အင်တက်ဘီ စစ်ဆင်ရေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အင်တက်ဘီ ယူဂန်ဒါ လေဆိပ် တာဝါ အဟောင်း

အင်တက်ဘီ စစ်ဆင်ရေး (Operation Entebbe) ဆိုသည်မှာ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များ (IDF) က ယူဂန်ဒါနိုင်ငံ အင်တက်ဘီ လေဆိပ်တွင် ၁၉၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်က ဓားစာခံများကို ကယ်ထုတ်သည့် စစ်ဆင်ရေး တစ်ခုဖြစ်သည်။ [၁] ထိုနေ့ မတိုင်မီ ရက်သတ္တပတ် တစ်ပတ် အလို ဇွန်လ ၂၇ ရက်တွင် ခရီးသည် ၂၄၈ ဦး ပါဝင်သော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်ကို ပါလက်စတိုင်း အကြမ်းဖက်သမားများနှင့် ၄င်းတို့ကို ထောက်ခံသူများက ယူဂန်ဒါနိုင်ငံ၏ မြို့တော် ကမ်ပါလာ အနီးရှိ အင်တက်ဘီ လေဆိပ်သို့ ပြန်ပေးဆွဲ မောင်းနှင်သွားခဲ့သည်။ လေယာဉ် ဆင်းသက်ပြီးနောက်တွင် ဂျူးလူမျိုး မဟုတ်သော ခရီးသည်များကို လွှတ်ပေးခဲ့သည်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့သည် အစ္စရေး လျို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ မော့ဆက်မှ ရရှိသော သတင်း အချက်အလက်များ အပေါ်တွင် မူတည်၍ လှုပ်ရှားခဲ့သည်။ ဂျာမန် အခြေစိုက် စစ်သွေးကြွ အဖွဲ့အစည်း တစ်ခု ဖြစ်သော ရီဗော်လူရှင်နရီ ဆဲလ်(Revolutionary Cells) မှ အဖွဲ့သားများ နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦးမှ အဖွဲ့သားများက လေယာဉ်ပျံကို ပြန်ပေးဆွဲသွားပြီးသည့်နောက် ပြန်ပေးသမားများက သူတို့တောင်းဆိုသည့် အတိုင်း အကျဉ်းသားများကို လွှတ်မပေးပါက ဓားစာခံများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် အခါတွင် အစ္စရေးတို့က စစ်ဆင်ရေး အတွက် စတင်ပြင်ဆင်ခဲ့ကြသည်။ [၂] ထိုအစီအစဉ်များတွင် ယူဂန်ဒါ စစ်တပ်၏ တပ်ဖွဲ့များက ခုခံပါက မည်သို့တုံ့ပြန်မည် ဟူသည့် အစီအစဉ်များလည်း ပါဝင်သည်။[၃]

စစ်ဆင်ရေးကို ညဘက်တွင် ဆောင်ရွက်ခဲ့သည်။ အစ္စရေး သယ်ယူပို့ဆောင်ရေး လေယာဉ်မှ အထူး ကွန်မန်ဒို ၁၀၀ ကို မိုင်ပေါင်း ၂,၅၀၀ ကျော် ( ကီလိုမီတာ ၄,၀၀၀) ကျော် ကွာဝေးသော ယူဂန်ဒါနိုင်ငံသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ တစ်ပတ်ကြာမျှ ပြင်ဆင်ထားခဲ့သော စစ်ဆင်ရေးမှာ မိနစ် ၉၀ မျှ ကြာပြီး ဓားစာခံ ၁၀၃ ယောက်ကို ကယ်ဆယ်နိုင် ခဲ့သည်။ အစ္စရေး ကွန်မန်ဒို ၅ ယောက်မှာ ဒဏ်ရာရခဲ့ပြီး အမိန့်ပေးကွပ်ကဲသူ လက်ဖတင်နင်ကာနယ် ဂျိုနသန် နာတာညာဟူးမှာ သေဆုံးခဲ့သည်။ ပြန်ပေးသမား အားလုံး၊ ဓားစာခံ ၃ယောက်နှင့် ယူဂန်ဒါ စစ်သား ၄၅ ယောက် သေဆုံးခဲ့ပြီး ယူဂန်ဒါ လေတပ်ပိုင် ဆိုဗီယက်မှ ထုတ်လုပ်သည့် အမ်အိုင်ဂျီ-၁၇ လေယာဉ် ၁၁ စင်းကို ဖျက်စီးပစ်နိုင်ခဲ့သည်။ [၄]နောက်ထပ် သေဆုံးရသည့် စတုတ္ထမြောက် ဓားစာခံကိုမူ ယူဂန်ဒါ စစ်တပ် အရာရှိများက အနီးအနားရှိ ဆေးရုံတွင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ [၅][၆]

ဓားစာခံများကို ကယ်တင်သည့် စစ်ဆင်ရေး အမည်ဖြစ်သော "မိုးကြိုးသွား စစ်ဆင်ရေး" (Operation Thunderbolt) ကို တခါတရံတွင် အဖွဲ့ခေါင်းဆောင် နာတာညာဟူး အား အမှတ်ရသည့် အနေနှင့် "ဂျိုနသန် စစ်ဆင်ရေး"ဟု ရည်ညွှန်းခေါ်ဆိုလေ့ ရှိကြသည်။ သူသည် ၁၉၉၆ မှ ၁၉၉၉ အထိ အစ္စရေး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ယခု အထိ ဝန်ကြီးချုပ် တာဝန်ယူထားသော ဘင်ဂျမင် နာတာညာဟူး ၏ အကိုကြီး ဖြစ်သည်။ [၇] ထိုစစ်ဆင်ရေးကြောင့် အမေရိကန် စစ်တပ်ကလည်း အင်တက်ဘီ ကယ်ဆယ်ရေး အဖွဲ့၏ ပုံသဏ္ဍာန်ကို အခြေခံ၍ အထူး လေ့ကျင့်ထားသော ကယ်ဆယ်ရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ထိုစစ်ဆင်ရေး ပုံစံကို အတုယူ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတစ်ခုမှာ အီရန် ဓားစာခံ ဖမ်းဆီးခြင်း အဖြစ်အပျက်တွင် တီဟီရန်မြို့ တွင် ဓားစာခံအဖြစ် ဖမ်းဆီးထားသော သံရုံးဝန်ထမ်း ၅၃ ယောက်ကို ကယ်တင်ရန် ကြိုးစားပြီး မအောင်မြင်ခဲ့သည့် "လင်းယုန်လက်သည်း စစ်ဆင်ရေး" ဖြစ်သည်။ [၈][၉]

ပြန်ပေးဆွဲခြင်း[ပြင်​ဆင်​ရန်​]

၁၉၇၆ ခုနှစ် ဇွန်လ ၂၇ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ ခရီးသည် ၂၄၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး ကိုတင်ဆောင်လာသော ပြင်သစ်လေကြောင်းလိုင်းမှ အဲယားဘတ်စ် A300 (Airbus A300B4-203)၊ လေယာဉ် မှတ်ပုံတင်အမှတ် F-BVGG (c/n 019) သည် ဂရိနိုင်ငံ အေသင်မြို့မှ ပျံတက်ပြီး ပဲရစ်မြို့သို့ ဦးတည် ထွက်ခွာလာခဲ့သည်။ [note ၁] ၁၂နာရီ ၃၀မိနစ် စတင် ပျံတက်ပြီး မကြာမီ အချိန်တွင် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦး - ပြင်ပစစ်ဆင်ရေး အဖွဲ့ (PFLP-EO) မှ ပါလက်စတိုင်းနှစ်ယောက် နှင့် ဂျာမန် မြေအောက်တော်လှန်ရေး အဖွဲ့ (Revolutionary Cells—Wilfried Böse and Brigitte Kuhlmann) မှ ဂျာမန်နှစ်ဦးတို့သည် လေယာဉ်ကို ပြန်ပေးဆွဲခဲ့ကြသည်။ ပြန်ပေးသမားတို့သည် လေယာဉ်ကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့သို့ လမ်းကြောင်းလွှဲမောင်းနှင်ခဲ့သည်။ [၁၀] ထိုနေရာတွင် သူတို့သည် လေယာဉ်ကို ဆီဖြည့်ရန် ၇ နာရီကြာမျှ ရပ်တန့်ထားခဲ့သည်။ ထိုအချိန်တွင် ကိုယ်ဝန်ပျက်ကျဟန် ဆောင်သည့် အမျိုးသမီး ဓားစာခံ တစ်ဦးကို လွှတ်ပေးခဲ့သည်။ [၂] လေယာဉ်သည် ဘန်ဂါဇီမှ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ပြီ: စတင်ထွက်ခွာချိန်မှ ၂၄ နာရီ အကြာတွင် ယူဂန်ဒါနိုင်ငံ အင်တက်ဘီ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ [၁၀]

အင်တက်ဘီတွင် ပြန်ပေးသမား ၄ ယောက်တို့ကို အခြား ပြန်ပေးသမား အနည်းဆုံး ၄ဦးက လာရောက်ပူးပေါင်းခဲ့သည်။ ပါလက်စတိုင်း လိုလားသူ ယူဂန်ဒါ သမ္မတ အီဒီ အာမင် ၏ တပ်ဖွဲ့များ၏ အထောက်အပံ့ နှင့် ဖြစ်သည်။ သူတို့က အစ္စရေးတွင် ဖမ်းဆီးထားသော ပါလက်စတိုင်း ၄ဝ ဦး နှင့် ကင်ညာနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် အနောက်ဂျာမနီ တို့တွင် ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်း အကျဉ်းသား ၁၃ ဦးတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အကယ်၍ သူတို့၏ တောင်းဆိုချက်များကို မလိုက်လျောပါက ၁၉၇၆ခုနှစ် ဇူလိုင် ၁ရက် နေ့မှ စ၍ ဓားစာခံများကို စတင်သတ်ပစ်မည်ဟု ပြန်ပေးသမားများက ခြိမ်းခြောက်ခဲ့သည်။ [၁၁] ပြန်ပေးသမားများသည် ဓားစာခံများကို အစ္စရေး နိုင်ငံသားများ နှင့် အခြားနိုင်ငံသားများ သို့မဟုတ် ဂျူး နှင့် ဂျူး မဟုတ်သူများဟူ၍ အုပ်စုနှစ်စု ခွဲထားခဲ့သည်။ [၁၂] ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော ဟိုလိုကော့စ် (Holocaust) ဟုခေါ်သော အဖြစ်တွင် တွင် မသေဘဲ ကျန်ရစ်ခဲ့သူများမှာ လက်မောင်းပေါ်တွင် အကျဉ်းသား နံပါတ်ကို ဆေးမင်ဖြင့် ထိုးထားသောကြောင့် ဂျူးများကို အလွယ်တကူ ခွဲခြားနိုင်သည်။ ပြန်ပေးသမားများသည် ခရီးသည်များကို အင်တက်ဘီ လေဆိပ်၏ ထရန်စစ် ခန်းမ (ယခု တာမင်နယ် အဟောင်း အဆောက်အအုံ) ထဲတွင် ထိန်းသိမ်းထားခဲ့သည်။ အချို့သော ဓားစာခံများကို လွှတ်ပေးခဲ့ပြီး ၁၀၅ဦးကို ဆက်လက် ဖမ်းဆီးထားခဲ့သည်။[၁၀] အစ္စရေး အနေနှင့် သူတို့၏ တောင်းဆိုချက်များကို မလိုက်လျောပါက ဓားစာခံများကို သတ်ပစ်မည်ဟု ပြန်ပေးသမားများက ခြိမ်းခြောက်ခဲ့သည်။[၁၁]

ပြန်ပေးသမားများက လေယာဉ်အမှုထမ်းများနှင့် ဂျူးမဟုတ်သော ခရီးသည်များကို လွှတ်ပေးပြီး သူတို့အား ပြန်လည်ခေါ်ဆောင်ရန် အင်တက်ဘီ လေဆိပ်သို့ စေလွှတ်ပေးမည့် ပြင်သစ်လေကြောင်းမှ အခြား လေယာဉ်တစ်စင်း ပေါ်တွင် တင်ပေးမည်ဟု ကြေငြာခဲ့သည်။ ထိုအခါ လေယာဉ် ကပ္ပတိန် မိုက်ကယ် ဘားကို့စ်က ကျန်ရှိနေခဲ့သော ခရီးသည်များ အပါအဝင် ခရီးသည် အားလုံး အတွက် သူ့တွင် တာဝန်ရှိသောကြောင့် သူ့အနေနှင့် ခရီးသည်များကို ချန်မထားနိုင်ခဲ့ကြောင်း ပြန်ပေးသမားများကို ပြောကြားခဲ့သည်။ ဘားကို့စ် နှင့် အတူ အခြား လေယာဉ် အမှုထမ်းများကလည်း အလားတူ တောင်းဆိုခဲ့သည်။ ပြင်သစ် သီလရှင် တစ်ဦးကလည်း ထွက်ခွာရန် ငြင်းဆန်ခဲ့ပြီး ဓားစာခံတစ်ဦးကို သူမနှင့် နေရာလဲရန် ပြောကြားခဲ့သည်။ သို့သော်လည်း သူမအား စောင့်နေသော ပြင်သစ် လေကြောင်း လေယာဉ်ပျံ အတွင်းသို့ ယူဂန်ဒါ စစ်သားများက အတင်းအကြပ် တက်ရောက်စေခဲ့သည်။ [၃] စုစုပေါင်း အစ္စရေး နိုင်ငံသား ၈၅ ယောက်နှင့် အစ္စရေးနိုင်ငံသား မဟုတ်သော ဂျူးလူမျိုးများ ဓားစာခံ အဖြစ် ကျန်ရစ်ခဲ့ပြီး အခြား အယောက် ၂၀ မျှ ကျန်နေခဲ့သည်။ အများစုမှာ ပြင်သစ်လေကြောင်း လေယာဉ်ပျံမှ အမှုထမ်းများ ဖြစ်ကြသည်။ [၁][၁၃]

စစ်ဆင်ရေးအတွက် ပြင်ဆင်ခြင်း[ပြင်​ဆင်​ရန်​]

စစ်ဆင်ရေး မစမီ တစ်ပတ်တွင် အစ္စရေးတို့သည် နိုင်ငံရေး နည်းလမ်း အချို့ကို သုံး၍ ဓားစာခံများကို ပြန်လည်လွတ်မြောက်အောင် ကြိုးပမ်းခဲ့သည်။ အချို့သော သတင်းများ၏ အရ အစ္စရေး အစိုးရ အနေနှင့် စစ်ရေးအရ အောင်မြင်နိုင်သည့် လက္ခဏာ မရှိပါက ပါလက်စတိုင်း အကျဉ်းသားတို့ကို လွှတ်ပေးရန် ပြင်ဆင်နေသည် ဟု ဆိုသည်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့မှ အငြိမ်းစား အရာရှိ ဘာရွတ် ဘာကာ ဘားလပ် (Baruch "Burka" Bar-Lev) သည် အီဒီအာမင် နှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး အလွန် ခင်မင်ရင်းနှီးကြသည်။ အစိုးရ အဖွဲ့၏ ပန်ကြားချက်အရ သူသည် အာမင်နှင့် အကြိမ်ပေါင်းများစွာ ဖုန်းပြောခဲ့ပြီး ဓားစာခံများကို ပြန်လည် လွှတ်ပေးရေး အတွက် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် မအောင်မြင်ခဲ့ပေ။ [၁၄][၁၅] အစ္စရေး အစိုးရသည် အမေရိကန် အစိုးရမှ တဆင့် အီဂျစ် သမ္မတ အန်နဝါ ဆာဒက် ထံသို့ အာမင်အား ဓားစာခံများကို လွှတ်ပေးရေး အတွက် ပြောကြားပေးရန် အကူအညီ တောင်းခံခဲ့သည်။[၁၆]

ဇူလိုင်လ ၁ရက်နေ့ နောက်ဆုံးရာဇသံပေးထားသည့် နေ့တွင်[၁၇] အစ္စရေး အစိုးရသည် နောက်ဆုံးနေ့ကို ဇူလိုင်လ ၄ ရက်နေ့သို့ ရွေ့ဆိုင်းရန် အတွက် ပြန်ပေးသမားများနှင့် ညှိနှိုင်းရန် ကမ်းလှမ်းခဲ့သည်။ အာမင်က ပြန်ပေးသမားများအား နောက်ဆုံးနေ့ကို ဇူလိုင် ၄ ရက်သို့ ရွှေ့ဆိုင်းရန် အတွက် ပြောကြားခဲ့သည်။ အကြောင်းမှာ သူ့အနေနှင့် မောရစ်ရှနိုင်ငံ ပေါ့တ်လူးဝစ်မြို့သို့ သွားရောက်ပြီး အာဖရိက ညီညွတ်ရေးအသင်း၏ ဥက္ကဋ္ဌ ရာထူးကို မောရစ်ရှ ဝန်ကြီးချုပ် ဆီဝူးဆာဂါး ရမ်ဂူးလန်ထံသို့ တရားဝင်လွှဲပြောင်းပေးနိုင်ရန် ဖြစ်သည်။ [၁၈] ထိုသို့ ဓားစာခံများအတွက် နောက်ဆုံးနေ့ကို ရွှေ့ချင်းအားဖြင့် အစ္စရေးတမ်များ အင်တက်ဘီသို့ ရောက်ရှိနိုင်ရန် အတွက် လုံလောက်သော အချိန် ရရှိရန် အတွက် အရေးကြီးပေသည်။

ဇူလိုင်လ ၃ရက်နေ့တွင် အစ္စရေး အစိုးရအဖွဲ့မှ ကယ်ဆယ်ရေး ဆောင်ရွက်ရန် ခွင့်ပြုချင် ပေးအပ်လိုက်သည်။ [၁၉] ဗိုလ်ချုပ် ရီကူတီရဲ အဒမ် မှ ခေါင်းဆောင်မည်ဖြစ်ပြီး မာတန် ဗီလ်နိုင်းလ် က လက်ထောက် အုပ်ချုပ်သူ အဖြစ်ဆောက်ရွက်မည် ဖြစ်သည်။ [၂၀] ဗိုလ်မှူးချုပ် ဒန်ရှောမရွန် အား မြေပြင်ပေါ်တွင် စစ်ဆင်ရေးကို ဦးဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။[၂၁]

သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ အရေးအခင်း ဖြစ်ပေါ်လာချိန်တွင် ဓားစာခံများ လွတ်မြောက်ရန် အတွက် ညှိနိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လည်း ကြိုးပမ်းခဲ့သည်။ တစ်ချိန်က လျို့ဝှက်ထားခဲ့သော်လည်း နောက်ပိုင်းတွင် လျို့ဝှက်ချက်ကို ပယ်ဖျက်ခဲ့သည် စာရွက်စာတမ်းများခဲတွင် ဆာဒတ် လက်အောက်မှ အီဂျစ် အစိုးရသည် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ ၊ ယူဂန်ဒါ အစိုးရတို့နှင့် ညှိနှိုင်းရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားခဲ့သည်။ အထူးကိုယ်စားလှယ် ဟာနီ အယ်လ် ဟာဆန် အား ယူဂန်ဒါသို့ စေလွှတ်၍ ညှိနှိုင်းရန် ကြိုးစားစေခဲ့ကြောင်း ဖော်ပြထားသည်။ [၂၂][၂၃] ညှိနှိုင်းမှု မအောင်မြင်သောကြောင့် စစ်ဆင်ရေးကို ရှေ့ဆက် ဆောင်ရွက်ခဲ့လေသည်။

ဝင်ရောက်စီးနင်းရန် ပြင်ဆင်ခြင်း[ပြင်​ဆင်​ရန်​]

မော့ဆက်အဖွဲ့သည် ဓားစာခံများ မည်သည့်နေရာတွင် ရှိနေသည်၊ စစ်သွေးကြွ ဦးရေ မည်မျှ ရှိနေသည်၊ ယူဂန်ဒါ တပ်ဖွဲ့များ မည်သို့ ပါဝင်ပတ်သက်နေသည် စသည်တို့ကို ပဲရစ် ရှိ လွှတ်ပေးလိုက်သော ဓားစာခံများထံမှ အချက်အလက် အတိအကျ ရရှိရန် ကြိုးစားခဲ့သည်။[၂၄] ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေချိန်တွင် အစ္စရေး စစ်တပ်သည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များ အတွင်း အာဖရိက ဆောက်လုပ်ရေး ပရော့ဂျက်များတွင် ပါဝင်ပတ်သက်ဖူးခဲ့သော အစ္စရေး ကုမ္ပဏီများနှင့် တိုင်ပင် ဆွေးနွေးခဲ့သည်။ စစ်ရေးတိုက်ခိုက်မှု အတွက် ပြင်ဆင်နေချိန်တွင် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (အိုင်ဒီအက်ဖ်) သည် လေဆိပ် တာမင်နယ်ကို နဂိုမူလက တည်ဆောက်ခဲ့သော အရပ်သားများ၏ အကူအညီဖြင့် တာမင်နယ်၏ တစိတ်တပိုင်း ပုံစံတူကို တည်ဆောက်ခဲ့သည်။ သုတေသနပြုသူများ၏ အဆိုအရ စစ်စခန်းသို့ ပုံစံတူ အဆောက်အအုံကို တည်ဆောက်ရန် ရောက်ရှိမလာမီတွင် (သူတို့ အနေနှင့် မည်သည့် အလုပ်လုပ်ရမည်ကို နဂိုက မသိရှိခဲ့ပေ။) အရပ်သား အစ္စရေး ကန်ထရိုက်တာများအား စစ်စခန်း၏ ကွပ်ကဲသူမှ ညစာစားရန် ဖိတ်ကြားခဲ့သည်။ ဒင်နာတွင် ကန်ထရိုက်တာများအား ပုံစံတူ အဆောက်အအုံကို ဆောက်လုပ်ပြီးစီးပါက သူတို့အား နိုင်ငံတော် လုံခြုံရေး အတွက် ခေတ္တမျှ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ် ဇူလိုင်လ ၅ ရက် တွင် အေပီမှ ဝင်ရောက်စီးနင်းခြင်း အတွက် စီမံခန့်ခွဲသူ မူကီ ဘက်ဆာ နှင့် အင်တာဗျူးခဲ့ရာတွင် မော့ဆက်မှ ဝန်ထမ်းများသည် ပြန်လွှတ်လိုက်သော ဓားစာခံများအား အသေးစိတ် အင်တာဗျူး ခဲ့ကြောင်း သိရသည်။[၂၅] တစ်ယောက်သော ပြင်သစ်နိုင်ငံသား ဂျူးလူမျိုး ခရီးသည်မှာ ဂျူးမဟုတ်သော ဓားစာခံများနှင့် အတူ မှားယွင်း၍ ပြန်လွှတ်ပေးခဲ့သည်။ ဘက်ဆာ၏ အဆိုအရ ထိုသူသည် စစ်ရေး လေ့ကျင့်မှု ရှိခဲ့ဖူးပြီး မှတ်သားမှု အလွန်ကောင်းသည် ဟုဆိုသည်။ ထို့အတွက် သူ့အား ဓားစာခံ ဖမ်းဆီးထားသူတို့တွင် လက်နက် မည်မျှ ရှိသည် စသည့် အချက်ကို အခြား အသုံးဝင်သော အချက်အလက်များနှင့် အတူ သိခဲ့ရသည်ဟု ဆိုသည်။[၂၅] နာတာညာဟူး၏ လက်ထောက် မိုရှေး မူကီ ဘက်ဆာသည် အချက်အလက်များကို စုဆောင်း၍ ပြင်ဆင်ပြီးနောက်တွင် အစ္စရေး လေတပ်မှ စီ-၁၃၀ ဟာကျူလီ သယ်ယူပို့ဆောင်ရေး လေယာဉ် လေးစင်းသည် ညအမှောင်ကို အကာအကွယ် ယူ၍ အင်တက်ဘီ လေကြောင်း ထိန်းသိမ်းရေးမှ မသိအောင် အင်တက်ဘီ လေဆိပ်သို့ လျို့ဝှက်စွာ ပျံသန်း သွားခဲ့တော့သည်။

ပါဝင်ဆောင်ရွက်သည့် တပ်ဖွဲ့များ[ပြင်​ဆင်​ရန်​]

မြေပြင်ပေါ်တွင် ပါဝင်ဆောင်ရွက်သည့် အစ္စရေး တပ်ဖွဲ့မှာ အယောက် ၁၀၀ ခန့် ရှိပြီး အောက်ပါအတိုင်း တာဝန်ယူကြသည်။[၂၁]

  • မြေပြင်ညွှန်ကြားရေးနှင့် ထိန်းချုပ်ရေး အဖွဲ့
ဤအဖွဲ့ငယ်တွင် မြေပြင် အဖွဲ့အားလုံးကို စီစဉ်ညွှန်ကြားသူ ဗိုလ်မှူးချုပ် ရှော်မရွန် ပါဝင်ပြီး ဆက်သွယ်ရေး နှင့် ထောက်ပံရေး စစ်သားများ ပါဝင်သည်။
  • တိုက်ခိုက်ရေး အဖွဲ့
၂၉ ဦးပါဝင်သော တိုက်ခိုက်ရေး အဖွဲ့ကို ဒုတိယ ဗိုလ်မှူးကြီး နာတာညာဟူးက ဦးဆောင်သည်။ ဤအဖွဲ့တွင် ပါဝင်သူအားလုံးမှာ ဆေယာရက် မတ်ကယ် (Sayeret Matkal) ဟုခေါ်သည့် အထူးတပ်ဖွဲ့များ ကွန်မန်ဒိုများသာ ဖြစ်သည်။ သူတို့၏ အဓိက တာဝန်မှာ တာမင်နယ် အဟောင်းကို တိုက်ခိုက်ရန် နှင့် ဓားစာခံများကို ကယ်ဆယ်ရန် ဖြစ်သည်။ ဗိုလ်မှူး ဘက်ဆာသည် တိုက်ခိုက်ရေး အဖွဲ့၏ တပ်စု တစ်ခုကို ဦးဆောင်ပြီး မာတန် ဗီလ်နိုင်းက အခြား တစ်စုကို ဦးဆောင်သည်။
  • အထောက်အကူ တပ်ဖွဲ့
  1. တိုက်ခိုက်နေစဉ် ပတ်ဝန်းကျင်ကို ထိန်းချုပ်ရန် ။ မြေပြင် တပ်ဖွဲ့များမှ စီ-၁၃၀ ဟာကျူလီ လေယာဉ်များအား နှောင့်ယှက်ပါက ကာကွယ်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းကို ဆောင်ရွက်ရန်
  2. ယူဂန်ဒါ လေတပ်မှ ကြားဖြတ် နှောင့်ယှက် လာနိုင်သည့် အတွက် မြေပြင်ပေါ်ရှိ အမ်အိုင်ဂျီ တိုက်လေယာဉ်များအား ဖျက်ဆီးပစ်ရန်
  3. သယ်ယူရေး လေယာဉ်များ အပေါ်သို့ ဓားစာခံများကို တင်ဆောင်ရန် နှင့် အကာအကွယ် ပေးရန်
  4. သယ်ယူပို့ဆောင်ရေး လေယာဉ်များအား မြေပြင်ပေါ်တွင် ဆီဖြည့်နိုင်ရန် အတွက် အကူအညီပေးရန်

ဝင်ရောက်စီးနင်းခြင်း[ပြင်​ဆင်​ရန်​]

နေဝင်ချိန်တွင် အင်တက်ဘီမြို့ရှိ အင်တက်ဘီ လေဆိပ်အား ဝေဟင်မှ ရိုက်ကူးထားသောပုံ

တိုက်ခိုက်သည့်လမ်းကြောင်း[ပြင်​ဆင်​ရန်​]

အစ္စရေး တပ်ဖွဲ့များသည် အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ်ခ် (Sharm al-Sheikh) မြို့ပေါ်မှ ဖြတ်၍ ပျံသန်းပြီးလျှင် ပင်လယ်နီ အပေါ်တွင် နိုင်ငံတကာ လေယာဉ်များ ပျံသန်းရာ လမ်းကြောင်းသို့ ဆင်းသက်ခဲ့သည်။ အီဂျစ်၊ ဆူဒန် နှင့် ဆော်ဒီအာရေဗျ လေတပ်တို့၏ ရေဒါများ၏ ထောက်လှမ်းမှုမှ ရှောင်ကွင်းနိုင်ရန် အတွက် ၃၀ မီတာ (ပေ ၁၀၀) မကျော်သော အမြင့်မှ ပျံသန်းခဲ့သည်။ ပင်လယ်နီ၏ တောင်ဘက် ထွက်ပေါက်နားသို့ ရောက်ရှိချိန်တွင် စီ-၁၃၀ လေယာဉ်များသည် တောင်ဘက်သို့ ကွေ့ပြီး ဂျီဘူတီနိုင်ငံ ၏ တောင်ပိုင်းမှ ဖြတ်ပျံခဲ့သည်။ ထိုမှ တဆင့် သူတို့သည် နိုင်ရိုဘီနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ဒေသတစ်ခု၊ ကင်ညာနိုင်ငံဆိုမာလီယာနိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံရှိ အိုဂါဒန် ဒေသတို့ကို ဖြတ်၍ ပျံသန်း ခဲ့သည်။ သူတို့သည် အနောက်ဘက်သို့ ကွေ့ပြီး အာဖရိက မြေလွှာကျွံ ချိုင့်ဝှမ်း နှင့် ဝိတိုရိယ ရေကန် တို့ အပေါ်မှ ဖြတ်လျှက် ပျံသန်းခဲ့သည်။[၂၆]

ကုန်တင် လေယာဉ်ပျံများ နောက်မှ ဘိုးအင်း ၇၀၇ လေယာဉ်ပျံ ၂ စင်း ပါလာခဲ့သည်။ ပထမ ဘိုးအင်း လေယာဉ်တွင် ဆေးပစ္စည်း ကိရိယာများ ပါဝင်ပြီး ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ ဂျိုမို ကင်ညတ်တာ လေဆိပ်တွင် ဆင်းသက်ခဲ့သည်။ ဒုတိယ ဘိုးအင်း လေယာဉ်ပျံပေါ်တွင် စစ်ဆင်ရေးကို ဦးစီးသူ ဗိုလ်ချုပ် ရေကူတီယယ် အဒမ် ပါလာခဲ့ပြီး စီးနင်းတိုက်ခိုက်ချိန်တွင် အင်တက်ဘီ လေဆိပ် အပေါ်တွင် ဝဲပျံနေခဲ့သည်။

အစ္စရေး တပ်များသည် အင်တက်ဘီသို့ အစ္စရေး စံတော်ချိန် ည ၁၁ နာရီတွင် ကုန်တင်တံခါးများကို ဖွင့်လျှက် ဆင်းသက်ခဲ့သည်။ မာစီဒီးဘင့်ဇ် အနက်ရောင်တစ်စင်းနှင့် အခြံအရံအဖြစ်လိုက်ပါသော လင်းရိုဗာကားများကို တပါတည်း ယူဆောင်လာခဲ့သည်။ မြေပြင်ပေါ်တွင် ဆင်းသက်သည့် လေယာဉ်ပျံမှ တာမင်နယ် အဆောက်အအုံသို့ အစ္စရေး တပ်ဖွဲ့များကို သယ်ဆောင် မောင်းနှင်သွားသော ကားများမှ ပြည်ပမှ ပြန်လာသော အာမင် သို့ အခြား ရာထူးကြီးသူ တစ်ဦး၏ ၏ အစောင့်တပ်ဖွဲ့များ အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေရန် ဖြစ်သည်။[၃][၂၇] အစ္စရေး တိုက်ခိုက်ရေး အဖွဲ့များမှ မောင်းနှင်လာသော မာစီဒီးနှင့် ၄င်း၏ အစောင့်ကားများသည် လေဆိပ် တာမင်နယ်သို့ အာမင်၏ ကားများကဲ့သို့ပင် လျှင်မြန်စွာ မောင်းနှင် သွားခဲ့သည်။ လမ်း၌ အာမင်သည် လတ်တလောတွင် မာစီဒီး အဖြူရောင်ကို သူ၏ မာစီဒီး အနက်ရောင်နှင့် အစားထိုးရန် ဝယ်ယူထားကြောင်း သိရှိသော ယူဂန်ဒါ အစောင့် စစ်သားနှစ်ယောက်သည် ယာဉ်တန်းကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။ ကွန်မန်ဒိုများက အစောင့်စစ်သားများကို အသံတိတ် ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သော်လည်း တစ်ယောက်မှ မသေခဲ့ပေ။[၃] သူတို့ ထွက်ခွာသွားချိန်တွင် မာစီဒီး အနောက်တွင် လိုက်ပါလာသော လင်းရိုဗာပေါ်မှ အစ္စရေး ကွန်မန်ဒို တစ်ယောက်က အစောင့်စစ်သားများ အသက်ရှိနေသေးကြောင်း သတိပြုမိသွားပြီး သူတို့အား သူ၏ ချေမှုန်းရေး ရိုင်ဖယ်ဖြင့် အလျှင်အမြန်ပင် ပစ်သတ်ခဲ့သည်။ [၃] ပြန်ပေးသမားများ အချိန်မတန်မီ သိရှိသွားမည်ကို စိုးရိမ်သည့်အတွက် ချေမှုန်းရေး အဖွဲ့သည် အလျှင်အမြန်ပင် စတင် လှုပ်ရှားခဲ့လေသည်။[၂၇]

ဓားစာခံများကို ကယ်ဆယ်ခြင်း[ပြင်​ဆင်​ရန်​]

အစ္စရေးများသည် သူတို့၏ ယာဉ်များပေါ်မှ ခုန်ချ၍ တာမင်နယ်ထဲ့သို့ အလျှင်အမြန် ဝင်ရောက်ခဲ့ကြသည်။ ဓားစာခံများမှာ လေယာဉ် အတက်အဆင်း လမ်းကြောင်း၏ ဘေးကပ်လျှက် လေဆိပ်အဆောက်အဦး၏ ပင်မခန်းမတွင် ရှိနေခဲ့သည်။ တာမင်နယ်ထဲသို့ ဝင်ရောက်ချိန်တွင် ကွန်မန်ဒိုများသည် မက်ဂါဖုန်းများဖြင့် "ဝပ်နေကြပါ။ ဝပ်နေကြပါ။ ငါတို့ အစ္စရေး စစ်သားတွေပါ။" ဟု အင်္ဂလိပ်၊ ဟီဘရူး နှစ်ဘာသာဖြင့် အော်ခဲ့သည်။ ပြင်သစ် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော်လည်း ပြန်ပေးသမားများအား သူ့ဘာသာ အစ္စရေး ဂျူးလူမျိုးဟု ပြောထားခဲ့သော ၁၉ နှစ်သား ပြင်သစ်လူမျိုး ဂျင်း ယက်ကက် မိုင်နိုမီက မတ်တပ်ထရပ်ခဲ့သည်။[၁၀] သူ့အား အစ္စရေး ကွန်မန်ဒိုများမှ ပြန်ပေးသမားဟု ထင်၍ မှားယွင်းစွာ ပစ်သတ်ခဲ့သည်။ အခြား ဓားစာခံ တစ်ယောက်ဖြစ်ပြီး အစ္စရေး ကျန်းမာရေး အာမခံလုပ်ငန်းတစ်ခုမှ မန်နေဂျာဖြစ်သော အသက် ၅၂ နှစ် အရွယ်ရှိ ပက်စကို ကိုဟင်မှာလည်း ပြန်ပေးသမားများ သို့ ကွန်မန်ဒိုများ၏ သေနတ်ဒဏ်ရာကြောင့် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။[၁၀] ထို့အပြင် တတိယ ဓားစာခံ တစ်ယောက် ဖြစ်ပြီး ရုရှားဂျူးမှ အစ္စရေးသို့ ရွှေ့ပြောင်းလာသည့် အသက် ၅၆ နှစ် အရွယ်ရှိ အိုင်ဒါ ဘိုရိုချိုဗစ် မှာလည်း အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည်။[၂၈]

၁၉၉၄ ရဝမ်ဒါ ဒုက္ခသည်စခန်းသို့ အစားအစာနှင့် အကူအညီများ ပေးရန်လာသည့် စီ-၁၃၀ ဟာကျူလီ လေယာဉ်ပျံ တစ်စင်းအား တာမင်နယ် အဆောက်အအုံဟောင်း၏ ရှေ့တွင် တွေ့ရစဉ်။ ၁၉၇၆ စီးနင်းတိုက်ခိုက်မှုမှ ကျည်ဆန်မှန်ထားသော အရာများကို မြင်နိုင်သေးသည်

ထို့နောက် အစ္စရေး ကွန်မန်ဒို တစ်ယောက်က ဟီဘရူးဘာသာစကားဖြင့် "တခြားသူတွေ ဘယ်မှာလဲ။" ဟု ပြန်ပေးသမားများကို ရည်ညွှန်းမေးမြန်းခဲ့သည်။ ဓားစာခံများက လေဆိပ်ပင်မ ခန်းမနှင့် ဆက်နေသော တံခါးကို ညွှန်ပြကြသည်။ အစ္စရေး ကွန်မန်ဒိုများက ထို အခန်းတွင်းသို့ လက်ပစ်ဗုံးအချို့ကို ပစ်သွင်းကြသည်။ ထို့နောက် သူတို့သည် ထို အခန်းအတွင်း ဝင်ရောက်၍ ကျန်ရှိနေသေးသော ပြန်ပေးသမား ၃ ယောက်ကို ပစ်သတ်ကြပြီး သူတို့၏ ချေမှုန်းရေးကို အဆုံးသတ်နိုင်ခဲ့သည်။[၂၉] ထိုအတွင်း အခြား စီ-၁၃၀ ဟာကျူလီ လေယာဉ် ၃ စင်းသည် လေဆိပ်သို့ ဆင်းသက်၍ သံချပ်ကားများကို မြေပေါ်သို့ ချခဲ့သည်။ ထိုကားများမှာ လေယာဉ်များ ဆီပြန်ဖြည့်စဉ်တွင် ကာကွယ်ရေး အတွက် အသုံးပြုရန်၊ အစ္စရေးများ အင်တက်ဘီ လေဆိပ်မှ ထွက်ခါပြီးချိန်တွင် နောက်မှ လိုက်မလာနိုင်ရန် အတွက် ယူဂန်ဒါ ဂျက်တိုက်လေယာဉ်များကို ဖျက်ဆီးရာတွင် အသုံးပြုရန် နှင့် ထောက်လှမ်းရေး ဆောင်ရွက်ရန် အတွက် ဖြစ်သည်။[၂၉]

ပြန်လည်ထွက်ခွာခြင်း[ပြင်​ဆင်​ရန်​]

စီးနင်း တိုက်ခိုက်ပြီးနောက်တွင် အစ္စရေး ချေမှုန်းရေး တပ်ဖွဲ့သည် သူတို့၏ လေယာဉ်သို့ ပြန်၍ ဓားစာခံများအား လေယာဉ်ပေါ်သို့ တင်ကြသည်။ ထိုအချိန်အတွင်း ယူဂန်ဒါ စစ်သားများက သူတို့ကို ပစ်ခတ်ကြသည်။ အစ္စရေး ကွန်မန်ဒိုများက သူတို့၏ ချေမှုန်းရေး ရိုင်ဖယ်များဖြင့် ပြန်လည် ပစ်ခတ်ကြသဖြင့် ယူဂန်ဒါ စစ်သားများကို ထိမှန်စေသည်။ ထိုသို့ အချိန်တိုသော်လည်း ပြင်းထန်သော တိုက်ခိုက်မှု အတွင်းတွင် ယူဂန်ဒါစစ်သားများက လေဆိပ်ရှိ လေကြောင်းထိန်းသိမ်းရေး တာဝါပေါ်မှ ပစ်ခတ်ကြသည်။ အစ္စရေး စီစဉ်ကွပ်ကဲသူ ဂျိုနသန် နာတာညာဟူးမှာ သေဆုံးခဲ့ရသည်။ ယူဂန်ဒါ လက်ဖြောင့်တပ်သား တစ်ဦး ၏ လက်ချက် ဖြစ်နိုင်သည်ဟု ယူဆရသည်။[၃၀] သူသည် စစ်ဆင်ရေး အတွင်း သေဆုံးခဲ့ရသည့် တစ်ဦးတည်းသော ကွန်မန်ဒိုဖြစ်သည်။[၂၉] အစ္စရေးတို့သည် ဓားစာခံများ အားလုံးကို ကယ်ဆယ်ပြီးစီးပြီး နာတာညာဟူး၏ အသက်မဲ့ ခန္ဓာကိုယ်ကို လေယာဉ်တစ်စင်းပေါ်သို့ တင်ခဲ့သည်။ ထို့နောက် အင်တက်ဘီ လေဆိပ်မှ ထွက်ခွာခဲ့သည်။[၄] စစ်ဆင်ရေး အစအဆုံးမှာ ၅၃ မိနစ်မျှ ကြာပြီး တိုက်ခိုက်ခြင်းမှာ မိနစ် ၃၀ မျှသာ ကြာခဲ့သည်။ ရှိနေသော ပြန်ပေးသမား ၇ ယောက်စလုံးနှင့် ယူဂန်ဒါ စစ်သား ၃၃ ဦးမှ ၄၅ ဦး အထိ သေဆုံးခဲ့ရသည်။[၂၉] ယူဂန်ဒါ လေတပ်မှ အမ်အိုင်ဂျီ-၁၇ တိုက်လေယာဉ် ၁၁ စီးခန့်ကို အင်တက်ဘီလေဆိပ် မြေပြင်တွင် ဖျက်ဆီးပစ်ခဲ့သည်။[၄] ဓားစာခံ ၁၀၅ ယောက်တွင် ၃ ယောက်မှာ သေဆုံးခဲ့ရပြီး ၁၁ယောက်ခန့်မှာ ဒဏ်ရာ ရခဲ့သည်။ ကယ်ဆယ်ခဲ့သော ဓားစာခံများကို တိုက်ခိုက်မှု အပြီး ခဏချင်း အတွင်းတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီ မှ တဆင့် အစ္စရေးသို့ ပျံသန်း ပို့ဆောင်ပေးခဲ့သည်။[၄][၇]

ယူဂန်ဒါမှ တုံ့ပြန်မှု[ပြင်​ဆင်​ရန်​]

ဒိုရာ ဘလော့ချ်အား သတ်ပစ်ခြင်း[ပြင်​ဆင်​ရန်​]

ကင်ညာတို့အား သတ်ပစ်ခြင်း[ပြင်​ဆင်​ရန်​]

အရေးအခင်း အပြီးနောက်တွင်[ပြင်​ဆင်​ရန်​]

နိုင်ငံသားများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Smith, Terence. "HOSTAGES FREED AS ISRAELIS RAID UGANDA AIRPORT; Commandos in 3 Planes Rescue 105-Casualties Unknown Israelis Raid Uganda Airport And Free Hijackers' Hostages", The New York Times, 4 July 1976. Retrieved on 4 July 2009. 
  2. ၂.၀ ၂.၁ Mossad took photos, Entebbe Operation was on its way.. Ynetnews (2006). Retrieved on 6 July 2009
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Feldinger, Lauren Gelfond. Back to Entebbe. Jerusalem Post. Retrieved on 4 July 2009
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Hostage Rescue at the Raid on Entebbe. OperationEntebbe.Com. Retrieved on 4 July 2009
  5. Middle Eastern terrorism, Mark Ensalaco p. 101 University of Pennsylvania Press, 2007
  6. "Body of Amin Victim Is Flown Back to Israel". New York Times. 4 June 1979, Monday, p. A3.
  7. ၇.၀ ၇.၁ Operation Entebbe. The Knesset at Sixty. Retrieved on 4 July 2009
  8. Dershowitz, Alan M. Preemption: A Knife that Cuts both Ways, W. W. Norton (2006) p. 91
  9. Houghton, David Patrick. U.S. Foreign Policy and the Iran Hostage Crisis, Cambridge Univ. Press (2001) pp. 86-87
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ Ben, Eyal (3 July 2006). Special: Entebbe's unsung hero.. YNetNews.com. Retrieved on 4 July 2009
  11. ၁၁.၀ ၁၁.၁ Woolly Days: Entebbe (2 August 2006). Retrieved on 4 July 2009
  12. David Tinnin, Like Father, Time (magazine), 8 August 1977. A review of Hitler's children by Julian Becker, Page 2
  13. The Entebbe Rescue Mission. Israel Defense Forces. Jewish Virtual Library. Retrieved on 4 July 2009
  14. "Vindication for the Israelis." Time Magazine. 26 July 1976]
  15. "War of Words over a Tense Border." Time Magazine. 26 July 1976.
  16. Conversation between Henry Kissinger and Israeli Ambassador Simch Dinitz, 30 June 1976
  17. Grimes, Paul. "Rescuing the Entebbe Hostages." New York Times. Friday, 30 July 1976. (The Weekend, p. 51)
  18. Lipkin-Shakhak, Tali. "The Forgotten Hero of Entebbe" Maariv. 16 June 2006.
  19. Terence, Smith. ""Hostages Freed as Israelis Raid Uganda Airport." New York Times. Sunday, 4 July 1976]", The New York Times, 4 July 1976. Retrieved on 20 May 2010. 
  20. Matan Vilnai: Deputy Minister of Defense. Israel Ministry of Foreign Affairs.
  21. ၂၁.၀ ၂၁.၁ Israel Defense Forces — Entebbe Diary.
  22. Herman Eilts (US Ambassador to Egypt) to Secretary of State, July 6, 1976
  23. Herman Eilts (US Ambassador to Egypt) to Secretary of State, July 9, 1976
  24. "The Rescue: 'We Do the Impossible'.", Time Magazine, Monday, 12 July 1976. Retrieved on 26 July 2009. 
  25. ၂၅.၀ ၂၅.၁ "Israel marks 30th anniversary of Entebbe." Associated Press in USA Today. 5 July 2006.
  26. Stevenson, William (1976). Ninety Minutes at Entebbe. New York: Bantam Books, 100. ISBN 0-553-10482-9. 
  27. ၂၇.၀ ၂၇.၁ Remembering Entebbe,Larry Domnitch. The Jewish Press (1 July 2009). Retrieved on 4 July 2009
  28. "Entebbe's unsung hero", Ynetnews.com. 2006.
  29. ၂၉.၀ ၂၉.၁ ၂၉.၂ ၂၉.၃ "General Dan Shomron—Times Online Obituary", London: The Times, 27 February 2008. Retrieved on 4 July 2009. 
  30. Operation Thunderball (Film Documentary)


Cite error: <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found, or a closing </ref> is missing