အတိဆတ္တိယ
ပုံပန်းသွင်ပြင်
အရှင်အတိဆတ္တိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]အတ္တဒဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]အတ္တဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါတွင် ဖြစ်၏။ အရှင်အတိဆတ္တိယထေရ် သည် အဆင့်ဆင့်သော ထီးတော်ကို ပြုလုပ်ကာ ပုထိုးစေတီတော်တွင် လှူဒါန်းခဲ့၏။ ရံဖန်ရံခါ ပုထိုးတော်သို့ သွားရောက်ကာ မြတ်စွာဘုရားကို ရှိခိုးကာ ပန်းအမိုးပြုလုပ်၍ ထီး၌ တင်လှူကာ ပူဇော်ခဲ့၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ပြုလုပ်ခဲ့ရသော ကုသိုလ်ကောင်းမှု၏ အကျိုးကြောင့် ကမ္ဘာတစ်ထောင့်ခုနစ်ရာပတ်လုံး နတ်မင်းအဖြစ်ကို ရခဲ့၏၊ လူအဖြစ်သို့ မရောက်ရတော့ပေ။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အတိဆတ္တိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]