သရ: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး Reverted 1 edit by 111.84.195.190 (talk) to last revision by Anontamon. (TW) |
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
||
စာကြောင်း ၁ - | စာကြောင်း ၁ - | ||
==သရ== |
==သရ== |
||
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ |
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ |
||
အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် |
အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် |
||
ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။<ref>မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)</ref> |
ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။<ref>မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)</ref> |
၁၁:၂၅၊ ၁၉ ဒီဇင်ဘာ ၂၀၁၆ ရက်နေ့က မူ
သရ
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။ သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။[၁]
သရရေးနည်း ၂ မျိုး
စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုးမျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံအသုံးပြုကြသည်။
အရှည်ရေးနည်း
အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။ ဥပမာ- အင်္ဂလိပ်ဘာသာသည် အရှည်ရေးနည်း ဖြစ်သည်။
Maung Maung goes to school.
အတိုရေးနည်း
မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းစဉ်မရေးဘဲ အထက်အောက် ရှေ့နောက် ကြားညှပ်၍ အမျိုးမျိုးရေးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။
- မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိပါသည်။
(၁) လုံးချင်းသရရေးနည်းနှင့် (၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်ပါသည်။
- လုံးချင်းသရ
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။
- ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)
က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။
မွန် သရ (12) လုံး
အ အာ ဣ ဣဳ ဥ ဥု ဨ အဲ ဩ အဴ အံ အး
- -ာ -ိ -ဳ -ု -ူ ေ- -ဲ ေ-ာ -ဴ -ံ -း
အ အာ အိ အဳ အု အူ အေ အဲ အော အဴ အံ အး
ကိုးကား
- ↑ မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)