အဆီးရီးယန်း လူမျိုး

ဝီကီပီးဒီးယား မှ

အဆီးရီးယန်း ( Syriac , ʾĀṯōrāyē ; or ܣܘܪ̈ܝܐ , Sūrāyē) အရှေ့အလယ်ပိုင်း ဒေသ တစ်ခုဖြစ်သော မက်ဆိုပိုတေးမီးယား တွင် နေထိုင်သော တိုင်းရင်းသားအုပ်စုတစု ဖြစ်သည်။ [၁] [၂] အချို့မှာ သူတို့ဘာသာ ဆီးရီးယပ်စ် ၊[၃] အာရာမီယံ [၄] နှင့်ချာလ်ဒင်း [၅] လူမျိုးများ ဖြစ်ကြောင်း သတ်မှတ် ဖော်ပြလေ့ ရှိကြသည်။ သူတို့သည် ဆီးမိုက်ဘာသာစကား တစ်မျိုးဖြစ်သော နီယို-အာမိုက် စကားကို ပြောလေ့ ရှိကြပြီး ၎င်းတို့ နေထိုင်ရာ နိုင်ငံများ၏ ပင်မဘာသာစကား ကိုလည်း ပြောဆိုလေ့ ရှိကြသည်။[၆] ခေတ်သစ် အဆီးရီးယန်းတို့သည် ရှေးခေတ် မက်ဆိုပိုတေးမီးယားတွင် ဘီစီ ၂၅၀၀ မှ စတင်ခဲ့သည့် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးသော ယဉ်ကျေးမှုလောကများ အနက်မှ တစ်ခုဖြစ်သော အဆီးရီးယားများမှ ဆင်းသက်လာသည်ဟုဆို ကြသည့် ဆီးရီးယား ခရစ်ယာန်များ ဖြစ်သည်။

အဆီးရီးယန်း ဇာတိမြေ အဖြစ် ဖြစ်ပေါ်နေသော လူမျိုးစုဒေသများ မှာ ယနေ့ခေတ် အီရတ် မြောက်ပိုင်း ( နင်နီဗေးလွင်ပြင် နှင့် ဒေါ့ခ်အုပ်ချုပ်ရေးဒေသ )၊ တူရကီ အရှေ့တောင်ပိုင်း ( ဟက်ကာရီ နှင့် တူရ် အက်ဒင်နင် )၊ အီရန် အနောက်မြောက်ပိုင်း (အာမီးယား ) နှင့် ဆီးရီးယား အရှေ့မြောက်ပိုင်း ( အယ်လ်ဟာဆာကာ အုပ်ချုပ်ရေးဒေသ ) တို့၏အစိတ်အပိုင်းများဖြစ်သည် ။ [၇] လွန်ခဲ့သည့် ရာစုနှစ်အတွင်း၌ အများစုသည် မြောက်အမေရိက ၊ လဲဗန့် ၊ ဩစတြေးလျဥရောပရုရှား နှင့် ကော့ကေးဆပ် စသည့် ကမ္ဘာတဝှမ်းရှိ အခြားဒေသများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ ထိုကဲ့သို့သော ထွက်ခွာသွားစေခဲ့သည့် ဖြစ်ရပ်များအား အစပျိုးခဲ့သည်မှာ ဒီယာဘာကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ပထမကမ္ဘာစစ် က အော်တိုမန်အင်ပါယာ နှင့် မဟာမိတ်များဖြစ်ကြသော ကာ့ဒ်လူမျိုးစုများမှ အဆီးရီးယန်း လူမျိုးတုံး သတ်ဖြတ်ခြင်း ( အာမေးနီးယန်း နှင့် ဂရိလူမျိုးတုံးသတ်ဖြတ်မှု ကာလနှင့် တစ်ပြိုင်နက်တည်း)၊ ၁၉၃၃ ခုနှစ် အီရတ်တို့၏ ဆီးမီးလီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး၊ အီရတ်နှင့် ဆီးရီးယားရှိ ဘာ့သ်မူဝါဒများ၊ အီရတ် နှင့် လဲဗန့် ၏ အစ္စလာမ့်နိုင်ငံတော် (ISIL) ထွန်းကားလာပြီး နင်နီဗေးလွင်ပြင် အများစုကို သိမ်းပိုက်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ [၈] [၉]

အဆီးရီးယန်း လူအများစုမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး အများအားဖြင့် အရှေ့ နှင့် အနောက်ဆီးရီးယား ၏ ဝတ်ပြုဘာသာရေးထုံးတမ်းများကို လိုက်နာသော ခရစ်ယာန်ဘာသာ ကို ကိုးကွယ်ကြသည်။ [၁၀]

မကြာသေးမီက ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲ နှင့် ၂ဝ၁၁ ခုနှစ်၌စတင်ခဲ့သော ဆီးရီးယားပြည်တွင်းစစ် အတွင်း အစ္စလာမ် အစွန်းရောက်များ၏ လူမျိုးရေးနှင့် ဘာသာရေး ဖိနှိပ်မှုများကြောင့် ကျန်ရှိနေသော အဆီးရီးယန်း အသိုင်းအဝိုင်းတို့သည် နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂက အီရတ်ကို သိမ်းပိုက် ပြီးကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တစ်သန်း သို့မဟုတ် ထိုထက်မကသော သူများအနက် ၄၀% နီးပါးသည် အဆီးရီးယန်း လူမျိုးများဖြစ်သော်လည်း စစ်မဖြစ်မီက အဆီးရီးယန်းများသည် အီရတ် လူဦးရေ၏ ၃% မျှသာရှိခဲ့သည်။ [၁၁] [၁၂] [၁၃] ၂၀၁၃ ခုနှစ် ချာဒီယံ ဆီးရီးယား အဆီးရီးယန်း လူဦးရေ ကောင်စီ၏ အစီရင်ခံစာအရ အီရတ်တွင် အဆီးရီးယန်း လူဦးရေ ၃၀၀,၀၀၀ သာ ကျန်ရှိသည်ဟု ခန့်မှန်းရသည်။ [၁၄]

အိုင်အက်စ်အိုင်အယ်လ် ပေါ်ပေါက်လာခြင်းနှင့် အကြမ်းဖက် အဖွဲ့များက အဆီးရီးယန်းတို့၏ ဇာတိမြေ အစိတ်အပိုင်း အတော်များများကို သိမ်းယူခြင်းကြောင့် နောက်ထပ် အဆီးရီးယန်းတို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။ အိုင်အက်စ်အိုင်အယ်လ်များအား ၂၀၁၅ ခုနှစ်တွင် ကာဘော မြစ် ဝှမ်းရှိ ဆီးရီးယားကျေးရွာများမှ လည်းကောင်း၊ အယ်လ်-ဟာဆာကာမြို့ ပတ်ဝန်းကျင် ဒေသများမှ လည်းကောင်း ၊ ၂၀၁၇ ခုနှစ်တွင် အီရတ်ရှိ နင်နီဗေးလွင်ပြင်မှ လည်းကောင်း မောင်းထုတ် နိုင်ခဲ့သည်။ ဆီးရီးယားမြောက်ပိုင်းတွင် အဆီးရီးယန်း အုပ်စုများသည် ကာ့ဒ်တို့ လွှမ်းမိုးထားသော်လည်း နိုင်ငံရေးနှင့် စစ်ရေးအရ လူမျိုးစုများစွာ ပါဝင်မှု ရှိသောဆီးရီးယား ဒီမိုကရက်တစ် အင်အားစုများ နှင့် မြောက်နှင့် အရှေ့ဆီးရီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် ပါဝင် နေကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. For Assyrians as indigenous to the Middle East, see
  2. Richard T. Schaefer, Encyclopedia of Race, Ethnicity, and Society, p. 107
  3. For use of the term Aramean, see
  4. For use of the term Syriac, see:
  5. For use of the term Aramean, see
  6. For use of the term Chaldean, see:
  7. Encyclopedia of the World's Minorities
  8. Falling for ISIS Propaganda About Christians
  9. Documenting The Crisis In The Assyrian Iranian Community
  10. For Assyrians as a Christian people, see
  11. "Assyrian Christians 'Most Vulnerable Population' in Iraq"။ 2006-12-05 တွင် ပြန်စစ်ပြီး 
  12. "Iraq's Christian community, fights for its survival"။ 
  13. "U.S. Gov't Watchdog Urges Protection for Iraq's Assyrian Christians"။ 2007-12-31 တွင် ပြန်စစ်ပြီး 
  14. مسؤول مسيحي : عدد المسيحيين في العراق تراجع الى ثلاثمائة الف။ 18 February 2015 တွင် ပြန်စစ်ပြီး။