မာတိကာသို့ ခုန်သွားရန်

အန်ညာ

ဝီကီပီးဒီးယား မှ
Enya
အမည်ရင်းEithne Pádraigín Ní Bhraonáin
မွေးဖွား (1961-05-17) ၁၇ မေ၊ ၁၉၆၁ (အသက် ၆၄)
အိုင်ယာလန်၊ ဒေါနစ်ဂေါလ် ကောင်တီ၊ ဂွီးဒေါကျေးလက်ခရိုင်
ဂီတဟန်
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေး
  • ဂီတတီးခတ်သူ
  • တေးထုတ်လုပ်သူ
တူရိယာ
  • Vocals
တက်ကြွသည့်နှစ်များ၁၉၇၆–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • BBC
  • Atlantic
  • Warner Music
  • Geffen
  • Reprise
  • Warner Bros
ပူးတွဲ ပါဝင်မှု
  • Clannad
  • Ragairne
  • Moya Brennan
  • Brídín Brennan

အန်ညာ ပတ်ထရစ်ရှာ ဘရဲနန် (အိုင်းရစ်: Eithne Pádraigín Ní Bhraonáin; အင်္ဂလိပ်: Enya Patricia Brennan) သည် အိုင်းရစ်အဆိုတော်၊ တေးရေးသူ၊ တေးထုတ်လုပ်သူနှင့် ဂီတတူရိယာတီးခတ်သူတစ်ဦးဖြစ်သည်။ ဂီတနှင့်ဆက်စပ်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး အိုင်းရစ်စကားပြောနယ်မြေဖြစ်သည့် ဒေါနစ်ဂေါလ်ကောင်တီ၊ ဂွီးဒေါနယ်တွင်ကြီးပြင်းခဲ့သည်။ အန်ညာသည် ၁၉၈၀ ၌ သူမမိသားစုပိုင် ခဲလ်တစ်ကျေးလက်သီချင်းအဖွဲ့ ကလန်နဒ် (Clannad) သို့ ဝင်ရောက်လုပ်ကိုင်သည့်အချိန်မှစ၍ သူမ၏ဂီတခရီး စတင်ခဲ့လေသည်။ ၁၉၈၂ တွင် ထိုအဖွဲ့၏ မန်နေဂျာ၊ ထုတ်လုပ်သူ နစ်ကီ ရိုင်ယန်နှင့်အတူ အဖွဲ့မှထွက်ခွာ၍ တစ်ကိုယ်တော်ဂီတဘဝကို လျှောက်လှမ်းခဲ့ပြီး သူမ၏ တေးရေးသူမှာ ရိုင်ယန်၏ ဇနီးဖြစ်သည်။ အန်ညာသည် နောက်ပိုင်းလေးနှစ်တွင် ခေတ်သစ်ဂီတ (new age)၊ ခဲလ်တစ်၊ ဂန္ထဝင်၊ ဓမ္မသီချင်း၊ ကျေးလက်ရိုးရာဂီတ စသည်တို့တွင် ကီးဘုတ်၊ နောက်ခံသံအထပ်ထပ်တို့ဖြင့် တေးသီချင်းများဖန်တီးခဲ့သည်။

အန်ညာ၏ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေရေးသမားအဖြစ် ၁၉၈၄ ဖားမင်းသားရုပ်ရှင် (The Frog Prince) ၊ ၁၉၈၇ ဘီဘီစီ၏ မှတ်တမ်းရုပ်သံတွဲ ဆဲ့လ်တ်(လူမျိုးများ) (The Celts) တို့တွင် သီချင်းသီဆိုပါဝင်ခဲ့ပြီး ထိုဆဲ့လ်တ်ရုပ်သံတွဲမှ သီချင်းများကိုပင် စုစည်း၍ အန်ညာ (Enya) အမည်ဖြင့် ထိုနှစ်တွင်ပင် ဖြန့်ချိခဲ့သည်။ ဝါနာဂီတအုပ်စုနှင့် ပူးပေါင်းခဲ့ကာ "Watermark" အခွေကိုထုတ်ဝေခဲ့ရာ ကမ္ဘာအနှံ့လူသိများလာခဲ့သည်။ ထိုအခွေမှ Orinoco Flow သီချင်းသည်လည်း နိုင်ငံတကာတစ်ကိုယ်တော်သီချင်း ပထမ(၁၀) စာရင်းထဲ့သို့ ရောက်ရှိခဲ့လေ၏ ။ ထို့နောက် သန်းပေါင်းများစွာရောင်းချခဲ့ရသော တေးအခွေများဖြစ်သည့် Shepherd Moons (၁၉၉၁) ၊ The Memory of Trees (၁၉၉၅) ၊ A Day Without Rain (၂၀၀၀) တို့ ထွက်ရှိခဲ့သည်။ ၂၀၀၅ ၌ Amarantine ၊ ၂၀၀၈ ၌ And Winter Came... စသည်တို့ ဖြန့်ချိခဲ့ပြီးနောက် အန်ညာသည် ဂီတလောကမှ ကာလရှည်ကြာ အနားယူခဲ့၍ ၂၀၁၂ တွင် ဂီတလောကသို့ တဖန်ပြန်လည်ရောက်ရှိခဲ့၍ ၂၀၁၅ တွင် Dark Sky Island ကို ထုတ်ဝေခဲ့သည်။

အန်ညာသည် အိုင်ယာလန်၏ အကောင်းဆုံးတစ်ကိုယ်တော် (ဂီတ)အနုပညာရှင်၊[] ယူတူးအဖွဲ့ပြီးနောက် ဒုတိယရောင်းအားအကောင်းဆုံး အနုပညာရှင်ဖြစ်ပြီး အန်ညာ၏တေးသီချင်း၊ တေးအခွေများသည် အမေရိကတွင် ၂၆.၅ သန်းရောင်းချနိုင်ခဲ့၏ ။[] ကမ္ဘာအနှံ့ ခန့်မှန်းရောင်းအား ၇၅ သန်းရှိသောကြောင့် အကောင်းဆုံးရောင်းအားရှိသည့် အနုပညာရှင်စာရင်းထဲတွင် ပါဝင်လာခဲ့သည်။[] A Day Without Rain (၂၀၀၀) သည် ခေတ်သစ်ဂီတတွင် ရောင်းအားအကောင်းဆုံးအခွေအဖြစ်ဆက်လက်ရပ်တည်နေ၍ ကမ္ဘာအနှံ့ ၁၆ သန်းကျော် ရောင်းချရပြီးဖြစ်သည်။[] အန်ညာသည် ကမ္ဘာ့ဂီတဆု (World Music Award) ခုနစ်ကြိမ်၊ ဂရမ်မီဆု လေးကြိမ်၊[] Ivor Novello Award တစ်ကြိမ်ရရှိထား၏ ။ လက်စွပ်များ၏ အရှင်သခင် : လက်စွပ်အဖွဲ့ဝင်များ (The Lord of the Rings: The Fellowship of the Ring- ၂၀၀၁) အတွက် ရေးသားသီဆိုသော May It Be သီချင်းနှင့်ပတ်သက်၍ အကယ်ဒမီဆု၊ ရွှေကမ္ဘာလုံးဆုများ လျာထားခြင်းခံခဲ့ရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Tobin၊ Lee။ About Enya Enya.com။ 29 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 April 2014 တွင် ပြန်စစ်ပြီး။
  2. Thomas၊ Stephen။ Enya 11 May 2012 တွင် ပြန်စစ်ပြီး။
  3. Enya's New Alrates Winter NPR။ 14 August 2009 တွင် ပြန်စစ်ပြီး။
  4. RIAA: Top Selling Artists RIAA 13 June 2012 တွင် ပြန်စစ်ပြီး။
  5. Savage၊ Mark။ "Enya says tour would be 'very possible'"၊ BBC News၊ 23 October 2015။
  6. New Age Albums Billboard 17 January 2012 တွင် ပြန်စစ်ပြီး။
  7. "Enrique triumphs at Monaco awards"၊ BBC News၊ 7 March 2002။