ရုရှားအုပ်ချုပ်သူမင်းများစာရင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Created by translating the page "List of Russian rulers"
 
စာကြောင်း ၇ - စာကြောင်း ၇ -


=== နော့ဗ်ဂရက်မင်းသားများ ===
=== နော့ဗ်ဂရက်မင်းသားများ ===
{{Succession table monarch
|name1 = '''[[:en:Rurik|ပထမမြောက် ရုရစ်ခ်]]'''
|nickname1 = Рюрик
|native1 =
|life1 = ၈၃၀– ၈၇၉
|reignstart1 = ၈၆၂
|reignend1 = ၈၇၉
|notes1 = [[:en:Rurik Dynasty|ရုရစ်ခ်မင်းဆက်]]တည်ထောင်သူ
|family1 = [[:en:Rurikids|ရုရစ်ခ်မင်းဆက်]]
|image1 = Rurik_titularnik.jpg
|alt1 =
|name2 = '''[[:en:Oleg of Novgorod]]'''
|nickname2 = Олег
|native2 =
|life2 = 855 – 912
|reignstart2 = 879
|reignend2 = 882
|notes2 = Relative of Rurik and [[:en:regent|regent]] of Rurik's son, Prince [[:en:Igor of Kiev|Igor of Kiev]]
|family2 = [[:en:Rurikids|ရုရစ်ခ်မင်းဆက်]]
|image2 = Oleg_of_Novgorod.jpg
|alt2 =
}}


=== ကြီးမြတ်သော ကီးယဲ့ဗ်မင်းသားများ ===
=== ကြီးမြတ်သော ကီးယဲ့ဗ်မင်းသားများ ===

၀၆:၂၆၊ ၁၉ ဇွန် ၂၀၁၆ ရက်နေ့က မူ

ဤစာရင်းမှာ ရုရှားနိုင်ငံ၏ သမိုင်းတွင် အုပ်ချုပ်သူမင်းများ၏ စာရင်းဖြစ်သည်။ ဤစာရင်းထဲတွင် နော့ဗ်ဂရက်မင်းသားကီးယက်မင်းသားကြီး၊ ဗလာဒီမီယာမင်းသားကြီး၊ မော်စကိုမင်းသားကြီး၊ ရုရှားလူမျိုးအားလုံး၏ ဇာဘုရင်မင်းမြတ်နှင့် ရုရှားအင်ပါယာပြည့်ရှင်အစရှိသော ဘွဲ့ခံဘုရင်များ ပါဝင်သည်။ ဤမင်းများစာရင်းကို နော့ဂရက်မင်းသားဖြစ်သော ရုရစ်ခ် အုပ်ချုပ်ခဲ့သော ကာလဖြစ်သော ၉ ရာစုအလယ်(၈၆၂)မှစ၍ နောက်ဆုံးအင်ပါယာပြည့်ရှင် ဒုတိယမြောက် နီကိုလပ်စ် အာဏာစွန့်လွှတ်ခဲ့သည့် ၁၉၁၇ ခုနှစ်နှင့် သူ၏မိသားစု သေနတ်ဖြင့် ပစ်သက်ခံရခြင်း ဖြစ်ပွားခဲ့သည့် ၁၉၁၈ ခုနှစ်တွင် အဆုံးသတ်သည်။

ယနေ့ခေတ်တွင် ရုရှားနိုင်ငံဟု သိထားကြသော ကြီးမားသောနယ်မြေကြီးသည် သမိုင်းတလျှောက်တွင် နာမည်အမျိုးမျိုးရှိခဲ့ရာ ထိုအထဲတွင် ရုစ်'ကီးယဲ့ဗန် ရုစ်'[၁][၂] မော်စကိုမင်းသားနယ်မြေကြီးဇာဘုရင်၏ မူစကော့ဗီးနယ်ရုရှားအင်ပါယာနှင့်  အုပ်ချုပ်သူ၏ ရှည်လျားသော ဘွဲ့အမည်အတိုင်း ရှိကြသော အချုပ်အခြာအာဏာပိုင်နိုင်ငံများ ပါဝင်သည်။ အစောပိုင်းဘွဲ့အမည်များတွင် ကညက်ဇ် နှင့် ဗျယ်လီကီး ကညက်ဇ် စသော ဘွဲ့အမည်များပါဝင်ပြီး "မင်းသား" နှင့် "ကြီးမြတ်သော မင်းသား" ဟု အသီးသီး အဓိပ္ပါယ်ရရှိကြပြီး "မြို့စား" နှင့် "မြို့စားကြီး" ဟု အနောက်ပိုင်းစာပေများတွင် အသုံးပြကြသည်။ ထိုနောက်ပိုင်းတွင် ဇာဘုရင် ဟုသော ဘွဲ့အမည်ကို အသုံးပြုခဲ့ပြီး အဓိပ္ပါယ်မှာ "ဆီဇာ"ဟူ၍ဖြစ်ကာ ထိုဘွဲ့သည် ဘုရင်မင်းမြတ် (သို့) အင်ပါယာပြည့်ရှင် ဟူသော အဓိပ္ပါယ်နှင့် ထပ်တူညီရန်မှာ အငြင်းပွားဖွယ်ဖြစ်နေသည်။ နောက်ဆုံးအကြီးမြတ်ဆုံးဘွဲ့အမည်မှာ အင်ပါယာပြည့်ရှင်ဖြစ်သည်။ 

ရုစ်မင်းသားများ (၈၆၂–၁၅၄၇)

ယနေ့ခေတ်တွင် ရုရှားနိုင်ငံဟု အများသိထားသောကုန်းမြေတွင် များလှစွာသော အရှေ့ဆလာဗစ်လူမျိုးများ နေထိုင်ခဲ့ကြသည်မှာ ၉ ရာစုနှစ် မတိုင်မီကတည်းကပင် ဖြစ်သည်။ ပထမဆုံးနိုင်ငံမှသည် ဒေသတစ်ခုလုံးအပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည်မှာ ရုစ်လူမျိုးများဖြစ်ပြီး နော့ဒစ် ဗာရန်းဂီးယန်းလူမျိုးမှ ဆင်းသက်လာသည်ဖြစ်ကာ ယနေ့ ရုရှားနိုင်ငံကို ၉ ရာစုနှစ်လောက်တွင် ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ရုစ်ကန်ဂနိတ်နိုင်ငံများကို ၈၃၀ ခုနှစ်ပတ်ဝန်းကျင်တွင် တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့ကြသည်။  ရုစ်ကန်ဂနိတ်နိုင်ငံများ တည်ရှိခဲ့မှုနှင့် ၎င်းတို့နယ်မြေများ၏ အကျယ်အဝန်း အပါအဝင် ယုံကြည်နိုင်သော ထိုနယ်မြေများအုပ်ချုပ်သူ ခါ့ဂန်များစာရင်းကို အနည်းငယ်သာ သိရှိရသေးသည်။ ရုရှားလူမျိုးများ၏ နိုင်ငံအဖြစ်တည်ရှိမှုကို ခြေရာကောတ်ကြည့်မည်ဆိုလျှင် ရုရစ်ခ် (ဟိုဂရက် (နောင် နော့ဗ်ဂရက်မြို့၊ ယနေ့ခေတ် ဗျဲလီကီး နော့ဗ်ဂရက်မြို့)၏ ခေါင်းဆောင်) ထံသို့သာ ရောက်ရှိသွားသည်။ ရုရစ်ခ်၏ ဆက်ခံသူ အားလျက်ဂ်လက်ထက်တွင် မြို့တော်ကို ကီးယက်မြို့သို့ ပြောင်းရွေ့ခဲ့ပြီး ကီးယဲ့ဗန်ရုစ်ပြည်ကို တည်ထောင်ခဲ့သည်။ နောက် ရာစုနှစ်များစွာ ကျော်ဖြတ်လာသောအခါအတွင် ကြီးမားသောနယ်မြေများကို ပိုင်ဆိုင်သော ကီးယက်မင်းသားကြီးနှင့် နော့ဗ်ဂရက်မင်းသားကြီး (တခါတရံတွင် တစ်ယောက်တည်းသာ) စသောဘွဲ့အမည်များသည် အရေးကြီးသော ဘွဲ့ခံမင်းများဖြစ်ခဲ့ကြသည်။  ၁၁ ရာစုအစောပိုင်းတွင် ရုစ်နိုင်ငံသည် နိုင်ငံငယ်များအဖြစ် အစိတ်စိတ်အမွှာမွှာကွဲကာ အချင်းအချင်း အစဉ်သဖြင့် စစ်မက်ဖြစ်ပွား၍ နေခဲ့သည်။ ၁၀၉၇ ခုနှစ်တွင် လုဗစ်ချ်ကောင်စီသည် ဖက်ဒရယ်သဘောသဘာဝရှိသော ရုရှားနယ်မြေများအဖြစ် စည်းမျဉ်းများ သတ်မှတ်ခဲ့သည်။ ၁၂ ရာစုတွင် အလက်ဇန်းဒါး ညဲ့ဗ်စကီး၏ အုပ်ချုပ်မှုအာဏာ အထွဋ်အထိပ်သို့ရောက်ရှိလာသောအခါ ဗလာဒီမီယာမင်းသားနယ်သည် နော့ဗ်ဂရက်နှင့် ကီးယဲ့ဗ်ကို ၎င်းအမည်အောက်တွင် ထည့်သွင်းကာ ဩဇာကြီးမားသော နယ်ဖြစ်လာခဲ့သည်။ အလက်ဇန်းဒါး ညဲ့ဗ်စကီးလွန်သောအခါ ထိုနယ်သည် နောက်တစ်ဖန် နိုင်ငံငယ်များအဖြစ် ကွဲသွားခဲ့ရာ မော်စကိုနယ် (အလက်ဇန်းဒါး ညဲ့ဗ်စကီး၏ အငယ်ဆုံးသားဖြစ်သူ ဒန်နီယယ် တည်ထောင်သော) တည်ထောင်နိုင်သည်ထိဖြစ်သည်။ မော်စကိုသည် အင်အားတောင့်တင်းစွာ ရုရှားနယ်မြေများကို ၁၅ ရာစုတွင် စတင်အုပ်ချုပ်ခဲ့သည်။ ၁၃ ရာစုတွင် အောင်နိုင်သူ မွန်ဂိုများ၏ လက်အောက်သို့ရောက်ရှိပြီး ရုရှားနိုင်ငံငယ်လေးများသည် ရွှေရောင်မွန်ဂိုတပ်ကြီးသို့ အခွန်ဘဏ္ဍာများ ဆက်သရသည်။ မော်စကိုမှ မဟာအီဗန်မင်းသား အင်အားကြီးမားလာသောအခါ ရုရှားတို့သည် လွတ်လပ်ရေးအတွက် မွန်ဂိုများကို စတင်တော်လှန်ခဲ့ကြပြီး အခွန်ဘဏ္ဍာဆက်သခြင်းကို ရပ်ဆဲကာ လွတ်လပ်ရေး ကြေငြာခဲ့ကြသည်။ ကြီးမြတ်သော မော်စကိုမြို့စားဘွဲ့ခံ နောက်ဆုံးမင်းသားမှာ ကြောက်မက်ဖွယ်ရာ အီဗန်ဖြစ်ပြီး ၁၅၄၇ ခုနှစ်တွင် သူသည် အားလုံးသော ရုရှားလူမျိုးတို့၏ မင်းအဖြစ် ဇာဘုရင်ဘွဲ့ခံသည်။

နော့ဗ်ဂရက်မင်းသားများ

အမည်
သက်တမ်း
ထီးနန်းဆက်ခံခြင်း
နန်းသက်ကုန်ခြင်း
မှတ်ချက်
မင်းဆက်
ပုံ
ပထမမြောက် ရုရစ်ခ်
  • Рюрик
၈၃၀– ၈၇၉ ၈၆၂ ၈၇၉ ရုရစ်ခ်မင်းဆက်တည်ထောင်သူ ရုရစ်ခ်မင်းဆက်
en:Oleg of Novgorod
  • Олег
855 – 912 879 882 Relative of Rurik and regent of Rurik's son, Prince Igor of Kiev ရုရစ်ခ်မင်းဆက်

ကြီးမြတ်သော ကီးယဲ့ဗ်မင်းသားများ

ကြီးမြတ်သော ဗလာဒီမီယာမင်းသားများ

ဗလာဒီမီယာ-ဆူဇဒါးနယ် (တရားဝင်အသုံးမှာ ဗလာဒီမီယာနယ် (Grand Duchy of Vladimir))မှာ ကီးယဲ့ဗ်ဗန်ရုစ်နယ်မှ ကွဲထွက်သွားသော နိုင်ငံငယ်လေးများအကြားတွင် ဩဇာကြီးမားလာသောအခါ ကြီးမြတ်သော ဗလာဒီမီယာမင်းသား ဟုသော ဘွဲ့အမည်မှာ အုပ်ချုပ်သူ ရုရှားတော်ဝင်နွယ်များအကြားတွင် အရေးပါသော ဘွဲ့အမည်သုံးခု(ကီးယဲ့ဗ်နှင့် နော့ဗ်ဂရက် အပါအဝင်)ထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ဗလာဒီမီယာသည် အချိန်အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးကြီးစိုးမှု ရှိနေခဲ့ပြီးနောက် ထိုနယ်သည်လည်း နိုင်ငံငယ်များအဖြစ် တစ်ခုပြီးတစ်ခု ကွဲပျက်ခဲ့ရာ ထိုထဲမှ အရေးပါဆုံးသော နယ်သည် မော်စကိုနယ် (Grand Duchy of Moscow) ဖြစ်လာသည်။ မော်စကိုသည် နောက်ဆုံးတွင် ဇာဘုရင်ခေတ်ရုရှားနိုင်ငံအဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။

၁၃၃၁ ခုနှစ်နောက်ပိုင်းတွင် ကြီးမြတ်သော ဗလာဒီမီယာ မင်းသားဘွဲ့ကို ကြီးမြတ်သော မော်စကို မင်းသားဘွဲ့၏ အောက်တွင်ထားရှိခဲ့သည်။

ကြီးမြတ်သော မော်စကိုမင်းသားများ

အလက်ဇန်းဒါး ညဲ့ဗ်စကီး (ဗလာဒီမီယာမင်းသားကြီး) သည် သူ၏ အငယ်ဆုံးသား ဒန်နီယယ်ကို မော်စကိုပတ်ဝန်းကျင်နယ်မြေများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ထားရှိခဲ့ရာ ဗလာဒီမီယာ-ဆူဇဒါး၏ လက်အောက်ခံနယ်မြေတစ်ခုဖြစ်သော မူစကော့ဗီးနယ်ကို တည်ထောင်ခဲ့သည်။ ဒန်နီယယ်၏ သားဖြစ်သူ ပထမမြောက် အီဗန်သည် သူကိုယ်တိုင် ဗလာဒီမီယာမင်းသားဘွဲ့ ခံယူလိုက်ပြီး များလှစွာသော ရုရှားနယ်များတွင် အဓိကအုပ်ချုပ်ရာနယ်အဖြစ် မူစကောဗီးကို ထူထောင်ခဲ့သည်။  နောက်တွင် မူစကော့ဗီးကို အုပ်ချုပ်သူတို့သည် အင်အားများစုစည်းနိုင်လာသောအခါ တတိယမြောက် အီဗန်၏ ဩဇာအာဏာသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရာ မွန်ဂိုများ ကျူးကျော်ခြင်းကိုလည်း တွန်းလှန်နိုင်ခဲ့ပြီး အခြားရုရှားနယ်များကိုလည်း အောင်နိုင်ခဲ့သည်။ သူ၏သား တတိယမြောက် ဗာစီလီလက်ထက် ၁၅၂၀ ခုနှစ်ကို ကျန်ရှိနေသည့် လွတ်လပ်သော နိုင်ငံငယ်အနည်းငယ်အား သုတ်သင်ရှင်းလင်းခြင်းဖြင့် ရုရှားပြည်နယ်များအားလုံး ပေါင်းစည်းခြင်းလုပ်ငန်း အပြီးသတ်ခဲ့သည်။ ဗာစီလီ၏ သား ကြောက်မက်ဖွယ်ရာ အီဗန်လက်ထက်တွင် ၁၅၄၇ ခုနှစ်တွင် အလုံးစုံသော ရုရှားနိုင်ငံ၏ ဇာဘုရင်ဘွဲ့ လက်ခံခြင်း ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

ရုရှားနိုင်ငံ ဇာဘုရင်ခေတ် (၁၅၄၇–၁၇၂၁)

တတိယမြောက် အီဗန် လက်ထက်မှသည် မော်စကိုနယ်သည် ဩဇာကြီးသောနယ်ဖြစ်လာခဲ့ခြင်း၊ မွန်ဂိုတပ်များအား တိုက်ထုတ်နိုင်ခြင်း၊ ရုရှားမင်းသားများ၏ နယ်မြေများအား လက်အောက်ခံအဖြစ်စုစည်းနိုင်ခဲ့ခြင်း၊ မော်စကိုမြို့အနီးအနားမှသည် ဝေးကွာသော နယ်မြေများအား အောင်နိုင်ခြင်း ရှိခဲ့သည်။ တတိယမြောက် အီဗန်သည် ရုရှားတနိုင်ငံလုံးတွင် ထက်မြတ်သော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော်လည်း သူ၏မြေး စတုတ္ထမြောက် အီဗန်လက်ထက်မတိုင်မချင်း ရုရှားတနိုင်ငံလုံး၏ တရားဝင်ဘုရင်အဖြစ် သတ်မှတ်ခဲ့သော အခြေအနေမရှိခဲ့ပဲ စတုတ္ထမြောက် အီဗန်လက်ထက် ၁၅၄၇ ခုနှစ်မှ ဇာဘုရင်ဘွဲ့ခံကာ ရုရှားတနိုင်ငံလုံး၏ ဘုရင်အဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။

ပဋိပက္ခကာလ

ကြောက်မက်ဖွယ်ရာ အီဗန်၏ သား၊ ရုရစ်ခ်မင်းဆက်၏ နောက်ဆုံးမင်းသား ပထမမြောက် ဖရိုဒါ သေဆုံးမှုသည် ရုရှားနိုင်ငံအား ထီးမွေနန်းမွေဆက်ခံမှုဆိုင်ရာ အကျပ်အတည်းများဟု သိထားသော ပဋိပက္ခကာလသို့ ရောက်ရှိသွားစေခဲ့သည်။ ဖရိုဒါအနေဖြင့် အမျိုးသားဆက်ခံသူ မကျန်ရှိခဲ့ခြင်းကြောင့် ရုရှား ဇမ်စကီး ဆာဘိုရ် (မြေရှင်ပဒေသရာဇ် လွှတ်တော်)သည် သူ၏ ယောက်ဖဖြစ်သူ ဘောရစ် ဂါဒူးနော့ဗ်အား ဇာဘုရင်အဖြစ် နန်းတင်ခဲ့သည်။ ဘောရစ် ဂါဒူးနော့ဗ်လက်ထက်တွင်လည်း မင်းဆက်ပျက်သွားခဲ့သည်။ ထိုအခါ ဒမီထရီ အယောင်ဆောင်များ အစဉ်အဆက်ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့သည် ဖရိုဒါ၏ သေဆုံးသွားသော ညီငယ်ဖြစ်သူ ဒမီထရီဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အယောင်ဆောင်များဖြစ်နေကြသော်လည်း ပထမဆုံး အယောင်ဆောင်သူတစ်ယောက်တော့ဖြင့် ဇာဘုရင်ဘွဲ့ကို တရားဝင်ခံယူသွားသေးသည်။ ဆွေမျိုးတော်စပ်မှုဝေးသော ရူရစ်ခ်တို့နှင့် တော်စပ်သူ ဗာစီလီ ရှုရှကီးသည်လည်း ကာလတစ်ခုအကြာ အာဏာကို ချုပ်ကိုင်ထားသေးသည်။ ထိုကာလအတွင်းတွင် ဆွီဒင်၊ ပိုလန်-လစ်သူရေးနီးယားတို့၏ ဗာဆာမင်းဆက်Sigismund III Vasa နှင့် သူ၏သား Władysław IV Vasa တို့အပါအဝင် ပြည်ပမှ အာဏာသက်ရောက်မှုသည် ရုရှားနိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေသည်။  ပဋိပက္ခအချိန် ပြီးဆုံးသွားသောကာလမှာ မိုက်ကယ် ရိုမန်နော့အား ပလ္လင်ဆက်ခံသူအဖြစ် ရွေးချယ်လိုက်သော အချိန်တွင် ဖြစ်ပေသည်။ သူသည် ရိုမန်နော့ဗ်မင်းဆက်အား ထူထောင်ပြီး ရုရှားပြည်ကို အုပ်စိုးခဲ့သည်မှာ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးမတိုင်မီအထိ ဖြစ်သည်။

ရိုမန်နော့ဗ်အိမ်တော်

ပဋိပက္ခကာလသည် မစ်ခေးလ် ရိုမန်နော့ဗ်အား ဇာဘုရင်အဖြစ် ရွေးချယ်လိုက်သော ၁၆၁၃ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ မစ်ခေးလ် သည် ဇာဘုရင်မင်းမြတ်အဖြစ် တရားဝင်စိုးစံခဲ့သော်လည်း အစောပိုင်းတွင် အုပ်ချုပ်မှုအာဏာအစစ်အမှန်ကို သူ၏ဖခင်    ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရိုဒါ နိကီကျိချ် ရိုမန်နော့ဗ် (၁၆၃၃ ခုနှစ်တွင် သေဆုံး)က ချုပ်ကိုင်ထားသည်။ သို့ပေမယ့်လည်း မစ်ခေးလ်၏ မျိုးဆက်များသည် အစောပိုင်းတွင် ဇာဘုရင်များအဖြစ် နောက်ပိုင်းတွင် အင်ပါယာပြည့်ရှင်များအဖြစ် စိုးစံခဲ့ကြသည်မှာ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေး မတိုင်မီအထိဖြစ်သည်။ မစ်ခေးလ် ရိုမန်နော့ဗ်၏ မြေးဖြစ်သည် မဟာပီတာဘုရင် (၁၆၈၂-၁၇၂၅ ခုနှစ်တွင် နန်းစံခဲ့သော)သည် ရုရှားနိုင်ငံကို အနောက်ဘက်အနားသတ်မျဉ်းများအတိုင်း ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၁၇၂၁ ခုနှစ်တွင် ရုရှားအင်ပါယာထူထောင်နိုင်ခဲ့သည်။

ရုရှားအင်ပါယာခေတ် (၁၇၂၁–၁၉၁၇)

ရုရှားအင်ပါယာအဖြစ် မဟာပီတာဘုရင်သည် ၁၇၂၁ ခုနှစ်တွင် ကြေငြခဲ့သည်။ ရုရှားနိုင်ငံကို ရိုမန်နော့ဗ်မင်းဆက်သည် ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးမတိုင်မချင်း အုပ်ချုပ်ခဲ့သည်။ သို့သော်လည်း မစ်ခေးလ် ရိုမန်နော့မှ တိုက်ရိုက်ဆင်းသက်လာသော အမျိုးသား ဆက်ခံသူများသည် ၁၇၃၀ ခုနှစ်တွင် မဟာပီတာဘုရင်ကြီး၏မြေး ဒုတိယမြောက် ပီတာဘုရင် သေဆုံးမှုနှင့်အတူ အဆုံးသတ်ခဲ့သည်။ ပုလ္လင်သည် မဟာပီတာဘုရင်၏ တူမ အန်နာလက်ထဲသို့ ရောက်ရှိခဲ့ပြီး သူမလွန်သောအခါ သူမ၏ တူဖြစ်သူ နို့စိုအရွယ်ကလေးငယ်ဖြစ်သော ဆဋ္ဌမမြောက် အီဗန်လက်သို့ ပလ္လင်ကို လွဲအပ်ခဲ့သည်။ သို့သော် မဟာပီတာဘုရင်၏ သမီးဖြစ်သူ အဲလီဇဘတ်မှ ပလ္လင်ကို လုယူခဲ့သည်။ အဲလီဇဘတ်သည် ရုရှားနိုင်ငံကို အုပ်ချုပ်ခဲ့သော ရိုမန်နော့မင်းဆက်မှ တိုက်ရိုက်ဆင်းသတ်လာသည့် နောက်ဆုံးမင်းဆက်ဖြစ်သည်။ အဲလီဇဘတ်သည် သူမ၏ တူ ပီတာကို သူမ၏ အမွေဆက်ခံသူအဖြစ် ကြေငြာခဲ့သည်။ ပီတာ (တတိယမြောက် ပီတာအဖြစ် အုပ်ချုပ်ခဲ့သူ)သည် အင်ပါယာဘွဲ့ ခံယူရန်  ရောက်လာချိန် မတိုင်မှီထိ ရုရှားစကားကို အနည်းငယ်သာ ပြောနိုင်သော Holstein-Gottorp အိမ်တော်မှ ဂျာမန်မင်းသား တစ်ပါးဖြစ်သည်။ သူနှင့် သူ၏ ဂျာမန်ကြင်ယာတော်တို့သည် ပလ္လင်ကိုလက်ခံရရှိလာသောအခါ သူတို့၏ နာမည်ကို ရိုမန်နော့ဗ် အဖြစ် ပြောင်းလဲခဲ့သည်။ ပီတာသည် နေမကောင်းနေပုံ ရှိနေပြီး ပလ္လင်ဆက်ခံပြီး ခြောက်လအကြာတွင် လုပ်ကြံခံခဲ့ရသည်။ ထိုလုပ်ကြံမှုကို သူ၏ မိဖုရားမှ စီစဉ်ထားခြင်းဖြစ်ပြီး ပီတာနတ်ရွာစံသောအခါ သူမသည် မဟာကတ်သရင်းဘုရင်မကြီးအဖြစ် ရုရှားအင်ပါယာကို အုပ်စိုးခဲ့သည်။ မဟာပီတာဘုရင်ကြီး၏ မျိုးဆက်များ ထီးနန်းဆက်ခံခြင်းဆိုင်ရာ ရှုတ်ထွေးမှုကို ကတ်သရင်းဘုရင်မကြီး၏ သား ပထမမြောက် ပေါလ်သည် ရှင်းလင်းသော ထီးနန်းဆက်ခံမှုဆိုင်ရာ ဥပဒေကို သားကြီးဩရသနှင့်ဆိုင်သော ဥပဒေကို ထိန်းသိမ်းခဲ့ပြီး ပြဋ္ဌာန်းခဲ့ရာ ထိုအင်ပါယာပလ္လင်ဆက်ခံခြင်းဆိုင်ရာ ဥပဒေသည် ၁၉၁၇ အင်ပါယာမကျရှုံးချိန်အထိ တည်ခဲ့သည်။

ကိုးကား

  1. Russian history: Kievan RusRussiapedia။ RT။ November 26, 2013 တွင် ပြန်စစ်ပြီး။
  2. Glenn E. Curtis (1996)။ Kievan Rus' and Mongol PeriodsRussia: A Country Study။ Federal Research Division of the Library of Congress။ November 26, 2013 တွင် ပြန်စစ်ပြီး။