ဂီယာ

ဝီကီပီးဒီးယား မှ
Gears animation.gif

ဂီယာဆိုသည်မှာ စွမ်းအင်ထုတ်လုပ်သည့်ကိရိယာ (transmission device)တစ်ခု အတွင်းတွင် ပါရှိသော ကိရိယာဖြစ်ပြီး အခြားဂီယာ သို့မဟုတ်ကိရိယာများသို့ လည်အား (rotational force) ကို လွှဲပြောင်းပေးနိုင်သည့် ပစ္စည်းဖြစ်သည်။ ဂီယာနှင့် စက်သီးတို့ ကွဲပြားခြားနားချက်မှာ ဂီယာသည် စက်ဝိုင်းပုံသဏ္ဌန်ပင် ဖြစ်သော်လည်း သူ၏ ဘီးများတွင် အခြားဂီယာ၏ စက်သွားများနှင့် အံဝင်ခွင်ကျဖြစ်နေသော စက်သွားများ ပါရှိသဖြင့် အားကို လွဲချော်မှုမရှိပဲ အပြည့်အဝလွှဲပြောင်းပေးနိုင်သည်။ ဂီယာဖြင့် တည်ဆောက် ထားသောကိရိယာများသည် သူတို့၏ တည်ဆောက်ပုံနှင့် နေရာချပုံပေါ်မူတည်၍ စွမ်းအား ထုတ်လုပ်ရာ နေရာမှ အခြားနေရာသို့ အမျိုးမျိုးသော အရှိန်၊ အားစုံတွဲ သို့မဟုတ် အရပ်မျက်နှာအဘက်ဘက်သို့ အားသက်ရောက်မှုပေးနိုင်သည်။ ဂီယာသည် ရိုးရှင်းသော်လည်း အလွန်အသုံးဝင်သည်။ များသောအားဖြင့် ဂီယာတစ်ခုကို အခြားဂီယာတစ်ခုဖြင့် ဆက်၍ သုံးလေရှိသော်လည်း အခြားစက်သွားများပါရှိသော ကိရိယာ (ဥပမာ linear moving racks သို့ ရွေ့လျားနေသော စက်သွားလမ်းများ) နှင့်လည်း ဆက်စပ်၍ သုံးနိုင်သည်။

ဂီယာ၏ စက်သွားများသည် ပွန်းပဲ့မှု၊ တုန်ခါမှု နှင့် ဆူညံမှုတို့ကို အနည်းဆုံးဖြစ်စေရန် စွမ်းအင်ကူးပြောင်းမှု (Power Transmission) ၏အကျိုးသက်ရောက်မှု (Efficiency) ကိုအများဆုံး ဖြစ်စေရန် ပုံဖော်ထားသည်။

အရွယ်အစားမတူသော ဂီယာများကို စက်မှုစွမ်းအား (Mechanical Advantage) ရရှိစေရန်အတွက် စုံတွဲအဖြစ်မကြာခဏ အသုံးပြုကြသည်။‌ ထိုသို့အသုံးပြုခြင်းအားဖြင့် မောင်းနှင်သော ဂီယာမှ အားစုံတွဲသည် မောင်းနှင်ခံရသောဂီယာ၌ ပိုမိုအားကောင်းသော်လည်း နှေးကွေးသော သို့မဟုတ် ပိုမိုမြန်ဆန်ပြီး အားနည်းသော အားစုံတွဲကို ဖြစ်ပေါ်စေသည်။ ကြီးမားသောဂီယာအား ဘီး (Wheel) ဟုခေါ်ဝေါ်ကြပြီး သေးကွေးသော ဂီယာအား ပင်နယံဟု ခေါ်ဝေါ်ကြသည်။ ထိုဖြစ်အင်သည် မော်တော်ကားများ စွမ်းအင်ထုတ်လုပ်မှု၏ အခြေခံဖြစ်ပြီး အမျိုးမျိုးသော စက်မှုစွမ်းအားတို့ကို ရွေးချယ်ခွင့်ရရှိစေသည်။

သွားဖြောင့်ဂီယာ (Spur Gear)[ပြင်ဆင်ရန်]

သွားဖြောင့်ဂီယာ

သွားဖြောင့်ဂီယာ (Spur gears သို့ straight-cut gears) ဆိုသည်မှာ အရိုးရှင်းဆုံး ဂီယာ အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့တွင် ဒေါင်လိုက်ဖြစ်နေသော စက်သွားများ ရှိသည့် ဆလင်ဒါ သို့မဟုတ် ချပ်ဝိုင်း တစ်ခု ပါရှိသည်။ စက်သွားတစ်ခုချင်းစီ၏ အစွန်းမှာ ဖြောင့်တန်းနေပြီး လည်ပတ်မည့် ဝင်ရိုးနှင့် မျဉ်းပြိုင် ဖြစ်နေသည်။ ထိုဂီယာ အမျိုးအစားများကို တွဲဆက်နိုင်ရန် အတွက် ဝင်ရိုးများမှာ မျဉ်းပြိုင် ဖြစ်နေမှာသာ အဆင်ပြေနိုင်သည်။

သွားလိမ်ဂီယာ (Helical Gear)[ပြင်ဆင်ရန်]

သွားလိမ်ဂီယာ
အထက်: မျဉ်းပြိုင် ဖွဲ့စည်းပုံ
အောက်: ကြက်ခြေခတ်သဏ္ဌန် ဖွဲ့စည်းပုံ

သွားလိမ် (Helical သို့ "dry fixed") ဂီယာသည် သွားဖြောင့် ဂီယာကို ပိုကောင်းအောင် မွမ်းမံထားခြင်း ဖြစ်သည်။ စက်သွား၏ အစွန်းများမှာ ဝင်ရိုးနှင့် အပြိုင် ဖြစ်မနေဘဲ ထောင့်တစ်ခုဖြစ်အောင် စီစဉ်ထားသည်။ သွားလိမ် ဂီယာများကို မျဉ်းပြိုင် သို့မဟုတ် ကြက်ခြေခတ် သဏ္ဌန် တပ်ဆင်နိုင်သည်။ မျဉ်းပြိုင်ဆိုသည်မှာ ဝင်ရိုးနှစ်ခု မျဉ်းပြိုင် ဖြစ်နေခြင်းကို ရည်ညွှန်းပြီး ကြက်ခြေခတ်သဏ္ဌန်တွင် ဝင်ရိုးနှစ်ခုမှာ မျဉ်းပြိုင် ဖြစ်မနေသော အခြေအနေပင် ဖြစ်သည်။

ထောင့်တစ်ခု ဖြစ်နေသော စက်သွားများသည် သွားဖြောင့်ဂီယာနှင့်ယှဉ်လျှင် ပို၍ ဖြည်းငြင်းစွာ ချိတ်ဆက်သဖြင့် သွားလိမ်ဂီယာမှာ အလုပ်လုပ်ရာတွင် ပို၍ ချောမွေ့ပြီး အသံလည်း ပို၍ တိတ်သည်။[၁]

နှစ်ထပ် သွားလိမ်ဂီယာ (Double Helical Gear)[ပြင်ဆင်ရန်]

သွားစောင်းဂီယာ (Bevel gear)[ပြင်ဆင်ရန်]

Bevel gear.jpg

(Bevel Gear)

ကြိုးလိမ်ဂီယာ (Worm Gear)[ပြင်ဆင်ရန်]

(Worm Gear)

စက်တာဂီယာ[ပြင်ဆင်ရန်]

(Sector Gear)

ရက်နှင့်ပင်နယံ[ပြင်ဆင်ရန်]

(Rack and Pinion)

ကရောင်းဂီယာ[ပြင်ဆင်ရန်]

(Crown Gear)


ကိုးကား[ပြင်ဆင်ရန်]

  1. Khurmi၊ R.S၊ Theory of Machines၊ S.CHAND