တာ့ဂျ်မဟာရ်

ဝီကီပီးဒီးယား မှ
တာ့ဂျ်မဟာရ်
ဒေသခေါ်အမည်
ဟင်ဒီ: ताज महल
တာ့ဂျ်မဟာရ် အား တောင်ဘက်မှ မြင်ရပုံ
တည်နေရာအာဂရာမြို့ဥတ္တရပဒေသပြည်နယ်၊ အိန္ဒိယနိုင်ငံ
ကိုဩဒိနိတ်27°10′30″N 78°02′31″E / 27.17500°N 78.04194°E / 27.17500; 78.04194
အမြင့်၇၃ မီတာ (၂၄၀ ပေ)
တည်ဆောက်၁၆၃၂ - ၁၆၅၃[၁]
ဗိသုကာUstad Ahmad Lahauri
ဗိသုကာစတိုင်Mughal architecture
လေ့လာသူ၃ သန်းခန့် (၂၀၀၃ အတွင်း)
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့် စံနှုန်း(i)
ရွေးချယ်သတ်မှတ်ခြင်း၁၉၈၃ (၇ ကြိမ်မြောက် အစည်းအဝေး)
ရည်ညွှန်းနံပါတ်252
တည်နေရာအိန္ဒိယနိုင်ငံ
ဒေသအာရှ-ပစိဖိတ်
တာ့ဂျ်မဟာရ် သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
တာ့ဂျ်မဟာရ်
အိန္ဒိယနိုင်ငံ အနောက်ဥတ္တရပဒေသပြည်နယ်တွင်း တည်နေရာ

တာ့ဂျ်မဟာရ် (အင်္ဂလိပ်: Taj Mahal; /ˌtɑː məˈhɑːl/) သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အ‌ရှေ့ဘက် ၁ မိုင်ခန့်‌ဝေး‌သော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်းများ ထွတ်‌ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ ‌လေသည်။[၂]

တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ် တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။

မူလအစနှင့် ဖြစ်ပေါ်လာစေသည့်အကြောင်းရင်း[ပြင်ဆင်ရန်]

တာ့ဂျ်မဟာရ်ကို စတင်တည်ဆောက်ခဲ့သော ရှားဂျာဟန် - စမစ်ဆိုနီယန် အင်စတီကျုမှ ကမ္ဘာလုံးပေါ်မှ ရှားဂျာဟန် ပန်ချီကား
မမ်တက်ဇ်မဟာရ် အား ပန်းချီဆရာများဖော်ကျူးရေးဆွဲထားပုံ

မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည်။

ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။

"အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်းပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။"

တာ့ဂျ်မဟာရ်နှင့် ဗိသုကာပုံစံခြင်းဆင်တူသော ဟူမာရန်၏ ဂူသင်္ချိုင်း

တာ့ဂျ်မဟာရ်တွင် ပါရှန်းနှင့် အစောပိုင်းမဂိုဗိသုကာပညာတို့ကို ပေါင်းစပ်ရုံသာမက ဆန်းသစ်တီထွင်မှုပြုထားသည်။ စိတ်ကူးစိတ်သန်းများမှာ အောင်မြင်ကျော်ကြားသော တီမူရစ်(Timurid) နှင့် မဂိုအဆောက်အဦးများဖြစ်သော ဂါအီအေမီရာ (Gur-e Amir) (ဆာမာခန် (Samarkand) ရှိ မဂိုမင်းဆက်ကိုဆက်ခံသူတစ်ဦးဖြစ်သော တီမူအာ(Timur) ၏ ဂူသင်္ချိုင်း)၊ ဟူမာရန်၏ ဂူသင်္ချိုင်း၊ အစ်တမတ်-အုဒ်-ဒါအုလာ(Itmad-Ud-Daulah) ၏ ဂူသင်္ချိုင်း (တစ်ခါတစ်ရံတွင် တာ့ဂျ်မဟာရ်အငယ်စားဟု ညွှန်းဆိုကြသည်။) နှင့် ရှားဂျာဟန်တည်ဆောက်ခဲ့သော ဒေလီရှိ ဂျမားမတ်စ်ဂျစ် (Jama Masjid) ဗလီတို့ကို အတုယူထားသည်။ အစောပိုင်းမဂိုအဆောက်အဦးများမျာ အနီရောင်သဲကျောက်တုန်းများဖြင့် တည်ဆောက်ခဲ့သော်လည်း ရှားဂျာဟန်ကစတင်၍ အဖြူရောင် စကျင်ကျောက်အောက်ခံနှင့် တန်ဖိုးနည်းသော ရတနာကျောက်တို့ကို အသုံးပြုခဲ့သည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ရှိသော အဆောက်အဦးတို့မှာ အဆင့်အတန်းတစ်ခုအထိ ပြင်ဆင်မွမ်းမံခြင်းရှိခဲ့သည်။

ဗိသုကာပညာ[ပြင်ဆင်ရန်]

တာ့ဂျ်မဟာရ် သင်္ချိုင်းဂူမှာ ကျောက်ဖြူဖြင့် တည်‌ဆောက်ထား‌သော ရှစ်‌မြှောင့်ပုံ အဆောက်အဦကြီးဖြစ်၍ ပေ ၇ဝ မြင့်ပြီးလျှင် သဲနီ‌ကျောက် အောက်ခြေ‌ပေါ်တွင် တည်ရှိ၏။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ပေ ၁၉၀ ခန့်မြင့်‌ပေသည်။ အဆောက်အဦကြီး၏ ဘေးပတ်လည် သဲနီ‌ကျောက် အောက်ခြေ၏ ထောင့်များတွင် ၁၃၃ ပေ မြင့်သော ဘုရားရှိခိုး‌မျှော်စင် တစ်ခုစီရှိ၏။ အဆောက်အဦကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခု၏ အလယ်တွင် တည်ရှိ‌လေသည်။ အတွင်းဘက်တွင် ဆင်ပြင်ထားပုံမှာ ခမ်းနား ဆန်းပြားလှ၏။ ကျောက်ဖြူ ဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်ပြီးသည့် ခန်းဆီးများနှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများ ဖော်ထားသည့် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထား၏။ ဤအဆောက်အဦကြီးကို ဆောက်လုပ်ရာတွင် တွင် ပေါင် ၃ သန်းကျော် ကုန်ကျခဲ့သည်ဟု ဆို‌လေသည်။[၂] အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ ကြာအောင် ဆောက်လုပ်ခဲ့ရသည်။[၃]

ဂူသင်္ချိုင်း[ပြင်ဆင်ရန်]

တာ့ဂျ်မဟာ၏ အဓိကနေရာမှာ ကျောက်ဖြူသားအုတ်ဂူဖြစ်သည်။ ခုံးနေသော တံခါးပေါက်ပါရှိသည့် နှစ်ဖက်ညီအချိုးစားကျ အဆောက်အဦးပေါ်တွင်တည်ရှိပြီး အပေါ်မှ ကြီးမားသောအမိုးလုံးကြီးဖြင့် ဖုံးအုပ်ထားသည်။ အခြားသော မဂိုဂူသင်္ချိုင်း များကဲ့သို့ပင် အဆောက်အဦး၏ အခြေခံအစိတ်အပိုင်းများမှာ ပါရှန်းမှဆင်းသက်လာသော ပုံစံဖြစ်သည်။

ပြင်ပမွမ်းမံမှု[ပြင်ဆင်ရန်]

အတွင်းခန်းမွမ်းမံမှု[ပြင်ဆင်ရန်]

ဥယျာဉ်[ပြင်ဆင်ရန်]

ပြင်ပအရံအဆောက်အဦးများ[ပြင်ဆင်ရန်]

တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

ဖွင့်လှစ်ချိန်[ပြင်ဆင်ရန်]

ဝင်ကြေး[ပြင်ဆင်ရန်]

အာဏာပိုင်များအရ -

၁၅ နှစ်အောက်ကလေးများ (အိန္ဒိယနှင့်နိုင်ငံခြားသားနှစ်ဦးစလုံး) ဝင်ကြေးမရှိပါ။ သောကြာနေ့တိုင်းပိတ်သည်။ အွန်လိုင်း လက်မှတ်ရောင်းချခြင်းသာ ရရှိနိုင်ပြီး၊ လက်ရှိတွင် လူကိုယ်တိုင်လက်မှတ်များ မရှိပါ။ အထိမ်းအမှတ်နေရာများတွင် ကပ်ထားခြင်းကြောင့် ခရီးသွားများအား www.asiagracircle.in မှတဆင့် အွန်လိုင်း အာဂရာ အထိမ်းအမှတ် လက်မှတ်များကို ဝယ်ယူရန် အကြံပြုအပ်ပါသည်။ အထိမ်းအမှတ်အဆောက်အအုံအားလုံးသည် အာခီလော်ဂျီရယ်ဆာဘီရုံး အောက်တွင်ရှိပြီး လက်မှတ်ရောင်းချခြင်းနှင့်ပတ်သက်သည့် ပြဿနာများ သို့မဟုတ် တိုင်ကြားချက်များအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ထားသောဌာနဖြစ်သည့် အိန္ဒိယရှေးဟောင်းသုတေသနစစ်တမ်းမှ သက်ဆိုင်ပါသည်။ ထို့ကြောင့် အဆိုပါတိုင်ကြားချက်အားလုံးကို အိန္ဒိယနိုင်ငံ အာခီလော်ဂျီရယ်ဆာဘီရုံးသို့ ကျေးဇူးပြု၍ ပေးပို့နိုင်ပါသည်။ U.P.Tourism ဌာနသည် ခရီးသွားဧည့်သည်များအား လက်မှတ်ကိစ္စများတွင် တစ်စုံတစ်ရာ အထောက်အကူမပြုနိုင်ပါ။ သို့သော်လည်း U.P.Tourism ဌာနမှ လည်ပတ်သည့် တူညီသော ဝဘ်ဆိုဒ်ဖြစ်သည့် www.tajmahal.gov.in အတွက် အခြားသော ခရီးသွား အချက်အလက် အားလုံးကို U.P.Tourism ဌာနမှ ရယူနိုင်ပါသည်။

မှတ်ချက် - (ခရီးသွားလာ‌ရေးဆိုင်ရာ လင့်ခ်များကို မျဉ်းတားပေးထားပါသည်။)

ယခင်ရှေးက အသုံးပြုသော ဝင်ခွင့်ကတ်


ဒဏ္ဍာရီ[ပြင်ဆင်ရန်]


သက်ဆိုင်သော ဆောင်းပါးများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Dutemple၊ Lesley A (2003)။ The Taj Mahal။ Lerner Publications Co။ p. 32။ ISBN 0-8225-4694-92015-02-07 တွင် ပြန်စစ်ပြီး Cite has empty unknown parameter: |coauthors= (အကူအညီ)
  2. ၂.၀ ၂.၁ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၁)။ "တာ့ဂျ်မဟာရ်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်
  3. လှသမိန် (ဧပြီ ၁၉၇၈)။ "ဝဘ်ဆိုက်သို့" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။

ပြင်ပလင့်များ[ပြင်ဆင်ရန်]