အင်္ကောလပုပ္ဖိယ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
အင်္ကောလပုပ္ဖိယတ္ထေရ်အမည်ရှိ ထေရ်နှစ်ပါးရှိပြီး ထိုထေရ်နှစ်ပါးစလုံးသည် ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှုများ၏ အကျိုးဆက်ကို ဖော်ပြထားသည်။ အပဒါန်ပါဠိတော်တွင် အင်္ကောလပုပ္ဖိယထေရအပဒါန် နှစ်ခုကို ဖော်ပြထားသည်။ [၁]
ပထမ အင်္ကောလပုပ္ဖိယထေရ် (ပဒုမမြတ်စွာဘုရားလက်ထက်)
[ပြင်ဆင်ရန်]ဤထေရ်လောင်းသည် ရှေးဘဝတစ်ခုတွင် ပဒုမမြတ်စွာဘုရား စိတ္တကုဋ်တောင်၌ သီတင်းသုံးနေတော်မူချိန်တွင် ထိုမြတ်စွာဘုရားကို ဖူးတွေ့ခွင့်ရခဲ့သည်။ ပွင့်နေသော အင်္ကောလ (မှန်ကူ) ပင်ကို မြင်သောအခါ ပန်းကို ဆွတ်ခူးပြီးလျှင် ပဒုမမြတ်စွာဘုရားထံ ချဉ်းကပ်၍ လှူဒါန်းပူဇော်ခဲ့သည်။ ထိုကုသိုလ်ကံကြောင့် ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာတိုင် အပါယ်လေးဘုံသို့ လားရောက်ခြင်းကို မသိခဲ့ရပေ။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုခဲ့ပြီး ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး နှင့် အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။[၂]
ဒုတိယ အင်္ကောလပုပ္ဖိယထေရ် (ဝိပဿီမြတ်စွာဘုရားလက်ထက်)
[ပြင်ဆင်ရန်]ဤထေရ်လောင်းသည် ရှေးဘဝတစ်ခုတွင် ဝိပဿီမြတ်စွာဘုရားအား စက်ကတုံးပန်း (အင်္ကောလပန်းဟုလည်းဆို) ဖြင့် လှူဒါန်းပူဇော်ခဲ့သည်။ ထိုကုသိုလ်ကံကြောင့် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာတိုင် အပါယ်လေးဘုံသို့ လားရောက်ခြင်းကို မသိခဲ့ရပေ။ ခုနစ်ဆယ့်လေးကမ္ဘာအထက်၌ “ရောမသ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့သည်။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုခဲ့ပြီး ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး နှင့် အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။[၃] [၄]