မြေကျသည်ဖြစ်‌စေ မကျသည်ဖြစ် ‌စေ ‌ဘောလုံးပို့သူ‌ရော ယူသူပါ အလျဉ်းသင့်သလို ရိုက်နိုင် သည်။ သို့ရာတွင် ‌ဘောလုံး ‌မြေသို့ နှစ်ခါ‌တော့၍ ကျပြီးမှ ‌ဘောလုံးကိုရိုက်ရန် အခွင့်မရှိ‌ချေ။ ပထမအကြိမ် ‌ဘောလုံးပို့၍ ပို့သူနှင့်ယူသူ အပြန်အလှန်ရိုက်ပြီး‌နောက် တစ်ဦး ဦးကနိုင်‌သော် ပို့သူသည် လကျာ်ဘက်‌အောက်‌ခြေမျဉ်းမှ လက်ဝဲဘက်‌အောက်‌ခြေ မျဉ်းသို့ကူး‌ပြောင်း၍ ‌ဘောလုံးကို တစ်ဖန်ပို့‌ပေးရပြန်သည်။ ယင်းကို ပို့သူနှင့်ယူသူတို့က အပြန် အလှန်ရိုက်ကြပြန်သည်။

ဤနည်းအတိုင်းရိုက်၍ အရှုံးအနိုင် ‌ပေါ်လာ‌သောအခါ ‌နေရာကိုမူလလကျ်ာဘက်သို့ ပြန်‌ရွှေ့၍ ကစားရပြန်သည်။ ပထမနှင့် ဒုတိယအကြိမ် နိုင်မှတ်တို့သည် ၁၅ မှတ်စီဖြစ်၏။ တတိယနှင့် စတုတ္ထအကြိမ် နိုင်မှတ်တို့ကား ၁၀ မှတ်စီဖြစ်သည်။ နိုင်မှတ် ၅၀ အလျင်ရသူသည် တစ်ပွဲ၌ အနိုင်၇‌လေသည်။ သို့‌သော် တစ်ကြိမ်ကြိမ်တွင် ပို့သူနှင့်ယူသူ တို့ အမှတ် ၄၀ ချင်းတူ‌နေပါလျှင် ‌နောက်ထပ် နှစ်ကြိမ် အမှတ်သာ‌သောသူသာလျှင် အနိုင်ရသည်။ ဤသို့ အရှုံးအနိုင် ယူ‌သောပွဲ‌ပေါင်းကို သာမန်အားဖြင့် ‌ခြောက်ပွဲကစားရသည်။ ထို ‌ခြောက်ပွဲတွင် နှစ်ပွဲတိတိ အပြတ်အသတ် နိုင်မှသာလျှင် အနိုင် ရသည်မည်၏။ ဥဒါဟရုဏ်မှာ တစ်ဦးက ၆ ပွဲနိုင်စဉ် အခြား တစ်ဦးက ၅ ပွဲနိုင်ထားလျှင် နိုင်ပွဲများရာလူကို အနိုင်မ‌ပေးရ ‌သေး။

ထိုသူက ‌နောက်ထပ်တစ်ပွဲ တက်နိုင်‌သော‌ကြောင့် ရှုံးသူ ကို နှစ်ပွဲတိတိဖြင့်ဖြတ်ပြီးမှသာလျှင် ထိုသူကိုအနိုင်‌ပေးရသည်။ ဤသ‌ဘောအတိုင်း ‌ခြောက်ပွဲလျှင် တချီကျဖြင့်၊ ငါးချီကစားရ သည်။ ယင်းငါးချီအနက် သုံးချီနိုင်သူသည် ‌နောက်ဆုံး အနိုင်ရ ‌လေသည်။

ယခု‌ခေတ် ကစား‌သော တင်းနစ်ကစားနည်းကို အဂင်္လန် ပြည်တွင် ခရစ် ၁၈ရ၄ ခုနှစ်က စတင်သတ်မှတ်ခဲ့သည်။ အ‌မေရိကန်ပြည်‌ထောင်စုတွင် ၁၈ရ၅ ခုနှစ်က စတင်ကစားခဲ့ သည်။ နိုင်ငံအချင်းချင်း တင်းနစ်ပြိုင်ပွဲကို ၁၈ရရ ခုနှစ်တွင် အဂင်္လန်ပြည် ဝင်ဗယ်လဒန်ကစားကွင်း၌ ဦးစွာ ကျင်းပခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် ဒွိုက်‌ဒေးဗစ်ဆိုသူသည် နိုင်ငံချင်းချင်း တင်းနစ်ပြိုင်ပွဲတွင် အ‌ကောင်းဆုံးတင်းနစ်အဖွဲ့ဟု ဆုံးဖြတ်ခြင်း ခံ၇‌သောနိုင်ငံအား ‌ဒေးဗစ်ဖလားကို ဆု‌ပေးခဲ့ရာ၊ ယခုအခါ နှစ်စဉ်နှစ်တိုင်း အစဉ်အလာအဖြစ်ဖြင့် ‌ဒေးဗစ်ဖလားပွဲကို နှစ်စဉ်နိုင်ငံအများက အလှည့်ကျ ကျင်းပလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)