အက်ဒ်ဝါ့ဒ် ဆနိုဒန်
Edward Snowden | |
---|---|
၂၀၁၃ ခုနှစ်ရှိ ဆနိုဒန် | |
မွေးဖွား | Edward Joseph Snowden ဇွန် ၂၁၊ ၁၉၈၃ Elizabeth City, North Carolina, U.S. |
ဌာနေ | မော်စကိုမြို့၊ ရုရှား။ (ယာယီ ခိုလှုံခွင့်) |
နိုင်ငံလူမျိုး | အမေရိကန် |
အလုပ်အကိုင် | ကွန်ပျူတာ လုံခြုံရေးအကြံပေး |
အလုပ်ရှင် | Booz Allen Hamilton Kunia Camp, Hawaii, U.S. (until June 10, 2013) |
ကျော်ကြားမှုအရင်းခံ | အမေရိကန်အစိုးရ၏ လေ့လာစောင့်ကြည့်ရေးအစီစဉ်အား အသေးစိတ် ဖော်ထုတ်မှု |
လက်မှတ် | |
အက်ဒ်ဝါ့ဒ် ဂျိုးဇက် ဆနိုဒန် (အင်္ဂလိပ်: Edward Joseph Snowden) (၁၉၈၃ ဇွန် ၂၁ ဖွား) သည် အမေရိကန်လူမျိုး ကြေးစား ကွန်ပျူတာပညာရှင်၊ စီအိုင်အေ ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရ၏ အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) မှ ကန့်သတ်သတင်းအချက်အလက်များကို ၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မရှိဘဲ ဖော်ထုတ်ခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆနိုဒန်အား NSA မှ အလုပ်ခန့်ခဲ့သည်။ ယင်းမတိုင်ခင်က သူသည် Dell နှင့် CIA တွင် အလုပ်ဝင်ရောက်နေသူဖြစ်သည်။[၁] ၂၀၁၃ မေလ ၃၀ တွင် ဆနိုဒန်သည် ဟာဝိုင်အီရှိ NSA ရုံးခန်းမှ စွန့်ခွာလာခဲ့ပြီး ဟောင်ကောင်သို့ ပြေးခဲ့သည်။ ဇွန်လအစောပိုင်းတွင် ထောင်ချီသော ကန့်သတ်စာရွက်စာတမ်းများကို ဂျာနယ်လစ်များဆီသို့ ပေးအပ်ခဲ့သည်။ ဆနိုဒန်အကြောင်း ရေးသားသည့် ဝါရှင်တန်ပို့စ်၊ ဂါဒီယန်း၊ နယူးယောက်တိုင်းမ်တို့တွင် ပေါ်လာသောအခါ နိုင်ငံတကာ၏ အာရုံပြုခြင်းခံခဲ့ရလေသည်။ ဇွန်လ ၂၁၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန် တရားစီရင်ရေးဌာနမှ ၁၉၁၇ သူလျှိုမှု အက်ဥပဒေနှင့် အစိုးရပိုင်ပစ္စည်းကို ခိုးယူမှုဖြင့် တရားစွဲဆိုခဲ့သည်။[၂] ထို့နောက် အမေရိကန်နိုင်ငံမှ စနိုဒန်၏ နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းခဲ့သည်။[၃] ၂ ရက်ကြာသော် သူသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo နိုင်ငံတကာလေဆိပ်သို့ ပြေးလာခဲ့သည်။ သို့သော် ရုရှားအာဏာပိုင်များက အမေရိကန်မှ ဆနိုဒန်အား လေဆိပ်သို့ဆိပ်ရောက်ခြင်းကို တစ်လကျော်ကြာပိတ်ပင်ထားသည်ကို တွေ့ရှိခဲ့သည်။ ရုရှားဘက်ကမှ ဆနိုဒန်အား နိုင်ငံခိုလှုံခွင့် ၁ နှစ်တိတိ ပေးအပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်ထိ သက်တမ်း ထပ်တိုးပေးခဲ့သည်။ ၂၀၁၆ အစောပိုင်းတွင် သူသည် အစိုးရ၏ စောင့်ကြည့်ရေးစနစ်ကို ဟတ်ကင်းလုပ်ဆောင်သည့် ဂျာနယ်လစ်များအား ကာကွယ်ပေးသောအဖွဲ့အစည်း Freedom of the Press Foundation ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[၄] ၂၀၁၇ ခုနှစ်အရ သူသည် မော်စကိုမြို့ရှိ ထုတ်ဖော်မပြသောအရပ်တွင် နေထိုင်လျက်ရှိခဲ့သည်။[၅] အငြင်းအခုံဖြစ်မှုတစ်ခုမှာ ဆနိုဒန်အား သူရဲကောင်း၊ သစ္စာဖောက်၊ မျိုးချစ်အစရှိသည်ဖြင့် ခေါ်ဝေါ်ကြလျက်ရှိသည်။ သူ၏ဖော်ထုတ်မှုသည် အမျိုးသား လုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးတို့ကြား အငြင်းအခုံကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "The Snowden Saga: A Shadowland of Secrets and Light"၊ April 23, 2014။ April 29, 2016 တွင် ပြန်စစ်ပြီး။
- ↑ "U.S. charges Snowden with espionage"၊ The Washington Post၊ June 21, 2013။ April 11, 2015 တွင် ပြန်စစ်ပြီး။
- ↑ Kerry warns Russia on Snowden: "Respect the relationship" CBS News 21 June 2013
- ↑ Greenberg, Andy (February 2017). "Edward Snowden's New Job: Protecting Reporters From Spies". Wired.
- ↑ Oliphant၊ Roland။ "Russia Extends Edward Snowden Asylum until 2020"၊ The Telegraph၊ January 18, 2017။