အောင်သူ (ဘောလုံးသမား): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎ပုဂ္ဂိုလ်ရေးဘဝ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂ - စာကြောင်း ၂ -
{{Infobox football biography
{{Infobox football biography
| name = အောင်သူ
| name = အောင်သူ
| image =File:Aung Thu 20180318 (cropped).jpg
| image = File:Aung Thu 20180318 (cropped 2).jpg
| image_size =
| image_size =
| caption =
| caption =

၀၅:၅၉၊ ၁၄ မေ ၂၀၂၀ ရက်နေ့က မူ

အောင်သူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် အောင်သူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
အောင်သူ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အောင်သူ
မွေးသက္ကရာဇ် (1996-05-22) ၂၂ မေ၊ ၁၉၉၆ (အသက် ၂၇)
မွေးရပ်ဇာတိ ပျဉ်းမနားမြို့ မြန်မာ
အရပ်အမြင့် ၁.၆၇ m (၅ ft   in)
ကစားသည့်နေရာ ရှေ့တန်း (တိုက်စစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
​မြောင်​တောင်ယူနိုက်တက် ထိုင်း
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၂၀၁၁–၂၀၁၃ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၃–၂၀၁၇ ရတနာပုံ ဘောလုံးအသင်း [၁] ၅၈ (၂၄)
၂၀၁၈– Police Tero ၂၁ (၁၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၁ မြန်မာ ယူ-၁၆ (၄)
၂၀၁၃–၂၀၁၅ မြန်မာ ယူ-၂၀ ၁၉ (၁၂)
၂၀၁၅– မြန်မာ ၃၄ (၉)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး ဒီဇင်ဘာ ၂၇၊ ၂၀၁၅အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ ဒီဇင်ဘာ ၂၇၊ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

အောင်သူ (၂၂ မေ ၁၉၉၆ ဖွား ) သည် မြန်မာနိုင်ငံမှ ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် ရတနာပုံ ဘောလုံးအသင်းတို့၏ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ သူအား ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)သို့ တက်ရောက်ခဲ့သည်။ သူသည် မြန်မာ ယူ-၁၆ အသင်းတွက်လည်း ကစားခဲ့ပြီး လက်ရှိတွင် မြန်မာလက်ရွေးစင်​ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။ 2011 AFF U-16 Youth Championship ပြိုင်ပွဲတွင် စတင်ကာ ယူ- ၁၆ အသင်းနှင့်အတူ ပထမဆုံးအကြိမ် နိုင်ငံတကာပွဲ စတင်ကစားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော 2014 AFC U-19 Championship ပြိုင်ပွဲတွင် ကာတာနှင့်ကစားသောပွဲတွင် လှပစွာကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။ သို့သော် အကြောင်းမလှစွာ အချိန်ပိုတွင် ရှုံးနိမ့်ခဲ့သည်။ သူ၏ အစွမ်းပြကစားမှုများဖြင့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် ဖီဖာ ယူ-၂၀ ကမ္ဘာဖလားသို့ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့သည်။ ဒါဟာ ၁၉၇၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူနစ်မြို့တွင် ကျင်းပခဲ့သော ခြေစစ်ပွဲအောင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ သူသည် တန်ဖိုးအရှိဆုံး တစ်နှစ်တာ အကောင်းဆုံး အားကစားဆုကို ၂၀၁၅ ခုနှစ်အစောပိုင်းက ရရှိခဲ့သည်။ သူသည် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် အိမ်ရှင် နယူးဇီလန်အသင်းနှင့်ကစားသောပွဲတွင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ သူသည် မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ပထမဆုံးနိုင်ငံတကာဂိုးကို ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲတွင် လာအိုအသင်း ၃-၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် သွင်းယူပေးခဲ့သည်။

ကိုယ်ရေးရာဇဝင်

တက်သစ်စ မြန်မာ့တိုက်စစ်မှူး အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ ထွက်ပေါ်လာခဲ့သော ကစားသမားဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပျဉ်းမနားမြို့တွင် မွေးဖွားခဲ့ပြီး သူသည် အသက် ၁၃ နှစ်အရွယ်တွင်ပင် အံဩဖို့ကောင်းစွာ ပျဉ်းမနားမြို့ ကိုယ်စားပြုအဖြစ် ဒေသလိုက် ယူ- ၁၉ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)မှ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပြီး သူ၏ အပြည်ပြည်ဆိုင်ရာ ကစားပွဲအဖြစ် ယူ-၁၆ ပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသော Hassanal Bolkiah Trophy ပြိုင်ပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့်ကစားသောပွဲတွင် အရေးကြီးသော ဂိုးများကို သွင်းယူပေးခဲ့ပြီး မြန်မာအသင်းသည် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် မြန်မာဘောလုံးဝါသနာရှင်တို့၏ အကြိုက်ဆုံးတိုက်စစ်မှူးနေရာသို့ ရောက်ရှိခဲ့သည်။ သူသည် ဆက်လက်၍ပင် ၂၀၁၄ ယူ-၁၉ ချန်ပီယံပြိုင်ပွဲနှင့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလား (နယူးဇီလန်)ပြိုင်ပွဲများတွင် ဂိုးများသွင်းယူနိုင်ခဲ့သည်။ သူအား FIFA techanical study book of 2015 U-20 World Cup စာအုပ်တွင် သူ၏ အားပြင်းသော ကန်ချက်နှင့် ပါးနပ်စွာ ပြေးလွှားမှုတို့ကို မှတ်ချက်ပေးခံခဲ့ရသည်။ အောင်သူသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းဖြစ်သော ရတနာပုံ FC တွင် အကောင်းဆုံးပုံစံဖြင့် ကစားလျက်ရှိသည်။ သူအား မြန်မာ အမျိုးသား ဘောလုံးအသင်းမှ ကစားရန် ခေါ်ယူခြင်းခံခဲ့ရပြီးဖြစ်၍ မကြာမှီပင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ပွဲဦးထွက် ကစားနိုင်တော့မည် ဖြစ်သည်။

နိုင်ငံတကာသွင်းဂိုးများ

မြန်မာအသင်း၏ သွင်းဂိုးနှင့် ရလဒ်တို့ကို ဦးစွာဖော်ပြထားသည်။
# ရက်စွဲ အားကစားကွင်း ပြိုင်ဘက် ဂိုးရလဒ် ရလဒ် ပြိုင်ပွဲ
၁၃ အောက်တိုဘာ ၂၀၁၅ Supachalasai Stadiumဘန်ကောက်မြို့  လာအို -၁ ၃-၁ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ
၂၉ မတ် ၂၀၁၆ Saida International StadiumSidon  လက်ဘနွန် ၀- ၁-၁ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ

ဂုဏ်ပြုဆုများ

  • Hassanal Bolkiah Trophy(1): ၂၀၁၄
  • AFF Youth Player of the Year(1): ၂၀၁၅

ပုဂ္ဂိုလ်ရေးဘဝ

​အောင်သူသည် သရုပ်​ဆောင် ပိုးအိအိခန့်နှင့် ၂၀၁၈ခုနှစ် ​မေလ၃၁ရက်​နေ့က တရားရုံးတွင် လက်မှတ်ထိုးကာ လက်ထပ်ခဲ့သည်။[၂]

ကိုးကား

ပြင်ပလင့်များ