အင်နာလော့ ကွန်ပြူတာ

ဝီကီပီးဒီးယား မှ
World War II တွင် ဗုန်းကြဲလေယာဉ်များတွင် အသုံးပြုခဲ့သည့် Analog Computer

Analog Computer ဆိုသည်မှာ ဟိုက်ဒရောလစ် အားဖြင့်သော်လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဖြင့်သော်လည်းကောင်း၊ စက်မှု စွမ်းအား ဖြင့်သော်လည်းကောင်း ရူပသဘောတရားများဖြင့် လှုပ်ရှားမှုဖြစ်စဉ်များ ဖြစ်စေခြင်းဖြင့် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်သော ယန္တရား စက်ပစ္စည်း တစ်မျိုးပင်ဖြစ်သည်။


Analog Computer များ၏ သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

၁) အစောဆုံး Analog Computer ကို Antikythera ဟုအမည်တွင်သည့် ဂရိကျွန်းတစ်ခုတွင် ၁၉၀၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ကာ နတ္ခတ်နှင့် သက်ဆိုင်သည့်အတွက်အချက်များအတွက် အသုံးပြုခဲ့သည်။ ယင်းကိရိယာကို Antikythera Mechanism ဟုအမည်သမုတ်ခဲ့ကြသည်။ ထိုကိရိယာကို ဘီစီ၁၀၀ ခုနှစ်လောက်တွင် တီထွင်ခဲ့သည် ဟူ၍ ပညာရှင်များက သတ်မှတ်ကြသည်။

Antikythera Mechanism ၏ အပိုင်းအစတစ်ခု

၂) Astrolabe ဟုခေါ်ဆိုသည့် နက္ခတ်တာရာ သုံးကိရိယာတစ်မျိုးကို ဂရိ နက္ခတ်ပညာရှင် Hipparchus သည် ဘီစီ ၁ ရာစု လောက်တွင်တီထွင်ခဲ့သည်။ အခက်အခဲ ပြဿနာအတော်များများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်သည့် စွမ်းအားမြင့် စက်ယန္တရား ဖြစ်ကာ Hellenistic လူမျိုးများကြားတွင် ရေပန်းစားခဲ့သည်။

၃) မွတ်စလင် နက္ခတ်တာရာ ပညာရှင် များသည် အလားတူ Astrolabe ကိရိယာများကို နက္ခတ်တာရာအတွက် လည်းကောင်း၊ ဗေဒင်ပညာအတွက် လည်းကောင်း၊ ရေကြောင်းသွားလာမှုအတွက် လည်းကောင်း အမျိုးမျိုး တီထွင်ခဲ့သည်။

၄) ပါရှန်း သိပ္ပံပညာရှင် Abu Rayhan Biruni ဆိုသူသည် စက်သွားများ (Gears) များဖြင့် ရွေ့ရှားနိုင်သည့် Astrolabe ဖြစ်သော Lunisolar Calendar ကို တီထွင်ခဲ့သည်။ ခွေးသွားစိပ်များ၊ ဝါယာကြိုးများ အသုံးပြုကာ ရွေ့ရှားနိုင်သည့် အစောပိုင်း Astrolabe ကိရိယာ များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ Planisphere ဟုခေါ်သည့် Star Chart ကိုလည်း Abu Rayhan Biruni သည် အေဒီ ၁၁ ရာစု ဝန်းကျင်တွင်တီထွင်ခဲ့သည်။

၅) အာရပ်နက္ခတ်ပညာရှင် Abū Ishāq Ibrāhīm al-Zarqālī သည် Equitorium ဟုခေါ်သည့် Astrolabe ကိရိယာတစ်ခုကို အေဒီ ၁၀၁၅ ဝန်းကျင်တွင် Al-Andalus တွင်တီထွင်ခဲ့သည်။

၆) အစ္စလာမ်မစ်ရွှေခေတ်၏ တီထွင်ပါရဂူ Abū al-'Iz Ibn Ismā'īl ibn al-Razāz al-Jazarī သည် နက္ခတ်တာရာများ ၏ သတင်းအချက်အလက်များကို ပြသနိုင်သည့် Astronomical Clock အမျိုးအစားဖြစ်သည့် Castle Clock ကို အေဒီ ၁၁၅၀ နှင့် ၁၂၀၀ ကြားတွင် တီထွင်ခဲ့သည်။ ၎င်းသည် ကမ္ဘာ၏ ပထမဆုံးသော Programmable Analog Computer ဖြစ်သည်။

၇) Equation များကိုဖြေရှင်းနိုင်သည့် Differential Analyser ခေါ် စက်မှုစွမ်းအင်သုံး Analog Computer ကို ဗြတိသျှ အင်ဂျင်နီယာ James Thomson က အေဒီ ၁၈၇၆ တွင်တီထွင်ခဲ့သည်။

ဗြတိသျှ အင်ဂျင်နီယာ James Thomson (၁၈၂၂-၁၈၉၂)

၈) ၁၉၁၂တွင် Arthur Joseph Hungerford Pollen သည် လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်ကာ စက်မှုစွမ်းအင်သုံး Analog Computer ကို Differential Analyser အပေါ်တွင်အခြေပြကာ Fire-control system အတွက်တီထွင်ခဲ့သည်။ ၎င်း ကိရိယာကို ပထမကမ္ဘာစစ်အတွင်း Russia Imperial Navy ကအသုံးပြုခဲ့သည်။

၉) MONIAC (Monetary National Income Analogue Computer) ဟုခေါ်သည့် Hydraulic (ဆီ (ဝါ) ရေဖိအား) သုံးသည့် Analog Computer အမျိုးအစားကို ၁၉၄၉ တွင် Phillips Hydraulic Computer မှ တီထွင်ခဲ့သည်။

MONIAC Analog Computer

၁၀) အမေရိကန် နိုင်ငံရှိ Heath Company မှ ပညာရေးဆိုင်ရာ Heath Kit EC-01 ကို ၁၉၆၀တွင် တီထွင်ခဲ့သည်။


အီလက်ထရောနစ် အင်နာလော့ ကွန်ပြူတာများ[ပြင်ဆင်ရန်]

Mechanical Devices များဖြစ်သော စပရင်များ၊ ပိုက်ကျဉ်းများ၊ ရှော့အေဇောဘားများ (Shock Absorbers) သည် Electrical Devices များဖြစ်သည့် ရီစစ�့) လျှပ်စီး လှိုင်းများ တွင်အခြေပြုသည့် အတွက် တိကျေသေချာခြင်း နည်းပါးလှသည်။ အားနည်းချက် အရပ်ရပ် ကြောင့် ၎င်း Analog Computers များအစား တိတိကျကျ Precision Rate ပိုမိုမြင့်မားသော Digital Computer များကအစားထိုးဝင်ရောက်လာ ခဲ့သည်။

Analog Computers များ၏ အလုပ်လုပ်ပုံ[ပြင်ဆင်ရန်]

Analog Computers များသည် လျှပ်စစ် ဗို့ (သို့) ခုခံအား တို့ကို Manipulate လုပ်ကာ Operatorတို့ လိုအပ်ရာ Calculation များကို တွက်ချက်ပေးသည်။ ဥပမာဆိုရသော် - ကိန်းရှင်နှစ်ခုကို ပေါင်းသည့် Adder သည် Current Source နှစ်ခုကို Parallel လုပ်ခြင်းဖြင့် တွက်ချက်သည်။ ပထမ ကိန်း၏တန်ဖိုးကို Electric Current X အမ်ပီယာ နှင့်ကိုယ်စားပြုကာ ဒုတိယ ကိန်း၏တန်ဖိုးကို Current Y အမ်ပီယာ ဖြင့်ကိုယ်စားပြုသည်။ Kirchhoff's Current Law အရ Current နှစ်ခုဆုံသည့် ဆုံမှတ်ရှိ Current နှင့် Signal Ground ကိုတိုင်းတာကာ Current စုစုပေါင်းကို ထုတ်ပေးသည်။ Operation Amplifiers များကိုလည်း လိုအပ်သလို အသုံးပြုသည်။ Electrical Properties များကို အသုံးပြု၍ တွက်ချက်သည့် Analog Computer များသည် Digital Computers များထက်ပို၍ မြန်သည်။ ဥပမာ - Integrate လုပ်ချင် ပါက Capacitor ဖြင့် ဗို့၏ Waveform ကို Integrate လုပ်ခြင်းဖြင့်တွက်ချက်သည်။

ပိုလန်နိုင်ငံထုတ် ELWAT Analog Computer

Nonlinear Function များကိုတွက်ချက်သည့်အခါတွင် မူ Digital Computers များလောက် တိကျသေချာမှု မရှိသည့် အတွက် Function Generators များပိုအသုံးပြရသည်။ ယေဘုယ အားဖြင့် nonlinear function များကို nonlinear waveform အသုံးပြု၍ ဖြေရှင်းသည်။ ဥပမာ - တိုးလာသည့် Voltage ပြောင်းလဲမှုကြောင့် Impedance ပြောင်းလဲသည့် Function မျိုးဖြစ်သည်။

Analog Computer များတွင်ပါဝင်သည့် ကိရိယာ တန်ဆာပလာများ[ပြင်ဆင်ရန်]

ယေဘုယအားဖြင့် ၎င်း တို့၏ တည်ဆောက်ပုံသည် လွန်စွာမှ ရှုပ်ထွေးလှသည်။ ပုံမှန်အားဖြင့် -

၁) ပိုက်များ (Pipe)

၂) ဘားများ (ဝါ) အဆို့ရှင်များ (Valve)

၃) ဂီယာများ (Gears)

၄) Potentiometer များ

၅) Operational Ampifier များ

၆) Function Generator များအစရှိသည်တို့ပါဝင်သည်။

အားနည်းချက်များ[ပြင်ဆင်ရန်]

AC Components များဖြစ်သည့် Frequency များ၊ Phase များပါဝင်နေသည့်အတွက် Noise FloorNoise LinearityParasitic EffectTemperature Coefficient အစရှိသည့် ဆိုးကျိုးများရှိသည်။

သုသေသနများ[ပြင်ဆင်ရန်]

အမေရိကန် နိုင်ငံရှိ အချို့သော တက္ကသိုလ်များတွင် Analog Computer သုသေသန လုပ်ငန်းများဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]

A.K. Dewdney. "On the Spaghetti Computer and Other Analog Gadgets for Problem Solving", Scientific American, 250(6):19-26, June 1984. Reprinted in The Armchair Universe, by A.K. Dewdney, published by W.H. Freeman & Company (1988), ISBN 0-7167-1939-8.

Universiteit van Amsterdam Computer Museum. (2007). Analog Computers.

Jackson, Albert S., "Analog Computation", McGraw-Hill Book Company, 1960, ASIN: B0006AW3BS, ISBN 59-11934.

English Wikipedia on (14/06/09)