အနုလေပဒါယက၊ ဆတ္တဝဂ်

ဝီကီပီးဒီးယား မှ

အနုလေပဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အနောမဒဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အနောမဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်အနုလေပဒါယကထေရ် သည် မြတ်စွာဘုရားအား အင်္ဂတေသား ဗောဓိပွတ်တိုင်ကို လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ရာသည် မယုတ်လျော့ဘဲ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဗ္ဗဃန” စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အနုလေပဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဆတ္တဝဂ်၊ အနုလေပဒါယကတ္ထေရအပဒါန်