အနုပညာ ဘာသာရပ်များ
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၂ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
အနုပညာ ဘာသာရပ်များဆိုသည်မှာ လူ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများ၌တွေ့ရှိရသော စိတ်ကူးဉာဏ်စွမ်းဖြင့် ရသမျိုးစုံဖြစ်ပေါ်အောင် ဖန်တီးခြင်းနှင့် သက်ဆိုင်သော သီအိုရီ၊ လက်တွေ့အသုံးချမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်များကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါပညာရပ်များသည် ကျွမ်းကျင်မှုများနှင့် စိတ်ကူးဉာဏ်ကောင်းများကို အသုံးချကာ အရာဝတ္ထုများ၊ လူမှုပတ်ဝန်းကျင်များနှင့် အတွေ့အကြုံများကို ဖြစ်ပေါ်လာစေသည်။
အနုပညာ ဘာသာရပ်များခေါင်းစဉ်အောက်တွင် (ဗိသုကာပညာ၊ ကြွေထည်မြေထည်အတတ်(ceramics)၊ ပန်းချီ(drawing and painting)၊ ပန်းပု၊ ရုပ်ရှင်ရိုက်ကူးခြင်းပညာ(filmmaking)၊ ဓာတ်ပုံပညာ(photography) တို့ ပါဝင်သော) အမြင်ဆိုင်ရာ အနုပညာများ၊ (ဝတ္ထု၊ ဇာတ်ညွှန်း၊ ကဗျာ၊ စကားပြေဖန်တီးခြင်းတို့ ပါဝင်သော) စာပေပညာရပ်များ၊ (အက၊ အဆို၊ ပြဇာတ်တို့ ပါဝင်သော) သရုပ်ဆောင်မှုဆိုင်ရာ ပညာရပ်များ၊ (ချက်ပြုတ်ခြင်း၊ ချောကလက်ပြုလုပ်ခြင်း၊ ဝိုင်ပြုလုပ်ခြင်းတို့ ပါဝင်သော) ချက်နည်းပြုတ်နည်းဆိုင်ရာ အတတ်ပညာများလည်း ပါဝင်သည်။
အမျိုးအစားခွဲခြားပုံ
[ပြင်ဆင်ရန်]အလယ်ခေတ်တွင် ဘက်စုံဝိဇ္ဇာ(liberal arts)ကို တက္ကသိုလ်များတွင် သဒ္ဒါ၊ စကားပြောပညာ(Rhetoric)နှင့် ယုတ္တိဗေဒ(logic)တို့ပါဝင်သော အခြေခံသင်ရိုးညွှန်းတမ်းဖြစ်သည့် တြစ်ဗွီယမ်(Trivium)[၁]အဖြစ်သင်ကြားသည်။ ထို့နောက် သင်္ချာ-အနုပညာ(mathematical arts)အဖြစ် ဂဏန်းသင်္ချာ၊ ဂျီဩမေတြီ၊ ဂီတပညာနှင့် နက္ခတ္တဗေဒ ဘာသာရပ်များကို အဆင့်မြင့်သင်ရိုးညွှန်းတမ်း ကွာဒြစ်ဗွီယမ်(Quadrivium)တွင် သင်ကြားခဲ့သည်။[၂] အတတ်ပညာကျွမ်းကျင်မှုတို့၌ အနုပညာဆန်ခြင်း မဆန်ခြင်း ခေတ်ပေါ်ခွဲခြားမှုသည် ဉာဏ်သစ် အရေးတော်ပုံ(Renaissance)ကာလမတိုင်မီက မရှိသေးပေ။ လက်ရှိခေတ် တက္ကသိုလ်လောကတွင် အနုပညာ ဘာသာရပ်များကို လူမှုရေးရာ ဘာသာရပ်များ(humanities)၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းယူခဲ့ကြသည်။
ပန်းချီ၊ ဗိသုကာပညာ၊ ပန်းပု၊ စာပေပညာ၊ ဂီတပညာ၊ သရုပ်ဆောင်ခြင်း(performing)နှင့် ရုပ်ရှင်ပညာတို့ကို အနုပညာ ဘာသာရပ် ၇-ခုအဖြစ် သတ်မှတ်ကြသည်။ တချို့ကလည်း စာပေပညာ၊ ပန်းချီ၊ ပန်းပုနှင့် ဂီတပညာတို့ကို အဓိကအနုပညာ ၄-ရပ်အဖြစ် ယူကြပြီး၊ ကျန်သည့်ပညာများကို တစ်ဆင့်ဆင်းသက်လာသည့်ပညာရပ်အဖြစ် ယူကြသည်။ ပြဇာတ်သည် စာပေနှင့် သရုပ်ဆောင်ခြင်းကို ပေါင်းစပ်လျှင်ရသည်၊ အကသည် ဂီတကို လှုပ်ရှားမှုဖြင့် ဖော်ပြခြင်းဖြစ်သည်၊ သီချင်းသည် စာပေနှင့် အသံကိုပေါင်းစပ်ထားခြင်းဖြစ်သည်ဟူသော အချက်များကို ပြ၍ ရှင်းသည်။[၃]
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ Onions, Friedrichsen & Burchfield 1991, p. 994.
- ↑ ၊ The New International Encyclopædia၊ 1905 – via Wikisource၊
The quadrivium consisted of arithmetic, music, geometry, and astronomy.
- ↑ Rowlands & Landauer 2001.
ကိုးကား
[ပြင်ဆင်ရန်]- Onions၊ Charles Talbut; Friedrichsen၊ George Washington Salisbury; Burchfield၊ Robert William (1991)။ The Oxford dictionary of English etymology။ Oxford: at The Clarendon Press။ ISBN 978-0198611127။
- Esthetics (2001)။ 16 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2016 တွင် ပြန်စစ်ပြီး။