အတင့်ရဲမလာနှင့်

ဝီကီပီးဒီးယား မှ

အတင့်ရဲမလာနှင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အတင့်ရဲမလာနှင့်[ပြင်ဆင်ရန်]

ဥပဒေအရင်ဆင့်ပုံက၊ ပင်မြင့်မှာ ထန်းရည်တက်သူတို့၊ တခွက်ရည် တပြူပြူ၊ တမြူလောက်ကသာဖြင့်၊ ထန်းဆရာ ဝမ်းစာလောက်စေတော့၊ ဖမ်းမှုပေါက်ပြစ်မရှာ။

မကုန်နိုင်ဘုံဆိုင် ခင်းရာက၊ တပုလင်းငယ် တလမယ်လောက်ငဲ့ပြင်၊ အများလူတကာ တဖလားသာလို့ မသောက်စေနှင့်၊ စားသောက်ပုံယစ်ကာမူးလို့ ဟစ်ကျူးကျော်လွန် အောင်ဆဲရင်ဖြင့်၊ ထောင်ထဲဝယ် ခေါင်းတုံးဆံပင်ဖြတ်မတဲ့၊ ရုံးနောက်ထပ်စာ။

ရွှေထန်းဖို ရည်ချိုတဲခဲ့လို့၊ ထိုပွဲမှာ အသဲညှာက ပွက်ချည်ထင့်၊ လဲရက်နှင့် သူ့ခမြာ၊ ရှုစရာမကောင်း။

နတ်မင်းရွာ တာဝတိန်က၊ အသူရိန် ရှင်နတ်ကြမ်းကဲ့သို့၊ ဗိုလ်သန်းအုပ်ရက်သားနဲ့၊ လက်ကြားကို ယိုမကျတန်ုဘု၊ ငိုရအောင် ဒုတ်ဒဏ်ပေးသည့်ပြင်၊ ရန်ပြေကာ မကြေအေးရင်၊ ခွေးသေကို ဠင်းတဆွဲသည့်နှယ်၊ မူးသူကို ဒူးကူလို့ တဲမည်ကြောင့်၊ ဝင့်စရာ အတင့်လာလို့ မရဲကြနှင့် ပွဲကြည့်အပေါင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဘုံဆိုင် = ထန်းရည်အရက် ရောင်းသောဆိုင်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။